< ၂ ရာဇဝင်ချုပ် 16 >
1 ၁ ယုဒဘုရင်အာသနန်းစံသုံးဆယ့်ခြောက် နှစ်မြောက်၌ ဣသရေလဘုရင်ဗာရှာသည် ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယုဒပြည်သို့ဝင်ထွက်သွားလာမှုမပြု နိုင်စေရန်ရာမမြို့ကိုတံတိုင်းကာလေသည်။-
În al treizeci și șaselea an al domniei lui Asa, Baașa, împăratul lui Israel, s-a ridicat împotriva lui Iuda și a construit Rama, pentru a nu lăsa pe nimeni să iasă sau să intre la Asa, împăratul lui Iuda.
2 ၂ ထိုကြောင့်အာသသည်ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များမှရွှေ၊ ငွေ၊ ရှိသမျှကိုယူ၍ ဒမာသက်မြို့ရှိရှုရိဘုရင်ဗင်္ဟာဒဒ်ထံသို့ ပို့၍၊-
Atunci Asa a adus argint și aur din tezaurele casei DOMNULUI și din casa împăratului și i-a trimis lui Ben-Hadad, împăratul Siriei, care locuia la Damasc, spunând:
3 ၃ ``အကျွန်ုပ်တို့သည်အကျွန်ုပ်တို့၏ခမည်း တော်များကဲ့သို့မဟာမိတ်ဖွဲ့ကြကုန်အံ့။ ဤရွှေ၊ ငွေမှာအဆွေတော်အတွက်လက် ဆောင်ဖြစ်ပါ၏။ ဗာရှာမင်းသည်မိမိစစ်တပ် များကို အကျွန်ုပ်၏နယ်မြေမှရုပ်သိမ်းသွား စေရန်အဆွေတော်သည် သူနှင့်ဖွဲ့သောမဟာ မိတ်ကိုဖျက်သိမ်း၍ကူညီပါလော့'' ဟု မှာလိုက်၏။
Să fie alianță între mine și tine, precum a fost între tatăl meu și tatăl tău; iată, ți-am trimis argint și aur; du-te, rupe înțelegerea cu Baașa, împăratul lui Israel, ca să se depărteze de mine.
4 ၄ ဗင်္ဟာဒဒ်သည်အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိတပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသ ရေလမြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူ တို့သည်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့ နှင့်နဿလိနယ်မြေရှိပစ္စည်းသိုလှောင်ရာ မြို့အပေါင်းကိုသိမ်းယူလိုက်ကြ၏။-
Și Ben-Hadad a dat ascultare împăratului Asa și a trimis căpeteniile armatelor lui împotriva cetăților lui Israel; și au lovit Iion și Dan și Abel-Maim și toate cetățile de provizii din Neftali.
5 ၅ ဤသတင်းကိုကြားသောအခါဗာရှာမင်း သည် ရာမမြို့တံတိုင်းကာရံမှုကိုရပ်စဲ လိုက်လေသည်။-
Și s-a întâmplat, când Baașa a auzit aceasta, că a oprit construirea Ramei și a încetat munca lui.
6 ၆ ထိုအခါအာသမင်းသည်ယုဒပြည်တစ် လျှောက်လုံးမှ လူတို့ကိုဆင့်ခေါ်ပြီးလျှင် ရာမမြို့တံတိုင်းကာရံမှုတွင် အသုံးပြု လျက်ရှိသောကျောက်တုံးများနှင့်သစ်သား များကိုသယ်ဆောင်လာစေတော်မူ၏။ သူတို့ သည်ထိုပစ္စည်းများဖြင့် ဂေဘမြို့နှင့်မိဇပါ မြို့တို့ကိုတံတိုင်းကာကြ၏။
Atunci împăratul Asa a luat pe tot Iuda și au dus pietrele din Rama și lemnăria ei, cu care Baașa construia; și a construit cu acestea, Gheba și Mițpa.
7 ၇ ထိုအချိန်၌ပရောဖက်ဟာနန်သည်အာသ မင်းထံသို့သွား၍``ဘုရင်မင်းသည်မိမိ၏ ဘုရားသခင်ကိုအားကိုးမည့်အစားရှုရိ မင်းကိုအားကိုးသည်ဖြစ်၍ဣသရေလ ၏တပ်မတော်သည်ဘုရင်မင်း၏လက်မှလွတ် မြောက်သွားလေပြီ။-
Și în acel timp, Hanani, văzătorul, a venit la Asa, împăratul lui Iuda, și i-a spus: Deoarece te-ai bizuit pe împăratul Siriei și nu te-ai bizuit pe DOMNUL Dumnezeul tău, de aceea a scăpat oastea împăratului Siriei din mâna ta.
8 ၈ ဆူဒန်နှင့်လိဗုအမျိုးသားတို့တွင်စစ်ရထား နှင့် မြင်းစီးသူရဲအမြောက်အမြားပါဝင် သည့်တပ်မတော်များရှိခဲ့ကြသည်မဟုတ် ပါလော။ ဘုရင်မင်းသည်ထာဝရဘုရားကို အားကိုးခဲ့သဖြင့် ကိုယ်တော်သည်ဘုရင်မင်း အားထိုတပ်မတော်တို့ကိုနှိမ်နင်းခွင့်ပေး တော်မူခဲ့၏။-
Nu au fost etiopienii și lubimii o oaste uriașă, cu foarte multe care și călăreți? Totuși, pentru că te-ai bizuit pe DOMNUL, el i-a dat în mâna ta.
9 ၉ ထာဝရဘုရားသည်မိမိအားသစ္စာစောင့် သူတို့အားတန်ခိုးစွမ်းရည်ကိုပေးတော်မူရန် ကမ္ဘာတစ်ဝှမ်းလုံးကိုသေချာစွာကြည့်လျက် နေတော်မူ၏။ ဘုရင်မင်းသည်မိုက်မဲစွာပြု ခဲ့သည်ဖြစ်၍ ယခုမှစ၍အစဉ်စစ်ဖြစ် လျက်နေရလိမ့်မည်'' ဟုဆင့်ဆို၏။-
Fiindcă ochii DOMNULUI aleargă încoace și încolo pe tot pământul, pentru a se arăta puternic de partea celor a căror inimă este desăvârșită spre el. În aceasta te-ai purtat prostește, de aceea de acum înainte vei avea războaie.
10 ၁၀ ထိုစကားကြောင့်အာသသည်ပရောဖက် အားအမျက်ထွက်၍ သံကြိုးများနှင့်ချည် နှောင်ထားစေ၏။ ဤအချိန်၌အာသသည် ပြည်သူအချို့ကိုနှိပ်စက်ညှဉ်းဆဲစပြု လေသည်။
Atunci Asa s-a înfuriat pe văzător și l-a pus în casa butucilor, fiindcă era înfuriat pe el din cauza acestui lucru. Și Asa a oprimat câțiva oameni în același timp.
11 ၁၁ အာသ၏လက်ထက်၌ဖြစ်ပျက်သမျှသော အမှုအရာများကို ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်တွင်မှတ်တမ်းတင်ထားသတည်း။-
Și, iată, faptele lui Asa, cele dintâi și cele din urmă, iată, ele sunt scrise în cartea împăraților lui Iuda și Israel.
12 ၁၂ နန်းစံသုံးဆယ့်ကိုးနှစ်မြောက်၌အာသသည် နူနာစွဲသဖြင့် ခြေမစွမ်းမသန်ဖြစ်သောအခါ ထာဝရဘုရားအားဆည်းကပ်မည့်အစား ဆေး သမားများကိုသာလျှင်ဆည်းကပ်လေ၏။-
Și Asa, în al treizeci și nouălea an al domniei lui, a fost bolnav de picioare, până când boala lui a fost peste măsură de mare, totuși în boala lui nu a căutat pe DOMNUL, ci pe medici.
13 ၁၃ နောက်နှစ်နှစ်မျှကြာသော်သူသည်ကွယ်လွန် သောအခါ၊-
Și Asa a adormit cu părinții lui și a murit în al patruzeci și unulea an al domniei lui.
14 ၁၄ ဒါဝိဒ်မြို့တွင်သူ၏အတွက်ပြုလုပ်ထား သည့်ကျောက်ဂူတွင်သင်္ဂြိုဟ်ကြ၏။ ပြည်သူတို့ သည်သင်္ဂြိုဟ်ရန်အတွက်မင်းကြီး၏အလောင်း ကို နံ့သာမျိုးများ၊ ဆီမွှေးများနှင့်မွမ်းမံ ပြင်ဆင်ကြပြီလျှင်ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်ဖြင့်မီးပုံပွဲကြီးကို ကျင်းပကြလေသည်။
Și l-au îngropat în propriile lui morminte, pe care și le făcuse în cetatea lui David, și l-au pus în patul umplut cu arome dulci și diverse feluri de mirodenii, pregătite prin arta parfumierului; și ei au făcut o mare ardere pentru el.