< ၂ ရာဇဝင်ချုပ် 12 >
1 ၁ ရောဗောင်သည်မိမိ၏ရာဇအာဏာတည်မြဲ အောင်ဆောင်ရွက်ပြီးသောအခါ သူနှင့်သူ ၏ပြည်သူအပေါင်းတို့သည်ထာဝရ ဘုရား၏တရားတော်ကိုစွန့်ပယ်၍၊-
E quando Roboão havia confirmado o reino, deixou a lei do SENHOR, e com ele todo Israel.
2 ၂ သစ္စာတော်ကိုဖောက်သောကြောင့်ရောဗောင်နန်းစံ ပထမနှစ်၌ အီဂျစ်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လေသည်။-
E no quinto ano do rei Roboão subiu Sisaque rei do Egito contra Jerusalém, (porquanto se haviam rebelado contra o SENHOR, )
3 ၃ သူသည်စစ်ရထားတစ်ထောင့်နှစ်ရာ၊ မြင်းစီး သူရဲခြောက်သောင်းနှင့်လိဗုပြည်သား၊ သုကိ ပြည်သား၊ ဆူဒန်ပြည်သားတို့အပါအဝင် မရေမတွက်နိုင်သောစစ်သည်တော်များပါ ရှိသည့်တပ်မတော်ကြီးကိုခေါင်းဆောင်၍ လာ၏။-
Com mil e duzentos carros, e com sessenta mil cavaleiros: mas o povo que vinha com ele do Egito, não tinha número; a saber, de líbios, suquitas, e etíopes.
4 ၄ သူသည်ယုဒပြည်ရှိခံတပ်မြို့တို့ကိုတိုက်ခိုက် သိမ်းယူကာ ယေရုရှလင်မြို့အရောက်ချီတက် လာလေသည်။
E tomou as cidades fortes de Judá, e chegou até Jerusalém.
5 ၅ ရှိရှက်၏ဘေးမှလွတ်မြောက်ရန်ယေရုရှလင်မြို့ တွင်စုရုံးလျက်ရှိသော ရောဗောင်မင်းနှင့်ယုဒ ခေါင်းဆောင်များထံပရောဖက်ရှေမာယသွား ၍``ထာဝရဘုရားက`သင်တို့သည်ငါ့ကိုစွန့် ပယ်ကြသဖြင့် ငါသည်သင်တို့ကိုရှိရှက်လက် သို့ပေးအပ်လိုက်ပြီ' ဟုမိန့်တော်မူ၏'' ဟု ဆင့်ဆို၏။
Então veio Semaías profeta a Roboão e aos príncipes de Judá, que estavam reunidos em Jerusalém por causa de Sisaque, e disse-lhes: Assim disse o SENHOR: Vós me deixastes, e eu também vos deixei em mãos de Sisaque.
6 ၆ မင်းကြီးနှင့်ခေါင်းဆောင်များသည်မိမိ တို့အပြစ်ကူးခဲ့သည်ကိုဝန်ခံကြပြီး လျှင်``ထာဝရဘုရားသည်တရားမျှတ တော်မူပါ၏'' ဟုဆိုကြ၏။
E os príncipes de Israel e o rei se humilharam, e disseram: Justo é o SENHOR.
7 ၇ ဤအချင်းအရာကိုထာဝရဘုရားမြင် တော်မူသောအခါ``သူတို့သည်မိမိတို့အပြစ် ကိုဝန်ခံကြသည်ဖြစ်၍ငါသည်သူတို့အား ဖျက်ဆီးမည်မဟုတ်။ ရှိရှက်တိုက်ခိုက်မှုကြောင့် သူတို့သည်ပျက်စီးခြင်းဘေးမှလွတ်ရုံမျှ သာရှိလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း ငါ၏အမျက်တော်အရှိန်ကိုအပြည့်အဝ ခံရမည်မဟုတ်။-
E quando viu o SENHOR que se haviam humilhado, foi palavra do SENHOR a Semaías, dizendo: Humilharam-se; não os destruirei; antes os salvarei em breve, e não se derramará minha ira contra Jerusalém por mão de Sisaque.
8 ၈ သို့ရာတွင်ရှိရှက်သည်သူတို့ကိုအနိုင်ရလိမ့် မည်။ သူတို့သည်ငါ၏အမှုတော်ကိုဆောင်ရွက် ခြင်းနှင့်လောကီဘုရင်တို့၏အမှုကိုဆောင် ရွက်ခြင်းကွာခြားပုံကိုသိရှိကြလိမ့်မည်'' ဟုရှေမာယထံဗျာဒိတ်တော်ရောက်လာ၏။
Porém serão seus servos; para que saibam que é servir a mim, e servir aos reinos das nações.
9 ၉ ရှိရှက်မင်းသည်ယေရုရှလင်မြို့သို့ချီတက် ၍ ရှောလမုန်မင်းပြုလုပ်ထားခဲ့သောရွှေဒိုင်း လွှားများအပါအဝင် ဗိမာန်တော်နှင့်နန်း တော်ဘဏ္ဍာရှိသမျှကိုသိမ်းယူသွားလေ သည်။-
Subiu, pois, Sisaque, rei do Egito a Jerusalém, e tomou os tesouros da casa do SENHOR, e os tesouros da casa do rei; tudo o levou: e tomou os paveses de ouro que Salomão havia feito.
10 ၁၀ ရောဗောင်မင်းသည်ထိုဒိုင်းလွှားများကိုအစား ထိုးရန်ကြေးဝါဒိုင်းလွှားများပြုလုပ်၍ နန်းတော် အဝင်တံခါးများတွင်တာဝန်ကျသည့်တပ်မှူး တို့ကိုပေးအပ်တော်မူ၏။-
E em lugar deles fez o rei Roboão paveses de bronze, e entregou-os em mãos dos chefes da guarda, os quais guardavam a entrada da casa do rei.
11 ၁၁ ဗိမာန်တော်သို့မင်းကြီးသွားရောက်သည့်အခါ တိုင်းကိုယ်ရံတော်တပ်သားတို့သည် ထိုဒိုင်းလွှား များကိုကိုင်ဆောင်ရကြပြီးနောက်ကင်းစောင့် ခန်းတွင်ပြန်၍ထားရကြ၏။-
E quando o rei ia à casa do SENHOR, vinham os da guarda, e traziam-nos, e depois os voltavam à câmara da guarda.
12 ၁၂ မင်းကြီးသည်ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချတော်မူသဖြင့် ထာဝရ ဘုရား၏အမျက်တော်သည်သူ့အားလုံးလုံး လျားလျားဖျက်ဆီးတော်မမူ။ ယုဒပြည်၌ လည်းပြည်မှုပြည်ရေးသာယာလေသည်။
E quando ele se humilhou, a ira do SENHOR se separou dele, para não destruí-lo de todo: e também em Judá as coisas foram bem.
13 ၁၃ ရောဗောင်သည်ယေရုရှလင်မြို့တွင် နန်းစံကာ ရာဇတန်ခိုးတိုးတက်လာလေသည်။ နန်းတက် စဉ်အခါကသူသည်သက်တော်လေးဆယ့်တစ် နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံတော်မူ၏။ ဣသရေလနွယ်အပေါင်းတို့ နေထိုင်ရာမြို့ရွာများအနက် ထိုမြို့ကိုထာဝရ ဘုရားသည်မိမိအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ်ရွေးချယ်ထားတော်မူသတည်း။ ရောဗောင်၏မယ်တော်မှာအမ္မုန်ပြည်သူ၊ နေမ ဖြစ်၏။-
Fortificou-se, pois Roboão, e reinou em Jerusalém: e era Roboão de quarenta e um anos quando começou a reinar, e dezessete anos reinou em Jerusalém, cidade que escolheu o SENHOR de todas as tribos de Israel, para pôr nela seu nome. E o nome de sua mãe foi Naamá, amonita.
14 ၁၄ မင်းကြီးသည်ထာဝရဘုရား၏အလိုတော် ကိုရှာလိုစိတ်မရှိသဖြင့်ဒုစရိုက်ကိုပြု တော်မူ၏။
E fez o mal, porque não dispôs seu coração para buscar ao SENHOR.
15 ၁၅ ရောဗောင်ဆောင်ရွက်ခဲ့သည့်အမှုအရာများ အကြောင်းအစမှအဆုံးနှင့်သူ၏အိမ်ထောင် စုမှတ်တမ်းများကိုပရောဖက်ရှေမာယ၏ အတ္ထုပ္ပတ္တိနှင့်ပရောဖက်ဣဒေါ၏အတ္ထုပ္ပတ္တိ တွင်တွေ့ရှိရလေသည်။ ရောဗောင်နှင့်ယေရော ဗောင်တို့သည်အစဉ်မပြတ်စစ်ဖြစ်ကြ၏။-
E as coisas de Roboão, primeiras e últimas, não estão escritas nos livros de Semaías profeta e de Ido vidente, no registro das linhagens? E entre Roboão e Jeroboão havia perpétua guerra.
16 ၁၆ ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ် မြို့တော်ရှိဘုရင်များ၏သင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အဘိယသည် ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
E descansou Roboão com seus pais, e foi sepultado na cidade de Davi: e reinou em seu lugar Abias seu filho.