< ၂ ရာဇဝင်ချုပ် 21 >

1 ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ​ဒါ​ဝိဒ်​မြို့​ရှိ ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား တော်​ယ​ဟော​ရံ​သည်​ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။
Jehoshaphat slept with his fathers, and was buried with his fathers in David’s city; and Jehoram his son reigned in his place.
2 ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏​သား​တော်​ယ​ဟော​ရံ တွင်​အာ​ဇ​ရိ၊ ယေ​ယ​လေ၊ ဇာ​ခ​ရိ၊ အာ​ဇ​ရိ​ဟု၊ မိက္ခေ​လ၊ ရှေ​ဖတိ​ဟူ​သော​ညီ​ခြောက်​ယောက် ရှိ​၏။-
He had brothers, the sons of Jehoshaphat: Azariah, Jehiel, Zechariah, Azariah, Michael, and Shephatiah. All these were the sons of Jehoshaphat king of Israel.
3 ခ​မည်း​တော်​သည်​သူ​တို့​အား ရွှေ၊ ငွေ၊ အ​မြောက် အ​များ​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​ဥစ္စာ​များ ကို​ပေး​၍ ယု​ဒ​ပြည်​ခံ​တပ်​မြို့​တစ်​မြို့​စီ​ကို အုပ်​ချုပ်​ရန်​တာ​ဝန်​ပေး​တော်​မူ​၏။ သို့​သော် ယ​ဟော​ရံ​သည်​အ​ကြီး​ဆုံး​သား​တော် ဖြစ်​သ​ဖြင့် သူ့​အား​ယော​ရှ​ဖတ်​က​မိ​မိ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​တော်​မူ​၏။-
Their father gave them great gifts of silver, of gold, and of precious things, with fortified cities in Judah; but he gave the kingdom to Jehoram, because he was the firstborn.
4 နိုင်​ငံ​တော်​ကို​ပိုင်​နိုင်​စွာ​အုပ်​စိုး​နိုင်​သော​အ​ခါ ယ​ဟော​ရံ​သည်​ညီ​တော်​အ​ပေါင်း​နှင့်​ဣ​သ ရေ​လ​မှူး​မတ်​အ​ချို့​တို့​ကို​ကွပ်​မျက်​လေ​သည်။
Now when Jehoram had risen up over the kingdom of his father, and had strengthened himself, he killed all his brothers with the sword, and also some of the princes of Israel.
5 ယ​ဟော​ရံ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း စံ​လေ​သည်။-
Jehoram was thirty-two years old when he began to reign, and he reigned eight years in Jerusalem.
6 သူ​သည်​အာ​ဟပ်​၏​သ​မီး​တော်​တစ်​ပါး​နှင့် စုံ​ဖက်​မိ​သ​ဖြင့် အာ​ဟပ်​မင်း​နှင့်​အ​ခြား ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​ဆိုး​ညစ်​ယုတ်​မာ သော​လမ်း​စဉ်​ကို​လိုက်​၍​ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​လေ​သည်။-
He walked in the way of the kings of Israel, as did Ahab’s house, for he had Ahab’s daughter as his wife. He did that which was evil in the LORD’s sight.
7 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၍ သူ​၏​အ​မျိုး​မင်း​ရိုး မ​ပြတ်​စေ​ရန်​က​တိ​ထား​တော်​မူ​ခဲ့​သ​ဖြင့် ဒါ​ဝိဒ်​မင်း​ဆက်​ပျက်​သုဉ်း​သွား​စေ​ရန် အ​လို​တော်​မ​ရှိ​ချေ။
However the LORD would not destroy David’s house, because of the covenant that he had made with David, and as he promised to give a lamp to him and to his children always.
8 ယ​ဟော​ရံ​၏​လက်​ထက်​၌​ဧ​ဒုံ​ပြည်​သည် ပုန်​ကန်​၍ လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ​လေ သည်။ ယ​ဟော​ရံ​နှင့်​သူ​၏​တပ်​မှူး​တို့​သည် စစ်​ရ​ထား​များ​နှင့်​ထွက်​ခွာ​၍ ဧ​ဒုံ​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကြ​၏။ သူ​တို့​သည်​ထို အ​ရပ်​တွင်​ဧ​ဒုံ​တပ်​မ​တော်​၏​အ​ဝိုင်း​ခံ ရ​ကြ​သော်​လည်း​ညဥ့်​အ​ခါ​ချိုး​ဖောက် ထွက်​ပြေး​ကြ​လေ​သည်။-
In his days Edom revolted from under the hand of Judah, and made a king over themselves.
9 ထို​ကာ​လ​မှ​အ​စ​ပြု​၍​ဧ​ဒုံ​ပြည်​သည် သြ​ဇာ​ခံ​မ​ဟုတ်​တော့​ဘဲ လွတ်​လပ်​သော နိုင်​ငံ​အ​ဖြစ်​ရပ်​တည်​လျက်​ရှိ​သ​တည်း။-
Then Jehoram went there with his captains and all his chariots with him. He rose up by night and struck the Edomites who surrounded him, along with the captains of the chariots.
10 ၁၀ ယ​ဟော​ရံ​သည်​မိ​မိ​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပယ်​တော်​မူ သ​ဖြင့် ဤ​အ​ချိန်​ကာ​လ​အ​တွင်း​၌​ပင် လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​သည်။-
So Edom has been in revolt from under the hand of Judah to this day. Then Libnah revolted at the same time from under his hand, because he had forsaken the LORD, the God of his fathers.
11 ၁၁ သူ​သည်​ယု​ဒ​ကုန်း​မြင့်​ဒေ​သ​များ​၌​ရုပ်​တု ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ပင်​တည် ဆောက်​၍ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​များ​အား​ထာ​ဝရ​ဘု​ရား​ကို​ပြစ် မှား​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​၏။
Moreover he made high places in the mountains of Judah, and made the inhabitants of Jerusalem play the prostitute, and led Judah astray.
12 ၁၂ ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယ​ဟော​ရံ​ထံ​သို့​စာ တစ်​စောင်​ပေး​ပို့​လိုက်​၏။ ထို​စာ​တွင်``သင်​သည် ခ​မည်း​တော်​ယော​ရှ​ဖတ်​နှင့်​ဘိုး​တော်​အာ​သ ၏​လမ်း​စဉ်​ကို​မ​လိုက်​ဘဲ​ဣ​သ​ရေ​လ​ဘု​ရင် တို့​၏​လမ်း​စဉ်​ကို​လိုက်​သ​ဖြင့် သင့်​ဘိုး​ဘေး ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​သင့်​အား​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ခဲ့​ပြီ။-
A letter came to him from Elijah the prophet, saying, “the LORD, the God of David your father, says, ‘Because you have not walked in the ways of Jehoshaphat your father, nor in the ways of Asa king of Judah,
13 ၁၃ အာ​ဟပ်​နှင့်​သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ကြ သူ​များ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ရန် ရှေ့​ဆောင်​လမ်း ပြ​ခဲ့​ကြ​သည့်​နည်း​တူ​သင်​သည်​ယု​ဒ​ပြည်​သူ များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​များ​ကို​သစ္စာ ဖောက်​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​ပေ​သည်။ သင် သည်​မိ​မိ​ထက်​ကောင်း​မြတ်​သော​ညီ​များ အား​လည်း​သတ်​ခဲ့​၏။-
but have walked in the way of the kings of Israel, and have made Judah and the inhabitants of Jerusalem to play the prostitute like Ahab’s house did, and also have slain your brothers of your father’s house, who were better than yourself,
14 ၁၄ သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​သင်​၏​ပြည်​သူ များ၊ သား​သ​မီး​များ​နှင့်​မိ​ဖု​ရား​များ​ကို ပြင်း​ထန်​စွာ​ဒဏ်​စီ​ရင်​၍ သင်​ပိုင်​ဆိုင်​သ​မျှ ကို​လည်း​ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။-
behold, the LORD will strike your people with a great plague, including your children, your wives, and all your possessions;
15 ၁၅ သင်​ကိုယ်​တိုင်​အူ​၌​တစ်​နေ့​တစ်​ခြား​ဆိုး ရွား​လာ​သည့်​ရော​ဂါ​စွဲ​ကပ်​လာ​လိမ့်​မည်''ဟု ပါ​ရှိ​၏။
and you will have great sickness with a disease of your bowels, until your bowels fall out by reason of the sickness, day by day.’”
16 ၁၆ ပင်​လယ်​ကမ်း​ခြေ​တွင်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​သော​ဆူ​ဒန်​အ​မျိုး​သား​တို့​အ​နီး​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​နှင့်​အာ​ရပ်​အ​မျိုး​သား အ​ချို့​တို့​သည်​နေ​ထိုင်​ကြ​၏။ ထာ​ဝရ​ဘု​ရား သည်​ဤ​သူ​တို့​ကို​ယ​ဟော​ရံ​အား​တိုက် ခိုက်​စေ​တော်​မူ​၏။-
The LORD stirred up against Jehoram the spirit of the Philistines and of the Arabians who are beside the Ethiopians;
17 ၁၇ သူ​တို့​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင် ရောက်​ကာ​နန်း​တော်​ကို​လု​ယက်​ကြ​၏။ ထို နောက်​သား​တော်​အ​ငယ်​ဆုံး​ဖြစ်​သူ​အာ​ခ​ဇိ မှ​တစ်​ပါး​အ​ခြား​သား​တော်​များ​နှင့်​မိ ဖု​ရား​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ဖမ်း ဆီး​သွား​လေ​သည်။
and they came up against Judah, broke into it, and carried away all the possessions that were found in the king’s house, including his sons and his wives, so that there was no son left to him except Jehoahaz, the youngest of his sons.
18 ၁၈ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​အား​အူ နာ​စွဲ​ကပ်​စေ​တော်​မူ​၏။-
After all this the LORD struck him in his bowels with an incurable disease.
19 ၁၉ ထို​ရော​ဂါ​သည်​နှစ်​နှစ်​နီး​ပါး​မျှ​တစ်​နေ့ တစ်​ခြား​ပို​မို​ဆိုး​ရွား​လာ​ပြီး​လျှင် နောက်​ဆုံး ၌​မင်း​ကြီး​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​နှင့် ကွယ်​လွန်​လေ​၏။ ပြည်​သူ​တို့​သည်​သူ​၏​ဘိုး ဘေး​တို့​အ​တွက်​မီး​ပုံ​ပွဲ​များ​ပြု​သ​ကဲ့​သို့ သူ့​အ​တွက်​မ​ပြု​ကြ။
In process of time, at the end of two years, his bowels fell out by reason of his sickness, and he died of severe diseases. His people made no burning for him, like the burning of his fathers.
20 ၂၀ သူ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ်​၌​နန်း တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း​စံ တော်​မူ​၏။ ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​တွက် အ​ဘယ်​သူ​မျှ​ဝမ်း​မ​နည်း​ကြ။ သူ့​အ​လောင်း ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​တို့​၏​သင်္ချိုင်း​တွင်​မ​သင်္ဂြိုဟ်​ကြ။
He was thirty-two years old when he began to reign, and he reigned in Jerusalem eight years. He departed with no one’s regret. They buried him in David’s city, but not in the tombs of the kings.

< ၂ ရာဇဝင်ချုပ် 21 >