< ၂ ရာဇဝင်ချုပ် 10 >
1 ၁ ရောဗောင်သည်မိမိအားမင်းမြှောက်ရန် ဣသ ရေလအမျိုးသားတို့စုရုံးလျက်ရှိရာ ရှေခင်မြို့သို့သွား၏။-
profectus est autem Roboam in Sychem illuc enim cunctus Israhel convenerat ut constituerent eum regem
2 ၂ ရှောလမုန်၏ဘေးမှလွတ်မြောက်ရန်အီဂျစ် ပြည်သို့ထွက်ပြေးသွားသူ၊ နေဗတ်၏သား ယေရောဗောင်သည်ထိုသတင်းကိုကြား သောအခါမိမိ၏ပြည်သို့ပြန်လာ၏။-
quod cum audisset Hieroboam filius Nabath qui erat in Aegypto fugerat quippe illuc ante Salomonem statim reversus est
3 ၃ ဣသရေလပြည်မြောက်ပိုင်းမှအနွယ်တို့သည် သူ့ကိုခေါ်ပြီးလျှင်ရောဗောင်ထံကိုသွား၍၊-
vocaveruntque eum et venit cum universo Israhel et locuti sunt ad Roboam dicentes
4 ၄ ``အရှင်၏ခမည်းတော်သည်အကျွန်ုပ်တို့အား ဖိနှိပ်ချုပ်ချယ်ခဲ့ပါ၏။ အကယ်၍အရှင်သည် ယင်းသို့ဖိနှိပ်ချုပ်ချယ်မှုကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့နေသာထိုင်သာအောင်ပြုတော် မူလျှင် အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။
pater tuus durissimo iugo nos pressit tu leviora impera patre tuo qui nobis gravem inposuit servitutem et paululum de onere subleva ut serviamus tibi
5 ၅ ရောဗောင်က``သုံးရက်လွန်ပြီးမှပြန်လာကြ လော့'' ဟုဆို၏။ ထို့ကြောင့်ထိုလူတို့သည်ထွက် ခွာသွားကြ၏။
qui ait post tres dies revertimini ad me cumque abisset populus
6 ၆ ရောဗောင်မင်းသည်ခမည်းတော်ရှောလမုန်၏ အတိုင်ပင်ခံအသက်ကြီးသူအမတ်များ အား``ထိုသူတို့ကိုငါအဘယ်သို့ဖြေကြား ရပါမည်နည်း။ သင်တို့အဘယ်သို့အကြံ ပေးလိုကြပါသနည်း'' ဟုမေးတော်မူ၏။
iniit consilium cum senibus qui steterant coram patre eius Salomone dum adviveret dicens quid datis consilii ut respondeam populo
7 ၇ အမတ်တို့က``အကယ်၍အရှင်သည်သူတို့ အားကရုဏာပြလျက်နှစ်သက်စေသော စကားဖြင့်ဖြေကြားပါလျှင်သူတို့သည် အရှင်၏အမှုတော်ကိုအစဉ်အမြဲသစ္စာ ရှိစွာထမ်းဆောင်ကြပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။
qui dixerunt ei si placueris populo huic et lenieris eos verbis clementibus servient tibi omni tempore
8 ၈ သို့ရာတွင်ရောဗောင်သည်အသက်ကြီးသူတို့ ၏အကြံကိုလျစ်လူရှုကာမိမိနှင့်အတူ ကြီးပြင်းလာ၍ ယခုအခါမိမိ၏တိုင်ပင် ဖော်တိုင်ပင်ဘက်များဖြစ်လာကြသူလူ ငယ်လူရွယ်များနှင့်တိုင်ပင်၏။-
at ille reliquit consilium senum et cum iuvenibus tractare coepit qui cum eo nutriti fuerant et erant in comitatu illius
9 ၉ သူတို့အားမင်းကြီးက``သင်တို့သည်ငါ့အား အဘယ်သို့အကြံပေးကြပါမည်နည်း။ ဖိနှိပ် ချုပ်ချယ်မှုကိုလျော့ပါးအောင်ပြုလုပ်ပေး ရန်ငါ့ထံပန်ကြားလျှောက်ထားသူတို့အား အဘယ်သို့ဖြေကြားရပါမည်နည်း'' ဟု မေးတော်မူ၏။
dixitque ad eos quid vobis videtur vel respondere quid debeo populo huic qui dixit mihi subleva iugum quod inposuit nobis pater tuus
10 ၁၀ ထိုသူငယ်တို့က``အရှင်သည်သူတို့အား`ငါ ၏လက်သန်းသည်ခမည်းတော်၏ခါးပိုင်း ထက်ပို၍တုပ်၏။-
at illi responderunt ut iuvenes et nutriti cum eo in deliciis atque dixerunt sic loqueris populo qui dixit tibi pater tuus adgravavit iugum nostrum tu subleva et sic respondebis eis minimus digitus meus grossior est lumbis patris mei
11 ၁၁ ငါ့ခမည်းတော်သည်သင်တို့အပေါ်လေးလံ သောထမ်းပိုးကိုတင်၏။ ငါမူကားထိုထက်ပင် ပို၍လေးလံသောထမ်းပိုးကိုတင်အံ့။ သူသည် သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုပြန်ပြောသင့်ပါသည်'' ဟုလျှောက်ကြ၏။
pater meus inposuit vobis iugum grave et ego maius pondus adponam pater meus cecidit vos flagellis ego vero caedam scorpionibus
12 ၁၂ မိမိတို့အားရောဗောင်မှာကြားလိုက်သည် အတိုင်းသုံးရက်ကြာသော်ယေရောဗောင်နှင့် ပြည်သူအပေါင်းတို့သည်သူ၏ထံသို့ပြန် လာကြ၏။-
venit ergo Hieroboam et universus populus ad Roboam die tertio sicut praeceperat eis
13 ၁၃ မင်းကြီးသည်အသက်ကြီးသူတို့၏အကြံ ကိုလျစ်လူရှု၍၊-
responditque rex dura derelicto consilio seniorum
14 ၁၄ လူငယ်တို့အကြံပေးသည့်အတိုင်းပြည်သူ တို့အား``ငါ့ခမည်းတော်သည်သင်တို့အပေါ် လေးလံသောထမ်းပိုးကိုတင်၏။ ငါမူကား ထိုထက်ပင်ပိုလေးလံသောထမ်းပိုးကိုတင် အံ့။ သူသည်သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟုခက်ထန် စွာမိန့်တော်မူ၏။-
locutusque est iuxta iuvenum voluntatem pater meus grave vobis inposuit iugum quod ego gravius faciam pater meus cecidit vos flagellis ego vero caedam scorpionibus
15 ၁၅ မင်းကြီးသည်ဤသို့ပြည်သူတို့၏စကား ကိုနားမထောင်ဘဲနေခြင်းမှာ ပရောဖက် အဟိယအားဖြင့်နေဗတ်၏သားယေရော ဗောင်အားပေးတော်မူသည့်ဗျာဒိတ်တော် အကောင်အထည်ပေါ်လာစေရန် ထာဝရ အရှင်ဘုရားသခင်အလိုရှိတော်မူသော ကြောင့်ဖြစ်၏။
et non adquievit populi precibus erat enim voluntatis Dei ut conpleretur sermo eius quem locutus fuerat per manum Ahiae Silonitis ad Hieroboam filium Nabath
16 ၁၆ မိမိတို့၏စကားကို နားထောင်တော့မည်မ ဟုတ်ကြောင်းသိရှိကြသောအခါ လူတို့ သည်``ဒါဝိဒ်နှင့်သူ၏အိမ်ထောင်စုသားထံ မှငါတို့ဝေပုံမရ။ ယေရှဲ၏သား၌ငါတို့ အမွေမခံရ။ အို ဣသရေလပြည်သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ ရောဗောင် သည်မိမိအိမ်ထောင်ကိုကြည့်ရှုပါစေ'' ဟုဟစ်အော်ကြကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့ပုန်ကန်ကြ သဖြင့်၊-
populus autem universus rege duriora dicente sic locutus est ad eum non est nobis pars in David neque hereditas in filio Isai revertere in tabernacula tua Israhel tu autem pasce domum tuam David et abiit Israhel in tabernacula sua
17 ၁၇ ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာအုပ်စိုးရလေ၏။
super filios autem Israhel qui habitabant in civitatibus Iuda regnavit Roboam
18 ၁၈ ထိုအခါရောဗောင်မင်းသည်ချွေးတပ်တာဝန် ခံအဒေါနိရံအား ဣသရေလပြည်သူတို့ ထံစေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ ပြည်သူတို့ကထိုသူအားခဲနှင့်ပေါက်သတ် ကြသဖြင့် ရောဗောင်သည်မိမိရထားပေါ် သို့အဆောတလျင်တက်၍ယေရုရှလင် မြို့သို့ထွက်ပြေးလေ၏။-
misitque rex Roboam Aduram qui praeerat tributis et lapidaverunt eum filii Israhel et mortuus est porro rex Roboam currum festinavit ascendere et fugit in Hierusalem
19 ၁၉ ထိုကြောင့်ထိုကာလမှအစပြု၍ဣသရေလ ပြည်မြောက်ပိုင်းမှပြည်သူတို့သည် ဒါဝိဒ်မင်း ဆက်ကိုယနေ့တိုင်အောင်ပုန်ကန်ကြသတည်း။
recessitque Israhel a domo David usque ad diem hanc