< ၂ ရာဇဝင်ချုပ် 19 >

1 ယော​ရှ​ဖတ်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​နန်း တော်​သို့ ကောင်း​မွန်​ချော​မော​စွာ​ပြန်​လည်​ရောက်​ရှိ တော်​မူ​၏။-
Then Jehoshaphat, the king of Judah, returned in peace to his house in Jerusalem.
2 ဟာ​နန်​၏​သား​ပ​ရော​ဖက်​ယေ​ဟု​သည်​မင်း​ကြီး ထံ​သို့​သွား​၍``ဘု​ရင်​မင်း​သည်​သူ​ယုတ်​မာ​တို့​ကို ကူ​ညီ​မ​စ​အပ်​ပါ​သ​လော။ ထာ​ဝရ​ဘု​ရား​ကို မုန်း​သူ​တို့​နှင့်​မိတ်​ဆွေ​ဖွဲ့​အပ်​ပါ​သ​လော။ ယင်း အ​မှု​တို့​ကြောင့်​ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော် သည် ဘု​ရင်​မင်း​၏​အ​ပေါ်​သို့​သက်​ရောက်​လေ ပြီ။-
And the seer Jehu, the son of Hanani, met him, and said to him: “You offer assistance to the impious, and you are joined in friendship with those who hate the Lord. And for this reason, you certainly deserve the wrath of the Lord.
3 သို့​ရာ​တွင်​ဘု​ရင်​မင်း​သည်​လူ​တို့​ကိုး​ကွယ်​သော အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​ရှိ​သ​မျှ​ကို ဖယ်​ရှား​ပြီး​လျှင် ထာ​ဝရ​ဘု​ရား​၏​အ​လို​တော် ကို​လိုက်​လျှောက်​ရန်​ကြိုး​စား​သ​ဖြင့် ဘု​ရင်​မင်း မှာ​အ​ကျင့်​ကောင်း​အ​နည်း​ငယ်​ရှိ​သေး​၏'' ဟု ဆို​လေ​သည်။
But good works have been found in you. For you have taken away the sacred groves from the land of Judah. And you have prepared your heart, so as to seek the Lord, the God of your fathers.”
4 ယော​ရှ​ဖတ်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နန်း​စံ တော်​မူ​သော်​လည်း တောင်​ဘက်​ရှိ​ဗေ​ရ​ရှေ​ဘ မြို့​မှ​သည်​မြောက်​ဘက်​တောင်​ပေါ​များ​သည့် ဧ​ဖ​ရိမ်​နယ်​စပ်​တိုင်​အောင် အ​မြဲ​တ​စေ​လှည့် လည်​၍​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ပြန်​စေ​တော်​မူ​၏။-
Then Jehoshaphat lived in Jerusalem. And again he went out to the people, from Beersheba as far as mount Ephraim. And he called them back to the Lord, the God of their fathers.
5 သူ​သည်​ယု​ဒ​ပြည်​ခံ​တပ်​မြို့​တိုင်း​တွင်​တ​ရား သူ​ကြီး​များ​ကို​ခန့်​ထား​ပြီး​လျှင်၊-
And he appointed judges of the land, in all the fortified cities of Judah, in each place.
6 သူ​တို့​အား``သ​တိ​ထား​၍​တ​ရား​စီ​ရင်​ကြ လော့။ သင်​တို့​သည်​လူ​ပေး​အပ်​သည့်​အခွင့်​အာ ဏာ​အ​ရ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သည့်​အ​ခွင့်​အာ​ဏာ​အ​ရ​ဆောင်​ရွက်​ရ​ကြ ခြင်း​ဖြစ်​သည်။ သင်​တို့​စီ​ရင်​ချက်​ချ​မှတ်​ချိန် ၌​ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​၏။-
And instructing the judges, he said: “Pay attention to what you are doing. For you exercise judgment, not of man, but of the Lord. And whatever you will have judged, it will come back to you.
7 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​သ​တိ နှင့်​ဆောင်​ရွက်​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လိမ်​လည်​ကောက်​ကျစ်​မှု၊ လူ​မျက်​နှာ​ကို​ထောက် မှု၊ တံ​စိုး​လက်​ဆောင်​စား​မှု​တို့​ကို​ခွင့်​ပြု​တော် မ​မူ​သော​ကြောင့်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
Let the fear of the Lord be with you, and do all things with diligence. For there is no iniquity with the Lord our God, nor respect of persons, nor desire for gifts.”
8 ယော​ရှ​ဖတ်​သည်​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း တ​ရား​တွေ့​မှု​များ​နှင့်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​ချိုး​ဖောက်​မှု​များ​ကို​စီ​ရင်​ရန်​အ​တွက် လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​မြို့​မိ​မြို့​ဖ​များ​အား တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။-
Jehoshaphat also appointed Levites and priests and leaders of families, out of Israel, in Jerusalem, so that they might judge the judgment and purpose of the Lord for its inhabitants.
9 မင်း​ကြီး​က​ထို​သူ​တို့​အား``သင်​တို့​သည်​ထာ​ဝရ ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့် မိ​မိ​တို့ ၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ကြ​ရ​မည်။ ရိုး​သား​ဖြောင့်​မတ်​ရ​ကြ​မည်။ ဘက်​မ​လိုက်​ကြ​ရ။-
And he instructed them, saying, “So shall you act: faithfully, in the fear of the Lord, and with a perfect heart.
10 ၁၀ အ​ခြား​မြို့​များ​တွင်​နေ​ထိုင်​သော​အ​မျိုး​သား ချင်း​တို့​သည်​လူ​သတ်​မှု​ကို​ဖြစ်​စေ၊ တ​ရား ဥ​ပ​ဒေ​သို့​မ​ဟုတ်​ပ​ညတ်​တော်​ကို​လွန်​ကူး မှု​ကို​ဖြစ်​စေ​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​သည့် အ​ခါ​တိုင်း သူ​တို့​သည်​တ​ရား​စီ​ရင်​ရာ​တွင် ထာ​ဝရ​ဘု​ရား​အား​မ​ပြစ်​မှား​မိ​စေ​ရန်​သင် တို့​က​သေ​ချာ​စွာ​ညွှန်​ကြား​ရ​ကြ​မည်။ ယင်း သို့​မ​ပြု​ပါ​မူ​သင်​တို့​နှင့်​သူ​တို့​၏​အ​ပေါ်​သို့ ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​သက်​ရောက် လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မိ​မိ​တို့ တာ​ဝန်​ရှိ​သည်​အ​တိုင်း​ဆောင်​ရွက်​ကြ​လျှင် မူ​ကား​အ​ပြစ်​လွှတ်​ကြ​လိမ့်​မည်။-
Every case that will come to you from your brothers, who live in their cities, between kindred and kindred, wherever there is a question concerning law, commandment, ceremonies, or justifications, reveal it to them, so that they may not sin against the Lord, and so that wrath may not overwhelm you and your brothers. Then, by acting in this way, you will not sin.
11 ၁၁ ဘာ​သာ​ရေး​အမှု​အ​ခင်း​ရှိ​သ​မျှ​တွင်​ယဇ်​ပု​ရော ဟိတ်​မင်း​အာ​မ​ရိ​သည်​လည်း​ကောင်း၊ တ​ရား​အ​မှု မှန်​သ​မျှ​တွင် ဣရှ​မေ​လ​၏​သား၊ ယု​ဒ​ဘု​ရင်​ခံ ဇေ​ဗ​ဒိ​သည်​လည်း​ကောင်း​နောက်​ဆုံး​အာ​ဏာ​ပိုင် ဖြစ်​စေ​ရ​မည်။ တ​ရား​ရုံး​များ​မှ​ချ​မှတ်​သည့် စီ​ရင်​ချက်​များ​ကို​အ​ရေး​ယူ​ဆောင်​ရွက်​ရန်​မှာ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​တာ​ဝန်​ဖြစ်​၏။ သင်​တို့ သည်​ဤ​ညွှန်​ကြား​ချက်​များ​ကို​ရဲ​ရင့်​စွာ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မှန်​သူ​တို့​ဘက်​၌​ရှိ​တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။
But Amariah, a priest and your high priest, shall preside over those things which pertain to God. Then Zebadiah, the son of Ishmael, who is a ruler in the house of Judah, shall be over those works that pertain to the office of the king. And you have before you the Levites as teachers. Be strengthened and act diligently, and the Lord will be with you for what is good.”

< ၂ ရာဇဝင်ချုပ် 19 >