< ၂ ရာဇဝင်ချုပ် 20 >
1 ၁ ကာလအနည်းငယ်ကြာသောအခါမောဘ ပြည်နှင့်အမ္မုန်ပြည်မှစစ်တပ်များသည် မိမိ တို့၏မဟာမိတ်မဟုနိမ် နှင့်အတူယုဒပြည်သို့ချင်းနင်းဝင်ရောက်လာ ကြ၏။-
Yei akyi no, Moabfoɔ, Amonfoɔ ne Maonfoɔ asraafoɔ bi tuu Yehosafat so sa.
2 ၂ သတင်းပို့သူတို့သည်ယောရှဖတ်မင်းထံလာ ရောက်၍``အင်အားကြီးမားသည့်တပ်ကြီးတစ် တပ်သည်အရှင့်အား တိုက်ခိုက်ရန်ပင်လယ်သေ တစ်ဖက်ကမ်းဧဒုံပြည်မှချီတက်လာပါပြီ။ သူတို့သည်အင်္ဂေဒိခေါ်ဟာဇဇုန္တာမာမြို့ကို သိမ်းယူလိုက်ကြပါပြီ'' ဟုလျှောက်ထား ကြ၏။-
Abɔfoɔ bɛka kyerɛɛ Yehosafat sɛ, “Akodɔm bebree firi Nkyene Po no akyi wɔ Edom rebɛko atia wo. Wɔaduru Hasason-Tamar” (En-Gedi din baako ne no).
3 ၃ ယောရှဖတ်သည်ကြောက်လန့်သဖြင့်လမ်း ပြတော်မူရန် ထာဝရဘုရားထံပတ္ထနာပြု တော်မူ၏။ ယုဒပြည်တစ်လျှောက်လုံး၌ အစာရှောင်ရန်နေ့ကိုသတ်မှတ်တော်မူ၏။-
Yehosafat tee saa asɛm yi, ne ho yeraa no enti, ɔbisaa Awurade akwankyerɛ. Ɔhyɛɛ sɛ obiara a ɔwɔ Yuda no nni abuada.
4 ၄ ယုဒပြည်အမြို့မြို့မှလူတို့သည်ထာဝရ ဘုရားလမ်းပြပို့ဆောင်မှုကိုတောင်းခံရန် ယေရုရှလင်မြို့သို့လာရောက်ကြလေသည်။-
Na nnipa a wɔwɔ Yuda nkuro nyinaa so baa Yerusalem, bɛhwehwɛɛ Awurade.
5 ၅ ထိုနောက်သူတို့သည်ယေရုရှလင်မြို့သူမြို့ သားများနှင့်အတူ ဗိမာန်တော်တံတိုင်းသစ် တွင်စုဝေးကြ၏။ ယောရှဖတ်မင်းသည်သူ တို့၏ရှေ့သို့လာ၍ရပ်ပြီးလျှင်၊-
Na Yehosafat sɔre gyinaa Yudafoɔ ne Yerusalemfoɔ anim wɔ Awurade Asɔredan no adihɔ foforɔ hɔ.
6 ၆ ``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ကောင်းကင်ဘုံ တွင်စံတော်မူ၍ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ကိုအုပ်စိုးတော်မူပါ၏။ ကိုယ်တော်သည်တန်ခိုး အာနုဘော်ပြည့်စုံတော်မူသဖြင့်အဘယ် သူမျှကိုယ်တော်အားအတိုက်အခံမပြု နိုင်ပါ။-
Ɔbɔɔ mpaeɛ sɛ, “Ao Awurade, yɛn agyanom Onyankopɔn, wo nko ne Onyankopɔn a wote soro. Wo na wodi ahennie a ɛwɔ asase nyinaa so. Woyɛ otumfoɔ ne ɔkɛseɛ a obiara ntumi ne wo nni asie.
7 ၇ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့သည် ဤပြည်တော်သို့ ဝင်ရောက်လာချိန်၌ကိုယ်တော်သည်မူလနေ ထိုင်သောပြည်သားတို့ကိုနှင်ထုတ်၍ ပြည် တော်ကိုကိုယ်တော်၏အဆွေတော်အာဗြဟံ ၏သားမြေးတို့အားထာဝစဉ်အပိုင်ပေး သနားတော်မူပါ၏။-
Ao yɛn Onyankopɔn, ɛberɛ a wo nkurɔfoɔ bɛduruiɛ no, woampam wɔn a na wɔte asase yi so no anaa? Na woamfa saa asase yi amma wʼadamfo Abraham asefoɔ afebɔɔ anaa?
8 ၈ သူတို့သည်ဤပြည်တွင်နေထိုင်လျက်ကိုယ်တော် ၏ဂုဏ်တော်ကိုချီးမွမ်းရန်ဗိမာန်တော်ကိုတည် ဆောက်ကြပါ၏။-
Wo nkurɔfoɔ tenaa ha sii saa Asɔredan yi maa wo.
9 ၉ စစ်မက်ဘေး၊ ကူးစက်တတ်သောရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးအစရှိသော ကြီးမားသည့် အဘယ်ဘေးအန္တရာယ်မဆို ကျရောက်လာချိန်၌ သူတို့သည်ကိုယ်တော်အား ကိုးကွယ်ဝတ်ပြုရာ ဤဗိမာန်တော်ရှေ့သို့လာ ၍ရပ်လျက်ပတ္ထနာပြုသောအခါ ကိုယ်တော် သည်နားညောင်း၍သူတို့အားကယ်ဆယ် တော်မူမည်ဟုယုံကြည်ကြပါ၏။''
Wɔkaa sɛ, ‘Sɛ ɔhaw bi te sɛ ɔko, yadeɛ anaa ɛkɔm bi to yɛn a, yɛbɛtumi aba wʼanim wɔ saa Asɔredan yi mu, baabi a wɔahyɛ wo din animuonyam no. Yɛbɛtumi asu afrɛ wo sɛ, gye yɛn nkwa, na wobɛtie yɛn, agye yɛn.’
10 ၁၀ ``ယခုအခါအမ္မုန်ပြည်သား၊ မောဘပြည်သား နှင့်ဧဒုံပြည်သားတို့သည်အကျွန်ုပ်အားတိုက် ခိုက်ကြပါပြီ။ အကျွန်ုပ်တို့ဘိုးဘေးများ အီဂျစ်ပြည်မှထွက်ခွာလာစဉ်အခါက ဘိုးဘေးတို့သည်ထိုပြည်များသို့ဝင်ရောက် ခွင့်ကိုကိုယ်တော်ပေးတော်မမူပါ။ သို့ဖြစ် ၍သူတို့သည်ထိုပြည်များကိုရှောင်ကွင်း ပြီးလျှင်မဖျက်မဆီးဘဲထားခဲ့ကြ ပါ၏။-
“Na afei, hwɛ deɛ Amonfoɔ, Moabfoɔ ne Seir akodɔm reyɛ. Woamma yɛn agyanom anni saa aman no so nkonim wɔ ɛberɛ a Israel firii Misraim no, na mmom, wɔfaa wɔn ho a wɔansɛe wɔn.
11 ၁၁ ဤသို့ပြုသည့်အတွက်ကျေးဇူးဆပ်သည့် အနေဖြင့်သူတို့သည် အကျွန်ုပ်တို့အား ကိုယ်တော်ပေးသနားတော်မူသည့်ပြည်တော် မှနှင်ထုတ်ရန်ရောက်ရှိလာကြပါ၏။-
Afei, hwɛ sɛdeɛ wɔretua yɛn so ka. Wɔaba sɛ, wɔrebɛtu yɛn afiri wʼasase a wode maa yɛn sɛ agyapadeɛ no so.
12 ၁၂ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူ ပါ၏။ အကျွန်ုပ်တို့သည်ယခုတိုက်ခိုက်ရန်ရောက် ရှိလာသောတပ်မတော်ကြီး၏ရှေ့တွင်ခိုကိုးရာ မဲ့ဖြစ်လျက်နေကြပါ၏။ အဘယ်သို့ပြုရမည် ကိုအကျွန်ုပ်တို့မသိကြပါ။ သို့ရာတွင်ကူမ တော်မူရန်အထံတော်သို့မျှော်ကြည့်ကြပါ၏'' ဟုအသံကျယ်စွာဆုတောင်းပတ္ထနာပြုတော် မူ၏။
Ao yɛn Onyankopɔn, worensi wɔn ano? Yɛnni ahoɔden sɛ akodɔm kɛseɛ yi a wɔpɛ sɛ wɔbɛto hyɛ yɛn so yi. Yɛnhunu deɛ yɛnyɛ, na yɛhwɛ ɛkwan sɛ wobɛboa yɛn.”
13 ၁၃ ယုဒပြည်သူအပေါင်းတို့သည် မိမိတို့သား မယားများနှင့်အတူဗိမာန်တော်ရှေ့တွင် ရပ်လျက်နေကြ၏။-
Ɛberɛ a Yuda mmarima nyinaa ne wɔn nkɔkoaa, wɔn yerenom ne wɔn mma gyina Awurade anim no,
14 ၁၄ ထာဝရဘုရား၏ဝိညာဉ်သည်လူအုပ်ထဲတွင် ရှိသောလေဝိအနွယ်ဝင်တစ်ဦး၏အပေါ် သို့သက်ရောက်တော်မူ၏။ ထိုသူသည်ဇာခရိ သားယဟာဇေလဖြစ်၏။ မတ္တနိ၊ ယေယေလ၊ ဗေနာယနှင့်အာသပ်မှဆင်းသက်လာသူ အာသပ်အနွယ်ဝင်တည်း။-
Awurade Honhom baa mmarima a wɔgyinagyina hɔ no mu baako so. Na ne din de Yahasiel a ɔyɛ Sakaria babarima a ɔno nso yɛ Benaia babarima, na ɔno nso yɛ Yeiel babarima, na ɔno nso yɛ Lewini Matania, a ɔyɛ Asaf aseni no babarima.
15 ၁၅ ယဟာဇေလက``အရှင်မင်းကြီးနှင့်တကွ ယုဒပြည်သူများ၊ ယေရုရှလင်မြို့သား အပေါင်းတို့၊ သင်တို့သည်စိတ်မပျက်အား မလျော့ကြနှင့်။ ဤကြီးမားသည့်တပ်မတော် ကိုရင်ဆိုင်ရန်မကြောက်ကြနှင့်ဟုထာဝရ ဘုရားမိန့်တော်မူပါ၏။ တိုက်ပွဲသည်သင် တို့၏အပေါ်တွင်မတည်။ ဘုရားသခင် ၏အပေါ်တွင်တည်ပေသည်။-
Ɔkaa sɛ, “Ɔhene Yehosafat, tie! Mo Yudafoɔ ne Yerusalemfoɔ nyinaa, montie! Sɛdeɛ Awurade seɛ nie: Monnsuro. Mommma akodɔm kɛseɛ nntu mo akoma, ɛfiri sɛ, ɔko no nnyɛ mo dea, na ɛyɛ Onyankopɔn dea.
16 ၁၆ နက်ဖြန်ထိုသူတို့ဇိဇမြို့တောင်ကြားလမ်း သို့ချီတက်လာသောအခါ သူတို့အားတိုက် ခိုက်ကြလော့။ သင်တို့သည်ယေရွေလအနီး တောကန္တာရသို့သွားရာချိုင့်ဝှမ်းအဆုံး၌ သူတို့နှင့်တွေ့ဆုံမိကြလိမ့်မည်။-
Ɔkyena, montu ntene nkɔ wɔn so. Mobɛhunu sɛ wɔfiri Sis aforoeɛ a ɛwɔ bɔnhwa no fa a ɛpue Yeruel ɛserɛ no so hɔ reba.
17 ၁၇ သင်တို့သည်ဤတိုက်ပွဲကိုဆင်နွဲရကြမည် မဟုတ်။ နေရာသာယူ၍စောင့်နေကြလော့။ ထာဝရဘုရားသည်သင်တို့အားအောင်ပွဲ ခံစေတော်မူသည်ကိုတွေ့ရကြလိမ့်မည်။ ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့၊ မတွန့်မဆုတ်ကြနှင့်။ မကြောက် မလန့်ဘဲတိုက်ပွဲသို့ဝင်ကြလော့။ ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ လိမ့်မည်'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။
Na ɛho nhia mpo sɛ mobɛko. Monnyinagyina mo afa, monyɛ dinn na monhwɛ Awurade nkonimdie. Ɔka mo ho, Yuda ne Yerusalem manfoɔ. Monnsuro, na mommma mo akoma nntu. Ɔkyena, monkɔ hɔ, na Awurade ka mo ho.”
18 ၁၈ ထိုအခါယောရှဖတ်မင်းသည်မြေသို့တိုင် အောင်ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ပြည်သူ အပေါင်းတို့သည်လည်းမင်းကြီးနှင့်အတူ ပျပ်ဝပ်ကာထာဝရဘုရားအားရှိခိုးကြ၏။-
Na ɔhene Yehosafat sii ne tiri ase, na Yuda ne Yerusalem manfoɔ no nyinaa nso yɛɛ saa, de somm Awurade.
19 ၁၉ ကောဟတ်နှင့်ကောရသားချင်းစုများမှလေဝိ အနွယ်ဝင်တို့သည်မတ်တပ်ရပ်လျက် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား အားအသံကျယ်စွာထောမနာပြုကြကုန်၏။
Na Lewifoɔ a wɔfiri Kohat ne Kora mmusua mu sɔre gyinaeɛ teaam denden sɔree Awurade, Israel Onyankopɔn.
20 ၂၀ နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
Adeɛ kyee nʼanɔpahema no, Yuda akodɔm no kɔɔ Tekoa ɛserɛ so. Ɛberɛ a wɔrekɔ no, Yehosafat gyina kaa sɛ, “Montie me, mo Yudafoɔ ne Yerusalemfoɔ nyinaa. Monnye Awurade, mo Onyankopɔn, nni na mobɛtumi agyina pintinn. Monnye nʼadiyifoɔ no nni, na mobɛdi nkonim.”
21 ၂၁ မင်းကြီးသည်ပြည်သူတို့နှင့်တိုင်ပင်၍ဂီတ ပညာသည် အချို့ကိုနေ့ထူးနေ့မြတ်များတွင် ဝတ်ဆင်လေ့ရှိသည့်ဝတ်လုံများကိုဝတ်စေ၍ တပ်မတော်ရှေ့ကချီတက်စေပြီးလျှင်``ထာဝရ ဘုရားအားထောမနာပြုကြလော့။ ကိုယ်တော် ၏မေတ္တာတော်သည် ထာဝစဉ်တည်၏'' ဟုသီဆို ကြစေရန်အမိန့်ပေးတော်မူ၏။
Ɔhene no ne nnipa no ntuanofoɔ dii nkutaho wieeɛ no, ɔyii nnwomtofoɔ bi sɛ wɔnni akodɔm no anim, nto dwom mma Awurade, nkamfo no wɔ nʼanimuonyam kronkron no enti. Ɛdwom no mu nsɛm nie: “Monna Awurade ase na nʼadɔeɛ wɔ hɔ daa!”
22 ၂၂ သူတို့စ၍သီချင်းဆိုကြသောအခါ ထာဝရ ဘုရားသည်ချင်းနင်းဝင်ရောက်လာသောတပ် တို့ကိုကစဥ့်ကလျားဖြစ်စေတော်မူ၏။-
Ɛberɛ a wɔpagyaa ayɛyi dwom no, Awurade maa Amon, Moab ne bepɔ Seir asraafoɔ no twaa wɔn ho koeɛ.
23 ၂၃ အမ္မုန်တပ်မတော်နှင့်မောဘတပ်မတော်တို့ သည် ဧဒုံတပ်မတော်ကိုတိုက်ခိုက်ချေမှုန်း ဖျက်ဆီးပြီးလျှင် အချင်းချင်းပြန်၍ကြမ်း ကြုတ်စွာတိုက်ခိုက်ကြလေသည်။-
Moab ne Amon asraafoɔ no danee wɔn ani kyerɛɛ wɔn adɔmfoɔ a wɔfiri bepɔ Seir so no, kunkumm wɔn nyinaa. Wɔwiee Seir asraafoɔ no, wɔtwaa wɔn ho koeɛ.
24 ၂၄ ယုဒတပ်မတော်သည်သဲကန္တာရရှိကင်းမျှော် စင်သို့ရောက်သောအခါ ရန်သူတို့ဘက်သို့ကြည့် လိုက်ရာတစ်ယောက်မကျန်မြေပေါ်တွင်လဲသေ နေကြသည်ကိုမြင်ရကြ၏။
Na Yuda akodɔm no duruu baabi a wɔgyina a wɔhunu ɛserɛ no so no, wɔhunuu sɛ afunu gugu fam kɔ akyiri. Atamfoɔ no mu baako mpo antumi annwane.
25 ၂၅ ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။-
Ɔhene Yehosafat ne nʼakodɔm kɔtasee asadeɛ. Wɔnyaa adwumayɛ nneɛma, ntadeɛ ne nneɛma a ɛsom bo a wɔntumi nsoa. Na asadeɛ no dɔɔso enti wɔde nnansa na ɛtasee ne nyinaa.
26 ၂၆ လေးရက်မြောက်သောနေ့၌သူတို့သည်ဗရာခ ချိုင့်ဝှမ်းတွင်စုရုံးကြလျက် ဘုရားသခင်ပြု တော်မူသောကျေးဇူးတော်အပေါင်းအတွက် ကိုယ်တော်အားထောမနာပြုကြကုန်၏။ ဤ သည်ကိုအကြောင်းပြု၍ထိုချိုင့်ဝှမ်းကို ဗရာခ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။-
Nnanan so no, wɔboaa wɔn ho ano wɔ Nhyira Bɔnhwa mu. Wɔtoo bɔnhwa no din saa da no, ɛfiri sɛ, ɛhɔ na nnipa no kamfoo Awurade, daa no ase. Wɔda so frɛ no Nhyira Bɔnhwa ɛnnɛ yi.
27 ၂၇ ယောရှဖတ်သည်အောင်ပွဲခံ၍မိမိ၏စစ် သည်တော်တို့ကို ယေရုရှလင်မြို့သို့ပြန် လည်ခေါ်ဆောင်လာတော်မူ၏။-
Afei, Yehosafat dii wɔn anim ne wɔn sane kɔɔ Yerusalem anigyeɛ so sɛ, Awurade ama wɔadi wɔn atamfoɔ so nkonim.
28 ၂၈ သူတို့သည်မြို့တော်သို့ရောက်ကြသောအခါ စောင်းများ၊ တံပိုးခရာများတီးမှုတ်လျက် ဗိမာန်တော်သို့ချီတက်ကြလေသည်။-
Wɔbɔɔ mmɛnta, asankuten ne ntotorobɛnto tuu nten kɔhyɛnee Yerusalem na wɔkɔɔ Awurade Asɔredan no mu.
29 ၂၉ ဣသရေလအမျိုးသားများ၏ရန်သူတို့ ကို ထာဝရဘုရားအဘယ်သို့နှိမ်နင်းတော်မူ ကြောင်းကိုကြားသိရသည့်လူမျိုးအပေါင်း တို့သည်ကြောက်လန့်ကြကုန်၏။-
Ɛberɛ a ahennie a atwa hɔ ahyia no tee sɛ Awurade no ankasa ako atia Israel atamfoɔ no, Awurade ho suro baa wɔn so.
30 ၃၀ သို့ဖြစ်၍ယောရှဖတ်သည်ငြိမ်းချမ်းစွာနန်းစံ တော်မူရ၏။ ဘုရားသခင်သည်သူ၏နိုင်ငံ အရပ်ရပ်တွင်လုံခြုံမှုရှိစေတော်မူ၏။
Na ɛmaa asomdwoeɛ baa Yehosafat ahennie mu, ɛfiri sɛ, ne Onyankopɔn maa no ahomegyeɛ wɔ afanan nyinaa.
31 ၃၁ ယောရှဖတ်သည်သက်တော်သုံးဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင်နှစ်ဆယ့်ငါးနှစ်နန်းစံ လေသည်။ သူ၏မယ်တော်မှာရှိလဟိ၏သမီး အဇုဘဖြစ်၏။-
Na Yehosafat dii ɔhene wɔ Yuda asase so. Ɛberɛ a ɔdii ɔhene no, na wadi mfeɛ aduasa enum. Ɔtenaa Yerusalem dii ɔhene mfeɛ aduonu enum. Na ne maame din de Asuba a ɔyɛ Silhi babaa.
32 ၃၂ သူသည်မိမိခမည်းတော်အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက်တွင်ဖြောင့် မှန်သည့်အမှုကိုသာပြုကျင့်၏။-
Na Yehosafat yɛ ɔhene a ɔyɛ. Ɔyɛɛ deɛ nʼagya Asa yɛeɛ. Ɔyɛɛ deɛ ɛsɔ Awurade ani.
33 ၃၃ သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကို မဖြိုဖျက်။ ပြည်သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား စိတ် ပါလက်ပါကိုးကွယ်ဝတ်ပြုမှုကိုမပြုကြ သေးပေ။
Nanso, nʼahennie mu no, wammubu abosonsomfoɔ asɔreeɛ no, na ɔmanfoɔ no nso amfa wɔn akoma nyinaa amma wɔn agyanom Onyankopɔn no.
34 ၃၄ ယောရှဖတ်၏နန်းသက်အစမှအဆုံးတိုင် အောင်သူဆောင်ရွက်ခဲ့သည့်အမှုအရာ အလုံးစုံကို ဣသရေလရာဇဝင်၏တစ်စိတ် တစ်ဒေသဖြစ်သောဟာနန်၏သားယေဟု အတ္ထုပ္ပတ္တိတွင်ရေးထားသတည်း။
Yehosafat ahennie ho nsɛm nkaeɛ, firi ahyɛaseɛ kɔsi awieeɛ no, wɔatwerɛ agu Hanani babarima Yehu nwoma a wɔde aka Israel Ahemfo nwoma no ho.
35 ၃၅ အခါတစ်ပါးကယုဒဘုရင်ယောရှဖတ် သည် ဆိုးညစ်ယုတ်မာသောအမှုများစွာတို့ ကိုပြုကျင့်သူဣသရေလဘုရင်အာခဇိ နှင့်မဟာမိတ်ဖွဲ့ခဲ့၏။-
Nanso, ɛrekɔ nʼasetena awieeɛ no, ɔhene Yehosafat ne Israelhene Ahasia a ne tirim yɛ den no kaa wɔn ho bɔɔ mu.
36 ၃၆ သူတို့နှစ်ဦးသည်ဧဇယုန်ဂါဗာသင်္ဘောဆိပ်တွင် တာရှုမြို့သို့ရွက်လွှင့်ရန်သင်္ဘောများကိုဆောက် လုပ်ကြ၏။-
Wɔyɛɛ ɛpo so adwadie ahyɛn bebree wɔ Esion-Geber hyɛngyinabea.
37 ၃၇ သို့ရာတွင်မရေရှမြို့နေဒေါဒဝ၏သား ဧလျေဇကယောရှဖတ်အား``အရှင်သည် အာခဇိနှင့်မဟာမိတ်ဖွဲ့သဖြင့် ထာဝရ ဘုရားသည်အရင်ဆောက်လုပ်ထားသည့် သင်္ဘောများကိုဖျက်ဆီးတော်မူလိမ့်မည်'' ဟုဆိုသည့်အတိုင်းထိုသင်္ဘောတို့သည် ပျက်၍တာရှုမြို့သို့မသွားရချေ။
Na Dodafahu babarima Elieser a ɔfiri Maresa hyɛɛ nkɔm, de tiaa Yehosafat. Ɔkaa sɛ, “Esiane sɛ wo ne ɔhene Ahasia ayɛ baako enti, Awurade bɛsɛe wʼadwuma.” Enti, ahyɛn no bobɔeɛ a wɔantumi amfa ankɔdi dwa.