< ၂ ရာဇဝင်ချုပ် 14 >

1 အ​ဘိ​ယ​ကွယ်​လွန်​သော​အ​ခါ ဒါ​ဝိဒ်​မြို့​တော် ရှိ​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​သ​သည်​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။ ထို​မင်း​၏​လက်​ထက်​၌​ပြည်​တော် သည် ဆယ်​နှစ်​တိုင်​တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက် နေ​၏။-
And Abia slept with his fathers, and they buried him in the city of David: and Asa his son reigned in his stead: in his days the land was quiet ten years.
2 အာ​သ​သည်​ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော အ​မှု​တို့​ကို​ပြု​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​တွင်​မျက်​နှာ​ရ​တော်​မူ​၏။-
And Asa did that which was good and pleasing in the sight of his God, and he destroyed the altars of foreign worship, and the high places.
3 သူ​သည်​လူ​မျိုး​ခြား​တို့​၏​ယဇ်​ပလ္လင်​များ​နှင့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက် ပြီး​လျှင် ကျောက်​တိုင်​များ​နှင့်​တံ​ခွန်​တိုင် များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​လေ​သည်။-
And broke the statues, and cut down the groves.
4 ယု​ဒ​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး​များ ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အလို​တော် ကို​လိုက်​လျှောက်​ကြ​ရန်​နှင့်​ကိုယ်​တော်​၏ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
And he commanded Juda to seek the Lord the God of their fathers, and to do the law, and all the commandments.
5 ယု​ဒ​ပြည်​အ​မြို့​မြို့​မှ​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင် များ​ကို​ဖျက်​ဆီး​တော်​မူ​သ​ဖြင့် ထို​မင်း​၏ လက်​ထက်​၌​နိုင်​ငံ​တော်​သည်​ငြိမ်း​ချမ်း သာ​ယာ​လျက်​နေ​၏။-
And he took away out of all the cities of Juda the altars, and temples, and reigned in peace.
6 သူ​သည်​မိ​မိ​နန်း​စံ​နေ​ချိန်​၌​ယု​ဒ​မြို့​များ ကို တံ​တိုင်း​ကာ​ရံ​စေ​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ့​အား​ငြိမ်း​ချမ်း​သာ​ယာ​ရေး ကို​ပေး​တော်​မူ​သ​ဖြင့် နှစ်​ပေါင်း​များ​စွာ​စစ် ဖြစ်​ပွား​မှု​မ​ရှိ​ချေ။-
He built also strong cities in Juda, for he was quiet, and there had no wars risen in his time, the Lord giving peace.
7 မင်း​ကြီး​က​ယု​ဒ​ပြည်​သူ​တို့​အား``မြို့​ရိုး များ၊ ပြ​အိုး​များ၊ ကန့်​လန့်​ကျင်​များ​တပ်​ဆင် ထား​သည့်​မြို့​တံ​ခါး​များ​နှင့်​ပြည့်​စုံ​သော မြို့​များ​ကို​တည်​ဆောက်​ကြ​ကုန်​အံ့။ ငါ​တို့ သည်​ဘု​ရား​သ​ခင်​အ​လို​တော်​ကို​လိုက် လျှောက်​သည်​ဖြစ်​၍ ပြည်​တော်​ကို​ထိန်း​သိမ်း အုပ်​ချုပ်​နိုင်​ကြ​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား က​လည်း​ငါ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် ၍ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​တွင်​လုံ​ခြုံ​မှု​ကို ပေး​တော်​မူ​ပြီ'' ဟု​မိန့်​ဆို​သည့်​အ​တိုင်း​ခံ တပ်​မြို့​များ​ကို​တည်​ဆောက်​၍​ထ​မြောက် အောင်​မြင်​ကြ​၏။-
And he said to Juda: Let us build these cities, and compass them with walls, and fortify them with towers, and gates, and bars, while all is quiet from wars, because we have sought the Lord the God of our fathers, and he hath given us peace round about. So they built, and there was no hinderance in building.
8 အာ​သ​မင်း​တွင်​ဒိုင်း​လွှား​လှံ​တံ​ကိုင်​ဆောင်​သူ ယု​ဒ​စစ်​သည်​သုံး​သိန်း​နှင့် ဗင်္ယာ​မိန်​စစ်​သည်​နှစ် သိန်း​ရှစ်​သောင်း​ပါ​ဝင်​သည့်​တပ်​မ​တော်​ရှိ​လေ သည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ရဲ​စွမ်း​သတ္တိ​ရှိ​၍ ကောင်း​စွာ​လေ့​ကျင့်​ထား​သူ​များ​ဖြစ်​ကြ​၏။
And Asa had in his army of men that bore shields and spears of Juda three hundred thousand, and of Benjamin that bore shields and drew bows, two hundred and eighty thousand, all these were most valiant men.
9 ဆူ​ဒန်​အ​မျိုး​သား​ဇေ​ရ​ဆို​သူ​သည်​စစ်​သည် တစ်​သန်း၊ စစ်​ရ​ထား​သုံး​ရာ​ဖြင့်​ယု​ဒ​ပြည် သို့​ချင်း​နင်း​ဝင်​ရောက်​ကာ​မ​ရေ​ရှ​မြို့​တိုင် အောင်​ချီ​တက်​လာ​လေ​သည်။-
And Zara the Ethiopian came out against them with his army of ten hundred thousand men, and with three hundred chariots: and he came as far as Maresa.
10 ၁၀ ထို​အ​ခါ​အာ​သ​သည်​ထို​သူ​အား​တိုက်​ခိုက် ရန်​ထွက်​လာ​ပြီး​လျှင် ဇေ​ဖ​သ​ချိုင့်​ဝှမ်း​တွင် နေ​ရာ​ယူ​၍၊-
And Asa went out to meet him, and set his army in array for battle in the vale of Sephata, which is near Maresa:
11 ၁၁ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အင်​အား​ကြီး မား​သော​တပ်​ကို​ကူ​မ​တော်​မူ​နိုင်​သည့်​နည်း တူ အင်​အား​နည်း​သော​တပ်​ကို​လည်း​ကူ​မ​တော် မူ​နိုင်​ပါ​၏။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို အား​ကိုး​လျက်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဤ ကြီး​မား​လှ​သော​တပ်​မ​တော်​ကို​တိုက်​ခိုက် ရန်​ထွက်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​အား​အ​ဘယ် သူ​မျှ​မ​နှိမ်​နင်း​နိုင်​ပါ'' ဟု​ပတ္ထနာ​ပြု​တော် မူ​၏။
And he called upon the Lord God, and said: O Lord, there is no difference with thee, whether thou help with few, or with many: help us, O Lord our God: for with confidence in thee, and in thy name, we are come against this multitude. O Lord thou art our God, let not man prevail against thee.
12 ၁၂ အာ​သ​နှင့်​ယု​ဒ​တပ်​မ​တော်​သည်​ဆူ​ဒန် အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ကြ​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​အ​မျိုး သား​တို့​ကို​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​၏။-
And the Lord terrified the Ethiopians before Asa and Juda: and the Ethiopians fled.
13 ၁၃ ထို​သူ​တို့​ကို​အာ​သ​နှင့်​သူ​၏​တပ်​သား​တို့ သည်​ဂေ​ရာ​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက် ကြ​လေ​သည်။ ဆူ​ဒန်​အ​မျိုး​သား​အ​မြောက် အ​မြား​ကျ​ဆုံး​သ​ဖြင့်​သူ​တို့​သည်​ပြန်​လည် တိုက်​ခိုက်​ရန်​စု​ရုံး​နိုင်​စွမ်း​မ​ရှိ​ကြ​တော့​ချေ။ ထာ​ဝရ​ဘု​ရား​နှင့်​ယု​ဒ​တပ်​မ​တော်​၏​လက် တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​လေ​၏။ ယု​ဒ​တပ်​မ တော်​သား​တို့​သည်​လည်း​လက်​ရ​ပစ္စည်း​အ​မြောက် အ​မြား​ကို​သိမ်း​ယူ​ရ​ရှိ​ကြ​လေ​သည်။-
And Asa and the people that were with him pursued them to Gerara: and the Ethiopians fell even to utter destruction, for the Lord slew them, and his army fought against them, and they were destroyed. And they took abundance of spoils,
14 ၁၄ ထို​နောက်​ဂေ​ရာ​မြို့​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​လန့်​လျက် နေ​ကြ​သ​ဖြင့် ယု​ဒ​တပ်​မ​တော်​သား​တို့​သည် ထို​မြို့​များ​ကို​ဖြို​ဖျက်​နိုင်​ကြ​လေ​သည်။ သူ တို့​သည်​ထို​မြို့​အ​ပေါင်း​ကို​တိုက်​ခိုက်​ကြ​ရာ လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား​ကို​သိမ်း​ယူ ရ​ရှိ​ကြ​၏။-
And they took all the cities round about Gerara: for a great fear was come upon all men: and they pillaged the cities, and carried off much booty.
15 ၁၅ သူ​တို့​သည်​သိုး​ထိန်း​စ​ခန်း​အ​ချို့​ကို​လည်း တိုက်​ခိုက်​၍ သိုး​နှင့်​ကု​လား​အုတ်​အ​မြောက် အ​မြား​ကို​သိမ်း​ယူ​ကြ​ပြီး​နောက်​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​ကြ​၏။
And they destroyed the sheepcotes, and took an infinite number of cattle, and of camels: and returned to Jerusalem.

< ၂ ရာဇဝင်ချုပ် 14 >