< ၂ ရာဇဝင်ချုပ် 17 >
1 ၁ ယောရှဖတ်သည်ခမည်းတော်အာသ၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီး နောက် ဣသရေလနိုင်ငံအားခုခံတိုက်ခိုက် ရန်မိမိ၏နိုင်ငံကိုခိုင်ခံ့အောင်ပြုတော် မူ၏။-
Josaphat, fis li a te devni wa nan plas li, e li te fè pozisyon li sou Israël byen fèm.
2 ၂ သူသည်ယုဒပြည်ခံတပ်မြို့များ၊ ယုဒ ကျေးလက်များနှင့်ဧဖရိမ်နယ်မြေမှ အာသသိမ်းယူထားသည့်မြို့များတွင် မိမိ၏စစ်တပ်များကိုချထားလေသည်။-
Li te mete sòlda nan tout vil fòtifye Juda yo, e li te fè ganizon militè nan peyi Juda avèk nan vil Éphraïm ke papa li, Asa te kaptire yo.
3 ၃ ယောရှဖတ်သည်ခမည်းတော်အာသနန်း တက်စအခါကပြုမူခဲ့သည့်စံနမူနာ ကိုလိုက်၍ ဗာလဘုရားအားဝတ်မပြု ရှိမခိုးဘဲနေသဖြင့်ထာဝရဘုရားသည် သူ့အားကောင်းချီးပေးတော်မူ၏။-
SENYÈ a te avèk Josaphat akoz li te swiv egzanp a zansèt li a, David, nan premye jou li yo, e li pa t chache Baal yo,
4 ၄ သူသည်ခမည်းတော်၏ဘုရားကိုကိုးကွယ် ၍ဘုရားသခင်၏အမိန့်တော်ကိုနာခံ တော်မူ၏။ ဣသရေလဘုရင်တို့၏လမ်းစဉ် ကိုလိုက်တော်မမူ။-
men li te chache Bondye a zansèt li yo. Li te swiv kòmandman li yo, e li pa t aji jan Israël te fè a.
5 ၅ ထာဝရဘုရားသည်ယောရှဖတ်၏အာဏာ ကိုတည်စေတော်မူ၏။ ပြည်သူအပေါင်းတို့ သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာများကိုယူ ဆောင်လာကြ၏။ ထိုကြောင့်မင်းကြီးသည် ချမ်းသာကြွယ်ဝကာဂုဏ်အသရေကြီး မြင့်လာတော်မူ၏။-
Pou sa, SENYÈ a te etabli wayòm nan sou kontwòl li, tout Juda te pote pèyman bay Josaphat e li te vin gen gwo richès avèk lonè.
6 ၆ သူသည်ထာဝရဘုရားအားကိုးကွယ်မှု တွင်စိတ်အားထက်သန်လျက်ယုဒပြည်ရှိ ရုပ်တုကိုးကွယ်ရာဌာနများနှင့်အာရှရ ဘုရားမ၏တံခွန်တိုင်ရှိသမျှကိုဖျက် ဆီးတော်မူ၏။
Li te fyè nan chemen SENYÈ a, e ankò li te rache wo plas yo avèk Asherim yo soti nan Juda.
7 ၇ နန်းစံတတိယနှစ်၌ယောရှဖတ်သည် မှူးမတ်များဖြစ်ကြသောဗင်ဟဲလ၊ သြဗဒိ၊ ဇာခရိ၊ နာသနေလနှင့်မိက္ခာယတို့အား ယုဒပြည်အမြို့မြို့သို့သြဝါဒပေးရန် စေလွှတ်တော်မူ၏။-
Konsa, nan twazyèm ane règn li a, li te voye reprezantan li yo, chèf Ben-Haïl yo, Abdias, Zacharie, Nethaneel, avèk Michée pou enstwi nan vil a Juda yo;
8 ၈ သူတို့နှင့်အတူလေဝိအနွယ်ဝင်ကိုးဦး နှင့်ယဇ်ပုရောဟိတ်နှစ်ပါးလိုက်ပါသွား ကြ၏။ လေဝိအနွယ်ဝင်တို့မှာရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ဖြစ်ကြ၏။ ယဇ်ပုရောဟိတ် တို့မှာဧလိရှမာနှင့်ယောရံတို့ဖြစ်ကြ ၏။-
epi avèk yo Levit yo, Schemaeja, Nethania, Zebadia, Adonija, Tobija ak Tob-Adonija; epi avèk yo, prèt yo, Élischama avèk Joram.
9 ၉ သူတို့သည်မိမိတို့နှင့်အတူယူဆောင် သွားသောထာဝရဘုရား၏ပညတ်တရား ကျမ်းအရ ယုဒမြို့အသီးသီးသို့လှည့် လည်ကာပြည်သူတို့အားသွန်သင်ကြ၏။
Yo te enstwi Juda avèk liv lalwa SENYÈ a ke yo te genyen avèk yo. Konsa, yo te ale toupatou nan tout vil Juda yo pou te enstwi pami pèp la.
10 ၁၀ ထာဝရဘုရားသည်ပတ်ဝန်းကျင်နိုင်ငံ အပေါင်းတို့အား ယောရှဖတ်နှင့်စစ်ဖြစ် ရန်ကြောက်လန့်စေတော်မူ၏။-
Alò, lakrent SENYÈ a te sou tout wayòm ki te antoure Juda yo, jiskaske yo pa t fè lagè kont Josaphat.
11 ၁၁ ဖိလိတ္တိအမျိုးသားအချို့တို့သည်ယော ရှဖတ်ထံသို့ ငွေအမြောက်အမြားနှင့် အခြားလက်ဆောင်ပဏ္ဏာများကိုယူဆောင် လာကြ၏။ အာရပ်အမျိုးသားအချို့တို့ ကလည်းသိုးအကောင်ရေခုနစ်ထောင့်ခုနစ် ရာနှင့် ဆိတ်အကောင်ရေခုနစ်ထောင့်ခုနစ်ရာ ကိုယူဆောင်လာလေသည်။-
Kèk nan Filisten yo te pote kado avèk lò kòm pèyman bay Josaphat. Arabyen yo tou te pote bann bèt ba li, sèt-mil-sèt-san belye ak sèt-mil-sèt-san mal kabrit.
12 ၁၂ သို့ဖြစ်၍ယောရှဖတ်သည်တန်ခိုးကြီးသည် ထက်ကြီးလာတော်မူ၏။ သူသည်ယုဒပြည် တစ်လျှောက်လုံးတွင်ခံတပ်များကိုလည်း ကောင်း၊-
Josaphat te vin grandi de plizanplis e li te bati fò avèk vil depo nan Juda.
13 ၁၃ ရိက္ခာအမြောက်အမြားသိုလှောင်ရာမြို့ များကိုလည်းကောင်းတည်ဆောက်တော်မူ၏။ မင်းကြီးသည်ယေရုရှလင်မြို့တွင်ထူးချွန် သည့်တပ်မှူးများကို၊-
Li te gen anpil depo nan vil a Juda yo ak gèrye yo, mesye ki plen kouraj Jérusalem yo.
14 ၁၄ သားချင်းစုများအလိုက်နေရာချထား တော်မူ၏။ ယုဒအနွယ်ဝင်တို့၏တပ်မှူး သည်အာဒနဖြစ်၍ သူ၏လက်အောက် တွင်စစ်သည်သုံးသိန်းရှိလေသည်။-
Men kontwòl selon lakay a papa zansèt yo: nan Juda, chèf a dè milye yo, Adna, chèf la avèk twa-san-mil mesye plen kouraj;
15 ၁၅ ဒုတိယတပ်မှူးမှာယောဟနန်ဖြစ်၍စစ် သည်နှစ်သိန်းရှစ်သောင်းကိုအုပ်ချုပ်ရ၏။-
epi akote li, Jochanan, chèf la, avèk de-san-katre-ven-mil mesye plen kouraj;
16 ၁၆ တတိယတပ်မှူးကားဇိခရိ၏သားအာမသိ ဖြစ်၍စစ်သည်နှစ်သိန်းကိုအုပ်ချုပ်ရလေသည်။ (အာမသိသည်မိမိစေတနာအလျောက် ထာဝရဘုရား၏အမှုတော်ကိုထမ်းဆောင် သူဖြစ်သည်။-)
epi akote li, Amasia, fis a Zicri a, ki te konsakre volontèman a SENYÈ a, avèk de-san-mil mesye plen kouraj.
17 ၁၇ ဗင်္ယာမိန်အနွယ်ဝင်တို့၏တပ်မှူးသည်ဧလျာဒ ဖြစ်၏။ သူသည်လေးနှင့်ဒိုင်းလွှားကိုင်စစ်သည် တော်နှစ်သိန်းကိုအုပ်ချုပ်ရသူ၊ ထူးချွန်သည့် စစ်သူရဲတစ်ဦးဖြစ်လေသည်။-
Pou Benjamin: Éliada, yon nonm plen kouraj, avèk de-san-mil mesye lame avèk banza ak boukliye defans,
18 ၁၈ သူ၏လက်ထောက်တပ်မှူးမှာလက်နက်အပြည့် အစုံနှင့် လူတစ်သိန်းရှစ်သောင်းကိုအုပ်ချုပ် ရသူယောဇဗဒ်ဖြစ်၏။-
epi akote li, Zozobad, avèk san-katreven-mil mesye pou fè lagè.
19 ၁၉ ယုဒပြည်ခံတပ်မြို့များတွင်နေရာချထား သည့်စစ်သည်တော်များအပြင် ယေရုရှလင် မြို့တွင်နေရာချထားသည့်ဤသူတို့သည် လည်း မင်းကြီး၏အမှုတော်ကိုထမ်းဆောင် ရကြလေသည်။
Se te sila ki te nan sèvis wa yo, yo pa menm konte sila ke wa a te pozisyone nan tout vil fòtifye pami tout Juda yo.