< ၂ ရာဇဝင်ချုပ် 13 >

1 ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​တစ် ဆယ့်​ရှစ်​နှစ်​မြောက်​၌ အ​ဘိ​ယ​သည်​ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍၊-
En la dek-oka jaro de la reĝo Jerobeam ekreĝis Abija super Judujo.
2 ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​နှစ်​နန်း​စံ​တော်​မူ​၏။ သူ​၏​မယ်​တော်​မှာ​ဂိ​ဗာ​မြို့​သား​ဥ​ရိ​ယ​၏ သ​မီး​မာ​ခါ​ဖြစ်​၏။
Tri jarojn li reĝis en Jerusalem. La nomo de lia patrino estis Miĥaja, filino de Uriel, el Gibea. Milito estis inter Abija kaj Jerobeam.
3 အ​ဘိ​ယ​နှင့်​ယေ​ရော​ဗောင်​တို့​သည်​စစ်​ဖြစ်​ကြ သ​ဖြင့် အ​ဘိ​ယ​သည်​စစ်​သည်​လေး​သိန်း​ရှိ​သော တပ်​မ​တော်​ဖြင့်​တိုက်​ခိုက်​ရာ ယေ​ရော​ဗောင်​က စစ်​သည်​ရှစ်​သိန်း​ရှိ​သော​တပ်​မ​တော်​ဖြင့်​ပြန် လည်​ခု​ခံ​လေ​သည်။
Abija eliris en la militon kun anaro da bonaj militistoj, konsistanta el kvarcent mil viroj elektitaj; Jerobeam eliris en la militon kontraŭ li kun okcent mil viroj elektitaj, bonaj militistoj.
4 တပ်​မ​တော်​နှစ်​စု​သည်​တောင်​ပေါ​များ​သော​ဧ​ဖ​ရိမ် ပြည်​တွင်​တွေ့​ဆုံ​မိ​ကြ​၏။ အ​ဘိ​ယ​မင်း​သည်​ဇေ မ​ရိမ်​တောင်​ပေါ်​သို့​တက်​ပြီး​လျှင် ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``နား​ထောင်​ကြ လော့။-
Abija stariĝis supre sur la monto Cemaraim, kiu estas en la montaro de Efraim, kaj diris: Aŭskultu min, ho Jerobeam kaj la tuta Izrael!
5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဖျက်​မ​ချေ​နိုင်​သော ပ​ဋိ​ညာဉ်​တော်​ကို​ပြု​တော်​မူ​၍ ဒါ​ဝိဒ်​နှင့်​သား မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ​တော်​ကို​ကာ​လ အ​စဉ်​အ​ဆက်​အုပ်​စိုး​ပိုင်​ခွင့်​ပေး​တော်​မူ ကြောင်း​သင်​တို့​မ​သိ​ကြ​သ​လော။-
Vi devas ja scii, ke la Eternulo, Dio de Izrael, donis la reĝadon super Izrael por ĉiam al David, al li kaj al liaj filoj, per interligo de salo.
6 နေ​ဗတ်​သား​ယေ​ရော​ဗောင်​သည်​မိ​မိ​၏​ဘု​ရင် ရှော​လ​မုန်​အား​ပုန်​ကန်​ပြီး​လျှင်၊-
Sed leviĝis Jerobeam, filo de Nebat, servanto de Salomono, filo de David, kaj ribelis kontraŭ sia sinjoro.
7 ယုတ်​မာ​သူ​လူ​တစ်​စု​ကို​စု​ရုံး​လေ​သည်။ သူ​တို့ သည်​ရှော​လ​မုန်​၏​သား​တော်​ရော​ဗောင်​အား မိ​မိ တို့​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လုပ်​စေ​ကြ​၏။ ရော ဗောင်​သည်​နု​နယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သူ​ဖြစ် သ​ဖြင့်​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပေ။-
Kaj kolektiĝis ĉirkaŭ li homoj vantaj, homoj malvirtaj, kaj superfortis Reĥabeamon, filon de Salomono; Reĥabeam estis juna kaj molkora kaj ne povis rezisti al ili.
8 ယ​ခု​သင်​တို့​သည်​ဒါ​ဝိဒ်​၏​သား​မြေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​ထား​တော်​မူ​သော​ရာဇ အာ​ဏာ​ကို​ဆိုင်​ပြိုင်​ရန်​ကြံ​စည်​ကြ​သည်။ သင်​တို့ တွင်​အင်​အား​ကြီး​မား​သော​တပ်​မ​တော်​နှင့်​သင် တို့​ကိုး​ကွယ်​ရန်​အ​တွက် ယေ​ရော​ဗောင်​သွန်း​လုပ် ထား​သော​နွား​သ​ငယ်​ရုပ်​များ​ရှိ​၏။-
Kaj nun vi pensas, ke vi havos forton kontraŭ la regno de la Eternulo en la mano de la filoj de David, ĉar vi prezentas grandan amason, kaj vi havas orajn bovidojn, kiujn Jerobeam faris dioj por vi.
9 သင်​တို့​သည်​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို နှင်​ထုတ်​ကာ သူ​တို့​၏​နေ​ရာ​တွင်​လူ​မျိုး​ခြား တို့​၏​ဋ္ဌ​လေ့​ကို​လိုက်​၍​အ​ခြား​သူ​တို့​အား ယဇ်​ပု​ရော​ဟိတ်​ခန့်​ထား​ကြ​၏။ မည်​သူ​မ​ဆို နွား​တစ်​ကောင်​သို့​မ​ဟုတ်​သိုး​ခု​နစ်​ကောင်​ကို ယူ​ဆောင်​လာ​လျှင်​သင်​တို့​ကိုး​ကွယ်​သော နာ​မည်​ခံ​ဘု​ရား​များ​၏​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​နိုင်​ပါ​သည်​တ​ကား။
Vi elpuŝis ja la pastrojn de la Eternulo, la Aaronidojn kaj Levidojn, kaj vi faris al vi pastrojn kiel la popoloj de la aliaj landoj; ĉiu, kiu venas por sia konsekrado kun bovo kaj kun sep ŝafoj, fariĝas pastro por la nedioj.
10 ၁၀ ``ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​မ​စွန့်​ဘဲ​ဆက်​လက်​ကိုး​ကွယ်​လျက် ရှိ​ကြ​သည်။ အာ​ရုန်​မှ​ဆင်း​သက်​လာ​သော​ယဇ်​ပု ရော​ဟိတ်​များ​သည်​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ ကို​ထမ်း​ဆောင်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​များ​က​ကူ​ညီ​လျက်​ရှိ​ကြ​၏။-
Sed kun ni estas la Eternulo, nia Dio; ni ne forlasis Lin; kaj al la Eternulo servas pastroj Aaronidoj kaj Levidoj laŭ ilia ofico,
11 ၁၁ သူ​တို့​သည်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ နံ့​သာ​ပေါင်း နှင့်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည့်​စား​ပွဲ​ပေါ်​တွင်​ရှေ့​တော်​မုန့်​ကို ပူ​ဇော်​ကြ​၏။ ည​နေ​တိုင်း​ရွှေ​မီး​တင်​ခုံ​များ​ပေါ် ရှိ​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ကြ​၏။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​လိုက်​နာ ကြ​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို​စွန့်​ပယ် ကြ​လေ​ပြီ။-
kaj ili bruligas al la Eternulo bruloferojn ĉiumatene kaj ĉiuvespere, kaj incensan aromaĵon, kaj ili aranĝas panon sur pura tablo, kaj la oran kandelabron kun ĝiaj lucernoj, ke ili brulu ĉiuvespere; ĉar ni plenumas la preskribon de la Eternulo, nia Dio, kaj vi forlasis Lin.
12 ၁၂ ငါ​တို့​၏​ခေါင်း​ဆောင်​ကား​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​ဖြစ်​၏။ ကိုယ်​တော်​၏​ယဇ်ပု​ရော ဟိတ်​တို့​သည်​လည်း​ငါ​တို့​စစ်​ပွဲ​ဝင်​ရန် တံ​ပိုး ခ​ရာ​မှုတ်​၍​အ​ချက်​ပေး​ဖို့​အ​သင့်​ရှိ​နေ​ကြ သည်။ ဣသ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​ပြိုင်​၍​စစ်​မ​တိုက်​ကြ​နှင့်။ သင်​တို့​မ​နိုင် နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
Vidu, kun ni, kiel nia ĉefo, estas Dio, kaj ankaŭ Liaj pastroj kaj laŭtesonaj trumpetoj, por trumpetegi kontraŭ vi. Ho Izraelidoj, ne militu kontraŭ la Eternulo, Dio de viaj patroj, ĉar vi ne havos sukceson.
13 ၁၃ ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​တပ်​မ​တော် သည် ယု​ဒ​တပ်​မ​တော်​ကို​မျက်​နှာ​မူ​လျက်​တပ် စွဲ​နေ​စဉ် ယေ​ရော​ဗောင်​သည်​အ​ချို့​တပ်​သား များ​ကို ယု​ဒ​တပ်​မ​တော်​အ​နောက်​မှ​နေ​၍ ပုန်း​ကွယ်​တိုက်​ခိုက်​ရန်​စေ​လွှတ်​တော်​မူ​၏။-
Dume Jerobeam ĉirkaŭirigis embuskon, kiu aperis malantaŭ ili; tiamaniere estis militistoj antaŭ la Judoj kaj embusko malantaŭ ili.
14 ၁၄ ယု​ဒ​အ​မျိုး​သား​တို့​သည်​နောက်​သို့​လှည့်​၍ ကြည့်​လိုက်​သော​အ​ခါ မိ​မိ​တို့​အ​ဝိုင်း​ခံ​ရ သည်​ကို​မြင်​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား``ကူ မ​တော်​မူ​ပါ'' ဟု​ဟစ်​အော်​တောင်း​လျှောက် ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​ပိုး​ခရာ များ​ကို​မှုတ်​ကြ​၏။-
La Judoj sin returnis, kaj ekvidis, ke ili havas batalon antaŭe kaj malantaŭe. Tiam ili ekkriis al la Eternulo, kaj la pastroj ektrumpetis per la trumpetoj.
15 ၁၅ ယု​ဒ​အ​မျိုး​သား​တို့​သည်​အဘိယ​၏​ခေါင်း ဆောင်​မှု​ဖြင့် အ​သံ​ကျယ်​စွာ​ကြွေး​ကြော် လျက်​တိုက်​ခိုက်​ကြ​ကုန်​၏။-
Kaj la Judoj laŭte ekbruis; kaj kiam la Judoj ekbruis, Dio frapis Jerobeamon kaj ĉiujn Izraelidojn antaŭ Abija kaj la Judoj.
16 ၁၆ ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယု​ဒ အ​မျိုး​သား​များ​ထံ​မှ​ထွက်​ပြေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​သ​တည်း။-
Kaj la Izraelidoj ekkuris antaŭ la Judoj, kaj Dio transdonis ilin en la manojn de ĉi tiuj.
17 ၁၇ အ​ဘိ​ယ​နှင့်​သူ​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​ကို​ချေ​မှုန်း​လိုက်​ကြ​သ​ဖြင့် ဣသ​ရေ​လ​လက်​ရွေး​စင်​တပ်​သား​ငါး​သိန်း ကျ​ဆုံး​လေ​၏။-
Kaj Abija kaj lia popolo faris inter ili grandan baton; kaj falis mortigitoj el Izrael kvincent mil viroj elektitaj.
18 ၁၈ ယု​ဒ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​သည် ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​ရ​ကြ​ခြင်း​ဖြစ်​ပေ​သည်။
Tiam humiliĝis la Izraelidoj, kaj fortiĝis la Judoj, ĉar ili apogis sin sur la Eternulo, Dio de iliaj patroj.
19 ၁၉ အ​ဘိ​ယ​သည်​ယေ​ရော​ဗောင်​၏​တပ်​မ​တော်​ကို လိုက်​လံ​တိုက်​ခိုက်​ပြီး​လျှင်​ဗေ​သ​လ​မြို့၊ ယေ ရှ​န​မြို့၊ ဧ​ဖ​ရိမ်​မြို့​များ​နှင့်​ထို​မြို့​များ​အ​နီး ရှိ​ကျေး​ရွာ​များ​ကို​သိမ်း​ယူ​တော်​မူ​သည်။-
Kaj Abija persekutis Jerobeamon, kaj prenis de li urbojn: Bet-Elon kun ĝiaj filinurboj, Jeŝanan kun ĝiaj filinurboj, kaj Efrainon kun ĝiaj filinurboj.
20 ၂၀ အ​ဘိ​ယ​လက်​ထက်​၌​ယေ​ရော​ဗောင်​သည် တန်​ခိုး​အာ​ဏာ​ဆုတ်​ယုတ်​လျက်​နေ​၏။ နောက် ဆုံး​၌​ထာ​ဝရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ကွယ်​လွန်​လေ​သည်။
Kaj Jerobeam ne plu refortiĝis en la tempo de Abija. Kaj la Eternulo frapis lin, kaj li mortis.
21 ၂၁ အ​ဘိ​ယ​မူ​ကား​တိုး​၍​တန်​ခိုး​ကြီး​လာ​၏။ သူ​၌​မိ​ဖု​ရား​တစ်​ဆယ့်​လေး​ယောက်၊ သား​နှစ် ဆယ့်​နှစ်​ယောက်​နှင့်​သ​မီး​တစ်​ဆယ့်​ခြောက် ယောက်​ရှိ​၏။-
Sed Abija fortiĝis. Kaj li prenis al si dek kvar edzinojn, kaj li naskigis dudek du filojn kaj dek ses filinojn.
22 ၂၂ အ​ဘိ​ယ​ပြော​ဆို​ခဲ့​သော​စ​ကား​များ၊ သူ ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ကျန် ရှိ​နေ​သေး​သော​သူ​၏​အတ္ထု​ပ္ပတ္တိ​အ​ကြောင်း အ​ရာ​များ​ကို ပ​ရော​ဖက်​ဣ​ဒေါ​စီ​ရင်​သော စာ​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။
La cetera historio de Abija, liaj agoj, kaj liaj vortoj estas priskribitaj en la komentario de la profeto Ido.

< ၂ ရာဇဝင်ချုပ် 13 >