< ၂ ရာဇဝင်ချုပ် 22 >
1 ၁ အာရပ်အမျိုးသားအချို့တို့သည်ဝင်ရောက် တိုက်ခိုက်ကာ ယဟောရံ၏သားတော်အငယ် ဆုံးအာခဇိမှတစ်ပါး အခြားသားတော် အပေါင်းကိုသတ်လိုက်ကြ၏။ သို့ဖြစ်၍ယေရု ရှလင်မြို့သားတို့သည်အာခဇိအားခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် စေကြ၏။-
Constituerunt autem habitatores Ierusalem Ochoziam filium eius minimum, regem pro eo: omnes enim maiores natu, qui ante eum fuerant, interfecerant latrones Arabum, qui irruerant in castra: regnavitque Ochozias filius Ioram regis Iuda.
2 ၂ အာခဇိသည်သက်တော်နှစ်ဆယ့်နှစ်နှစ် ၌နန်းတက်၍ယေရုရှလင်မြို့တွင်တစ်နှစ် မျှနန်းစံရလေသည်။ သူ၏မယ်တော်မှာ ဣသရေလဘုရင်သြမရိ၏မြေးအာသလိ ဖြစ်၏။-
Quadraginta duorum annorum erat Ochozias cum regnare cœpisset, et uno anno regnavit in Ierusalem, et nomen matris eius Athalia filia Amri.
3 ၃ မယ်တော်ကမကောင်းသောအကြံဉာဏ်များ ကိုပေးသဖြင့် အာခဇိသည်အာဟပ်မင်းအိမ် ထောင်စုသားတို့၏လမ်းစဉ်ကိုလိုက်လေသည်။-
Sed et ipse ingressus est per vias domus Achab: mater enim eius impulit eum ut impie ageret.
4 ၄ ခမည်းတော်ကွယ်လွန်ပြီးနောက် မိမိ၏အတိုင် ပင်ခံအမတ်များမှာ အာဟပ်၏အိမ်ထောင်စု သားများဖြစ်သည့်အလျောက် အာခဇိသည် ထာဝရဘုရားကိုပြစ်မှားကာဆုံးရှုံးပျက် စီးရလေ၏။-
Fecit igitur malum in conspectu Domini, sicut domus Achab: ipsi enim fuerunt ei consiliarii post mortem patris sui, in interitum eius.
5 ၅ သူသည်ထိုသူတို့၏အကြံပေးချက်ကို လိုက်လျှောက်ကာ ဣသရေလဘုရင်ယောရံ နှင့်ရှုရိဘုရင်ဟာဇေလတို့စစ်ဖြစ်ချိန်၌ ယောရံ၏ဘက်မှဝင်၍တိုက်၏။ ဂိလဒ်ပြည် ရာမုတ်မြို့တိုက်ပွဲတွင်ယောရံသည်ဒဏ်ရာ များရရှိသဖြင့်၊-
Ambulavitque in consiliis eorum. Et perrexit cum Ioram filio Achab rege Israel, in bellum contra Hazael regem Syriæ in Ramoth Galaad: vulneraveruntque Syri Ioram.
6 ၆ ကုသရန်ယေဇရေလမြို့သို့ပြန်လေ၏။ ထိုအခါအာခဇိသည်လည်းသူ့ကိုကြည့်ရှု ရန်ထိုမြို့သို့သွား၏။
Qui reversus est ut curaretur in Iezrahel: multas enim plagas acceperat in supradicto certamine. Igitur Ochozias filius Ioram rex Iuda, descendit ut inviseret Ioram filium Achab in Iezrahel ægrotantem.
7 ၇ ထာဝရဘုရားပြဋ္ဌာန်းတော်မူသည်နှင့်အညီ ယင်းသို့သွားရောက်ခြင်းအားဖြင့် အာခဇိ အသက်ဆုံးရှုံးရလေသည်။ အာခဇိသည် ထိုမြို့၌ယောရံနှင့်အတူရှိနေစဉ်အာဟပ် ၏မင်းရိုးပျက်သုဉ်းမှုအတွက်ဆောင်ရွက်ရန် ထာဝရဘုရားရွေးချယ်ထားသူ၊ နိမ်ရှိ၏ သားယေဟုနှင့်တွေ့ဆုံရလေသည်။-
Voluntatis quippe fuit Dei adversus Ochoziam, ut veniret ad Ioram: et cum venisset, et egrederetur cum eo adversum Iehu filium Namsi, quem unxit Dominus ut deleret domum Achab.
8 ၈ ယေဟုသည်အာဟပ်မင်းရိုးအပေါ်တွင် ထာဝရဘုရားချမှတ်တော်မူသောစီရင် ချက်ကိုလိုက်နာဆောင်ရွက်လျက်နေစဉ် အာခဇိနှင့်အတူလိုက်ပါလာကြသည့် ယုဒအမျိုးသားခေါင်းဆောင်များနှင့် အာခဇိ၏တူတော်တို့ကိုတွေ့မြင်လေ ၏။-
Cum ergo everteret Iehu domum Achab, invenit principes Iuda, et filios fratrum Ochoziæ, qui ministrabant ei, et interfecit illos.
9 ၉ ယေဟုသည်ထိုသူအားလုံးကိုသတ်ပြီး နောက် လူအချို့အားအာခဇိကိုလိုက်လံ ရှာဖွေစေ၏။ ထိုသူတို့သည်ရှမာရိမြို့တွင် ပုန်းအောင်းနေသောအာခဇိကိုတွေ့၍ ယေဟု ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ ထိုနောက်သူ့အား ကွပ်မျက်ကြလေသည်။ သို့ရာတွင်သူတို့ သည်ထာဝရဘုရား၏အမှုတော်ကိုအစွမ်း ကုန်ဆောင်ရွက်ခဲ့သူ ယောရှဖတ်မင်းကိုရိုသေ လေးစားသောအားဖြင့် သူ၏မြေးအာခဇိ ၏အလောင်းကိုသင်္ဂြိုဟ်လိုက်ကြ၏။ အာခဇိ အိမ်ထောင်စုမှတိုင်းပြည်ကိုအုပ်စိုးနိုင်သူ တစ်ဦးတစ်ယောက်မျှမကျန်မရှိတော့ ချေ။
Ipsum quoque perquirens Ochoziam, comprehendit latitantem in Samaria: adductumque ad se, occidit, et sepelierunt eum: eo quod esset filius Iosaphat, qui quæsierat Dominum in toto corde suo. nec erat ultra spes aliqua ut de stirpe quis regnaret Ochoziæ.
10 ၁၀ အာခဇိ၏မယ်တော်အာသလိသည်သား တော်လုပ်ကြံခံရကြောင်းကိုကြားသည်နှင့် တစ်ပြိုင်နက် ယုဒပြည်ရှိမင်းမျိုးမင်းနွယ် ရှိသမျှကိုသုတ်သင်လေ၏။-
siquidem Athalia mater eius videns quod mortuus esset filius suus, surrexit, et interfecit omnem stirpem regiam domus Ioram.
11 ၁၁ အာခဇိတွင်ယောရှေဘဆိုသူအဖေတူ အမေကွဲညီမတစ်ယောက်ရှိ၏။ သူသည် ယောယဒနာမည်ရှိယဇ်ပုရောဟိတ်နှင့် အိမ်ထောင်ကျ၏။ ယောရှဘသည်အသတ် ခံရမည့်မင်းညီမင်းသားများအနက် အာခဇိ၏သားယောရှအားလျှို့ဝှက်စွာ ကယ်ဆယ်ပြီးလျှင် နို့ထိန်းတစ်ယောက်နှင့် အတူဗိမာန်တော်ရှိအိပ်ခန်း၌ဝှက်ထား လေသည်။ သူသည်ယင်းသို့ဝှက်ထားခြင်း အားဖြင့် သူငယ်အားအာသလိ၏ဋ္ဌား ဘေးမှလွတ်မြောက်စေ၏။-
Porro Iosabeth filia regis tulit Ioas filium Ochoziæ, et furata est eum de medio filiorum regis, cum interficerentur: absconditque eum cum nutrice sua in cubiculo lectulorum: Iosabeth autem, quæ absconderat eum, erat filia regis Ioram, uxor Ioiadæ pontificis, soror Ochoziæ, et idcirco Athalia non interfecit eum.
12 ၁၂ အာသလိနန်းစံနေစဉ်ယောရှသည် ခြောက်နှစ်တိုင်တိုင် ဗိမာန်တော်တွင်ပုန်း အောင်းလျက်နေ၏။
Fuit ergo cum eis in domo Dei absconditus sex annis, quibus regnavit Athalia super terram.