< ၁ တိမောသေ 1 >

1 ငါ​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​နှင့်​ငါ တို့​မျှော်​လင့်​ရာ​ဖြစ်​သော​ခ​ရစ်​တော်​ယေ​ရှု​၏ အ​မိန့်​တော်​အ​ရ ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန် တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ​သော​ငါ ပေါ​လု​ထံ​မှ၊
Paul, an apostle of Jesus Christ according to the commandment of God our Savior and the Lord Jesus Christ our hope,
2 ယုံ​ကြည်​ခြင်း​အား​ဖြင့်​ငါ​၏​သား​စစ်​ဖြစ် သော​တိ​မော​သေ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သင်​သည်​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​အ​ရှင် ခ​ရစ်​တော်​ယေ​ရှု​ထံ​တော်​မှ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ပါ​စေ​သ​တည်း။
to Timothy, my true child in faith: Grace, mercy, and peace from God our Father and Christ Jesus our Lord.
3 မာ​ကေ​ဒေါ​နိ​ပြည်​သို့​ငါ​ထွက်​ခွာ​စဉ်​အ​ခါ က သင့်​အား​ငါ​မှာ​ကြား​ခဲ့​သည်​အ​တိုင်း ဧ​ဖက် မြို့​တွင်​ဆက်​လက်​နေ​ထိုင်​စေ​လို​၏။ လူ​အ​ချို့ တို့​သည်​မိစ္ဆာ​အ​ယူ​ဝါ​ဒ​များ​ကို​ဟော​ပြော သွန်​သင်​လျက်​ရှိ​ကြ​ပေ​သည်။ မ​ကုန်​မ​ဆုံး​နိုင် သော​ဒဏ္ဍာ​ရီ​များ​နှင့်​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း များ​ကို အ​ပတ်​တ​ကုတ်​အား​ထုတ်​လေ့​လာ တတ်​သူ​တို့​အား ထို​အ​မှု​တို့​ကို​ရပ်​စဲ​ကြ စေ​ရန်​ပြော​ကြား​လော့။ ထို​အ​မှု​အ​ရာ​များ သည်​အ​ငြင်း​ပွား​မှု​များ​ကို​သာ​လျှင်​ပြု​စု ပေး​တတ်​၏။ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကျိုး​မ​ပြု​တတ်။ ယုံ​ကြည်​ခြင်း အား​ဖြင့်​သာ​လျှင် ထို​အ​ကြံ​အ​စည်​တော် ကို​သိ​နိုင်​လေ​သည်။-
As I urged you when I was going into Macedonia, stay at Ephesus that you might command certain men not to teach a different doctrine,
4
and not to pay attention to myths and endless genealogies, which cause disputes rather than God’s stewardship, which is in faith.
5 ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။-
But the goal of this command is love from a pure heart, a good conscience, and sincere faith,
6 လူ​အ​ချို့​တို့​သည်​ဆို​ခဲ့​သော​သ​ဘော​မျိုး​ကို မ​ကျင့်​ဘဲ အ​ကျိုး​မဲ့​ပြော​ဆို​ငြင်း​ခုံ​မှု​များ ပြု​၍​လမ်း​လွဲ​သွား​ကြ​ပြီ။-
from which things some, having missed the mark, have turned away to vain talking,
7 ထို​သူ​တို့​သည်​မိ​မိ​တို့​ပြော​ဆို​သော​စ​ကား များ​ကို​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ပိုင်​နိုင်​စွာ ပြော​ဆို​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​သော် လည်း​ကောင်း​နား​မ​လည်​ကြ။ သို့​နှင့်​လည်း​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​ဆိုင်​ရာ နည်း​ပြ​ဆ​ရာ​များ​လုပ်​လို​သေး​၏။
desiring to be teachers of the law, though they understand neither what they say nor about what they strongly affirm.
8 ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-
But we know that the law is good if a person uses it lawfully,
9 သို့​ရာ​တွင်​တ​ရား​ဥ​ပ​ဒေ​များ​ကို​လူ​ကောင်း တို့​အ​တွက်​မ​ဟုတ်။ တ​ရား​လက်​လွတ်​စည်း​မဲ့ ကမ်း​မဲ့​ကျင့်​ကြံ​သူ​များ၊ ပြစ်​မှု​ကူး​လွန်​သူ များ၊ ဘု​ရား​ကို​မ​ကြည်​ညို​သူ​များ၊ အ​ပြစ် ကူး​သူ​များ၊ ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​မှု မ​ရှိ​သူ​များ၊ အ​ဖ​ကို​သတ်​သူ​များ​နှင့် အ​မိ​ကို​သတ်​သူ​များ၊ သူ​သတ်​သ​မား​များ၊-
as knowing this, that law is not made for a righteous person, but for the lawless and insubordinate, for the ungodly and sinners, for the unholy and profane, for murderers of fathers and murderers of mothers, for manslayers,
10 ၁၀ အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။-
for the sexually immoral, for homosexuals, for slave-traders, for liars, for perjurers, and for any other thing contrary to the sound doctrine,
11 ၁၁ ဤ​သွန်​သင်​ချက်​သည်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့် ဝ​၍ မင်္ဂ​လာ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ တော်​မှ​လာ​သည့်​သ​တင်း​ကောင်း​အ​တိုင်း​ဖြစ် ပေ​သည်။ ထို​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​၏။
according to the Good News of the glory of the blessed God, which was committed to my trust.
12 ၁၂ ငါ​သည်​ဤ​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင်​ရန် ငါ့​အား​ခွန်​အား​ကို​ပေး​တော်​မူ​သော ငါ​တို့ အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ ငါ​သည်​ယ​ခင်​က​ကိုယ်​တော်​အား ပုတ်​ခတ်​ပြော​ဆို​ခဲ့​သူ၊ ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ၊ စော်​ကား​ခဲ့​သူ​ဖြစ်​သော်​လည်း​ကိုယ်​တော်​သည် ငါ့​အား​ထိုက်​တန်​သူ​ဟု​မှတ်​ယူ​တော်​မူ​လျက် ဤ​အ​လုပ်​တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​သော ကြောင့်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သူ​မ​ဟုတ်​သ​ဖြင့် မ​သိ​နား​မ​လည် သည့်​အ​တွက် ယင်း​သို့​ပြု​ကျင့်​မိ​ခဲ့​ခြင်း​ဖြစ်​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ငါ့​အား​က​ရု​ဏာ ထား​တော်​မူ​ပေ​သည်။-
I thank him who enabled me, Christ Jesus our Lord, because he counted me faithful, appointing me to service,
13 ၁၃
although I used to be a blasphemer, a persecutor, and insolent. However, I obtained mercy because I did it ignorantly in unbelief.
14 ၁၄ ငါ​တို့​သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကြွယ်​ဝ​သော ကျေး​ဇူး​တော်​ကို​ငါ့​အ​ပေါ်​သို့​သွန်း​လောင်း တော်​မူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ငါ​တို့​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​ကို​ငါ့​အား ပေး​တော်​မူ​၏။-
The grace of our Lord abounded exceedingly with faith and love which is in Christ Jesus.
15 ၁၅ ဤ​လော​က​သို့​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော် မူ​သည်​မှာ​အ​ပြစ်​ကူး​သူ​တို့​အား ကယ်​တင်​ရန် ဖြစ်​၏​ဟူ​သော​စကား​သည်​သစ္စာ​စ​ကား​ဖြစ်​၍ ခြွင်း​ချက်​မ​ရှိ​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။ ငါ သည်​အ​ပြစ်​ကူး​သူ​တို့​တွင်​အ​ဆိုး​ဆုံး​ဖြစ်​၏။-
The saying is faithful and worthy of all acceptance, that Christ Jesus came into the world to save sinners, of whom I am chief.
16 ၁၆ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​က​ရု​ဏာ ထား​တော်​မူ​၏။ ယင်း​သို့​ထား​တော်​မူ​ခြင်း​မှာ နောင်​အ​ခါ​၌​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ကာ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ကြ​မည့်​သူ​တို့ အ​တွက်​ပုံ​စံ​ဖြစ်​စေ​ရန် ခ​ရစ်​တော်​ယေ​ရှု သည်​ခပ်​သိမ်း​သော​ခန္တီ​တော်​ကို​အ​ပြစ်​ကူး သူ​တို့​တွင် အ​ဆိုး​ဆုံး​ဖြစ်​သူ​ငါ့​အား ပြ​တော်​မူ​သော​ကြောင့်​ပင်​ဖြစ်​သ​တည်း။- (aiōnios g166)
However, for this cause I obtained mercy, that in me first, Jesus Christ might display all his patience for an example of those who were going to believe in him for eternal life. (aiōnios g166)
17 ၁၇ ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ​သော၊ သင်္ခါ​ရ သ​ဘော​တ​ရား​နှင့်​ကင်း​တော်​မူ​သော၊ လူ တို့​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော၊ တစ်​ဆူ​တည်း ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ အ​ဆက်​ဆက်​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ (aiōn g165)
Now to the King eternal, immortal, invisible, to God who alone is wise, be honor and glory forever and ever. Amen. (aiōn g165)
18 ၁၈ ငါ့​သား​တိ​မော​သေ၊ အ​ခါ​တစ်​ပါး​က​သင့်​ကို ရည်​စူး​၍​ပ​ရော​ဖက်​တို့​ဟော​ကြား​ကြ​သည့် အ​တိုင်း ငါ​သည်​ဤ​အ​လုပ်​တာ​ဝန်​ကို​သင့်​အား ပေး​အပ်​၏။ ကောင်း​စွာ​တိုက်​ခိုက်​ရန်​ထို​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လက်​နက် သ​ဖွယ်​အ​သုံး​ပြု​လော့။-
I commit this instruction to you, my child Timothy, according to the prophecies which were given to you before, that by them you may wage the good warfare,
19 ၁၉ သင်​၌​ယုံ​ကြည်​ခြင်း​နှင့်​ကြည်​လင်​သော​သြတ္တပ္ပ စိတ်​ရှိ​စေ​လော့။ အ​ချို့​သော​သူ​တို့​သည်​သြတ္တပ္ပ စိတ်​၏​နှိုး​ဆော်​မှု​ကို​နား​မ​ထောင်​သ​ဖြင့် မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​ကြ​၏။-
holding faith and a good conscience, which some having thrust away made a shipwreck concerning the faith,
20 ၂၀ ထို​သူ​တို့​အ​ထဲ​တွင်​ဟု​မေ​နဲ​နှင့်​အာ​လေ ဇန္ဒြု​တို့​လည်း​ပါ​ကြ​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​အား​ပြစ်​မှား​ပြော​ဆို​မှု​ကို​မ​ပြု​ရန် သင်​ခန်း​စာ​ရ​စေ​အံ့​ငှာ ငါ​သည်​သူ​တို့​ကို စာ​တန်​၏​လက်​သို့​ပေး​အပ်​လိုက်​လေ​ပြီ။
of whom are Hymenaeus and Alexander, whom I delivered to Satan that they might be taught not to blaspheme.

< ၁ တိမောသေ 1 >