< ၂ ရာဇဝင်ချုပ် 2 >

1 ရှော​လ​မုန်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ် ပြု​ကိုး​ကွယ်​ရန်​အ​တွက်​ဗိ​မာန်​တော်​ကို လည်း​ကောင်း၊ မိ​မိ​၏​အ​တွက်​နန်း​တော်​ကို လည်း​ကောင်း​တည်​ဆောက်​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-
Solomon ordered that a temple should be built where Yahweh would be worshiped and also that a palace should be built for himself.
2 မင်း​ကြီး​သည်​ပစ္စည်း​သယ်​ယူ​ပို့​ဆောင်​ရေး အ​လုပ်​သ​မား​ခု​နစ်​သောင်း၊ ကျောက်​ဆစ် အ​လုပ်​သ​မား​ရှစ်​သောင်း၊ အ​လုပ်​သ​မား များ​ကို​ကြီး​ကြပ်​အုပ်​ချုပ်​သူ​သုံး​ထောင့် ခြောက်​ရာ​တို့​ကို​ခန့်​ထား​တော်​မူ​၏။
He selected 70,000 men to carry the building supplies and 80,000 men to cut stones [(from quarries/walls of rock) in] the hills. He also chose 3,600 men to supervise them.
3 ရှော​လ​မုန်​သည်​တု​ရု​ဘု​ရင်​ဟိ​ရံ​ထံ​သို့ သံ​တ​မန်​စေ​လွှတ်​၍``အ​ဆွေ​တော်​သည်​အ​ကျွန်ုပ် ၏​ခမည်း​တော်​ဒါ​ဝိဒ်​အား​နန်း​တော်​ဆောက်​လုပ် ရန်​အ​တွက်​သစ်​က​တိုး​သား​များ​ကို​ရောင်း ချ​ပေး​ခဲ့​သည့်​နည်း​တူ​ကျွန်ုပ်​နှင့်​လည်း​ကုန် သွယ်​မှု​ကို​ပြု​ပါ​လော့။-
Solomon sent this message to King Hiram of Tyre [city]: “[Many years ago] when my father David was building his palace, you sent to him cedar logs. Will you send me cedar logs, too?
4 ကျွန်ုပ်​သည်​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ ဘု​ရား​အား​ဂုဏ်​ပြု​ဆက်​ကပ်​ရန်​ဗိ​မာန်​တော် ကို​တည်​ဆောက်​လှူ​ဒါန်း​ပါ​မည်။ ထို​ဗိ​မာန် တော်​သည်​ကျွန်ုပ်​နှင့်​ပြည်​သူ​တို့​ဝတ်​ပြု​ကိုး ကွယ်​ရာ​ဌာ​န​တော်​ဖြစ်​လိမ့်​မည်။ ထို​ဗိ​မာန် တော်​တွင်​မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​မီး​ရှို့ ပူ​ဇော်​၍​ရှေ့​တော်​မုန့်​ကို​အ​ဆက်​မ​ပြတ် ဆက်​သ​လျက်​နံ​နက်​တိုင်း​ည​တိုင်း၊ ဥပုသ် နေ့၊ လ​ဆန်း​ပွဲ​နေ့​နှင့်​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဂုဏ်​ပြု​သော အ​ခြား​နေ့​ထူး​နေ့​မြတ်​များ​၌ မီး​ရှို့​ပူ​ဇော် ရန်​သ​ကာ​များ​ကို​ဆက်​သ​မည်​ဖြစ်​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​ပြည်​သူ တို့​အား ဤ​သို့​ထာ​ဝ​စဉ်​ပြု​လုပ်​ဆောင်​ရွက် ရန်​ပ​ညတ်​တော်​မူ​ပါ​သည်။-
“We are about to build a temple where we will worship Yahweh our God. We want to dedicate it to be a place where we will burn fragrant incense to [honor] him, and a place to put loaves of sacred bread, and for making sacrifices every morning and every evening and every Sabbath day, and to celebrate on the day of every new moon and at other special religious festivals to [honor] Yahweh our God. We want to do those things forever, like Yahweh has commanded.
5 ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​သည်​ဖြစ်​၍ ကျွန်ုပ်​သည်​ကြီး ကျယ်​ခမ်း​နား​သည့်​ဗိ​မာန်​တော်​ကို​တည် ဆောက်​ရန်​ရည်​ရွယ်​ပါ​၏။-
[We want] this temple [to] be a great temple, because our God is greater than all other gods.
6 သို့​ရာ​တွင်​အ​ပြော​ကျယ်​စွာ​သော​ကောင်း​ကင် ပင်​လျှင်​ကိုယ်​တော်​၏​အ​တွက်​ကျဉ်း​မြောင်း သည်​ဖြစ်​၍ အ​မှန်​စင်​စစ်​အ​ဘယ်​သူ​မျှ ကိုယ်​တော်​စံ​တော်​မူ​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍ ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ရန်​အ​တွက်​သာ​ဗိ​မာန် တော်​ကို​တည်​ဆောက်​ပါ​မည်။-
But no one can really build a temple that would be big enough for God [to live in], because even the highest heavens are not big enough for him. And I am worthy only to build a place where we can burn sacrifices to him.
7 ယ​ခု​အ​ဆွေ​တော်​သည်​ကျွန်ုပ်​၏​ထံ​သို့​ပန်း​ပု အ​တတ်၊ ရွှေ​ငွေ​နှင့်​ကြေး​ဝါ​ပန်း​ထိမ်​အ​တတ်၊ ပန်း​ထည်​အ​တတ်၊ နီ​ပြာ​ညို​မောင်း​သော​အ​ထည် ယက်​လုပ်​သည့်​အ​တတ်​တို့​ကို​ကျွမ်း​ကျင်​သူ တစ်​ယောက်​စေ​လွှတ်​စေ​လို​ပါ​သည်။ ထို​သူ​သည် ကျွန်ုပ်​၏​ခ​မည်း​တော်​ရွေး​ချယ်​ထား​သည့်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​လက်​မှု​ပ​ညာ​သည် များ​နှင့်​အ​တူ​လုပ်​ကိုင်​ရန်​ဖြစ်​ပါ​သည်။-
Therefore, please send me a man who knows well how to make things from gold and silver and bronze and iron, and to make things from purple and red and blue cloth. He should also know well how to engrave designs. I want him to work in Jerusalem and in other places in Judah with my skilled craftsmen, the ones whom my father David appointed.
8 အ​ဆွေ​တော်​၏​သစ်​ခုတ်​သ​မား​များ​သည် အ​ဘယ်​မျှ​ကျွမ်း​ကျင်​သည်​ကို​ကျွန်ုပ်​သိ​ပါ​၏။ သို့​ဖြစ်​၍​လေ​ဗ​နုန်​တော​မှ​သစ်​က​တိုး၊ ထင်း ရှူး​နှင့်​အာ​လ​ဂုံ​သစ်​များ​ကို​ပေး​ပို့​စေ​လို ပါ​သည်။ ကျွန်ုပ်​တည်​ဆောက်​ရန်​ကြံ​ရွယ်​သည့် ဗိ​မာန်​တော်​သည်​ကြီး​ကျယ်​ခမ်း​နား​မည်​ဖြစ် ၍​သစ်​သား​အ​မြောက်​အ​မြား​ကို​ရွေး​ရာ​တွင် အ​ဆွေ​တော်​၏​လူ​တို့​အား​ဝိုင်း​ဝန်း​ကူ​ညီ ရန်​ကျွန်ုပ်​၏​လူ​တို့​ကို​စေ​လွှတ်​ပေး​ပါ​မည်။-
I know that your workers are skilled in cutting timber, so also please send me cedar logs, pine logs, and juniper logs from the Lebanon mountains. My workers will work with your workers.
9
In that way, those workers will provide me with plenty of lumber. [We will need plenty, ] because I want the temple that we will build to be large and beautiful.
10 ၁၀ ကျွန်ုပ်​သည်​အ​ဆွေ​တော်​၏​အလုပ်​သ​မား များ​အ​တွက်​ရိက္ခာ​အ​ဖြစ်​ဖြင့်​ဂျုံ​တင်း​တစ် သိန်း၊ မု​ယော​ဆန်​တင်း​တစ်​သိန်း၊ စ​ပျစ်​ရည် ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​နှင့်​သံ​လွင်​ဆီ ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​ကို​ပေး​ပို့​ပါ မည်'' ဟု​မှာ​ကြား​တော်​မူ​လိုက်​၏။
I will pay your workers, the men who cut the logs, 100,000 bushels of ground wheat, 100,000 bushels of barley, 110,000 gallons of wine, and 110,000 gallons of olive oil.”
11 ၁၁ တု​ရု​ဘု​ရင်​ဟိ​ရံ​သည်​ရှော​လ​မုန်​ထံ​သို့ အ​မှာ​တော်​စာ​ပြန်​ကြား​ပေး​ပို့​တော်​မူ​၏။ ထို​အ​မှာ​စာ​တော်​တွင်``ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​လူ​စု​တော်​အား​ချစ်​တော်​မူ သ​ဖြင့် အ​ဆွေ​တော်​အား​ထို​သူ​တို့​၏ ဘု​ရင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ​ပြီ။-
[When] Hiram [received that message, he] replied by sending this message to Solomon: “Because Yahweh loves his people, he has appointed you to be their king.”
12 ၁၂ မိုး​မြေ​ကို​ဖန်​ဆင်း​တော်​မူ​သော​ဣသ​ရေ​လ လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ ကိုယ် တော်​သည်​ဒါ​ဝိဒ်​အား​အ​သိ​အ​လိမ္မာ​ဉာဏ် ပ​ညာ​ရှိ​သော​သား​တော်​တစ်​ပါး​ကို​ပေး တော်​မူ​၏။ ထို​သား​တော်​သည်​ယ​ခု​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​နှင့် မိ​မိ​အ​တွက် နန်း​တော်​ကို​တည်​ဆောက်​ရန်​အ​ကြံ​အ​စည် ရှိ​၏။-
[And Hiram added, ] “Praise Yahweh, the God to whom the Israeli people belong, the one who created the sky and the earth! He has given King David a wise son, one who is very smart/intelligent and who has good skill and understanding. He wants to build a temple for Yahweh and a palace for himself.
13 ၁၃ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​ဟိ​ရံ​ဆို​သူ​လက်​မှု ပ​ညာ​ဆ​ရာ​ကို​အ​ဆွေ​တော်​ထံ​သို့​စေ​လွှတ် လိုက်​ပါ​မည်။ သူ​သည်​ဉာဏ်​ပ​ညာ​ထက်​မြက် ၍​အ​လုပ်​ကျွမ်း​ကျင်​သူ​ဖြစ်​ပေ​သည်။-
“I will be sending to you Huram-Abi, a man who is very skilled.
14 ၁၄ သူ​၏​အ​မိ​သည်​ဒန်​အ​နွယ်​ဝင်၊ သူ​၏​အဖ​မှာ တု​ရု​မြို့​သား​ဖြစ်​ပါ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်​နှင့်​သစ်​သား​ပစ္စည်း​အ​သုံး အ​ဆောင်​များ​ကို​ပြု​လုပ်​တတ်​၍​နီ၊ ပြာ၊ ညို မောင်း​သော​အ​ထည်​များ၊ ပိတ်​ချော​ထည်​များ ကို​လည်း​ယက်​လုပ်​တတ်​ပါ​သည်။ တီ​ထွင်​မှု လုပ်​ငန်း​အ​မျိုး​မျိုး​တွင်​ကျွမ်း​ကျင်​၍​သူ့ အား​အ​ကြံ​ပေး​ဖော်​ပြ​သည့်​ပုံ​စံ​အ​တိုင်း လုပ်​ကိုင်​နိုင်​သူ​ဖြစ်​ပေ​သည်။ သူ့​အား အ​ဆွေ​တော်​၏​ခ​မည်း​တော်​အ​သုံး​ပြု ခဲ့​သည့်​လက်​မှု​ပ​ညာ​သည်​များ​နှင့်​အ​တူ လုပ်​ကိုင်​စေ​ပါ​လော့။-
His mother was from the tribe of Dan, and his father was from [here in] Tyre. He is very able to make things from gold and silver and bronze and iron and stone and wood, but he also makes nice things from purple and blue and red cloth, and he does all kinds of engraving. He can make things using any design/pattern that you give to him. He will work with your craftsmen, and the craftsmen who did work for your father, King David.
15 ၁၅ အ​ဆွေ​တော်​က​တိ​ပြု​သည်​အ​တိုင်း​ယ​ခု ကျွန်ုပ်​ထံ​သို့​ဂျုံ၊ မု​ယော​ဆန်၊ စ​ပျစ်​ရည် နှင့်​သံလွင်​ဆီ​တို့​ကို​ပေး​ပို့​လိုက်​ပါ​လော့။-
“Now please send us the wheat and barley and olive oil and wine that you promised to send to us.
16 ၁၆ ကျွန်ုပ်​သည်​လေ​ဗ​နုန်​တောင်​ပေါ်​ရှိ​သစ်​က​တိုး ပင်​များ​ကို​အ​ဆွေ​တော်​လို​သ​မျှ​ခုတ်​လှဲ​၍ ဖောင်​ဖွဲ့​ကာ​ပင်​လယ်​လမ်း​ဖြင့်​ယုပ္ပေ​မြို့​အ​ရောက် စုန်​မျော​စေ​ပါ​မည်။ ထို​မြို့​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​အ​ဆွေ​တော်​၏​လူ​တို့​သယ်​ယူ​နိုင်​ကြ ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။
When you do that, my workers will cut from trees in the Lebanon mountains all the logs that you need [and bring them down to the sea]. Then we will [tie the logs together to] form rafts with them, and float them in the sea to Joppa [city]. From there, you [can arrange for] them [to be] taken up to Jerusalem.
17 ၁၇ ရှော​လ​မုန်​မင်း​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​သည့်​နည်း​တူ ဣသ​ရေ​လ​နိုင်​ငံ​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား များ​ကို​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​တော် မူ​ရာ လူ​ပေါင်း​တစ်​သိန်း​ငါး​သောင်း​သုံး​ထောင့် ခြောက်​ရာ​ရ​လေ​သည်။-
Solomon told his workers to count all the people from other countries who were living in Israel, similar to what his father David had done. There were 153,600 of them.
18 ၁၈ မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​ပစ္စည်း​သယ် ယူ​ရန်​လူ​ခုနစ်​သောင်း၊ တောင်​ပေါ်​တွင်​ကျောက် ဆစ်​ရန်​လူ​ရှစ်​သောင်း၊ အ​လုပ်​ကြီး​ကြပ် အုပ်​ချုပ်​ရန်​လူ​သုံး​ထောင့်​ခြောက်​ရာ​ကို ခန့်​ထား​တော်​မူ​၏။
Solomon assigned 70,000 of them to carry materials, and 80,000 to cut stone [from quarries in] the hills, and 3,600 of them to supervise the others and be sure that they worked steadily.

< ၂ ရာဇဝင်ချုပ် 2 >