< ၂ ရာဇဝင်ချုပ် 14 >
1 ၁ အဘိယကွယ်လွန်သောအခါ ဒါဝိဒ်မြို့တော် ရှိဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာသသည်ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ ထိုမင်း၏လက်ထက်၌ပြည်တော် သည် ဆယ်နှစ်တိုင်တိုင်ငြိမ်းချမ်းသာယာလျက် နေ၏။-
Sau khi A-bi-gia qua đời và được an táng trong Thành Đa-vít, con ông là A-sa lên ngôi trị vì. Đất nước được thái bình suốt mười năm.
2 ၂ အာသသည်ကောင်းသောအမှု၊ ဖြောင့်မတ်သော အမှုတို့ကိုပြုကြသဖြင့် ထာဝရဘုရား ၏ရှေ့တော်တွင်မျက်နှာရတော်မူ၏။-
Vua A-sa làm điều thiện và ngay thẳng trước mặt Chúa Hằng Hữu là Đức Chúa Trời của mình.
3 ၃ သူသည်လူမျိုးခြားတို့၏ယဇ်ပလ္လင်များနှင့် ရုပ်တုကိုးကွယ်ရာဌာနများကိုဖြိုဖျက် ပြီးလျှင် ကျောက်တိုင်များနှင့်တံခွန်တိုင် များကိုခုတ်လှဲဖျက်ဆီးလေသည်။-
Ông phá hủy các bàn thờ ngoại bang và miếu thờ tà thần. Ông lật đổ các trụ cột và triệt hạ các pho tượng A-sê-ra.
4 ၄ ယုဒပြည်သူတို့အားမိမိတို့ဘိုးဘေးများ ၏ ဘုရားသခင်ထာဝရဘုရားအလိုတော် ကိုလိုက်လျှောက်ကြရန်နှင့်ကိုယ်တော်၏ တရားတော်၊ ပညတ်တော်တို့ကိုစောင့်ထိန်း ကြရန်အမိန့်ပေးတော်မူ၏။-
Vua truyền bảo toàn dân Giu-đa tìm kiếm Chúa Hằng Hữu là Đức Chúa Trời của tổ phụ họ, vâng giữ luật pháp và điều răn của Ngài.
5 ၅ ယုဒပြည်အမြို့မြို့မှရုပ်တုကိုးကွယ်ရာ ဌာနများနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင် များကိုဖျက်ဆီးတော်မူသဖြင့် ထိုမင်း၏ လက်ထက်၌နိုင်ငံတော်သည်ငြိမ်းချမ်း သာယာလျက်နေ၏။-
A-sa cũng dẹp sạch các miếu thờ tà thần và các bàn thờ dâng hương trong tất cả các thành Giu-đa. Vậy, vương quốc của A-sa được hưởng thái bình an lạc.
6 ၆ သူသည်မိမိနန်းစံနေချိန်၌ယုဒမြို့များ ကို တံတိုင်းကာရံစေတော်မူ၏။ ထာဝရ ဘုရားသည်သူ့အားငြိမ်းချမ်းသာယာရေး ကိုပေးတော်မူသဖြင့် နှစ်ပေါင်းများစွာစစ် ဖြစ်ပွားမှုမရှိချေ။-
Trong thời kỳ hòa bình đó, Chúa Hằng Hữu cho vua được nghỉ ngơi và lo kiến thiết các thành trong xứ Giu-đa có công sự phòng thủ kiên cố.
7 ၇ မင်းကြီးကယုဒပြည်သူတို့အား``မြို့ရိုး များ၊ ပြအိုးများ၊ ကန့်လန့်ကျင်များတပ်ဆင် ထားသည့်မြို့တံခါးများနှင့်ပြည့်စုံသော မြို့များကိုတည်ဆောက်ကြကုန်အံ့။ ငါတို့ သည်ဘုရားသခင်အလိုတော်ကိုလိုက် လျှောက်သည်ဖြစ်၍ ပြည်တော်ကိုထိန်းသိမ်း အုပ်ချုပ်နိုင်ကြပေသည်။ ထာဝရဘုရား ကလည်းငါတို့အားကာကွယ်စောင့်ရှောက် ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင်လုံခြုံမှုကို ပေးတော်မူပြီ'' ဟုမိန့်ဆိုသည့်အတိုင်းခံ တပ်မြို့များကိုတည်ဆောက်၍ထမြောက် အောင်မြင်ကြ၏။-
A-sa kêu gọi toàn dân Giu-đa: “Ta hãy kiến thiết các thành này, xây dựng các thành lũy bao bọc với tháp canh, các cổng thành với hai tấm cửa đóng có then gài kiên cố. Đất nước này vẫn còn thuộc về chúng ta vì chúng ta đã tìm kiếm Chúa Hằng Hữu, Đức Chúa Trời chúng ta, và Ngài cho chúng ta hưởng thái bình thịnh trị.” Vậy, họ bắt đầu kiến thiết và đã hoàn thành.
8 ၈ အာသမင်းတွင်ဒိုင်းလွှားလှံတံကိုင်ဆောင်သူ ယုဒစစ်သည်သုံးသိန်းနှင့် ဗင်္ယာမိန်စစ်သည်နှစ် သိန်းရှစ်သောင်းပါဝင်သည့်တပ်မတော်ရှိလေ သည်။ ထိုသူအပေါင်းတို့သည်ရဲစွမ်းသတ္တိရှိ၍ ကောင်းစွာလေ့ကျင့်ထားသူများဖြစ်ကြ၏။
Vua A-sa có một đạo quân 300.000 người từ đại tộc Giu-đa, được trang bị khiên lớn và giáo. Ông cũng có một đạo quân 280.000 người từ đại tộc Bên-gia-min, được trang bị khiên nhỏ và cung. Tất cả đều là những binh sĩ tinh nhuệ.
9 ၉ ဆူဒန်အမျိုးသားဇေရဆိုသူသည်စစ်သည် တစ်သန်း၊ စစ်ရထားသုံးရာဖြင့်ယုဒပြည် သို့ချင်းနင်းဝင်ရောက်ကာမရေရှမြို့တိုင် အောင်ချီတက်လာလေသည်။-
Một người Ê-thi-ô-pi, tên Xê-ra, chỉ huy 1.000.000 quân và 300 chiến xa bất ngờ tấn công vào Giu-đa. Họ tiến đánh vào thành Ma-rê-sa,
10 ၁၀ ထိုအခါအာသသည်ထိုသူအားတိုက်ခိုက် ရန်ထွက်လာပြီးလျှင် ဇေဖသချိုင့်ဝှမ်းတွင် နေရာယူ၍၊-
A-sa vội vã đưa quân ra ứng chiến và dàn quân tại thung lũng Xép-pha-ta gần Ma-rê-sa.
11 ၁၁ မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
Nhưng A-sa kêu cầu với Chúa Hằng Hữu, Đức Chúa Trời mình: “Lạy Chúa Hằng Hữu, ngoài Ngài không có ai có thể giúp người yếu chống lại người mạnh! Lạy Chúa Hằng Hữu là Đức Chúa Trời, xin phù hộ chúng con, vì chúng con tin cậy một mình Chúa. Chúng con nhân danh Chúa chống lại đạo quân đông như kiến cỏ này. Lạy Chúa Hằng Hữu, Ngài là Đức Chúa Trời chúng con; xin đừng để loài người chiến thắng Chúa!”
12 ၁၂ အာသနှင့်ယုဒတပ်မတော်သည်ဆူဒန် အမျိုးသားတို့အားတိုက်ခိုက်ကြသော အခါ ထာဝရဘုရားသည်ဆူဒန်အမျိုး သားတို့ကိုအရေးရှုံးနိမ့်စေတော်မူ၏။-
Vậy Chúa Hằng Hữu đánh bại quân Ê-thi-ô-pi trước mặt A-sa và quân đội Giu-đa, địch quân phải tháo chạy.
13 ၁၃ ထိုသူတို့ကိုအာသနှင့်သူ၏တပ်သားတို့ သည်ဂေရာမြို့တိုင်အောင်လိုက်လံတိုက်ခိုက် ကြလေသည်။ ဆူဒန်အမျိုးသားအမြောက် အမြားကျဆုံးသဖြင့်သူတို့သည်ပြန်လည် တိုက်ခိုက်ရန်စုရုံးနိုင်စွမ်းမရှိကြတော့ချေ။ ထာဝရဘုရားနှင့်ယုဒတပ်မတော်၏လက် တွင်အရေးရှုံးနိမ့်ကြလေ၏။ ယုဒတပ်မ တော်သားတို့သည်လည်းလက်ရပစ္စည်းအမြောက် အမြားကိုသိမ်းယူရရှိကြလေသည်။-
A-sa và quân của ông rượt đuổi địch đến tận Ghê-ra, quân đội Ê-thi-ô-pi bị giết chết nhiều đến nỗi không còn gượng lại được. Họ bị Chúa Hằng Hữu và quân đội của Ngài đánh bại, quân sĩ Giu-đa thu về một số chiến lợi phẩm khổng lồ.
14 ၁၄ ထိုနောက်ဂေရာမြို့အနီးတစ်ဝိုက်ရှိမြို့တို့ သည်ထာဝရဘုရားအားကြောက်လန့်လျက် နေကြသဖြင့် ယုဒတပ်မတော်သားတို့သည် ထိုမြို့များကိုဖြိုဖျက်နိုင်ကြလေသည်။ သူ တို့သည်ထိုမြို့အပေါင်းကိုတိုက်ခိုက်ကြရာ လက်ရပစ္စည်းအမြောက်အမြားကိုသိမ်းယူ ရရှိကြ၏။-
Quân Giu-đa cũng tấn công những thành quanh vùng Ghê-ra, Chúa Hằng Hữu làm cho dân cư vùng ấy khiếp sợ. Quân Giu-đa cũng thu nhiều chiến lợi phẩm trong vùng.
15 ၁၅ သူတို့သည်သိုးထိန်းစခန်းအချို့ကိုလည်း တိုက်ခိုက်၍ သိုးနှင့်ကုလားအုတ်အမြောက် အမြားကိုသိမ်းယူကြပြီးနောက်ယေရု ရှလင်မြို့သို့ပြန်သွားကြ၏။
Họ còn tiêu diệt các trại gia súc, bắt được vô số chiên và lạc đà rồi trở về Giê-ru-sa-lem.