< ၁ တိမောသေ 5 >
1 ၁ သင့်ထက်အသက်ကြီးသောသူအားပြစ်တင် ဆုံးမခြင်းကိုမပြုဘဲသင်၏ဖခင်သဖွယ် တောင်းပန်ပြောဆိုလော့။ သင့်ထက်အသက်ငယ် သောသူတို့အားသင်၏ညီများကဲ့သို့လည်း ကောင်း၊-
Staršího zuřivě netresci, ale napomínej jako otce, mladších jako bratří,
2 ၂ သင့်ထက်အသက်ကြီးသောအမျိုးသမီးတို့ အားသင်၏မိခင်ကဲ့သို့လည်းကောင်း၊ သင့်ထက် အသက်ငယ်သောအမျိုးသမီးတို့အားသင်၏ နှမများကဲ့သို့လည်းကောင်းလုံးဝဖြူစင် သောစိတ်နှင့်ဆက်ဆံလော့။
Starých žen jako matek, mladic jako sestr, ve vší čistotě.
3 ၃ သင်သည်တစ်ကိုယ်ရေတစ်ကာယအမှန်ဖြစ် သောမုဆိုးမတို့အား ရိုသေသမှုကိုပြုလော့။-
Vdovy měj v uctivosti, kteréž pravé vdovy jsou.
4 ၄ သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-
Pakli která vdova syny nebo vnuky má, nechažť se oni učí předně k svému domu pobožnosti dokazovati, a zase rodičům se odplacovati; neboť jest to chvalitebné a vzácné před obličejem Božím.
5 ၅ တစ်ကိုယ်ရေတစ်ကာယဖြစ်သောမုဆိုးမသည် မိမိအားပြုစုမည့်သူမရှိသဖြင့်ဘုရား သခင်ကိုအားကိုးမျှော်လင့်လျက် နေ့ည မပြတ်ဆုတောင်းပတ္ထနာပြု၍ကိုယ်တော်၏ အကူအညီကိုတောင်းခံတတ်၏။-
Kterážť pak právě vdova jest a osaměla, máť naději v Bohu, a trváť na modlitbách a svatých žádostech dnem i nocí.
6 ၆ သို့ရာတွင်အပျော်အပါးမက်သောမုဆိုး မမူကား အသက်ရှင်လျက်ပင်ရှိသော်လည်း အသေကဲ့သို့ဖြစ်၏။-
Ale rozkošná, ta živa jsuci, již umřela.
7 ၇ မုဆိုးမများသည်သူတစ်ပါးတို့အပြစ်တင် ခြင်းနှင့်ကင်းလွတ်ကြစေရန် ဤညွှန်ကြားချက် များကိုသူတို့အားပေးလော့။-
Protož jim to přikaž, ať jsou bez úhony.
8 ၈ မိမိ၏ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ အိမ်ထောင်စုသားတို့အားမပြုစုဘဲနေသော သူသည် ယုံကြည်ခြင်းတရားတော်ကိုပစ်ပယ် သူဖြစ်၍ မယုံကြည်သူထက်ပို၍ပင်ဆိုးရွား ပေသည်။
Jestliže pak kdo o své, a zvláště o domácí péče nemá, zapřelť jest víry, a jest horší nežli nevěřící.
9 ၉ မုဆိုးမတစ်ယောက်သည်အသက်ခြောက်ဆယ် ကျော်မှသာလျှင် မုဆိုးမစာရင်းတွင်နာမည် သွင်းပါ။ သူသည်တစ်ကြိမ်သာလျှင်ထိမ်းမြား လက်ထပ်ခဲ့သူဖြစ်ရမည်။-
Vdova buď vyvolená, kteráž by neměla méně šedesáti let, kteráž byla jednoho muže manželka,
10 ၁၀ ထို့အပြင်ကောင်းမှုကြောင့်အသရေရှိသူဖြစ် ရမည်။ မိမိ၏သားသမီးများကိုကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ ဘုရားသခင်၏လူစုတော်ဝင်တို့ခြေကိုဆေး သူ၊ ဒုက္ခရောက်သူတို့အားကူညီမစသူ၊ ကောင်း မှုအမျိုးမျိုးကိုကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမည်။
O níž by svědectví bylo, že dobré skutky činila; a jestliže dítky své zbožně vychovala, do domu pocestné přijímala, jestliže svatým nohy umývala, jestliže bídným posluhovala, jestliže každého skutku dobrého pilná byla.
11 ၁၁ အသက်အရွယ်ငယ်သောမုဆိုးမတို့အား မုဆိုးမစာရင်းတွင်မသွင်းနှင့်။ အဘယ်ကြောင့် ဆိုသော်သူတို့သည်မိမိတို့အလိုဆန္ဒကို မထိန်းမသိမ်းနိုင်ကြသောအခါ အိမ်ထောင် ပြုလိုသဖြင့်ခရစ်တော်ကိုပစ်ပယ်တတ် ကြသောကြောင့်ဖြစ်၏။-
Ale mladých vdov nepřijímej; nebo když, nedbajíce na Krista, v chlipnost se vydadí, teprv se vdávati chtějí,
12 ၁၂ သို့ဖြစ်၍သူတို့သည်မိမိတို့အစက ကိုယ်တော်အားပေးခဲ့သည့်ကတိသစ္စာကို ဖောက်ဖျက်ကြလေသည်။-
Jsouce již hodné odsouzení, protože první víru zrušily.
13 ၁၃ ထိုမှတစ်ပါးလည်းသူတို့သည် တစ်အိမ်တက် တစ်အိမ်ဆင်းသွားရောက်လည်ပတ်ကာ အချိန် ဖြုန်းတတ်လေသည်။ ယင်းသို့အချိန်ဖြုန်းရုံမျှ မကမပြောသင့်သည့်စကားများကိုပြောဆို လျက် အတင်းပြောကာမိမိတို့နှင့်မဆိုင်သည့် အမှုကိစ္စများတွင်ဝင်ရောက်စွက်ဖက်၍လာ တတ်လေသည်။-
Nýbrž také i zahálejíce, učí se choditi po domích; a netoliko nedělné, ale jsou i klevetné a všetečné, mluvíce, což nesluší.
14 ၁၄ သို့ဖြစ်၍ရန်သူတို့သည်ငါတို့အကြောင်း မကောင်းမပြောနိုင်စေရန် အသက်အရွယ်ငယ် သေးသည့်မုဆိုးမတို့သည် အိမ်ထောင်သားမွေး မှုကိုပြုလျက် မိမိတို့၏အိမ်မှုကိစ္စများကို ကြည့်ရှုစောင့်ထိန်းကြသည်ကိုငါလိုလား၏။-
Protož chci, aby se mladší vdávaly, děti rodily, hospodyně byly, a tak žádné příčiny protivníku nedávaly ku pomlouvání.
15 ၁၅ ယခုပင်လျှင်အချို့သောမုဆိုးမများသည် လမ်းလွဲ၍စာတန်၏နောက်သို့လိုက်ကြလေ ကုန်ပြီ။-
Nebo již se některé uchýlily zpět po satanovi.
16 ၁၆ ယုံကြည်သူအမျိုးသမီးတစ်စုံတစ်ယောက် သည် မိမိ၏ဆွေမျိုးသားချင်းစုတွင်မုဆိုးမ များရှိပါမူသူတို့အားကျွေးမွေးပြုစုရ မည်။ သူတို့အတွက်အသင်းတော်ကိုဝန်မလေး စေသင့်။ သို့မှသာလျှင်အသင်းတော်သည်ခို ကိုးရာမဲ့သည့်မုဆိုးမများအားကျွေးမွေး ပြုစုနိုင်လိမ့်မည်။
Protož má-liť kdo věřící neb která věřící vdovy, opatrujž je, a nebuď obtěžována církev, aby těm, kteréž právě vdovy jsou, postačilo.
17 ၁၇ သင်းအုပ်ဆရာအလုပ်ကိုကောင်းစွာလုပ်ဆောင် သူတို့သည် လစာငွေနှစ်ဆခံစားထိုက်သူများ ဖြစ်သည်ဟုမှတ်ယူအပ်၏။ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်းတို့ကို ကြိုးစား၍လုပ်ဆောင်သူများသည်ယင်းသို့ ခံစားထိုက်ပေသည်။-
Předložení, kteříž dobře spravují, dvojí cti hodni jmíni buďte, zvláště ti, kteříž pracují v slovu Božím a v učení.
18 ၁၈ အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က``စပါး နယ်နေသောနွားကိုပါးချုပ်မတပ်ရ'' ဟူ၍ လည်းကောင်း၊ ``အလုပ်သမားသည်လုပ်အားခ ကိုခံထိုက်ပေ၏'' ဟူ၍လည်းကောင်းဖော်ပြ သောကြောင့်ဖြစ်၏။-
Nebo praví Písmo: Volu mlátícímu nezavížeš úst. A hodenť jest dělník své mzdy.
19 ၁၉ သက်သေခံသူအနည်းဆုံးနှစ်ဦးသုံးဦးမရှိ လျှင် သင်းအုပ်ဆရာအားပြစ်တင်စွပ်စွဲချက် ကိုနားမထောင်နှင့်။-
Proti staršímu žaloby nepřijímej, leč pode dvěma nebo třmi svědky.
20 ၂၀ အခြားသူတို့ကြောက်စေရန်အပြစ်ကူး သူတို့အား လူအများရှေ့တွင်ဆုံးမလော့။
Ty pak, kteříž hřeší, přede všemi tresci, aby i jiní bázeň měli.
21 ၂၁ ဤညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့်ခရစ်တော်ယေရှု၏ရှေ့တော် ၌လည်းကောင်း၊ သန့်ရှင်းမြင့်မြတ်သောကောင်းကင် တမန်များရှေ့၌လည်းကောင်းသင့်အားငါသစ္စာ ပေး၏။ သင်သည်အဘယ်အခါ၌မျှကြိုတင် စီရင်ဆုံးဖြတ်မှုနှင့်ဘက်လိုက်မှုကိုမပြုနှင့်။-
Osvědčujiť před obličejem Božím a Pána Jezukrista, i vyvolených andělů jeho, abys těchto věcí ostříhal bez přijímání osob, nic nečině podle náchylnosti.
22 ၂၂ မည်သူ့ကိုမျှသိက္ခာတင်မင်္ဂလာပေးရန်အလျင် စလိုမရှိနှင့်။ အခြားသူတို့အပြစ်ကူးရာ တွင်သင်မပါစေနှင့်။ သင်ကိုယ်တိုင်အပြစ် ကင်းအောင်နေလော့။
Nevzkládej rukou rychle na nižádného, a nepřiúčastňuj se hříchům cizím. Sebe samého ostříhej v čistotě.
23 ၂၃ သင်သည်မကြာခဏဖျားနာတတ်သည်ဖြစ်၍ ရေကိုသာလျှင်မသောက်ဘဲအစာကြေစေရန် စပျစ်ရည်အနည်းငယ်ကိုသုံးဆောင်လော့။
Nepij již více vody, ale vína skrovně užívej, pro svůj žaludek a časté nemoci své.
24 ၂၄ အချို့သောသူတို့၏အပြစ်ဒုစရိုက်များသည် သိသာထင်ရှား၏။ သူတို့၏အြုပစ်များသည် တရားခွင်သို့အလျင်သွားတတ်၏။ အချို့သော သူတို့၏အပြစ်ဒုစရိုက်များမူကားနောင် အခါမှသိသာထင်ရှား၍လာတတ်၏။-
Některých lidí hříchové prve zjevní jsou, předcházející soud, některých pak i následují.
25 ၂၅ ထိုနည်းတူစွာအချို့သောသုစရိုက်များသည် ထင်ရှားလျက်နေပေသည်။ မထင်ရှားသေးသည့် သုစရိုက်များကိုလည်းဖုံးကွယ်၍မထား နိုင်။
A takž také i skutkové dobří prve zjevní jsou. Což pak jest jinak, ukrýti se nemůže.