< ၂ ရာဇဝင်ချုပ် 15 >

1 ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သြ​ဒက် ၏​သား​အာ​ဇ​ရိ​အ​ပေါ်​သို့​သက်​ရောက်​၍၊-
The Spirit of God came on Azariah the son of Oded.
2 အာ​ဇ​ရိ​သည်​အာ​သ​မင်း​ထံ​သို့​သွား​ပြီး​လျှင်``အို အာ​သ​မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့၊ ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ သင်​တို့​သည်​ကိုယ်​တော်​အား​ရှာ ကြ​လျှင် ကိုယ်​တော်​သည်​သင်​တို့​အား​အ​တွေ့ ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည် ကိုယ်​တော်​အား​ကျော​ခိုင်း​ကြ​ပါ​က​ကိုယ် တော်​သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော် မူ​လိမ့်​မည်။-
He went out to meet Asa, and said to him, “Hear me, Asa, and all Judah and Benjamin! The LORD is with you while you are with him; and if you seek him, he will be found by you; but if you forsake him, he will forsake you.
3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ကာ​လ ကြာ​မြင့်​စွာ​မှန်​သော​ဘု​ရား​မ​ရှိ၊ သွန်​သင် ပေး​မည့်​ယဇ်​ပု​ရော​ဟိတ်​များ​မ​ရှိ၊ တ​ရား လည်း​မ​ရှိ။-
Now for a long time Israel was without the true God, without a teaching priest, and without law.
4 သို့​ရာ​တွင်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍​ကိုယ် တော်​ကို​ရှာ​သော​အ​ခါ​တွေ့​ရှိ​ကြ​၏။-
But when in their distress they turned to the LORD, the God of Israel, and sought him, he was found by them.
5 ထို​စဉ်​အ​ခါ​က​အ​တိုင်း​တိုင်း​အ​ပြည်​ပြည် တွင်​အေး​ချမ်း​သာ​ယာ​ခြင်း​မ​ရှိ​သ​ဖြင့် အ​ဘယ် သူ​မျှ​ဘေး​မဲ့​လုံ​ခြုံ​စွာ​ခ​ရီး​မ​သွား​မ​လာ နိုင်​ကြ။-
In those times there was no peace to him who went out, nor to him who came in; but great troubles were on all the inhabitants of the lands.
6 ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​တော်​မူ​သ​ဖြင့် တစ်​နိုင်​ငံ​က တစ်​နိုင်​ငံ​ကို​လည်း​ကောင်း၊ တစ်​မြို့​က​တစ် မြို့​ကို​လည်း​ကောင်း​ဖိ​နှိပ်​ကြ​လေ​သည်။-
They were broken in pieces, nation against nation, and city against city; for God troubled them with all adversity.
7 သို့​ရာ​တွင်​သင်​တို့​သည်​အား​မာန်​တင်း​ကြ လော့။ စိတ်​အား​မ​လျော့​ကြ​နှင့်။ သင်​တို့​ပြု သည့်​အ​မှု​အ​တွက်​ကောင်း​ကျိုး​ကို​ခံ​စား ရ​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။
But you be strong! Don’t let your hands be slack, for your work will be rewarded.”
8 ဤ​သို့​သြ​ဒက်​၏​သား​အာ​ဇ​ရိ​ဆင့်​ဆို​သည့် ဗျာ​ဒိတ်​တော်​ကို​ကြား​သော​အ​ခါ အာ​သ​သည် အား​တက်​လာ​ပြီး​လျှင် ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ် မြေ​များ​နှင့်​တောင်​ပေါ​များ​သော​ဧ​ဖ​ရိမ်​ပြည် ရှိ​မြို့​များ​မှ​ရုပ်​တု​ရှိ​သ​မျှ​ကို​ဖယ်​ရှား​တော် မူ​၏။ မင်း​ကြီး​သည်​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း ရှိ​ယဇ်​ပလ္လင်​ကို​လည်း​ပြန်​လည်​ပြု​ပြင်​တော်​မူ​၏။
When Asa heard these words and the prophecy of Oded the prophet, he took courage, and put away the abominations out of all the land of Judah and Benjamin, and out of the cities which he had taken from the hill country of Ephraim; and he renewed the LORD’s altar that was before the LORD’s porch.
9 ထာ​ဝရ​ဘု​ရား​သည် အာ​သ​နှင့်​အ​တူ​ရှိ​တော် မူ​ကြောင်း​ကို​တွေ့​မြင်​ကြ​သ​ဖြင့် ဧ​ဖ​ရိမ်၊ မ​နာ ရှေ​နှင့်​ရှိ​မောင်​နယ်​မြေ​များ​မှ​လူ​အ​မြောက် အ​မြား​အာ​သ​ဘက်​သို့​ကူး​ပြောင်း​၍​သူ​၏ နိုင်​ငံ​တော်​တွင်​လာ​ရောက်​နေ​ထိုင်​ကြ​၏။ အာ​သ သည်​ဤ​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဗင်္ယာ မိန်​နှင့်​ယု​ဒ​ပြည်​သူ​တို့​ကို​လည်း​ကောင်း စု​ဝေး​ရန်​အ​မိန့်​ထုတ်​ပြန်​တော်​မူ​၏။-
He gathered all Judah and Benjamin, and those who lived with them out of Ephraim, Manasseh, and Simeon; for they came to him out of Israel in abundance when they saw that the LORD his God was with him.
10 ၁၀ သူ​တို့​သည်​အာ​သ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​တ​တိ​ယ​လ​၌ ယေ​ရု​ရှ​လင်​မြို့​တွင် စု​ဝေး​ကြ​လေ​သည်။-
So they gathered themselves together at Jerusalem in the third month, in the fifteenth year of Asa’s reign.
11 ၁၁ ထို​နေ့​၌​သူ​တို့​သည်​မိ​မိ​တို့​ဆောင်​ခဲ့​သော လက်​ရ​ပစ္စည်း​များ​အ​နက် နွား​ခု​နစ်​ရာ​နှင့် သိုး​ခု​နစ်​ထောင်​ကို​ထာ​ဝရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​ကြ​၏။-
They sacrificed to the LORD in that day, of the plunder which they had brought, seven hundred head of cattle and seven thousand sheep.
12 ၁၂ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား စိတ်​စွမ်း​ကိုယ်​စွမ်း ရှိ​သ​မျှ​နှင့်​ကိုး​ကွယ်​မည်​ဟူ​၍​ပ​ဋိ​ညာဉ် ပြု​ကြ​၏။-
They entered into the covenant to seek the LORD, the God of their fathers, with all their heart and with all their soul;
13 ၁၃ ကြီး​သည်​ဖြစ်​စေ၊ ငယ်​သည်​ဖြစ်​စေ၊ အ​မျိုး​သား ဖြစ်​စေ၊ အ​မျိုး​သ​မီး​ဖြစ်​စေ၊ မည်​သူ​မ​ဆို ကိုယ်​တော်​အား​ကိုး​ကွယ်​ခြင်း​မ​ပြု​ပါ​က ထို​သူ​သည်​အ​သတ်​ခံ​ရ​မည်​ဖြစ်​၏။-
and that whoever would not seek the LORD, the God of Israel, should be put to death, whether small or great, whether man or woman.
14 ၁၄ ထို​သူ​တို့​သည်​ဤ​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း ပါ​မည်​ဟု ထာ​ဝရ​ဘု​ရား​၏​နာ​မ​တော်​ကို တိုင်​တည်​၍​အ​သံ​ကျယ်​စွာ​သစ္စာ​ဆို​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ကြွေး​ကြော်​လျက် တံ​ပိုး ခ​ရာ​များ​ကို​မှုတ်​ကြ​ကုန်​၏။-
They swore to the LORD with a loud voice, with shouting, with shofars, and with cornets.
15 ၁၅ ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည်​စိတ်​စွမ်း​ကိုယ် စွမ်း​ရှိ​သ​မျှ​ဖြင့် ပ​ဋိ​ညာဉ်​ပြု​ရ​ကြ​သ​ဖြင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​၏။ သူ​တို့​သည်​ထာ​ဝရ ဘု​ရား​အား​ဆန္ဒ​အ​ပြည့်​အ​ဝ​ဖြင့်​ဆည်း​ကပ် ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏ ဆည်း​ကပ်​မှု​ကို​လက်​ခံ​၍​အ​ရပ်​ရပ်​၌​ငြိမ်း ချမ်း​သာ​ယာ​စေ​တော်​မူ​၏။
All Judah rejoiced at the oath, for they had sworn with all their heart and sought him with their whole desire; and he was found by them. Then the LORD gave them rest all around.
16 ၁၆ အာ​သ​မင်း​သည်​မိ​မိ​၏​အ​ဘွား​တော်​မာ​ခါ ၏​ထံ​တော်​မှ မယ်​တော်​ဘု​ရင်​မ​ရာ​ထူး​ကို​နှုတ် သိမ်း​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ သည်​မြေ​သြ​ဇာ​ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ​အာ​ရှ​ရ ဘု​ရား​မ​အား​ကိုး​ကွယ်​ရန် အ​တွက်​ရှု​မ​ကောင်း မြင်​မ​ကောင်း​သော​ရုပ်​တု​ကို​ပြု​လုပ်​ထား​သော ကြောင့်​ဖြစ်​၏။ အာ​သ​သည်​ထို​ရုပ်​တု​ကို အ​ပိုင်း​ပိုင်း​ခုတ်​ဖြတ်​ကာ ကေ​ဒြုန်​ချိုင့်​ဝှမ်း တွင်​မီး​ရှို့​စေ​တော်​မူ​၏။-
Also Maacah, the mother of Asa the king, he removed from being queen mother, because she had made an abominable image for an Asherah; so Asa cut down her image, ground it into dust, and burnt it at the brook Kidron.
17 ၁၇ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​မ​ဖျက် ဆီး​သော်​လည်း အာ​သ​သည်​တစ်​သက်​လုံး ထာ​ဝရ​ဘု​ရား​ကို​သစ္စာ​စောင့်​တော်​မူ​လေ သည်။-
But the high places were not taken away out of Israel; nevertheless the heart of Asa was perfect all his days.
18 ၁၈ သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သ​မျှ​သော​တန်​ဆာ​တို့​ကို မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ၊ တန် ဆာ​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​တွင်​ထား​ရှိ တော်​မူ​၏။-
He brought the things that his father had dedicated and that he himself had dedicated, silver, gold, and vessels into God’s house.
19 ၁၉ သူ​၏​နန်း​စံ​သုံး​ဆယ့်​ငါး​နှစ်​အ​ထိ​နောက် တစ်​ဖန်​စစ်​မက်​မ​ဖြစ်​ပွား​တော့​ချေ။
There was no more war to the thirty-fifth year of Asa’s reign.

< ၂ ရာဇဝင်ချုပ် 15 >