< ၂ ရာဇဝင်ချုပ် 11 >
1 ၁ ရောဗောင်မင်းသည်ယေရုရှလင်မြို့သို့ပြန် ရောက်လာသောအခါ ဗင်္ယာမိန်နှင့်ယုဒအနွယ် ဝင်လက်ရွေးစင်တပ်သားတစ်သိန်းရှစ်သောင်း ကိုစုရုံးစေတော်မူ၏။ မင်းကြီးသည်ဣသရေလ ပြည်မြောက်ပိုင်းနယ်မြေများကို ပြန်လည်သိမ်း ပိုက်နိုင်ရန်စစ်ဆင်မည်အကြံရှိတော်မူ၏။-
Y como vino Roboam a Jerusalem, juntó la casa de Judá y de Ben-jamín, ciento y ochenta mil hombres escogidos de guerra para pelear contra Israel, y volver el reino a Roboam.
2 ၂ သို့ရာတွင်ထာဝရဘုရားက``သင်တို့အားလုံး မိမိတို့နေရပ်သို့ပြန်ကြလော့။ ဣသရေလ အမျိုးသားအချင်းချင်းမတိုက်ခိုက်ကြ နှင့်။ ယခုဖြစ်ပွားခဲ့သောအမှုသည်ငါ၏ အလိုတော်အရဖြစ်ကြောင်းကို ရောဗောင် မင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အားဆင့်ဆိုလော့'' ဟုပရော ဖက်ရှေမာယအားမိန့်တော်မူ၏။ ထိုသူ အပေါင်းတို့သည်ထာဝရဘုရား၏အမိန့် တော်ကိုနာခံလျက်ယေရောဗောင်ကိုစစ် မတိုက်ဘဲပြန်ကြကုန်၏။
Y fue palabra de Jehová a Semeías varón de Dios, diciendo:
Habla a Roboam, hijo de Salomón rey de Judá, y a todos los Israelitas, que están en Judá y en Ben-jamín, diciéndoles:
Así ha dicho Jehová: No subáis, ni peleéis contra vuestros hermanos: vuélvase cada uno a su casa, porque yo he hecho este negocio. Y ellos oyeron la palabra de Jehová, y tornáronse, y no fueron contra Jeroboam.
5 ၅ ရောဗောင်သည်ယေရုရှလင်မြို့၌နန်းစံ၍ ယုဒနှင့်ဗင်္ယာမိန်နယ်မြေများရှိ၊-
Y habitó Roboam en Jerusalem, y edificó ciudades para fortificar a Judá.
6 ၆ ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊- ဗက်ဇုရ မြို့၊ ရှောကောမြို့၊ အဒုလံမြို့၊-
Y edificó a Belén, y a Etán, y a Tecua,
Y a Bet-sur, y a Soco, y a Odollam,
8 ၈ ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊- အဒေါရိမ် မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊-
Y a Get, y a Maresa, y a Zif,
Y a Aduram, y a Laquis, y a Azeca,
10 ၁၀ ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့များ ကိုတံတိုင်းကာစေတော်မူ၏။-
Y a Saraa, y a Ajalón, y a Hebrón, que eran en Judá, y en Ben-jamín, ciudades fuertes.
11 ၁၁ ထိုမြို့တို့ကိုခိုင်ခံ့စွာတံတိုင်းကာပြီးလျှင် မြို့တိုင်းတွင် တပ်မှူးတစ်ဦးစီခန့်ထား၍ ဆီ၊ စပျစ်ရည်၊ စားနပ်ရိက္ခာ၊-
Fortificó también las guarniciones; y puso en ellas capitanes, y vituallas, vino y aceite.
12 ၁၂ ဒိုင်းလွှားနှင့်လှံတံများကိုသိုလှောင်ထားတော် မူ၏။ ဤနည်းအားဖြင့်သူသည်ယုဒနှင့်ဗင်္ယာ မိန်နယ်မြေများကိုထိန်းသိမ်းအုပ်ချုပ်ထား တော်မူ၏။
Y en todas las ciudades escudos y lanzas: y fortificólas en gran manera, y Judá y Ben-jamín le eran sujetos.
13 ၁၃ ဣသရေလနိုင်ငံတစ်ဝှမ်းလုံးမှယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် တောင် ဘက်ရှိယုဒပြည်သို့လာရောက်ကြ၏။-
Y los sacerdotes y Levitas que estaban en todo Israel, se juntaron a él de todos sus términos,
14 ၁၄ ဣသရေလဘုရင်ယေရောဗောင်နှင့်သူ၏အရိုက် အရာကိုဆက်ခံသူတို့သည် လေဝိအနွယ်ဝင် တို့အားထာဝရဘုရား၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်အမှုတော်ထမ်းဆောင်ရန်ခွင့်မပြု ကြချေ။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည် မိမိတို့၏စားကျက်များနှင့်အခြားမြေယာ များကိုစွန့်၍ ယုဒပြည်၊ ယေရုရှလင်မြို့သို့ ရောက်ရှိလာကြ၏။-
Porque los Levitas dejaban sus ejidos, y sus posesiones, y se venían a Judá, y a Jerusalem; que Jeroboam y sus hijos los echaban del ministerio de Jehová.
15 ၁၅ ယေရောဗောင်သည်ရုပ်တုကိုးကွယ်ရာဌာန များ၌လည်းကောင်း၊ နတ်မိစ္ဆာများနှင့်မိမိ သွန်းလုပ်ထားသည့်နွားသငယ်ရုပ်များကို ရှိခိုးဝတ်ပြုရာ၌လည်းကောင်းအမှုတော် ဆောင်ရန်မိမိအလိုရှိသူတို့အားယဇ် ပုရောဟိတ်များအဖြစ်ခန့်ထားတော်မူ သည်။-
Y él se hizo sacerdotes para los altos, y para los demonios, y para los becerros que él había hecho.
16 ၁၆ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားအမှန်အကန်ဝတ်ပြု ကိုးကွယ်လိုသူ ဣသရေလအနွယ်ဝင်အပေါင်း တို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရားအားယဇ်များကိုပူဇော်နိုင် ရန် လေဝိအနွယ်ဝင်တို့နှင့်အတူယေရုရှ လင်မြို့သို့လိုက်သွားကြ၏။-
Tras ellos vinieron también de todas las tribus de Israel, los que habían puesto su corazón en buscar a Jehová Dios de Israel: y viniéronse a Jerusalem para sacrificar a Jehová el Dios de sus padres.
17 ၁၇ သူတို့သည်ယုဒပြည်ကိုအင်အားတောင့် တင်းလာစေလျက် သုံးနှစ်တိုင်တိုင်ရှောလမုန် ၏သားရောဗောင်ကိုအားပေးထောက်ခံကာ ဒါဝိဒ်မင်းနှင့်ရှောလမုန်မင်းတို့အုပ်စိုး ချိန်ကဲ့သို့နေထိုင်ကြလေသည်။
Y fortificaron el reino de Judá, y confirmaron a Roboam, hijo de Salomón, tres años; porque tres años anduvieron en el camino de David, y de Salomón.
18 ၁၈ ရောဗောင်သည်မဟာလတ်နှင့်စုံဖက်တော်မူ ၏။ မဟာလတ်၏ခမည်းတော်သည်ဒါဝိဒ်၏ သားယေရိမုတ်ဖြစ်၍မယ်တော်မှာယေရှဲ ၏မြေး၊ ဧလျာဘ၏သမီးအဘိဟဲလ ဖြစ်၏။-
Y tomóse Roboam por mujer a Mahalat, hija de Jerimot, hijo de David: y a Abihail, hija de Eliab, hijo de Isaí.
19 ၁၉ သူတို့သည်ယုရှ၊ ရှမာရိနှင့်ဇာဟံဟူသော သားသုံးယောက်ကိုရကြ၏။-
La cual le parió hijos, a Jeus, Somoria, y Zoón.
20 ၂၀ ထိုနောက်ရောဗောင်သည်အဗရှလုံ၏သမီး မာခါနှင့်စုံဖက်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလော မိတ်ဟူသောသားလေးယောက်ကိုရလေသည်။-
Tras ella tomó a Maaca, hija de Absalom: la cual le parió a Abías, Etai, Ziza, y Salomit.
21 ၂၁ ရောဗောင်တွင်စုစုပေါင်းမိဖုရားတစ်ဆယ့် ရှစ်ပါးနှင့် မောင်းမမိဿံခြောက်ဆယ်ရှိ၏။ သူသည်သားနှစ်ဆယ့်ရှစ်ယောက်နှင့်သမီး ခြောက်ဆယ်တို့၏ဖခင်ဖြစ်သော်လည်း မိမိ၏ မိဖုရားများနှင့်မောင်းမအပေါင်းတို့ အနက်မာခါကိုအများဆုံးချစ်တော်မူ၏။-
Mas Roboam amó a Maaca la hija de Absalom sobre todas sus mujeres y concubinas: porque tomó diez y ocho mujeres, y sesenta concubinas, y engendró veinte y ocho hijos, y sesenta hijas.
22 ၂၂ သို့ဖြစ်၍မင်းကြီးသည်မာခါနှင့်ရသောသား တော်အဘိယကို အခြားသားသမီးအပေါင်း တို့ထက်ပို၍မျက်နှာသာပေးကာ မိမိ၏အ ရိုက်အရာကိုဆက်ခံမင်းလုပ်ရမည့်သူ အဖြစ်ဖြင့်ရွေးချယ်ထားတော်မူလေသည်။-
Y puso Roboam a Abías, hijo de Maaca, por cabeza y príncipe de sus hermanos, porque le quería hacer rey.
23 ၂၃ ရောဗောင်သည်ပညာသတိရှိစွာမိမိ၏သား တော်များအားတာဝန်ဝတ္တရားများခွဲဝေသတ် မှတ်ပေးပြီးလျှင် ယုဒနှင့်ဗင်္ယာမိန်နယ်မြေတစ် လျှောက်ရှိခံတပ်မြို့များတွင်နေရာချထား တော်မူ၏။ မင်းကြီးသည်သူတို့အားရက်ရော စွာစားနပ်ရိက္ခာများထောက်ပံ့၍ကြင်ဖော် အမြောက်အမြားကိုလည်းရှာပေးတော် မူ၏။
E hízole instruir, y esparció todos sus hijos por todas las tierras de Judá y de Ben-jamín, y por todas las ciudades fuertes, y dióles vituallas en abundancia, y pidió muchas mujeres.