< ၁ တိမောသေ 2 >
1 ၁ သို့ဖြစ်၍ပထမဦးစွာလူအပေါင်းတို့ အတွက် ဘုရားသခင်အားလျှောက်ထား အသနားခံခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ တောင်းခံခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်း ခြင်းတို့ကိုပြုကြရန်ငါတိုက်တွန်း၏။-
Bhai sha ntai kaje, nnjuganje na tenda eja kwa a Nnungu, kwa ligongo lya bhandunji bhowe,
2 ၂ ငါတို့သည်ဘုရားဝတ်၌မွေ့လျော်ကာ ငြိမ်းချမ်းသာယာစွာနေနိုင်ကြမည် အကြောင်း ရှင်ဘုရင်များနှင့်အာဏာပိုင် အပေါင်းတို့အတွက် ဆုတောင်းပတ္ထနာ ပြုကြလော့။-
kwa ligongo lya bhapalume, na bhowe bhakwetenje ukulungwa, nkupinga tutame ndamo ja ulele pamo na kwaakuya a Nnugnu, na ndamo ja ukonjelo na gundu.
3 ၃ ဤအမှုသည်ကောင်းမြတ်သောအမှု၊ ငါတို့ ၏ကယ်တင်ရှင်ဘုရားသခင်နှစ်သက်တော် မူသောအမှုဖြစ်၏။-
Shene shindushi ni sha mmbone, shikwaanonyela a Nnungu, bhaatapula bhetu,
4 ၄ လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။-
bhaapinga bhandu bhowe bhatapulwanje, na kuimanya indu ya kweli.
5 ၅ ဘုရားသည်တစ်ဆူတည်းရှိတော်မူ၍ဘုရား နှင့်လူအကြားတွင် စေ့စပ်ပေးသူလူခရစ် တော်ယေရှုတစ်ပါးတည်းသာရှိပေသည်။-
Pabha bhapali a Nnungu bhamope, na bhapali bhaalundanya bhamo, bhaalundanya bhandu na a Nnungu, ni mundu, a Yeshu Kilishitu,
6 ၆ ကိုယ်တော်သည်လူအပေါင်းတို့ကိုကယ်တင် တော်မူရန်မိမိကိုယ်ကိုစွန့်တော်မူ၏။ ဤကား အချိန်သင့်သောအခါလူအပေါင်းတို့အား ကယ်တင်ရန်ဘုရားသခင်အလိုရှိတော်မူ ကြောင်းသက်သေပြခြင်းပင်ဖြစ်သတည်း။-
bhene bhaishoshiye bhayene kwaatapulanga bhandu bhowe. Gwenego pugwaaliji ukong'ondelo, gakaishileje malanga gakwe ga pwaa, kuti a Nnungu bhanapinga kwaatapulanga bhandu bhowe.
7 ၇ သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားတမန်တော် အဖြစ်ဖြင့်လည်းကောင်း၊ လူမျိုးခြားတို့၏ ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း တရားနှင့်သမ္မာတရားတော်ကိုဟောပြော သွန်သင်ရန်ခန့်ထားတော်မူ၏။ ငါသည်မုသား စကားကိုပြောနေသည်မဟုတ်။ မှန်သော စကားကိုပြောနေခြင်းဖြစ်သည်။
Kwa lyene ligongolyo, njibhikwa kubha ntume, na nkulunguya, na nkujiganya, ku bhandu bhangabha Bhayaudi, ga ntenga gwa ngulupai na kweli. Ngunabheleketa kweli nngabha unami.
8 ၈ ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။-
Bhai, shingupinga nne, popowe punkuimananga nkujuga, ngunaapinga bhanabhalume bhaajuganje a Nnungu, akuno bhajinwilenje makono gamatakaywe, bhalijuganga gwangali nnjimwa wala mitau.
9 ၉ အမျိုးသမီးတို့အားလည်းလျောက်ပတ် တင့်တယ်စွာဝတ်စားဆင်ယင်ကြစေလို၏။ ဆံပင်ကိုအလှထုံးခြင်း၊ ရွှေ၊ ပုလဲသို့ မဟုတ်အဖိုးထိုက်သည့်အဝတ်တန်ဆာ များကိုဝတ်ဆင်ခြင်းတို့ကိုမပြုသင့်ကြ။-
Nneyo peyo, bhanabhakongwe bhawalanje nngubho ya mmbone, na ya shigundu, na ya langula kwiitimalika ntima, na nngabha kwiikelengelela kwa tibha umbo, wala kwa shaabhu na lulu, eu nngubho ya galama.
10 ၁၀ သူတို့သည်ဘုရားဝတ်၌မွေ့လျော်သူများ ပြုသင့်သည့်အတိုင်း ကောင်းမြတ်သောအကျင့် များဖြင့်မိမိတို့ကိုယ်ကိုတန်ဆာဆင်ကြ ရ၏။-
Ikabheje kwa itendi ya mmbone, malinga shibhaapinjikwanga bhanabhakongwe bhakwaajogopanga a Nnungu.
11 ၁၁ အမျိုးသမီးတို့သည်ကျိုးနွံစွာဆိတ်ဆိတ် သင်ယူကြစေ။-
Bhanabhakongwe bhaijiganyanje kwa kwiitimalika, akuno bhalikundanga yowe.
12 ၁၂ သွန်သင်မှုကိုသော်လည်းကောင်း၊ အမျိုးသား တို့အပေါ်တွင်အာဏာပြမှုကိုသော်လည်း ကောင်း အမျိုးသမီးတို့အားငါခွင့်မပြု။ သူတို့သည်တိတ်ဆိတ်စွာနေရမည်။-
Nne nguti, jwankongwe anannjiganye wala kuntagwala jwannume, ikabhe aitimalishe.
13 ၁၃ အာဒံကိုဦးစွာဖန်ဆင်းတော်မူပြီးမှဧဝ ကိုဖန်ဆင်းတော်မူပေသည်။-
Pabha a Adamu ni bhatandwibhe kupanganywa, kungai a Awa.
14 ၁၄ လှည့်စားခြင်းကိုခံရသူမှာလည်းအာဒံ မဟုတ်။ အမျိုးသမီးသာလျှင်လှည့်စားခြင်း ကိုခံရ၍ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ပေသည်။-
Na wala a Adamu bhangatembwa, ikabhe bhakongwe ni bhatembilwe, gubhajinjile muilebho.
15 ၁၅ သို့ရာတွင်အမျိုးသမီးတို့သည်ဣန္ဒြေစောင့် လျက်ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းမြင့် မြတ်ခြင်းပါရမီတို့၌ဆက်လက်ကြီးပွား ကြပါမူမိမိတို့သားဖွားပေးရကြသည့် အတွက်ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။
Ikabheje, bhakongwe shibhatapulwe kwa bheleka bhana, ibhaga shibhalonjeye nngulupai na nkupingana, na ukonjelo, na ntima gwa kwiitimalika.