< ၂ ရာဇဝင်ချုပ် 21 >
1 ၁ ယောရှဖတ်ကွယ်လွန်သောအခါဒါဝိဒ်မြို့ရှိ ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ သား တော်ယဟောရံသည်ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
၁ယောရှဖတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယဟောရံ သည် ခမည်းတော် အရာ၌ နန်း ထိုင်၏။
2 ၂ ယုဒဘုရင်ယောရှဖတ်၏သားတော်ယဟောရံ တွင်အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိဟု၊ မိက္ခေလ၊ ရှေဖတိဟူသောညီခြောက်ယောက် ရှိ၏။-
၂ယုဒရှင်ဘုရင် ယောရှဖတ် သား ၊ ယဟောရံညီဟူမူကား ၊ အာဇရိ ၊ ယေယလေ ၊ ဇာခရိ ၊ အာဇရိ ၊ မိက္ခေလ ၊ ရှေဖတိ တည်း။
3 ၃ ခမည်းတော်သည်သူတို့အား ရွှေ၊ ငွေ၊ အမြောက် အများနှင့်အခြားအဖိုးတန်ပစ္စည်းဥစ္စာများ ကိုပေး၍ ယုဒပြည်ခံတပ်မြို့တစ်မြို့စီကို အုပ်ချုပ်ရန်တာဝန်ပေးတော်မူ၏။ သို့သော် ယဟောရံသည်အကြီးဆုံးသားတော် ဖြစ်သဖြင့် သူ့အားယောရှဖတ်ကမိမိ၏ အရိုက်အရာကိုဆက်ခံစေတော်မူ၏။-
၃ခမည်းတော် သည်များစွာ သော ရွှေ ငွေ ဥစ္စာ ရတနာနှင့်တကွ ယုဒ ပြည်၌ ခိုင်ခံ့ သောမြို့ တို့ကို သူ တို့ အား ပေး ၏။ နိုင်ငံ ကိုကား ၊ သားဦး ယဟောရံ အား ပေး ၏။
4 ၄ နိုင်ငံတော်ကိုပိုင်နိုင်စွာအုပ်စိုးနိုင်သောအခါ ယဟောရံသည်ညီတော်အပေါင်းနှင့်ဣသ ရေလမှူးမတ်အချို့တို့ကိုကွပ်မျက်လေသည်။
၄ယဟောရံ သည် ခမည်းတော် နိုင်ငံ ၌ တည် သောအခါ ၊ ကိုယ်ကိုခိုင်ခံ့ စေ၍ ၊ ညီ တော်အပေါင်း တို့ကို၎င်း ၊ ဣသရေလ မှူးတော် မတ်တော်တချို့တို့ကို၎င်း ၊ ထား နှင့် သတ် လေ၏။
5 ၅ ယဟောရံသည်သက်တော်သုံးဆယ့်နှစ်နှစ် ၌နန်းတက်၍ ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်း စံလေသည်။-
၅ယဟောရံ သည် အသက် သုံးဆယ် နှစ် နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ရှစ် နှစ် စိုးစံ လေ၏။
6 ၆ သူသည်အာဟပ်၏သမီးတော်တစ်ပါးနှင့် စုံဖက်မိသဖြင့် အာဟပ်မင်းနှင့်အခြား ဣသရေလဘုရင်တို့၏ဆိုးညစ်ယုတ်မာ သောလမ်းစဉ်ကိုလိုက်၍ထာဝရဘုရားကို ပြစ်မှားလေသည်။-
၆အာဟပ် သမီး နှင့်စုံဘက် သဖြင့် ၊ ဣသရေလ ရှင် ဘုရင်တို့လိုက် ရာ လမ်း သို့ အာဟပ် အမျိုး ကဲ့သို့ လိုက် ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏။
7 ၇ သို့ရာတွင်ထာဝရဘုရားသည်ဒါဝိဒ်နှင့် ပဋိညာဉ်ပြုတော်မူ၍ သူ၏အမျိုးမင်းရိုး မပြတ်စေရန်ကတိထားတော်မူခဲ့သဖြင့် ဒါဝိဒ်မင်းဆက်ပျက်သုဉ်းသွားစေရန် အလိုတော်မရှိချေ။
၇သို့ရာတွင် ထာဝရဘုရား သည် ဒါဝိဒ် အစ ရှိသော သား မြေးတို့၏ မီးခွက် ကို အစဉ် ထွန်းလင်းစေမည်ဟု ဂတိတော်ရှိ၍၊ ဒါဝိဒ် နှင့် ပဋိညာဉ် ဖွဲ့ တော်မူသောကြောင့် ၊ သူ၏အမျိုး ကို မ ဖျက်ဆီး ဘဲ ထားတော်မူ၏။
8 ၈ ယဟောရံ၏လက်ထက်၌ဧဒုံပြည်သည် ပုန်ကန်၍ လွတ်လပ်သောနိုင်ငံဖြစ်လာလေ သည်။ ယဟောရံနှင့်သူ၏တပ်မှူးတို့သည် စစ်ရထားများနှင့်ထွက်ခွာ၍ ဧဒုံပြည်သို့ ချင်းနင်းဝင်ရောက်ကြ၏။ သူတို့သည်ထို အရပ်တွင်ဧဒုံတပ်မတော်၏အဝိုင်းခံ ရကြသော်လည်းညဥ့်အခါချိုးဖောက် ထွက်ပြေးကြလေသည်။-
၈ထိုမင်း လက်ထက် ၌၊ ဧဒုံ ပြည်သားတို့သည် ယုဒ ရှင်ဘုရင်ကို ပုန်ကန် ၍၊ ကိုယ်အမျိုးသားကို ရှင် ဘုရင်အရာ၌ ချီးမြှောက် ကြ၏။
9 ၉ ထိုကာလမှအစပြု၍ဧဒုံပြည်သည် သြဇာခံမဟုတ်တော့ဘဲ လွတ်လပ်သော နိုင်ငံအဖြစ်ရပ်တည်လျက်ရှိသတည်း။-
၉ယဟောရံ မင်းသည် မှူးမတ် များ၊ ရထား စီးသူရဲများအပေါင်း တို့နှင့်တကွ စစ်ချီ ၍ ၊ ညဉ့် အခါ ဝိုင်း သော ဧဒုံ လူများ၊ ရထား အုပ် များကို လုပ်ကြံ လေ၏။
10 ၁၀ ယဟောရံသည်မိမိဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအားစွန့်ပယ်တော်မူ သဖြင့် ဤအချိန်ကာလအတွင်း၌ပင် လိဗနမြို့သည်လည်းပုန်ကန်လေသည်။-
၁၀သို့သော်လည်း ၊ ဧဒုံ ပြည်သား တို့ သည် ယနေ့ တိုင်အောင် ယုဒ ရှင်ဘုရင်ကိုပုန်ကန် ကြ၏။ ထိုကာလ၌၊ လိဗန ပြည်သည်လည်း ပုန်ကန် ၏။ အကြောင်း မူကား၊ ယဟောရံ သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ၍၊
11 ၁၁ သူသည်ယုဒကုန်းမြင့်ဒေသများ၌ရုပ်တု ကိုးကွယ်ဝတ်ပြုရာဌာနများကိုပင်တည် ဆောက်၍ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သားများအားထာဝရဘုရားကိုပြစ် မှားစေရန်ရှေ့ဆောင်လမ်းပြပေး၏။
၁၁ယုဒ တောင် တို့ အပေါ် မှာ၊ မြင့် သောအရပ်တို့ကို တည် လုပ်သဖြင့် ၊ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။
12 ၁၂ ပရောဖက်ဧလိယသည်ယဟောရံထံသို့စာ တစ်စောင်ပေးပို့လိုက်၏။ ထိုစာတွင်``သင်သည် ခမည်းတော်ယောရှဖတ်နှင့်ဘိုးတော်အာသ ၏လမ်းစဉ်ကိုမလိုက်ဘဲဣသရေလဘုရင် တို့၏လမ်းစဉ်ကိုလိုက်သဖြင့် သင့်ဘိုးဘေး ဒါဝိဒ်၏ဘုရားသခင်ထာဝရဘုရား သည်သင့်အားပြစ်ဒဏ်စီရင်တော်မူခဲ့ပြီ။-
၁၂ပရောဖက် ဧလိယ ပေးလိုက်သောစာ သည် ထိုမင်း ထံ သို့ရောက် သဖြင့် ၊ သင့် အဘ ဒါဝိဒ် ၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ခမည်းတော် ယောရှဖတ် လမ်း နှင့် ယုဒ ရှင်ဘုရင် အာသ လမ်း သို့ မ လိုက်၊
13 ၁၃ အာဟပ်နှင့်သူ၏အရိုက်အရာကိုဆက်ခံကြ သူများသည် ဣသရေလအမျိုးသားတို့အား ဘုရားသခင်ကိုသစ္စာဖောက်ရန် ရှေ့ဆောင်လမ်း ပြခဲ့ကြသည့်နည်းတူသင်သည်ယုဒပြည်သူ များနှင့်ယေရုရှလင်မြို့သားများကိုသစ္စာ ဖောက်ရန်ရှေ့ဆောင်လမ်းပြခဲ့ပေသည်။ သင် သည်မိမိထက်ကောင်းမြတ်သောညီများ အားလည်းသတ်ခဲ့၏။-
၁၃ဣသရေလ ရှင် ဘုရင်တို့ လမ်း သို့ လိုက် သောကြောင့် ၎င်း၊ အာဟပ် အမျိုး မှားယွင်း သည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သား တို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ် ထက် သာ၍ကောင်း သော ညီရင်း တို့ကိုသတ် သောကြောင့် ၎င်း ၊
14 ၁၄ သို့ဖြစ်၍ထာဝရဘုရားသည်သင်၏ပြည်သူ များ၊ သားသမီးများနှင့်မိဖုရားများကို ပြင်းထန်စွာဒဏ်စီရင်၍ သင်ပိုင်ဆိုင်သမျှ ကိုလည်းပျက်စီးစေတော်မူလိမ့်မည်။-
၁၄ထာဝရဘုရား သည် သင် ၏လူ များ၊ သင် ၏သား မယား များ၊ သင် ၏ဥစ္စာ ရှိသမျှ ကို ကြီးစွာ သောဘေး ဖြင့် ဒဏ်ခတ် တော်မူမည်။
15 ၁၅ သင်ကိုယ်တိုင်အူ၌တစ်နေ့တစ်ခြားဆိုး ရွားလာသည့်ရောဂါစွဲကပ်လာလိမ့်မည်''ဟု ပါရှိ၏။
၁၅သင့် အူ သည် တနေ့ ထက်တနေ့ထွက် အောင် ၊ ဝမ်း ထဲ ၌ပြင်းစွာ သောအနာ ရောဂါစွဲလိမ့်မည်ဟု စာ၌ပါသတည်း။
16 ၁၆ ပင်လယ်ကမ်းခြေတွင်အခြေစိုက်နေထိုင် ကြသောဆူဒန်အမျိုးသားတို့အနီးတွင် ဖိလိတ္တိအမျိုးသားနှင့်အာရပ်အမျိုးသား အချို့တို့သည်နေထိုင်ကြ၏။ ထာဝရဘုရား သည်ဤသူတို့ကိုယဟောရံအားတိုက် ခိုက်စေတော်မူ၏။-
၁၆ထိုနောက်မှ ၊ ထာဝရဘုရား သည် ဖိလိတ္တိ လူ၊ ကုရှ ပြည်နှင့်နီးသော အာရပ် လူတို့ကို၊ ယဟောရံ မင်း တစ်ဘက် နှိုးဆော် တော်မူသဖြင့်၊
17 ၁၇ သူတို့သည်ယုဒပြည်သို့ချင်းနင်းဝင် ရောက်ကာနန်းတော်ကိုလုယက်ကြ၏။ ထို နောက်သားတော်အငယ်ဆုံးဖြစ်သူအာခဇိ မှတစ်ပါးအခြားသားတော်များနှင့်မိ ဖုရားများကိုသုံ့ပန်းအဖြစ်ဖြင့်ဖမ်း ဆီးသွားလေသည်။
၁၇သူတို့ သည် ယုဒ ပြည်သို့ ချီ လာ၍ လုပ်ကြံ ကြ၏။ နန်းတော် ၌ တွေ့ သမျှ သောဥစ္စာ များနှင့် ရှင်ဘုရင် ၏ သား မယား များတို့ကို သိမ်းသွား ကြသဖြင့် ၊ အထွေး ဆုံး သောသား အာခဇိမှတပါး ၊ တယောက် မျှမကျန်ကြွင်း။
18 ၁၈ ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ထာဝရဘုရားသည်မင်းကြီးအားအူ နာစွဲကပ်စေတော်မူ၏။-
၁၈နောက်တဖန် မ ပျောက် နိုင်သောဝမ်း နာ ဖြင့် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူ၏။
19 ၁၉ ထိုရောဂါသည်နှစ်နှစ်နီးပါးမျှတစ်နေ့ တစ်ခြားပိုမိုဆိုးရွားလာပြီးလျှင် နောက်ဆုံး ၌မင်းကြီးသည်ပြင်းပြသောဝေဒနာနှင့် ကွယ်လွန်လေ၏။ ပြည်သူတို့သည်သူ၏ဘိုး ဘေးတို့အတွက်မီးပုံပွဲများပြုသကဲ့သို့ သူ့အတွက်မပြုကြ။
၁၉ရှင်ဘုရင်သည် တာရှည် စွာနာ ၍ ၊ နှစ် နှစ်စေ့ သောအခါ၊ အနာ ပြင်းထန် သောကြောင့် ၊ အူ ထွက် ၍ အသက် ချုပ်လေ၏။ ပြည်သား တို့ သည်ဘိုး တော် ဘေးတော်တို့အဘို့ မီးရှို့ ခြင်းကိုပြု သကဲ့သို့ ၊ ထိုမင်း အဘို့ မ ပြု။
20 ၂၀ သူသည်သက်တော်သုံးဆယ့်နှစ်နှစ်၌နန်း တက်၍ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်းစံ တော်မူ၏။ ကွယ်လွန်သောအခါသူ၏အတွက် အဘယ်သူမျှဝမ်းမနည်းကြ။ သူ့အလောင်း ကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်တို့၏သင်္ချိုင်းတွင်မသင်္ဂြိုဟ်ကြ။
၂၀ယဟောရံ သည် အသက်သုံးဆယ် နှစ် နှစ်ရှိ သော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ရှစ် နှစ် စိုးစံ ပြီးမှ ၊ အဘယ်သူမျှ မ နှမြော ဘဲသေ သွား၏။ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် သော်လည်း ၊ ရှင် ဘုရင်တို့ သင်္ချိုင်း ၌ မ သင်္ဂြိုဟ်ကြ။