< ၁ သက်သာလောနိတ် 5 >
1 ၁ ညီအစ်ကိုတို့၊ ဤအမှုများဖြစ်ပျက်မည့် အချိန်ကာလအကြောင်းကိုသင်တို့အား ရေးသားရန်မလို။-
O časih pa in prilikah, bratje, ni treba da se vam piše;
2 ၂ သခင်ဘုရားကြွလာတော်မူရာနေ့ရက်သည် ညဥ့်အခါသူခိုးလာသကဲ့သို့မမျှော်မလင့် ဘဲရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။-
Kajti sami veste na tanko, da dan Gospodov, kakor tat ponoči, tako pride;
3 ၃ ``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-
Ko namreč pravijo: Mir in varnost, tedaj jih mahoma doleti poguba, kakor porodne bolečine nosečo, in ušli ne bodo.
4 ၄ သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့မူကားမှောင်မိုက် တွင်နေသူများမဟုတ်သဖြင့် သခင်ဘုရား ကြွလာတော်မူရာနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ထံသို့တိတ်တဆိတ်ရောက်ရှိ၍မလာ နိုင်။-
Vi pa, bratje, niste v temi, da vas dan zagrabi kakor tat;
5 ၅ သင်တို့အားလုံးပင်အလင်းတွင်လည်းကောင်း၊ နေ့ တွင်လည်းကောင်းကျင်လည်သူများဖြစ်ကြ၏။ ငါ တို့သည်ညဥ့်တွင်လည်းကောင်းမှောင်မိုက်တွင်လည်း ကောင်းကျင်လည်သူများမဟုတ်။-
Vi vsi ste luči sinovi in sinovi dneva; nismo od noči ali temé.
6 ၆ သို့ဖြစ်၍ငါတို့သည်အခြားသူများကဲ့သို့ အိပ်ပျော်၍မနေရကြ။ နိုးနိုးကြားကြားရှိ ရကြမည်။ သမ္မာသတိရှိရကြမည်။-
Torej ne spimo kakor tudi drugi, nego čujmo in trezni bodimo.
7 ၇ လူတို့သည်ညဥ့်အခါ၌အိပ်တတ်ကြ၏။ ညဥ့် အခါ၌သေရည်သေရက်မူးယစ်တတ်ကြ၏။-
Kajti speči spé ponoči, in upijanjajoči se upijanjajo se ponoči;
8 ၈ သို့ရာတွင်ငါတို့သည်နေ့အချိန်၌ကျင်လည် သူများဖြစ်ကြသဖြင့် သမ္မာသတိရှိကြကုန် အံ့။ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတည်းဟူ သောရင်အုပ်တန်ဆာကိုတပ်ဆင်လျက် ကယ်တင် ခြင်းခံရရန်မျှော်လင့်ခြင်းတည်းဟူသောသံ ခမောက်ကိုဆောင်းကြကုန်အံ့။-
Mi pa, ki smo od dneva, bodimo trezni, ter oblecimo oklep vere in ljubezni, in za šlem upanje blaginje;
9 ၉ ဘုရားသခင်သည်ငါတို့အားအမျက်တော် သင့်စေရန်ရွေးကောက်တော်မူသည်မဟုတ်။ အရှင် သခင်ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်း ခံရကြစေရန်ရွေးကောက်တော်မူ၏။-
Kajti ni nas Bog pripravil za jezo, nego za zadobljenje blaginje po Gospodu našem Jezusu Kristusu,
10 ၁၀ ခရစ်တော်ကြွလာတော်မူချိန်၌ငါတို့သည် သေလွန်ပြီးသည်ဖြစ်စေ၊ ရှင်လျက်နေသည် ဖြစ်စေ ကိုယ်တော်နှင့်အတူအသက်ရှင်ခွင့်ကို ရရှိနိုင်ကြစေရန် ကိုယ်တော်သည်ငါတို့အတွက် အသက်တော်ကိုစွန့်တော်မူပေသည်။-
Kateri je umrl za nas, da, naj čujemo ali spimo, z njem vred živimo.
11 ၁၁ သို့ဖြစ်၍သင်တို့သည်အချင်းချင်းတစ်ယောက် ကိုတစ်ယောက်အားပေးကူညီမှုကို ယခုကျင့် သုံးနေသကဲ့သို့ဆက်လက်၍ကျင့်သုံးကြလော့။
Zato opominjajte se med seboj in izpodbujajte drug druzega, kakor tudi delate.
12 ၁၂ ညီအစ်ကိုတို့၊ သင်တို့ထံတွင်အမှုတော်ကို ဆောင်ရွက်နေသော၊ သင်တို့အားလမ်းပြသွန် သင်ရန် သခင်ဘုရားခန့်ထားတော်မူသော သူများကိုကြည်ညိုလေးစားကြရန်ငါတို့ တိုက်တွန်း၏။-
Prosimo pa vas, bratje, da znate nje, ki se trudijo med vami, in so vam predpostavljeni v Gospodu in vas svaré,
13 ၁၃ သူတို့ဆောင်ရွက်ကြသည့်အမှုတော်ကိုထောက် ၍ သူတို့အားအထူးရိုသေချစ်ခင်ကြလော့။ သင်တို့အချင်းချင်းသင့်မြတ်စွာနေကြလော့။
In da jih visoko čislate v ljubezni za njih delo. Mirujte med seboj.
14 ၁၄ ညီအစ်ကိုတို့၊ အပျင်းကြီးသူတို့ကိုသတိပေး ကြလော့။ ကြောက်တတ်သူတို့ကိုအားပေးကြ လော့။ အားနည်းသူတို့ကိုကူညီကြလော့။ လူ ခပ်သိမ်းတို့အပေါ်တွင်စိတ်ရှည်ကြလော့။-
Opominjamo pa vas, bratje, svarite neredne, prigovarjajte malodušnim, skrbite za slabotne, potrpežljivi boditi z vsemi.
15 ၁၅ အဘယ်သူမျှရန်တုံ့မမူစေနှင့်။ အချင်းချင်း တို့၏ကောင်းကျိုးနှင့်လူခပ်သိမ်းတို့၏ကောင်း ကျိုးကို အစဉ်အမြဲရှာရန်ကြိုးစားအား ထုတ်လော့။
Glejte, da ne vrne kdo komu hudega za hudo, nego vedno za dobrim hodite med seboj in proti vsem.
16 ၁၆ အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်ကြလော့။-
Radujte se vedno!
17 ၁၇ အခါမလပ်ဆုတောင်းပတ္ထနာပြုကြလော့။-
Molite neprestano!
18 ၁၈ အဘယ်အခြေအနေနှင့်ရင်ဆိုင်ရသည်မဆို ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ သင်တို့သည် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ် လျက် ဤသို့ပြုကျင့်ကြစေရန်ဘုရားသခင် အလိုရှိတော်မူ၏။
Hvaležni bodite v vsem; kajti to je volja Božja v Kristusu Jezusu za vas.
19 ၁၉ သန့်ရှင်းသောဝိညာဉ်တော်ကိုမဆီးတားကြနှင့်။-
Duha ne gasite.
20 ၂၀ ဝိညာဉ်တော်နှိုးဆော်ခြင်းအားဖြင့်ဟောပြော သည့်တရားဒေသနာများကို အဘယ်အခါ ၌မျှမထီမဲ့မြင်မပြုကြနှင့်။-
Prerokovanj ne zaničujte.
21 ၂၁ အရာခပ်သိမ်းတို့ကိုစစ်ဆေးပြီးလျှင် ကောင်း သည့်အရာတို့ကိုခံယူ၍၊-
Poskusite vse, dobro ohranite.
22 ၂၂ မကောင်းသည့်အရာမှန်သမျှကိုရှောင်ကြလော့။
Vsakoršnega hudega se zdržujte.
23 ၂၃ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အားအကုန်အစင်သန့်ရှင်းဖြူစင်စေ တော်မူပါစေသော။ ငါတို့အရှင်သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၌ သင်တို့ သည်အပြစ်ဆိုဖွယ်မရှိကြစေရန်ဘုရား သခင်သည် သင်တို့၏ကိုယ်စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေသော။-
On pa, Bog mirú, posvéti vas cele, in duh vaš popoln, in duša in telo naj se ohrani brez krivice o prihodu Gospoda našega Jezusa Kristusa.
24 ၂၄ သင်တို့အားခေါ်ယူရွေးကောက်တော်မူသော အရှင်သည်သစ္စာရှိတော်မူသည်ဖြစ်၍ဤသို့ ပြုတော်မူလိမ့်မည်။
Zvest je, ki vaš kliče, kateri bode tudi storil.
25 ၂၅ ညီအစ်ကိုတို့၊ ငါတို့အဖို့လည်းဆုတောင်းကြ လော့။
Bratje, molite za nas.
26 ၂၆ ယုံကြည်သူအပေါင်းတို့အားသန့်ရှင်းသော နမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။
Pozdravite brate vse v svetem poljubu.
27 ၂၇ ငါသည်သခင်ဘုရားအပ်နှင်းတော်မူသော အခွင့်အာဏာအရ ဤစာကိုယုံကြည်သူ အပေါင်းတို့အားဖတ်ပြကြရန်သင်တို့ကို တိုက်တွန်း၏။
Rotim vas pri Gospodu, da se naj list bere vsem svetim bratom.
28 ၂၈ ငါတို့အရှင်သခင်ယေရှုခရစ်၏ကျေးဇူး တော်ကိုသင်တို့ခံစားရကြပါစေသော။ သက်သာလောနိတ်သြဝါဒစာပထမ စောင်ပြီး၏။
Milost Gospoda našega Jezusa Kristusa z vami! Amen. Tesaloničanom list prvi pisan iz Atén.