< ၁ တိမောသေ 6 >
1 ၁ ကျွန်ဖြစ်သူတို့သည်မိမိတို့၏သခင်များ အားရိုသေလေးစားထိုက်သူများဟုခံယူ ရကြမည်။ သို့မှသာလျှင်မည်သူမျှဘုရား သခင်၏နာမတော်နှင့် ငါတို့တရားတော် ကိုကဲ့ရဲ့ပြောဆိုလိမ့်မည်မဟုတ်။-
Let as many as are bondservants under the yoke count their own masters worthy of all honor, that the name of God and the doctrine not be blasphemed.
2 ၂ သခင်များသည်ယုံကြည်သူများဖြစ်လျှင် သူတို့သည်ညီအစ်ကိုများပင်ဖြစ်ကြသည် ဟုဆိုကာမလေးမခန့်မပြုရ။ မိမိတို့ ၏အစေခံမှုကြောင့်အကျိုးခံစားရသူ တို့မှာ မိမိတို့ချစ်မြတ်နိုးသောယုံကြည် သူများဖြစ်သောကြောင့် သူတို့၏အစေ ကိုပို၍ခံရကြပေမည်။ သင်ဆုံးမသြဝါဒပေးရာတွင်ဤအရာ များကိုဖော်ပြရမည်။-
Those who have believing masters, let them not despise them because they are brothers, but rather let them serve them, because those who partake of the benefit are believing and beloved. Teach and exhort these things.
3 ၃ ကွဲလွဲသည့်အယူဝါဒကိုဟောပြောသွန်သင် ၍ ငါတို့အရှင်ယေရှုခရစ်၏ဟုတ်မှန်သည့် စကားကိုလည်းကောင်း၊ ငါတို့ဘာသာတရား တော်ကိုလည်းကောင်းဝန်မခံသူသည်ကား၊-
If anyone teaches a different doctrine and does not consent to sound words, the words of our Lord Jesus Christ, and to the doctrine which is according to godliness,
4 ၄ မာနကြီးလျက်အဘယ်အမှုအရာကို မျှမသိသူတည်း။ သူသည်စကားအသုံး အနှုန်းနှင့်စပ်လျဉ်း၍ ငြင်းခုံခြင်းဝါသနာ ထုံသောသူဖြစ်သည်။ ထိုအပြုအမူသည် မနာလိုမှု၊ အငြင်းပွားမှု၊ စော်ကားမှု၊ ဆိုးရွားသောမယုံသင်္ကာရှိမှု၊-
he is conceited, knowing nothing, but obsessed with arguments, disputes, and word battles, from which come envy, strife, insulting, evil suspicions,
5 ၅ အစဉ်မပြတ်အငြင်းပွားမှုတို့ကိုပေါ် ပေါက်စေ၏။ ဤအမှုများကိုပြုကျင့်တတ် သူတို့သည်ကား စိတ်မမှန်၍သမ္မာတရား ကိုမသိသူများဖြစ်ပေသည်။ ဘာသာရေး မှစီးပွားရေးအမြတ်အစွန်းရရှိသည် ဟုသူတို့ထင်မှတ်ကြ၏။
constant friction of people of corrupt minds and destitute of the truth, who suppose that godliness is a means of gain. Withdraw yourself from such.
6 ၆ ငါတို့သည်ရှိသမျှဖြင့်တင်းတိမ်ရောင့်ရဲ တတ်ကြပါမူ ဘာသာရေးမှကြီးမားသော အမြတ်အစွန်းကိုအမှန်ပင်ရရှိနိုင်ကြ ပေသည်။-
But godliness with contentment is great gain.
7 ၇ လောကထဲသို့လာစဉ်အခါကငါတို့သည် အဘယ်အရာကိုမျှယူဆောင်၍မလာခဲ့ ကြ။ လောကမှထွက်ခွာသွားကြသောအခါ ၌လည်းအဘယ်အရာကိုမျှယူ၍မသွား နိုင်။-
For we brought nothing into the world, and we certainly cannot carry anything out.
8 ၈ သို့ဖြစ်၍ငါတို့တွင်စားစရာဝတ်စရာရှိ လျှင်ရောင့်ရဲကြကုန်အံ့။-
But having food and clothing, we will be content with that.
9 ၉ ချမ်းသာကြွယ်ဝလိုသူတို့သည်အပြစ်သွေး ဆောင်ခြင်းကိုခံရကြ၏။ သူတို့သည်မိုက်မဲ ၍အကျိုးယုတ်စေတတ်သည့်စွဲလမ်းတပ်မက် မှုတို့ဖြင့်ကျော့မိကြ၏။ ထိုစွဲလမ်းတပ်မက်မှု များသည်သူတို့အားပျက်စီးဆုံးရှုံးစေ တတ်၏။-
But those who are determined to be rich fall into a temptation, a snare, and many foolish and harmful lusts, such as drown men in ruin and destruction.
10 ၁၀ အဘယ်ကြောင့်ဆိုသော်ငွေကိုစွဲလမ်းတပ် မက်ခြင်းသည်မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည်ငွေကိုခုံမင်လှ သဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ သွား၍ ပူဆွေးလျက်ဝမ်းနည်းပက်လက် ဖြစ်ရကြ၏။
For the love of money is a root of all kinds of evil. Some have been led astray from the faith in their greed, and have pierced themselves through with many sorrows.
11 ၁၁ အို ဘုရားသခင်၏အစေခံ၊ သင်မူကား ထိုမကောင်းမှုအပေါင်းကိုရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းစသည့်ပါရမီများနှင့် ပြည့်ဝစေရန်ကြိုးစားအားထုတ်လော့။-
But you, man of God, flee these things, and follow after righteousness, godliness, faith, love, perseverance, and gentleness.
12 ၁၂ ယုံကြည်ခြင်းဆိုင်ရာပြေးပွဲတွင်အစွမ်း ကုန်ပြေး၍ထာဝရအသက်တည်းဟူသော အောင်ဆုကိုသင်ရရှိစေရန် သင့်အားဘုရား သခင်ခေါ်ယူတော်မူသောအခါ၌ သင် သည်များစွာသောအသိသက်သေတို့ရှေ့ တွင်သင်၏ယုံကြည်ခြင်းကိုခိုင်မာစွာ ဝန်ခံခဲ့ပေသည်။- (aiōnios )
Fight the good fight of faith. Take hold of the consummate (aiōnios ) life to which you were called, and you confessed the good confession in the sight of many witnesses.
13 ၁၃ အရာခပ်သိမ်းတို့ကိုအသက်ရှင်စေတော် မူသောဘုရားသခင်၏ရှေ့တော်မှောက်၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ရှေ့တွင်မိမိ ၏ယုံကြည်ချက်ကိုခိုင်မာစွာဖော်ပြတော် မူသော ခရစ်တော်ယေရှု၏ရှေ့တော်မှောက် ၌လည်းကောင်း သင့်အားဤအလုပ်တာဝန် ကိုဆောင်ရွက်ရန်ငါပညတ်၏။-
I command you before God who gives life to all things, and before Christ Jesus who before Pontius Pilate testified the good confession,
14 ၁၄ သင့်အားအပ်နှင်းထားသည့်တာဝန်ကို ဆောင်ရွက်လော့။ ငါတို့အရှင်ယေရှုခရစ် ကြွလာတော်မူသည်အထိဤအလုပ် တာဝန်ကိုသစ္စာနှင့်ထမ်းဆောင်လော့။-
that you keep the commandment without spot, blameless until the appearing of our Lord Jesus Christ,
15 ၁၅ မင်္ဂလာရှိတော်မူသောတစ်ဆူတည်းသော အရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ အရှင် တကာတို့၏အရှင်ဘုရားသခင်သည် ကာလအချိန်ရောက်သောအခါကိုယ်တော် အားထင်ရှားပေါ်ထွန်းစေတော်မူလိမ့်မည်။-
which at the right time he will show, who is the blessed and only Ruler, the King of kings and Lord of lords.
16 ၁၆ ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။ (aiōnios )
He alone has immortality, dwelling in unapproachable light, whom no man has seen nor can see, to whom be honor and consummate (aiōnios ) power. Amen.
17 ၁၇ လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူတို့အား မာန်မာနမထားကြရန်သတိပေးလော့။ သူတို့သည်မတည်မြဲသည့်စည်းစိမ်ချမ်း သာကိုမမျှော်ကိုးဘဲ၊ ငါတို့ခံစားနိုင်စေ ရန်ခပ်သိမ်းသောအရာတို့ကိုရက်ရောစွာ ပေးတော်မူသောဘုရားသခင်အားမျှော် ကိုးရကြမည်။- (aiōn )
Charge those who are rich in this present age (aiōn ) that they not be arrogant, nor have their hope set on the uncertainty of riches, but on the living God, who richly provides us with everything to enjoy;
18 ၁၈ သူတစ်ပါးတို့အားကျေးဇူးပြုတတ်ကြ စေရန်လည်းကောင်း၊ အကျင့်ကောင်းများနှင့် ကြွယ်ဝပြည့်စုံ၍ရက်ရောစွာဝေငှပေး ကမ်းတတ်ကြစေရန်လည်းကောင်းသူတို့ အားဆုံးမသွန်သင်လော့။-
that they do good, that they be rich in good works, that they be ready to distribute, willing to share;
19 ၁၉ ဤနည်းအားဖြင့်သူတို့သည်အနာဂတ် အတွက်ခိုင်ခံ့သည့်အုတ်မြစ်တည်းဟူသော ဘဏ္ဍာကိုစုဆောင်းရာရောက်၍ စစ်မှန်သော အသက်ကိုရရှိကြလိမ့်မည်။
laying up in store for themselves a good foundation against the time to come, that they may lay hold of the true life.
20 ၂၀ တိမောသေ၊ သင့်အားပေးအပ်ထားသည့်အရာ ကိုစောင့်ထိန်းလော့။ သိမ်ဖျင်းသောစကားနှင့် အကျိုးမဲ့သောစကားကိုလည်းကောင်း၊ လူ အချို့တို့မှားယွင်းစွာ ခေါ်ဆိုသည့်``အသိပညာ'' အကြောင်းနှင့်ပတ်သက်၍အငြင်းပွားမှု တို့ကိုလည်းကောင်းရှောင်ရှားလော့။-
Timothy, guard that which is committed to you, turning away from the empty chatter and oppositions of what is falsely called knowledge,
21 ၂၁ လူအချို့တို့သည်အသိပညာကိုရရှိပြီ ဟုဆိုကာယုံကြည်ခြင်းတရားလမ်းမှလွဲ သွားကြပြီ။ သင်တို့အပေါင်းသည်ဘုရားသခင်ထံတော် မှကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာပထမစောင်ပြီး၏။
which some profess, and thus have wandered from the faith. Grace be with you. Amen.