< ၁ တိမောသေ 4 >

1 နောင်​ကာ​လ​၌​လူ​အ​ချို့​တို့​သည်​မု​သား​ပြော ဆို​သည့်​ဝိ​ညာဉ်​များ​၏​စ​ကား​ကို​နာ​ခံ​လျက် နတ်​မိစ္ဆာ​တို့​၏​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ်​ကြ​လိမ့်​မည် ဟု​ဝိ​ညာဉ်​တော်​က အ​တိ​အ​လင်း​ဖော်​ပြ တော်​မူ​၏။-
But the Spirit says expressly that in later times some will fall away from the faith, paying attention to seducing spirits and doctrines of demons,
2 မိ​မိ​တို့​၏​သြတ္တပ္ပ​စိတ်​တွင်​သံ​ပူ​ခတ်​ခြင်း​ခံ​ရ သ​ကဲ့​သို့ သြတ္တပ္ပ​စိတ်​ကင်း​မဲ့​သော​လိမ်​လည် လှည့်​ဖြား​တတ်​သူ​တို့​သည်​ထို​သြ​ဝါ​ဒ များ​ကို​ပေး​ကြ​၏။-
through the hypocrisy of liars, branded in their own conscience as with a hot iron;
3 ထို​သူ​တို့​က​လူ​တို့​အား​ထိမ်း​မြား​မင်္ဂ​လာ​မ ပြု​ရန်​နှင့်​အ​ချို့​သော​အ​စား​အ​စာ​များ​ကို ရှောင်​ကြဉ်​ကြ​စေ​ရန်​သွန်​သင်​ကြ​၏။ သို့​ရာ​တွင် ယုံ​ကြည်​၍​သမ္မာ​တ​ရား​တော်​ကို​သိ​ကျွမ်း​သူ တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက် စား သောက်​နိုင်​ကြ​စေ​ရန်​ဤ​အ​စား​အ​စာ​များ ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​၏။-
forbidding marriage and commanding to abstain from foods which God created to be received with thanksgiving by those who believe and know the truth.
4 ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​တော်​မူ​သော​အ​ရာ မှန်​သ​မျှ​သည်​သုံး​ဆောင်​ထိုက်​သည်​ဖြစ်​၍ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​ရှောင်​ကြဉ်​ရန် မ​လို​ပေ။ အ​စား​အ​စာ​မှန်​သ​မျှ​ကို​ကျေး​ဇူး တော်​ချီး​မွမ်း​လျက်​ခံ​ယူ​ရ​ကြ​မည်။-
For every creature of God is good, and nothing is to be rejected, if it is received with thanksgiving.
5 အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ သန့်​စင်​စေ​ပြီး​ဖြစ်​သော​ကြောင့်​တည်း။
For it is sanctified through the word of God and prayer.
6 ဤ​ညွှန်​ကြား​ချက်​များ​ကို​ညီ​အစ်​ကို​တို့​အား ပေး​အပ်​မည်​ဆို​ပါ​မူ သင်​သည်​မိ​မိ​လိုက်​နာ သည့်​ယုံ​ကြည်​ချက်​နှင့်​မှန်​ကန်​သည့်​အ​ယူ ဝါ​ဒ​ကို​မှီ​ဝဲ​ကျင့်​သုံး​လျက် ခ​ရစ်​တော် ယေ​ရှု​၏​အ​စေ​ခံ​ကောင်း​ဖြစ်​လိမ့်​မည်။-
If you instruct the brothers of these things, you will be a good servant of Christ Jesus, nourished in the words of the faith, and of the good doctrine which you have followed.
7 တ​ရား​မဲ့​ဖြစ်​၍​ပြော​ကြား​ရန်​ပင်​မ​သင့်​လျော် သည့်​ဒဏ္ဍာ​ရီ​များ​ကို​ရှောင်​လော့။ ဘု​ရား​ဝတ်​၌ မွေ့​လျော်​တတ်​ရန်​မိ​မိ​ကိုယ်​ကို​လေ့​ကျင့်​ပေး လော့။-
But have nothing to do with irreverent and silly myths. And train yourself for godliness.
8 ကာ​ယ​ဆိုင်​ရာ​လေ့​ကျင့်​မှု​သည်​အ​ကျိုး​ပေး​သင့် သ​လောက်​ပေး​၏။ ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​လေ့​ကျင့်​မှု သည်​ကား​ယ​ခု​ဘ​ဝ​နောင်​ဘ​ဝ​အ​တွက်​အ​ရာ ရာ​၌​အ​ကျိုး​ကို​ပေး​၏။-
For bodily exercise has some value, but godliness has value in all things, having the promise of the life which is now, and of that which is to come.
9 ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​သ​ဖြင့် အ​ကြွင်း​မဲ့​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။-
This saying is faithful and worthy of all acceptance.
10 ၁၀ ငါ​တို့​သည်​ကြိုး​စား​အား​ထုတ်​လုပ်​ဆောင်​လျက် နေ​ကြ​ခြင်း​မှာ လူ​အ​ပေါင်း​တို့​၏​ကယ်​တင်​ရှင် အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​တို့​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​ကိုး​စား​ကြ​သော​ကြောင့်​ဖြစ်​၏။
For to this end we both labor and strive, because we have set our trust in the living God, who is the Savior of all people, especially of those who believe.
11 ၁၁ ယ​ခု​ဆို​ခဲ့​သည်​အ​တိုင်း​ညွှန်​ကြား​၍​သြ​ဝါ​ဒ ပေး​လော့။
Command and teach these things.
12 ၁၂ အ​သက်​ငယ်​ရွယ်​သူ​ဖြစ်​သည့်​အ​တွက်​သင့် အား​အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။ သင် ၏​အ​ပြော​အ​ဆို၊ အ​ပြု​အ​မူ၊ ချစ်​ခြင်း၊ သစ္စာ ရှိ​ခြင်း၊ စိတ်​နှ​လုံး​စင်​ကြယ်​ခြင်း​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက်​စံ​န​မူ​နာ​ဖြစ်​စေ လော့။-
Let no one despise your youth; but be an example to those who believe, in word, in your way of life, in love, in faith, and in purity.
13 ၁၃ ငါ​လာ​သည်​တိုင်​အောင်​လူ​ပ​ရိ​သတ်​ရှေ့ ကျမ်း​စာ​တော်​ကို​ဖတ်​ခြင်း၊ တ​ရား​ဟော​ခြင်း၊ သွန်​သင်​ဆုံး​မ​ခြင်း​တို့​ကို​ဂ​ရု​ပြု​လော့။-
Until I come, pay attention to reading, to exhortation, and to teaching.
14 ၁၄ ပ​ရော​ဖက်​များ​မိန့်​ကြား​၍​သင်း​အုပ်​များ​က သင့်​အား​သိက္ခာ​တင်​မင်္ဂ​လာ​ပေး​ချိန်​တွင် သင်​ခံ ယူ​ရ​ရှိ​သည့်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​လျစ်​လူ မ​ရှု​နှင့်။-
Do not neglect the gift that is in you, which was given to you by prophecy, with the laying on of the hands of the elders.
15 ၁၅ လူ​အ​ပေါင်း​တို့​သည်​သင်​၏​တိုး​တက်​ခြင်း​ကို တွေ့​ရှိ​နိုင်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့် တာ​ဝန်​ဝတ္တ​ရား​တို့​ကို​စိတ်​ဝင်​စား​၍​ဆောင် ရွက်​လော့။-
Be diligent in these things. Give yourself wholly to them, that your progress may be revealed to all.
16 ၁၆ သို့​ပြု​လျှင်​သင်​နှင့်​တ​ကွ​သင်​၏​တ​ရား​ကို ကြား​နာ​ရ​သူ​အ​ပေါင်း​တို့​သည်​ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။
Pay attention to yourself, and to your teaching. Continue in these things, for in doing this you will save both yourself and those who hear you.

< ၁ တိမောသေ 4 >