< ၂ ရာဇဝင်ချုပ် 18 >
1 ၁ ယောရှဖတ်မင်းသည်ချမ်းသာကြွယ်ဝ၍ဂုဏ် သတင်းကျော်စောလာသောအခါ ဣသရေလ ဘုရင်အာဟပ်မင်းနှင့်အမျိုးဆက်တော်မူ၏။-
Tenía, pues, Josafat riquezas y gloria en abundancia, y juntó parentesco con Acab.
2 ၂ နှစ်အနည်းငယ်ကြာသောအခါယောရှဖတ် သည် အာဟပ်ထံလည်ပတ်ရန်ရှမာရိမြို့သို့ ရောက်ရှိလာလေသည်။ အာဟပ်သည်ယောရှ ဖတ်နှင့်တကွသူနှင့်လိုက်ပါလာသူတို့ကို ဂုဏ်ပြုရန် သိုးနွားအမြောက်အမြားကိုသတ် ၍ဧည့်ခံပွဲကျင်းပတော်မူ၏။ သူသည်ယော ရှဖတ်အားမိမိနှင့်အတူဂိလဒ်ပြည်ရာ မုတ်မြို့ကိုတိုက်ခိုက်ရန်သွေးဆောင်လေ၏။-
Y después de algunos años descendió a Acab a Samaria; por lo que mató Acab muchas ovejas y bueyes para él, y para el pueblo que había venido con él; y le persuadió que fuese con él a Ramot de Galaad.
3 ၃ သူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိ ချိန်၌ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏တပ်မတော်သည်လည်းထိုနည်းတူ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည်သင်နှင့်အတူ လိုက်ပါမည်'' ဟုပြန်ပြောတော်မူ၏။-
Y dijo Acab rey de Israel a Josafat rey de Judá: ¿Quieres venir conmigo a Ramot de Galaad? Y él respondió: Como yo, así también tú; y como tu pueblo, así también mi pueblo; iremos contigo a la guerra.
4 ၄ ထိုနောက်သူသည်ဆက်၍``သို့ရာတွင်ဤ ကိစ္စကိုထာဝရဘုရားအားဦးစွာမေး မြန်းလျှောက်ထားပါလော့'' ဟုဆို၏။
Además dijo Josafat al rey de Israel: Te ruego que consultes hoy la palabra del SEÑOR.
5 ၅ သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုသွားရောက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားကြလော့'' ဟုမိန့်တော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ဘုရားသခင်သည်အရှင့်အားအောင်ပွဲခံစေတော် မူပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
Entonces el rey de Israel juntó cuatrocientos varones profetas, y les dijo: ¿Iremos a la guerra contra Ramot de Galaad, o reposaremos? Y ellos dijeron: Sube, que Dios los entregará en mano del rey.
6 ၆ သို့ရာတွင် ယောရှဖတ်က``ကျွန်ုပ်တို့အတွက် ထာဝရဘုရားအားလျှောက်ထားမေးမြန်း ပေးမည့်အခြားပရောဖတ်တစ်ပါးရှိ ပါသေးသလော'' ဟုမေး၏။
Mas Josafat dijo: ¿Hay aún aquí algún profeta del SEÑOR, para que por él preguntemos?
7 ၇ အာဟပ်က``အခြားပရောဖတ်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော။ အဆိုး ကိုသာလျှင်အစဉ်ဟောတတ်သဖြင့်သူ့ ကိုကျွန်ုပ်မုန်းပါ၏'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``အဆွေတော်ဤသို့ မပြောသင့်ပါ'' ဟုဆို၏။
Y el rey de Israel respondió a Josafat: Aun hay aquí un hombre por el cual podemos preguntar al SEÑOR; mas yo le aborrezco, porque nunca me profetiza cosa buena, sino siempre mal. Este es Micaías, hijo de Imla. Y respondió Josafat: No hable así el rey.
8 ၈ သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း ခေါ်ဆောင်ခဲ့ရန်အမိန့်ပေးတော်မူ၏။
Entonces el rey de Israel llamó un eunuco, y le dijo: Haz venir luego a Micaías hijo de Imla.
9 ၉ ဘုရင်နှစ်ပါးတို့သည်မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ ပရောဖက်အပေါင်းသည်ဟောလျက်နေ ကြ၏။-
Y el rey de Israel y Josafat rey de Judá, estaban sentados cada uno en su trono, vestidos de sus ropas; y estaban sentados en la era a la entrada de la puerta de Samaria, y todos los profetas profetizaban delante de ellos.
10 ၁၀ ပရောဖက်တစ်ပါးဖြစ်သူ၊ ခေနာနာ၏သား ဇေဒကိသည်သံဦးချိုများကိုပြုလုပ်ပြီး လျှင်အာဟပ်အား``ထာဝရဘုရားက`သင်သည် ဤဦးချိုများဖြင့်ရှုရိတပ်အားချေမှုန်း လိမ့်မည်' ဟုမိန့်တော်မူပါသည်'' ဟုလျှောက်၏။-
Pero Sedequías hijo de Quenaana se había hecho unos cuernos de hierro, y decía: Así ha dicho el SEÑOR: Con estos acornearás a los sirios hasta destruirlos del todo.
11 ၁၁ အခြားပရောဖက်အပေါင်းတို့သည်လည်း ဤအတိုင်းပင်မင်းကြီးအားလျှောက်ထား ကြ၏။ သူတို့က``ရာမုတ်မြို့ကိုချီတက် တော်မူပါ။ ထာဝရဘုရားသည်အရှင့်အား အောင်ပွဲခံစေတော်မူပါလိမ့်မည်'' ဟု ဟောကြ၏။
De esta manera profetizaban también todos los profetas, diciendo: Sube a Ramot de Galaad, y sé prosperado; porque el SEÑOR la entregará en mano del rey.
12 ၁၂ ဤအတောအတွင်း၌မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``ပရောဖက်အား လုံးကပင်မင်းကြီးသည်အောင်မြင်လိမ့်မည် ဖြစ်ကြောင်းဟောကြပါပြီ။ ကိုယ်တော်သည် လည်းဤအတိုင်းဟောသင့်ပါသည်'' ဟုဆို၏။
Y el mensajero que había ido a llamar a Micaías, le habló, diciendo: He aquí las palabras de todos los profetas a una boca anuncian al rey el bien; yo te ruego ahora que tu palabra sea como la de uno de ellos, que hables bien.
13 ၁၃ သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းဖော်ပြရလိမ့်မည်ဖြစ် ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါဆို၏'' ဟုပြော၏။
Y dijo Micaías: Vive el SEÑOR, que lo que el SEÑOR mi Dios me dijere, eso hablaré. Y vino al rey.
14 ၁၄ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်သော အခါမင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ် မင်းနှင့်ငါသည်ရာမုတ်မြို့သို့ချီတက်တိုက် ခိုက်သင့်သလော၊ မသင့်သလော'' ဟုမေး တော်မူ၏။ မိက္ခာကလည်း``တိုက်ခိုက်တော်မူပါ၊ အောင်မြင် တော်မူပါလိမ့်မည်။ ထာဝရဘုရားသည် အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟု ပြန်လည်လျှောက်ထား၏။
Y el rey le dijo: Micaías, ¿iremos a pelear contra Ramot de Galaad, o lo dejaremos? Y él respondió: Subid, que seréis prosperados, que serán entregados en vuestras manos.
15 ၁၅ သို့ရာတွင်အာဟပ်က``ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍ဟောရာတွင်ဟုတ်မှန်သည် ကိုသာဟောရန်သင့်အားငါဘယ်နှစ်ကြိမ် သတိပေးရပါမည်နည်း'' ဟုဆို၏။
Y el rey le dijo: ¿Hasta cuántas veces te conjuraré por el Nombre del SEÑOR que no me hables sino la verdad?
16 ၁၆ ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့သည် သိုးထိန်းမဲ့သည့်သိုးများကဲ့သို့တောင်ကုန်း များပေါ်တွင်ကွဲလွင့်လျက်နေသည်ကိုငါ မြင်၏။ ထာဝရဘုရားကလည်း`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့အေးချမ်းစွာပြန်ခွင့်ပြုလော့' ဟုမိန့် တော်မူပါသည်''ဟုဆို၏။
Entonces él dijo: He visto a todo Israel derramado por los montes como ovejas sin pastor; y dijo el SEÑOR: Estos no tienen señor; vuélvase cada uno en paz en su casa.
17 ၁၇ အာဟပ်သည်ယောရှဖတ်အား``ဤသူသည် အဘယ်အခါ၌မျှကျွန်ုပ်အတွက်အကောင်း ကိုမဟော။ အဆိုးကိုသာအစဉ်ဟောတတ် ကြောင်းအဆွေတော်အားကျွန်ုပ်ဖော်ပြပြီး လေပြီ'' ဟုဆို၏။
Y el rey de Israel dijo a Josafat: ¿No te había yo dicho que este no me profetizará bien, sino mal?
18 ၁၈ မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကို ယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါး တော်တွင် ကောင်းကင်တမန်များရပ်လျက်နေ ကြသည်ကိုလည်းကောင်းငါမြင်၏။-
Entonces él dijo: Oíd pues palabra del SEÑOR: Yo he visto al SEÑOR sentado en su trono, y todo el ejército de los cielos estaba a su mano derecha y a su izquierda.
19 ၁၉ ထာဝရဘုရားက`အာဟပ်သည်ရာမုတ်မြို့ကို သွား၍အသတ်ခံရစေရန်သူ့အားအဘယ်သူ လိမ်လည်လှည့်စားပါမည်နည်း' ဟုမေးတော်မူ လျှင်ကောင်းကင်တမန်တို့သည်အမျိုးမျိုး အဖုံဖုံလျှောက်ထားကြ၏။-
Y el SEÑOR dijo: ¿Quién inducirá a Acab rey de Israel, para que suba y caiga en Ramot de Galaad? Y uno decía así, y otro decía de otra manera.
20 ၂၀ နောက်ဆုံး၌ဝိညာဉ်တစ်ပါးသည်ထာဝရဘုရား ၏ရှေ့တော်သို့လာ၍`ဤသူအားအကျွန်ုပ်လိမ် လည်လှည့်စားပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားက`အဘယ်သို့နည်း' ဟုမေးတော်မူသော်၊-
Mas salió un espíritu, que se puso delante del SEÑOR, y dijo: Yo le induciré. Y el SEÑOR le dijo: ¿De qué modo?
21 ၂၁ ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရောဖက် များထံသို့သွား၍သူတို့အားလိမ်လည်ဟောပြော စေပါမည်' ဟုလျှောက်၏။ ထာဝရဘုရားကလည်း`သင် သွား၍အာဟပ်အားလိမ်လည်လှည့်စားလော့။ အောင်မြင်ခွင့်ရလိမ့်မည်' ဟုမိန့်တော်မူပါ၏'' ဟုဆင့်ဆိုလေ၏။
Y él dijo: Saldré y seré espíritu de mentira en la boca de todos los profetas. Y el SEÑOR dijo: Induce, y también prevalece; sal, y hazlo así.
22 ၂၂ ထိုနောက်မိက္ခာက``ထာဝရဘုရားသည်ဤပရော ဖက်တို့ကိုအရှင့်အားလိမ်လည်ဟောပြောစေ တော်မူ၏။ သို့ရာတွင်အရှင်တွေ့ကြုံရမည့်ဘေး အန္တရာယ်ကိုမူထာဝရဘုရားကိုယ်တော်တိုင် စီရင်ခွဲခန့်ထားတော်မူ၏'' ဟုဆိုလေသည်။
Y he aquí ahora ha puesto el SEÑOR espíritu de mentira en la boca de estos tus profetas; mas el SEÑOR ha decretado el mal acerca de ti.
23 ၂၃ ထိုအခါပရောဖက်ဇေဒကိသည်မိက္ခာအနီး သို့ချဉ်းကပ်၍ပါးကိုရိုက်လျက်``ထာဝရဘုရား ၏ဝိညာဉ်တော်သည်သင့်အားမိန့်မြွက်တော်မူရန် ဘယ်အချိန်တွင်ငါ့ထံမှထွက်ခွာသွားတော် မူပါသနည်း'' ဟုမေး၏။
Entonces Sedequías hijo de Quenaana se llegó a él, e hirió a Micaías en la mejilla, y dijo: ¿Por qué camino se apartó de mí el espíritu del SEÑOR para hablarte a ti?
24 ၂၄ မိက္ခာက``သင်ပုန်းအောင်းရန်အတွင်းခန်းသို့ ဝင်သောအခါသိရလိမ့်မည်'' ဟုပြန်ပြော လေသည်။
Y Micaías respondió: He aquí tú lo verás aquel día, cuando te entrarás de cámara en cámara para esconderte.
25 ၂၅ ထိုနောက်အာဟပ်သည်မိမိ၏နန်းတွင်းအရာ ရှိတစ်ယောက်အား``မိက္ခာကိုဖမ်းဆီး၍မြို့ဝန် အာမုန်နှင့်ယောရှမင်းသားထံသို့ခေါ်ဆောင် သွားလော့။-
Entonces el rey de Israel dijo: Tomad a Micaías, y llevadlo a Amón, el gobernador de la ciudad, y a Joás hijo del rey,
26 ၂၆ သူ့အားအကျဉ်းချကာငါကောင်းမွန်ချော မောစွာပြန်လည်ရောက်ရှိလာချိန်တိုင်အောင် မုန့်နှင့်ရေကိုသာကျွေးမွေးထားရန်သူတို့ အားပြောကြားလော့'' ဟုအမိန့်ပေးတော် မူ၏။
y diréis: El rey ha dicho así: Poned a éste en la cárcel, y sustentadle con pan de aflicción y agua de angustia, hasta que yo vuelva en paz.
27 ၂၇ မိက္ခာက``အကယ်၍ဘုရင်မင်းကောင်းမွန်ချော မောစွာပြန်လာရလျှင်ငါဆင့်ဆိုသောစကား သည်ထာဝရဘုရားမိန့်တော်မူသောစကား မဟုတ်'' ဟုပြောပြီးနောက်ဆက်လက်၍``အို လူ အပေါင်းတို့၊ ငါပြောသည်ကိုနားထောင်ကြ လော့'' ဟုဆို၏။
Y Micaías dijo: Si tú volvieres en paz, el SEÑOR no ha hablado por mí. Dijo además: Oíd esto, todos los pueblos.
28 ၂၈ ထိုနောက်ဣသရေလဘုရင်အာဟပ်နှင့်ယုဒ ဘုရင်ယောရှဖတ်တို့သည်ဂိလဒ်ပြည်၊ ရာမုတ် မြို့သို့ချီတက်ကြ၏။-
Y el rey de Israel subió, con Josafat rey de Judá, a Ramot de Galaad.
29 ၂၉ အာဟပ်ကယောရှဖတ်အား``စစ်ပွဲသို့ဝင်ရောက် သောအခါကျွန်ုပ်သည်ကိုယ်ကိုရုပ်ဖျက်၍သွား ပါမည်။ အဆွေတော်မူကားမင်းမြောက်တန်ဆာ ကိုဝတ်ဆင်လျက်သွားပါလော့'' ဟုဆိုလေသည်။ ဤသို့ဆိုပြီးနောက်ဣသရေလဘုရင်သည် ရုပ်ဖျက်၍တိုက်ပွဲဝင်လေ၏။
Y dijo el rey de Israel a Josafat: Yo me disfrazaré para entrar en la batalla; mas tú vístete tus vestidos. Y se disfrazó el rey de Israel, y entró en la batalla.
30 ၃၀ ရှုရိဘုရင်သည်မိမိ၏ရထားတပ်မှူးတို့ အားဣသရေလဘုရင်မှတစ်ပါးအခြား အဘယ်သူကိုမျှမတိုက်ခိုက်ရန်အမိန့်ပေး ထားလေသည်။-
El rey de Siria había mandado a los capitanes de los carros que tenía consigo, diciendo: No peleéis con chico ni con grande, sino sólo con el rey de Israel.
31 ၃၁ ထိုကြောင့်သူတို့သည်ယောရှဖတ်မင်းကိုမြင် သောအခါ ဣသရေလဘုရင်ဟုထင်မှတ်ကာ ပြန်လှည့်၍တိုက်ခိုက်ကြ၏။ သို့ရာတွင်ယောရှ ဖတ်ဟစ်အော်လိုက်သောအခါဘုရားသခင် ထာဝရဘုရားသည်သူ့ကိုကယ်ဆယ်၍ ရန်သူ တို့သည်အခြားတစ်ဖက်သို့လှည့်၍တိုက်ခိုက် ကြ၏။-
Y cuando los capitanes de los carros vieron a Josafat, dijeron: Este es el rey de Israel. Y lo cercaron para pelear; mas Josafat clamó, y lo ayudó el SEÑOR, y Dios los apartó de él.
32 ၃၂ ရထားတပ်မှူးတို့သည်ဣသရေလဘုရင် မဟုတ်ကြောင်းသိသော်လွှဲရှောင်သွားကြ၏။-
Y viendo los capitanes de los carros que no era el rey de Israel, se apartaron de él.
33 ၃၃ သို့ရာတွင်ရှုရိတပ်သားတစ်ယောက်သည်မြား တစ်စင်းကိုပစ်လွှတ်လိုက်ရာ အမှတ်မထင် အာဟပ်၏သံချပ်အင်္ကျီအဆက်ကြားကို ထိမှန်သွားလေသည်။ မင်းကြီးသည်မိမိကို မြားချက်ထိပြီဖြစ်ကြောင်းပြောပြီးနောက် ရထားမှူးအားတိုက်ပွဲမှထွက်ခွာသွားရန် အမိန့်ပေးတော်မူ၏။-
Mas disparando uno el arco con toda su capacidad, hirió al rey de Israel entre las junturas y el coselete. El entonces dijo al carretero: Vuelve tu mano, y sácame del campo, porque estoy herido.
34 ၃၄ တိုက်ပွဲဖြစ်လျက်နေချိန်၌အာဟပ်မင်းသည် ရှုရိတပ်ကိုမျက်နှာမူလျက် မိမိရထားပေါ် တွင်မှီ၍ထိုင်နေ၏။ နေဝင်ချိန်၌ကွယ်လွန် လေ၏။
Y arreció la batalla aquel día; mas el rey de Israel estuvo en pie en el carro enfrente de los sirios hasta la tarde, y murió a puestas del sol.