< ၁ တိမောသေ 1 >
1 ၁ ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့်ငါ တို့မျှော်လင့်ရာဖြစ်သောခရစ်တော်ယေရှု၏ အမိန့်တော်အရ ခရစ်တော်ယေရှု၏တမန် တော်အဖြစ်ခန့်ထားခြင်းခံရသောငါ ပေါလုထံမှ၊
Nene Pauli, mtumi wa Yesu Kilisitu kwa malagizu ga Chapanga msangula witu na Yesu Kilisitu huvalila yitu.
2 ၂ ယုံကြည်ခြင်းအားဖြင့်ငါ၏သားစစ်ဖြစ် သောတိမောသေထံသို့စာရေးလိုက်ပါသည်။ သင်သည်အဖဘုရားသခင်နှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
Nikuyandikila Timoti mwana vangu wa chakaka musadika. Nikuganila ubwina wa Chapanga na lipyana na uteke kuhuma kwa Chapanga Dadi witu na Kilisitu Yesu Bambu witu.
3 ၃ မာကေဒေါနိပြည်သို့ငါထွက်ခွာစဉ်အခါ က သင့်အားငါမှာကြားခဲ့သည်အတိုင်း ဧဖက် မြို့တွင်ဆက်လက်နေထိုင်စေလို၏။ လူအချို့ တို့သည်မိစ္ဆာအယူဝါဒများကိုဟောပြော သွန်သင်လျက်ရှိကြပေသည်။ မကုန်မဆုံးနိုင် သောဒဏ္ဍာရီများနှင့်ဆွေစဉ်မျိုးဆက်စာရင်း များကို အပတ်တကုတ်အားထုတ်လေ့လာ တတ်သူတို့အား ထိုအမှုတို့ကိုရပ်စဲကြ စေရန်ပြောကြားလော့။ ထိုအမှုအရာများ သည်အငြင်းပွားမှုများကိုသာလျှင်ပြုစု ပေးတတ်၏။ ဘုရားသခင်၏အကြံအစည် တော်ကိုအကျိုးမပြုတတ်။ ယုံကြည်ခြင်း အားဖြင့်သာလျှင် ထိုအကြံအစည်တော် ကိုသိနိုင်လေသည်။-
Niyupa utama ku Efeso ngati chana kuyupili panahambayi Makedonia. Vavili vandu kwenuko veviwula mawuliwu gaudese. Vabesayi vandu avo.
Vajovela veleka luhumu zangali chindu na magono goha kuluwula mahina ga vagogo changali mwishu, ndi vevileta ndindani. Vikumtangatila lepi mundu yeyoha kuhenga lihengu la Chapanga lelihengeka musadika.
5 ၅ ဤသို့ပညတ်ရခြင်းအကြောင်းမှာသန့်စင် သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းကိုနှိုးဆွပေး လို၍ဖြစ်၏။-
Chindu chivaha cha mhilu uwu ndi kukangamalisa uganu weuhumila mumtima wa msopi, mtima wa kugana kuhenga gabwina, na sadika ya chakaka.
6 ၆ လူအချို့တို့သည်ဆိုခဲ့သောသဘောမျိုးကို မကျင့်ဘဲ အကျိုးမဲ့ပြောဆိုငြင်းခုံမှုများ ပြု၍လမ်းလွဲသွားကြပြီ။-
Vandu vangi vakongiwi na kung'anamukila malongesi gangali utangatila.
7 ၇ ထိုသူတို့သည်မိမိတို့ပြောဆိုသောစကား များကိုသော်လည်းကောင်း၊ မိမိတို့ပိုင်နိုင်စွာ ပြောဆိုသည့်အကြောင်းအရာများကိုသော် လည်းကောင်းနားမလည်ကြ။ သို့နှင့်လည်းသူ တို့သည်ဘုရားသခင်၏ပညတ်ဆိုင်ရာ နည်းပြဆရာများလုပ်လိုသေး၏။
Vigana kuvya vawuliwa va malagizu, nambu nakuchimanya chevakujijova vene amala mambu gevikangamalisa.
8 ၈ ပညတ်တရားကိုအသုံးပြုသင့်သည်အတိုင်း အသုံးပြုလျှင် ပညတ်တရားသည်ကောင်းမြတ် ကြောင်းကိုငါတို့သိကြ၏။-
Timanyili kuvya malagizu gabwina, ngati mundu ilola cheyiganikiwa kulola.
9 ၉ သို့ရာတွင်တရားဥပဒေများကိုလူကောင်း တို့အတွက်မဟုတ်။ တရားလက်လွတ်စည်းမဲ့ ကမ်းမဲ့ကျင့်ကြံသူများ၊ ပြစ်မှုကူးလွန်သူ များ၊ ဘုရားကိုမကြည်ညိုသူများ၊ အပြစ် ကူးသူများ၊ ဘာသာတရားကိုင်းရှိုင်းမှု မရှိသူများ၊ အဖကိုသတ်သူများနှင့် အမိကိုသတ်သူများ၊ သူသတ်သမားများ၊-
Timanyili kuvya malagizu nakuvikiwa ndava ya vandu vabwina, ndi vandu vahakau, vangayidakila malagizu, vevakumbela Chapanga na vandu vangamuyogopa Chapanga, amala kumgundamila Chapanga, vandu vevakuvakoma vadadi na vanyina vavi, amala vakomaji vovoha vala.
10 ၁၀ အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-
Muhilu uvikiwi ndava ya vevikita ukemi na vagosi vevikita ukemi vene kwa vene, vevigulisa vandu, vaudese na vevilapa udese amala vovoha vangalanda mawuliwu gachakaka.
11 ၁၁ ဤသွန်သင်ချက်သည်ဘုန်းအသရေနှင့်ပြည့် ဝ၍ မင်္ဂလာရှိတော်မူသောဘုရားသခင်ထံ တော်မှလာသည့်သတင်းကောင်းအတိုင်းဖြစ် ပေသည်။ ထိုသတင်းကောင်းကိုကြေညာရန် ငါ့အားပေးအပ်တော်မူ၏။
Mawuliwu aga gihuma mu Lilovi la Bwina genipewili na Chapanga muni niyikokosayi. Lilovi la Bwina lenili lihuma kwa Chapanga mweavi na ukulu na mweilumbiwa magono goha.
12 ၁၂ ငါသည်ဤအမှုတော်ကိုဆောင်ရွက်နိုင်ရန် ငါ့အားခွန်အားကိုပေးတော်မူသော ငါတို့ အရှင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ချီးမွမ်း၏။ ငါသည်ယခင်ကကိုယ်တော်အား ပုတ်ခတ်ပြောဆိုခဲ့သူ၊ ညှဉ်းပန်းနှိပ်စက်ခဲ့သူ၊ စော်ကားခဲ့သူဖြစ်သော်လည်းကိုယ်တော်သည် ငါ့အားထိုက်တန်သူဟုမှတ်ယူတော်မူလျက် ဤအလုပ်တာဝန်ကိုအပ်နှင်းတော်မူသော ကြောင့်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ၏။ ထိုစဉ်အခါကငါသည်ကိုယ်တော်ကို ယုံကြည်သူမဟုတ်သဖြင့် မသိနားမလည် သည့်အတွက် ယင်းသို့ပြုကျင့်မိခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်ကိုယ်တော်သည်ငါ့အားကရုဏာ ထားတော်မူပေသည်။-
Nikumsengusa Bambu witu Yesu Kilisitu mwenipelili makakala ndava ya lihengu langu. Nisengula ndava ya kunilola nene kuvya msadikika, anihagwili nimuhengela.
Hati peatumbwili pala namng'ahili na kumliga na kumvevesa, nambu Chapanga anihengili lipyana, ndava muni navili lepi na sadika kwakona, ndi namanyili lepi chenikita.
14 ၁၄ ငါတို့သခင်ဘုရားသည်မိမိ၏ကြွယ်ဝသော ကျေးဇူးတော်ကိုငါ့အပေါ်သို့သွန်းလောင်း တော်မူ၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းအားဖြင့်ငါတို့ရရှိသည့် ယုံကြည်ခြင်းနှင့်ချစ်ခြင်းကိုငါ့အား ပေးတော်မူ၏။-
Nambu Bambu witu anipelili ubwina waki kwa umahele, anipelili sadika na uganu wetivili nawu mukuwungana na Kilisitu Yesu.
15 ၁၅ ဤလောကသို့ခရစ်တော်ယေရှုကြွလာတော် မူသည်မှာအပြစ်ကူးသူတို့အား ကယ်တင်ရန် ဖြစ်၏ဟူသောစကားသည်သစ္စာစကားဖြစ်၍ ခြွင်းချက်မရှိလက်ခံယုံကြည်ရပေမည်။ ငါ သည်အပြစ်ကူးသူတို့တွင်အဆိုးဆုံးဖြစ်၏။-
Majovo aga ndi gachakaka, na kangi uganikiwa kuyidakiwa, Kilisitu Yesu abwelili pamulima kuvasangula vevakumbudila Chapanga. Na nene ndi mbudanu kuliku venavo voha,
16 ၁၆ သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကရုဏာ ထားတော်မူ၏။ ယင်းသို့ထားတော်မူခြင်းမှာ နောင်အခါ၌ခရစ်တော်ကိုယုံကြည်ကာ ထာဝရအသက်ရရှိကြမည့်သူတို့ အတွက်ပုံစံဖြစ်စေရန် ခရစ်တော်ယေရှု သည်ခပ်သိမ်းသောခန္တီတော်ကိုအပြစ်ကူး သူတို့တွင် အဆိုးဆုံးဖြစ်သူငါ့အား ပြတော်မူသောကြောင့်ပင်ဖြစ်သတည်း။- (aiōnios )
nambu Chapanga anihengili lipyana. Muni nene mwenavili nikumbudila Chapanga kuliku voha, Kilisitu Yesu alangisa ukangamala waki wangali mwishu muni kandahi nivya luhumu kwa vala vevakumsadika na kupokela wumi wa magono goha wangali mwishu. (aiōnios )
17 ၁၇ ထာဝရဘုရင်ဖြစ်တော်မူသော၊ သင်္ခါရ သဘောတရားနှင့်ကင်းတော်မူသော၊ လူ တို့မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်း ရှိတော်မူသောဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ရှိတော်မူစေသတည်း။ အာမင်။ (aiōn )
Kwaki mwene mweavi Nkosi wa magono goha, mwangafwa, mwangaloleka na mweavili Chapanga mwene, kwaki kuvya kutopeswa na ukulu magono goha gangali mwishu! Ena. (aiōn )
18 ၁၈ ငါ့သားတိမောသေ၊ အခါတစ်ပါးကသင့်ကို ရည်စူး၍ပရောဖက်တို့ဟောကြားကြသည့် အတိုင်း ငါသည်ဤအလုပ်တာဝန်ကိုသင့်အား ပေးအပ်၏။ ကောင်းစွာတိုက်ခိုက်ရန်ထိုပရောဖက် တို့ဟောကြားခဲ့သည့်စကားများကိုလက်နက် သဖွယ်အသုံးပြုလော့။-
Mwana vangu Timoti, nikugotolela lilagizu lenili kulandana na malovi ga ulota gegajoviki kadeni ndava yaku. Gatumila malovi ago gavyai vindu vya kukomenela ngondo bwina,
19 ၁၉ သင်၌ယုံကြည်ခြင်းနှင့်ကြည်လင်သောသြတ္တပ္ပ စိတ်ရှိစေလော့။ အချို့သောသူတို့သည်သြတ္တပ္ပ စိတ်၏နှိုးဆော်မှုကိုနားမထောင်သဖြင့် မိမိ တို့၏ယုံကြည်ခြင်းကိုပျက်ပြယ်စေကြ၏။-
na uvyayi na mtima wa kukumbuka kukita gabwina. Vandu vangi nakuyuwanila maholo gavi ndi vakahalibisa sadika yavi.
20 ၂၀ ထိုသူတို့အထဲတွင်ဟုမေနဲနှင့်အာလေ ဇန္ဒြုတို့လည်းပါကြ၏။ သူတို့သည်ဘုရား သခင်အားပြစ်မှားပြောဆိုမှုကိုမပြုရန် သင်ခန်းစာရစေအံ့ငှာ ငါသည်သူတို့ကို စာတန်၏လက်သို့ပေးအပ်လိုက်လေပြီ။
Pagati yavi vavili Humenayo na Alekizanda, ndi nivatovili kwa kuvagotola mu mawoko ga Setani, muni vawuliwayi vakotoka kumliga Chapanga.