< ၁ တိမောသေ 3 >
1 ၁ အသင်းတော်၏ခေါင်းဆောင်ဖြစ်ရန်မျှော်မှန်း သူသည်မွန်မြတ်သည့်အမှုအရာကိုလို လားတောင့်တသူဖြစ်၏ဟူသောစကား သည်မှန်ပေ၏။-
Esta é uma palavra fiel: Se alguém deseja o episcopado, excelente obra deseja.
2 ၂ အသင်းတော်ကိုခေါင်းဆောင်သူသည်အပြစ် ဆိုဖွယ်မရှိသူဖြစ်ရမည်။ ထိုသူ၌ဇနီး တစ်ယောက်သာရှိရမည်။ သူသည်သမ္မာသတိ ရှိသူ၊ ဣန္ဒြေစောင့်စည်းသူ၊ လျောက်ပတ်စွာနေထိုင် ကျင့်ကြံသူဖြစ်ရမည်။ ဧည့်ဝတ်ကျေပွန်သူ ဖြစ်ရမည်။ သင်ကြားတတ်သူဖြစ်ရမည်။-
Convém pois que o bispo seja irrepreensível, marido de uma mulher, vigilante, sóbrio, honesto, hospitaleiro, apto para ensinar;
3 ၃ သေသောက်ကြူးသူမဖြစ်စေရ။ သူသည် ကြမ်းတမ်းသူမဟုတ်ဘဲနူးညံ့သိမ်မွေ့သူ၊ ငြိမ်းချမ်းမှုကိုလိုလားသူဖြစ်ရမည်။ ငွေ ကိုခုံမင်တပ်မက်သူမဖြစ်ရ။-
Não dado ao vinho, não espancador, não cobiçoso de torpe ganância, mas moderado, não contencioso, não avarento;
4 ၄ သူသည်မိမိ၏အိမ်ထောင်ကိုကောင်းစွာအုပ် ထိန်းနိုင်လျက် သားသမီးများ၏နာခံလေး စားမှုကိုရရှိသူဖြစ်ရမည်။-
Que governe bem a sua própria casa, tendo seus filhos em sujeição, com toda a modéstia;
5 ၅ မိမိ၏အိမ်ထောင်ကိုမအုပ်မထိန်းနိုင်သူသည် ဘုရားသခင်၏အသင်းတော်ကိုအဘယ်သို့ လျှင်အုပ်ထိန်းနိုင်ပါမည်နည်း။-
(Porque, se alguém não sabe governar a sua própria casa, como terá cuidado da igreja de Deus?)
6 ၆ သူသည်မကြာမီကမှခရစ်ယာန်ဘာသာ သို့ကူးပြောင်းလာသူမဖြစ်စေရ။ သို့မှသာ သူသည်မိမိကိုယ်ကိုအထင်ကြီးလာသဖြင့် မာရ်နတ်နည်းတူအပြစ်ဒဏ်စီရင်ခြင်းခံရ မည်မဟုတ်။-
Não neófito, para que, ensoberbecendo-se, não caia na condenação do diabo.
7 ၇ ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန်နှင့်မာရ်နတ် ၏ကျော့ကွင်းထဲသို့မကျရောက်စေရန်သူ သည်အသင်းတော်အပရှိလူတို့၏ရိုသေ လေးစားမှုကိုခံရသူဖြစ်ရမည်။
Convém também que tenha bom testemunho dos que estão de fora, para que não caia em afronta, e no laço do diabo.
8 ၈ သင်းထောက်လူကြီးများသည်လည်းစာရိတ္တ ကောင်းမွန်၍ဟန်ဆောင်မှုမရှိသူများဖြစ် ရမည်။ သူတို့သည်သေသောက်ကြူးသူများ၊ ငွေကိုတပ်မက်သူများမဖြစ်စေရ။-
Da mesma sorte os diáconos sejam honestos, não de língua dobre não dados a muito vinho, não cobiçosos de torpe ganância;
9 ၉ ငါတို့ဘာသာတရားနှင့်ဆိုင်သောနက်နဲ သောသစ္စာတရားများကိုသြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်လက်ခံသူများဖြစ်ရကြမည်။-
Tendo o mistério da fé em uma pura consciência.
10 ၁၀ သူတို့အားဦးစွာစစ်ဆေး၍အပြစ်ကင်းမှ အမှုတော်ဆောင်ခွင့်ပြုကြလော့။-
E também estes sejam primeiro provados, depois sirvam, se forem irrepreensíveis.
11 ၁၁ သူတို့၏ဇနီးများသည်လည်းစာရိတ္တကောင်း မွန်သူများဖြစ်ရမည်။ အတင်းပြောဆိုတတ် သူများမဖြစ်စေရ။ ဣန္ဒြေရှိသူ၊ အရာရာ၌ ရိုးသားဖြောင့်မတ်သူများဖြစ်ရကြမည်။-
Da mesma sorte as suas mulheres sejam honestas, não maldizentes, sóbrias e fieis em todas as coisas.
12 ၁၂ သင်းထောက်လူကြီး၌ဇနီးတစ်ယောက်သာ ရှိရမည်။ သူသည်မိမိ၏သားသမီးများနှင့် အိမ်ထောင်ကိုကောင်းစွာအုပ်ထိန်းနိုင်သူဖြစ် ရမည်။-
Os diáconos sejam maridos de uma mulher, e governem bem a seus filhos e a suas próprias casas.
13 ၁၃ မိမိတို့၏အလုပ်တာဝန်ကိုအောင်မြင်စွာ ဆောင်ရွက်ကြသောသင်းထောက်လူကြီးများ သည်ဂုဏ်ရည်မြင့်လျက် မိမိတို့၏ခရစ်တော် ကိုယုံကြည်ခြင်းအကြောင်းတရားကို ရဲရင့်စွာဟောပြောနိုင်ကြ၏။
Porque os que servirem bem, adquirirão para si um bom grau, e muita confiança na fé que há em Cristo Jesus.
14 ၁၄ ငါသည်ဤစာကိုရေးနေချိန်၌သင့်ထံသို့ မကြာမီလာရောက်ရန်မျှော်လင့်လျက်ရှိ၏။-
Escrevo-te estas coisas, esperando ir vêr-te bem depressa;
15 ၁၅ သို့ရာတွင်အကယ်၍ငါလာရောက်ရန်နှောင့်နှေး ကြန့်ကြာနေခဲ့သော် ဘုရားသခင်၏အိမ်ထောင် စုသားတို့အဘယ်သို့ပြုမူကျင့်ကြံသင့်သည် ကိုသင်သိရှိနိုင်စေရန် ဤစာကိုရေးလိုက်ရ ခြင်းဖြစ်ပေသည်။ ထိုအိမ်ထောင်စုကားအသက် ရှင်တော်မူသောဘုရားသခင်၏အသင်းတော် ပင်တည်း။ ထိုအသင်းတော်သည်သမ္မာတရား၏ မဏ္ဍိုင်ဖြစ်၏။-
Mas, se tardar, para que saibas como convém andar na casa de Deus, que é a igreja de Deus vivo, a coluna e firmeza da verdade.
16 ၁၆ ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
E sem dúvida alguma grande é o mistério da piedade: Deus foi manifestado em carne, foi justificado em espírito, visto dos anjos, pregado aos gentios, crido no mundo, e recebido acima na glória.