< ၁ တိမောသေ 2 >
1 ၁ သို့ဖြစ်၍ပထမဦးစွာလူအပေါင်းတို့ အတွက် ဘုရားသခင်အားလျှောက်ထား အသနားခံခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ တောင်းခံခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်း ခြင်းတို့ကိုပြုကြရန်ငါတိုက်တွန်း၏။-
そこで、まず初めに、このことを勧めます。すべての人のために、また王とすべての高い地位にある人たちのために願い、祈り、とりなし、感謝がささげられるようにしなさい。
2 ၂ ငါတို့သည်ဘုရားဝတ်၌မွေ့လျော်ကာ ငြိမ်းချမ်းသာယာစွာနေနိုင်ကြမည် အကြောင်း ရှင်ဘုရင်များနှင့်အာဏာပိုင် အပေါင်းတို့အတွက် ဆုတောင်းပတ္ထနာ ပြုကြလော့။-
それは、私たちが敬虔に、また、威厳をもって、平安で静かな一生を過ごすためです。
3 ၃ ဤအမှုသည်ကောင်းမြတ်သောအမှု၊ ငါတို့ ၏ကယ်တင်ရှင်ဘုရားသခင်နှစ်သက်တော် မူသောအမှုဖြစ်၏။-
そうすることは、私たちの救い主である神の御前において良いことであり、喜ばれることなのです。
4 ၄ လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။-
神は、すべての人が救われて、真理を知るようになるのを望んでおられます。
5 ၅ ဘုရားသည်တစ်ဆူတည်းရှိတော်မူ၍ဘုရား နှင့်လူအကြားတွင် စေ့စပ်ပေးသူလူခရစ် တော်ယေရှုတစ်ပါးတည်းသာရှိပေသည်။-
神は唯一です。また、神と人との間の仲介者も唯一であって、それは人としてのキリスト・イエスです。
6 ၆ ကိုယ်တော်သည်လူအပေါင်းတို့ကိုကယ်တင် တော်မူရန်မိမိကိုယ်ကိုစွန့်တော်မူ၏။ ဤကား အချိန်သင့်သောအခါလူအပေါင်းတို့အား ကယ်တင်ရန်ဘုရားသခင်အလိုရှိတော်မူ ကြောင်းသက်သေပြခြင်းပင်ဖြစ်သတည်း။-
キリストは、すべての人の贖いの代価として、ご自身をお与えになりました。これが時至ってなされたあかしなのです。
7 ၇ သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားတမန်တော် အဖြစ်ဖြင့်လည်းကောင်း၊ လူမျိုးခြားတို့၏ ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း တရားနှင့်သမ္မာတရားတော်ကိုဟောပြော သွန်သင်ရန်ခန့်ထားတော်မူ၏။ ငါသည်မုသား စကားကိုပြောနေသည်မဟုတ်။ မှန်သော စကားကိုပြောနေခြင်းဖြစ်သည်။
そのあかしのために、私は宣伝者また使徒に任じられ――私は真実を言っており、うそは言いません。――信仰と真理を異邦人に教える教師とされました。
8 ၈ ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။-
ですから、私は願うのです。男は、怒ったり言い争ったりすることなく、どこででもきよい手を上げて祈るようにしなさい。
9 ၉ အမျိုးသမီးတို့အားလည်းလျောက်ပတ် တင့်တယ်စွာဝတ်စားဆင်ယင်ကြစေလို၏။ ဆံပင်ကိုအလှထုံးခြင်း၊ ရွှေ၊ ပုလဲသို့ မဟုတ်အဖိုးထိုက်သည့်အဝတ်တန်ဆာ များကိုဝတ်ဆင်ခြင်းတို့ကိုမပြုသင့်ကြ။-
同じように女も、つつましい身なりで、控えめに慎み深く身を飾り、はでな髪の形とか、金や真珠や高価な衣服によってではなく、
10 ၁၀ သူတို့သည်ဘုရားဝတ်၌မွေ့လျော်သူများ ပြုသင့်သည့်အတိုင်း ကောင်းမြတ်သောအကျင့် များဖြင့်မိမိတို့ကိုယ်ကိုတန်ဆာဆင်ကြ ရ၏။-
むしろ、神を敬うと言っている女にふさわしく、良い行ないを自分の飾りとしなさい。
11 ၁၁ အမျိုးသမီးတို့သည်ကျိုးနွံစွာဆိတ်ဆိတ် သင်ယူကြစေ။-
女は、静かにして、よく従う心をもって教えを受けなさい。
12 ၁၂ သွန်သင်မှုကိုသော်လည်းကောင်း၊ အမျိုးသား တို့အပေါ်တွင်အာဏာပြမှုကိုသော်လည်း ကောင်း အမျိုးသမီးတို့အားငါခွင့်မပြု။ သူတို့သည်တိတ်ဆိတ်စွာနေရမည်။-
私は、女が教えたり男を支配したりすることを許しません。ただ、黙っていなさい。
13 ၁၃ အာဒံကိုဦးစွာဖန်ဆင်းတော်မူပြီးမှဧဝ ကိုဖန်ဆင်းတော်မူပေသည်။-
アダムが初めに造られ、次にエバが造られたからです。
14 ၁၄ လှည့်စားခြင်းကိုခံရသူမှာလည်းအာဒံ မဟုတ်။ အမျိုးသမီးသာလျှင်လှည့်စားခြင်း ကိုခံရ၍ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ပေသည်။-
また、アダムは惑わされなかったが、女は惑わされてしまい、あやまちを犯しました。
15 ၁၅ သို့ရာတွင်အမျိုးသမီးတို့သည်ဣန္ဒြေစောင့် လျက်ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းမြင့် မြတ်ခြင်းပါရမီတို့၌ဆက်လက်ကြီးပွား ကြပါမူမိမိတို့သားဖွားပေးရကြသည့် အတွက်ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။
しかし、女が慎みをもって、信仰と愛ときよさとを保つなら、子を産むことによって救われます。