< ၂ ရာဇဝင်ချုပ် 10 >

1 ရော​ဗောင်​သည်​မိ​မိ​အား​မင်း​မြှောက်​ရန် ဣသ ရေ​လ​အ​မျိုး​သား​တို့​စု​ရုံး​လျက်​ရှိ​ရာ ရှေ​ခင်​မြို့​သို့​သွား​၏။-
و رحبعام به شکیم رفت زیرا که تمامی اسرائیل به شکیم آمدند تا او را پادشاه سازند.۱
2 ရှော​လ​မုန်​၏​ဘေး​မှ​လွတ်​မြောက်​ရန်​အီ​ဂျစ် ပြည်​သို့​ထွက်​ပြေး​သွား​သူ၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​သည်​ထို​သ​တင်း​ကို​ကြား သော​အ​ခါ​မိ​မိ​၏​ပြည်​သို့​ပြန်​လာ​၏။-
و چون یربعام بن نباط این را شنید، (و اوهنوز در مصر بود که از حضور سلیمان پادشاه به آنجا فرار کرده بود)، یربعام از مصر مراجعت نمود.۲
3 ဣသ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​အ​နွယ်​တို့​သည် သူ့​ကို​ခေါ်​ပြီး​လျှင်​ရော​ဗောင်​ထံ​ကို​သွား​၍၊-
و ایشان فرستاده، او را خواندند، آنگاه یربعام و تمامی اسرائیل آمدند و به رحبعام عرض کرده، گفتند:۳
4 ``အ​ရှင်​၏​ခ​မည်း​တော်​သည်​အ​ကျွန်ုပ်​တို့​အား ဖိ​နှိပ်​ချုပ်​ချယ်​ခဲ့​ပါ​၏။ အ​ကယ်​၍​အ​ရှင်​သည် ယင်း​သို့​ဖိ​နှိပ်​ချုပ်​ချယ်​မှု​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့​နေ​သာ​ထိုင်​သာ​အောင်​ပြု​တော် မူ​လျှင် အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။
«پدر تو یوغ ما را سخت ساخت اما تو الان بندگی سخت پدر خود را ویوغ سنگین او را که بر ما نهاد سبک ساز و تو راخدمت خواهیم نمود.»۴
5 ရော​ဗောင်​က``သုံး​ရက်​လွန်​ပြီး​မှ​ပြန်​လာ​ကြ လော့'' ဟု​ဆို​၏။ ထို့​ကြောင့်​ထို​လူ​တို့​သည်​ထွက် ခွာ​သွား​ကြ​၏။
او به ایشان گفت: «بعداز سه روز باز نزد من بیایید.» و ایشان رفتند.۵
6 ရော​ဗောင်​မင်း​သည်​ခ​မည်း​တော်​ရှော​လ​မုန်​၏ အ​တိုင်​ပင်​ခံ​အ​သက်​ကြီး​သူ​အ​မတ်​များ အား``ထို​သူ​တို့​ကို​ငါ​အ​ဘယ်​သို့​ဖြေ​ကြား ရ​ပါ​မည်​နည်း။ သင်​တို့​အ​ဘယ်​သို့​အ​ကြံ ပေး​လို​ကြ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
و رحبعام پادشاه با مشایخی که در حین حیات پدرش سلیمان به حضور وی می‌ایستادندمشورت کرده، گفت: «شما چه صلاح می‌بینید که به این قوم جواب دهم؟»۶
7 အ​မတ်​တို့​က``အ​ကယ်​၍​အ​ရှင်​သည်​သူ​တို့ အား​က​ရု​ဏာ​ပြ​လျက်​နှစ်​သက်​စေ​သော စ​ကား​ဖြင့်​ဖြေ​ကြား​ပါ​လျှင်​သူ​တို့​သည် အ​ရှင်​၏​အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​သစ္စာ ရှိ​စွာ​ထမ်း​ဆောင်​ကြ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။
ایشان به او عرض کرده، گفتند: «اگر با این قوم مهربانی نمایی وایشان را راضی کنی و با ایشان سخنان دلاویزگویی، همانا همیشه اوقات بنده تو خواهند بود.»۷
8 သို့​ရာ​တွင်​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​တို့ ၏​အ​ကြံ​ကို​လျစ်​လူ​ရှု​ကာ​မိ​မိ​နှင့်​အ​တူ ကြီး​ပြင်း​လာ​၍ ယ​ခု​အ​ခါ​မိ​မိ​၏​တိုင်​ပင် ဖော်​တိုင်​ပင်​ဘက်​များ​ဖြစ်​လာ​ကြ​သူ​လူ ငယ်​လူ​ရွယ်​များ​နှင့်​တိုင်​ပင်​၏။-
اما او مشورت مشایخ را که به وی دادند ترک کرد و با جوانانی که با او تربیت یافته بودند و به حضورش می‌ایستادند مشورت کرد.۸
9 သူ​တို့​အား​မင်း​ကြီး​က``သင်​တို့​သည်​ငါ့​အား အ​ဘယ်​သို့​အ​ကြံ​ပေး​ကြ​ပါ​မည်​နည်း။ ဖိ​နှိပ် ချုပ်​ချယ်​မှု​ကို​လျော့​ပါး​အောင်​ပြု​လုပ်​ပေး ရန်​ငါ့​ထံ​ပန်​ကြား​လျှောက်​ထား​သူ​တို့​အား အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း'' ဟု မေး​တော်​မူ​၏။
و به ایشان گفت: «شما چه صلاح می‌بینید که به این قوم جواب دهیم که به من عرض کرده، گفته‌اند: یوغی را که پدرت بر ما نهاده است سبک ساز.»۹
10 ၁၀ ထို​သူ​ငယ်​တို့​က``အ​ရှင်​သည်​သူ​တို့​အား`ငါ ၏​လက်​သန်း​သည်​ခ​မည်း​တော်​၏​ခါး​ပိုင်း ထက်​ပို​၍​တုပ်​၏။-
وجوانانی که با او تربیت یافته بودند او را خطاب کرده، گفتند: «به این قوم که به تو عرض کرده، گفته‌اند پدرت یوغ ما را سنگین ساخته است و توآن را برای ما سبک ساز چنین بگو: انگشت کوچک من از کمر پدرم کلفت تر است.۱۰
11 ၁၁ ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အ​ပေါ်​လေး​လံ သော​ထမ်း​ပိုး​ကို​တင်​၏။ ငါ​မူ​ကား​ထို​ထက်​ပင် ပို​၍​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​အံ့။ သူ​သည် သင်​တို့​အား​ကြိမ်​လုံး​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ပြန်​ပြော​သင့်​ပါ​သည်'' ဟု​လျှောက်​ကြ​၏။
و حال پدرم یوغ سنگینی بر شما نهاده است اما من یوغ شما را زیاده خواهم گردانید، پدرم شما را باتازیانه‌ها تنبیه می‌نمود اما من شما را با عقربها.»۱۱
12 ၁၂ မိ​မိ​တို့​အား​ရော​ဗောင်​မှာ​ကြား​လိုက်​သည် အ​တိုင်း​သုံး​ရက်​ကြာ​သော်​ယေ​ရော​ဗောင်​နှင့် ပြည်​သူ​အ​ပေါင်း​တို့​သည်​သူ​၏​ထံ​သို့​ပြန် လာ​ကြ​၏။-
و در روز سوم، یربعام و تمامی قوم به نزدرحبعام بازآمدند، به نحوی که پادشاه گفته وفرموده بود که در روز سوم نزد من بازآیید.۱۲
13 ၁၃ မင်း​ကြီး​သည်​အ​သက်​ကြီး​သူ​တို့​၏​အ​ကြံ ကို​လျစ်​လူ​ရှု​၍၊-
وپادشاه قوم را به سختی جواب داد، و رحبعام پادشاه مشورت مشایخ را ترک کرد.۱۳
14 ၁၄ လူ​ငယ်​တို့​အ​ကြံ​ပေး​သည့်​အ​တိုင်း​ပြည်​သူ တို့​အား``ငါ့​ခ​မည်း​တော်​သည်​သင်​တို့​အ​ပေါ် လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​၏။ ငါ​မူ​ကား ထို​ထက်​ပင်​ပို​လေး​လံ​သော​ထမ်း​ပိုး​ကို​တင် အံ့။ သူ​သည်​သင်​တို့​အား​ကြိမ်​လုံး​နှင့်​ရိုက်​၏။ ငါ​မူ​ကား​ကြာ​ပွတ်​နှင့်​ရိုက်​အံ့'' ဟု​ခက်​ထန် စွာ​မိန့်​တော်​မူ​၏။-
و موافق مشورت جوانان ایشان را خطاب کرده، گفت: «پدرم یوغ شما را سنگین ساخت، اما من آن رازیاده خواهم گردانید، پدرم شما را با تازیانه هاتنبیه می‌نمود اما من با عقربها.»۱۴
15 ၁၅ မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​နေ​ဗတ်​၏​သား​ယေ​ရော ဗောင်​အား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော် အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ထာ​ဝ​ရ အရှင်​ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။
پس پادشاه قوم را اجابت نکرد زیرا که این امر از جانب خدا شده بود تا خداوند کلامی را که به واسطه اخیای شیلونی به یربعام بن نباط گفته بود ثابت گرداند.۱۵
16 ၁၆ မိ​မိ​တို့​၏​စ​ကား​ကို နား​ထောင်​တော့​မည်​မ ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ​တို့ သည်``ဒါ​ဝိဒ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​ထံ မှ​ငါ​တို့​ဝေ​ပုံ​မ​ရ။ ယေ​ရှဲ​၏​သား​၌​ငါ​တို့ အ​မွေ​မ​ခံ​ရ။ အို ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ ရော​ဗောင် သည်​မိ​မိ​အိမ်​ထောင်​ကို​ကြည့်​ရှု​ပါ​စေ'' ဟု​ဟစ်​အော်​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ဣသ​ရေ​လ​ပြည်​သူ​တို့​ပုန်​ကန်​ကြ သ​ဖြင့်၊-
و چون تمامی اسرائیل دیدند که پادشاه ایشان را اجابت نکرد آنگاه قوم، پادشاه را جواب داده، گفتند: «ما را در داود چه حصه است؟ درپسر یسی نصیبی نداریم. ای اسرائیل! به خیمه های خود بروید. حال‌ای داود به خانه خودمتوجه باش!» پس تمامی اسرائیل به خیمه های خویش رفتند.۱۶
17 ၁၇ ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​အုပ်​စိုး​ရ​လေ​၏။
اما بنی‌اسرائیلی که درشهرهای یهودا ساکن بودند رحبعام بر ایشان سلطنت می‌نمود.۱۷
18 ၁၈ ထို​အ​ခါ​ရော​ဗောင်​မင်း​သည်​ချွေး​တပ်​တာ​ဝန် ခံ​အ​ဒေါ​နိ​ရံ​အား ဣ​သ​ရေ​လ​ပြည်​သူ​တို့ ထံ​စေ​လွှတ်​တော်​မူ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ ပြည်​သူ​တို့​က​ထို​သူ​အား​ခဲ​နှင့်​ပေါက်​သတ် ကြ​သ​ဖြင့် ရော​ဗောင်​သည်​မိ​မိ​ရ​ထား​ပေါ် သို့​အ​ဆော​တ​လျင်​တက်​၍​ယေ​ရု​ရှ​လင် မြို့​သို့​ထွက်​ပြေး​လေ​၏။-
پس رحبعام پادشاه هدرام راکه رئیس باجگیران بود فرستاد، و بنی‌اسرائیل اورا سنگسار کردند که مرد و رحبعام پادشاه تعجیل نموده، بر ارابه خود سوار شد و به اورشلیم فرارکرد.۱۸
19 ၁၉ ထို​ကြောင့်​ထို​ကာ​လ​မှ​အ​စ​ပြု​၍​ဣသ​ရေ​လ ပြည်​မြောက်​ပိုင်း​မှ​ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​မင်း ဆက်​ကို​ယ​နေ့​တိုင်​အောင်​ပုန်​ကန်​ကြ​သ​တည်း။
پس اسرائیل تا به امروز بر خاندان داودعاصی شده‌اند.۱۹

< ၂ ရာဇဝင်ချုပ် 10 >