< ၂ ရာဇဝင်ချုပ် 12 >

1 ရော​ဗောင်​သည်​မိ​မိ​၏​ရာ​ဇ​အာ​ဏာ​တည်​မြဲ အောင်​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​နှင့်​သူ ၏​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​တ​ရား​တော်​ကို​စွန့်​ပယ်​၍၊-
And it came to pass, when the kingdom of Rehoboam was established, and he was strong, that he forsook the law of Jehovah, and all Israel with him.
2 သစ္စာ​တော်​ကို​ဖောက်​သော​ကြောင့်​ရော​ဗောင်​နန်း​စံ ပ​ထ​မ​နှစ်​၌ အီ​ဂျစ်​ဘု​ရင်​ရှိ​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-
And it came to pass in the fifth year of king Rehoboam, that Shishak king of Egypt came up against Jerusalem, because they had trespassed against Jehovah,
3 သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​နှစ်​ရာ၊ မြင်း​စီး သူ​ရဲ​ခြောက်​သောင်း​နှင့်​လိ​ဗု​ပြည်​သား၊ သု​ကိ ပြည်​သား၊ ဆူ​ဒန်​ပြည်​သား​တို့​အ​ပါ​အ​ဝင် မ​ရေ​မ​တွက်​နိုင်​သော​စစ်​သည်​တော်​များ​ပါ ရှိ​သည့်​တပ်​မ​တော်​ကြီး​ကို​ခေါင်း​ဆောင်​၍ လာ​၏။-
with twelve hundred chariots, and thirty thousand horsemen. And the people were without number who came with him out of Egypt: the Lubim, the Sukkiim, and the Ethiopians.
4 သူ​သည်​ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​တို့​ကို​တိုက်​ခိုက် သိမ်း​ယူ​ကာ ယေ​ရု​ရှ​လင်​မြို့​အ​ရောက်​ချီ​တက် လာ​လေ​သည်။
And he took the fortified cities which pertained to Judah, and came to Jerusalem.
5 ရှိ​ရှက်​၏​ဘေး​မှ​လွတ်​မြောက်​ရန်​ယေ​ရု​ရှ​လင်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​သော ရော​ဗောင်​မင်း​နှင့်​ယု​ဒ ခေါင်း​ဆောင်​များ​ထံ​ပ​ရော​ဖက်​ရှေ​မာ​ယ​သွား ၍``ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့​သည်​ငါ့​ကို​စွန့် ပယ်​ကြ​သ​ဖြင့် ငါ​သည်​သင်​တို့​ကို​ရှိ​ရှက်​လက် သို့​ပေး​အပ်​လိုက်​ပြီ' ဟု​မိန့်​တော်​မူ​၏'' ဟု ဆင့်​ဆို​၏။
Now Shemaiah the prophet came to Rehoboam, and to the rulers of Judah, who were gathered together to Jerusalem because of Shishak, and said to them, Thus says Jehovah, Ye have forsaken me, therefore I have also left you in the hand of Shishak.
6 မင်း​ကြီး​နှင့်​ခေါင်း​ဆောင်​များ​သည်​မိ​မိ တို့​အ​ပြစ်​ကူး​ခဲ့​သည်​ကို​ဝန်​ခံ​ကြ​ပြီး လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား​မျှ​တ တော်​မူ​ပါ​၏'' ဟု​ဆို​ကြ​၏။
Then the rulers of Israel and the king humbled themselves, and they said, Jehovah is righteous.
7 ဤ​အ​ချင်း​အ​ရာ​ကို​ထာ​ဝ​ရ​ဘု​ရား​မြင် တော်​မူ​သော​အ​ခါ``သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ် ကို​ဝန်​ခံ​ကြ​သည်​ဖြစ်​၍​ငါ​သည်​သူ​တို့​အား ဖျက်​ဆီး​မည်​မ​ဟုတ်။ ရှိ​ရှက်​တိုက်​ခိုက်​မှု​ကြောင့် သူ​တို့​သည်​ပျက်​စီး​ခြင်း​ဘေး​မှ​လွတ်​ရုံ​မျှ သာ​ရှိ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​အ​ပြည့်​အ​ဝ ခံ​ရ​မည်​မ​ဟုတ်။-
And when Jehovah saw that they humbled themselves, the word of Jehovah came to Shemaiah, saying, They have humbled themselves. I will not destroy them, but I will grant them some deliverance, and my wrath shall not be poured out upon Jerusalem by the hand of Shishak.
8 သို့​ရာ​တွင်​ရှိ​ရှက်​သည်​သူ​တို့​ကို​အ​နိုင်​ရ​လိမ့် မည်။ သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ခြင်း​နှင့်​လော​ကီ​ဘု​ရင်​တို့​၏​အ​မှု​ကို​ဆောင် ရွက်​ခြင်း​ကွာ​ခြား​ပုံ​ကို​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​ရှေ​မာ​ယ​ထံ​ဗျာ​ဒိတ်​တော်​ရောက်​လာ​၏။
Nevertheless they shall be his servants, that they may know my service, and the service of the kingdoms of the countries.
9 ရှိ​ရှက်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက် ၍ ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​ခဲ့​သော​ရွှေ​ဒိုင်း လွှား​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​ယူ​သွား​လေ သည်။-
So Shishak king of Egypt came up against Jerusalem, and took away the treasures of the house of Jehovah, and the treasures of the king's house; he took all away. He also took away the shields of gold which Solomon had made.
10 ၁၀ ရော​ဗောင်​မင်း​သည်​ထို​ဒိုင်း​လွှား​များ​ကို​အ​စား ထိုး​ရန်​ကြေး​ဝါ​ဒိုင်း​လွှား​များ​ပြု​လုပ်​၍ နန်း​တော် အ​ဝင်​တံ​ခါး​များ​တွင်​တာ​ဝန်​ကျ​သည့်​တပ်​မှူး တို့​ကို​ပေး​အပ်​တော်​မူ​၏။-
And king Rehoboam made in their stead shields of brass, and committed them to the hands of the captains of the guard that kept the door of the king's house.
11 ၁၁ ဗိ​မာန်​တော်​သို့​မင်း​ကြီး​သွား​ရောက်​သည့်​အ​ခါ တိုင်း​ကိုယ်​ရံ​တော်​တပ်​သား​တို့​သည် ထို​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ရ​ကြ​ပြီး​နောက်​ကင်း​စောင့် ခန်း​တွင်​ပြန်​၍​ထား​ရ​ကြ​၏။-
And it was so, that, as often as the king entered into the house of Jehovah, the guard came and bore them, and brought them back into the guard-chamber.
12 ၁၂ မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​သူ့​အား​လုံး​လုံး လျား​လျား​ဖျက်​ဆီး​တော်​မ​မူ။ ယု​ဒ​ပြည်​၌ လည်း​ပြည်​မှု​ပြည်​ရေး​သာ​ယာ​လေ​သည်။
And when he humbled himself, the wrath of Jehovah turned from him, so as not to destroy him altogether. And moreover in Judah there were good things.
13 ၁၃ ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နန်း​စံ​ကာ ရာ​ဇ​တန်​ခိုး​တိုး​တက်​လာ​လေ​သည်။ နန်း​တက် စဉ်​အ​ခါ​က​သူ​သည်​သက်​တော်​လေး​ဆယ့်​တစ် နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခု​နစ်​နှစ် နန်း​စံ​တော်​မူ​၏။ ဣ​သ​ရေ​လ​နွယ်​အ​ပေါင်း​တို့ နေ​ထိုင်​ရာ​မြို့​ရွာ​များ​အ​နက် ထို​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​သ​တည်း။ ရော​ဗောင်​၏​မယ်​တော်​မှာ​အမ္မုန်​ပြည်​သူ၊ နေ​မ ဖြစ်​၏။-
So king Rehoboam strengthened himself in Jerusalem, and reigned. For Rehoboam was forty-one years old when he began to reign, and he reigned seventeen years in Jerusalem, the city which Jehovah had chosen out of all the tribes of Israel to put his name there. And his mother's name was Naamah the Ammonitess.
14 ၁၄ မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော် ကို​ရှာ​လို​စိတ်​မ​ရှိ​သ​ဖြင့်​ဒု​စ​ရိုက်​ကို​ပြု တော်​မူ​၏။
And he did that which was evil, because he did not set his heart to seek Jehovah.
15 ၁၅ ရော​ဗောင်​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​အ​စ​မှ​အ​ဆုံး​နှင့်​သူ​၏​အိမ်​ထောင် စု​မှတ်​တမ်း​များ​ကို​ပ​ရော​ဖက်​ရှေ​မာ​ယ​၏ အတ္ထု​ပ္ပတ္တိ​နှင့်​ပ​ရော​ဖက်​ဣ​ဒေါ​၏​အတ္ထု​ပ္ပတ္တိ တွင်​တွေ့​ရှိ​ရ​လေ​သည်။ ရော​ဗောင်​နှင့်​ယေ​ရော ဗောင်​တို့​သည်​အ​စဉ်​မ​ပြတ်​စစ်​ဖြစ်​ကြ​၏။-
Now the acts of Rehoboam, first and last, are they not written in the histories of Shemaiah the prophet and of Iddo the seer, after the manner of genealogies? And there were wars between Rehoboam and Jeroboam continually.
16 ၁၆ ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ် မြို့​တော်​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ သူ​၏​သား​တော်​အ​ဘိ​ယ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
And Rehoboam slept with his fathers, and was buried in the city of David. And Abijah his son reigned in his stead.

< ၂ ရာဇဝင်ချုပ် 12 >