< ၁ သက်သာလောနိတ် 5 >

1 ညီ​အစ်​ကို​တို့၊ ဤ​အ​မှု​များ​ဖြစ်​ပျက်​မည့် အ​ချိန်​ကာ​လ​အ​ကြောင်း​ကို​သင်​တို့​အား ရေး​သား​ရန်​မ​လို။-
hē bhrātaraḥ, kālān samayāṁścādhi yuṣmān prati mama likhanaṁ niṣprayōjanaṁ,
2 သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ရာ​နေ့​ရက်​သည် ညဥ့်​အ​ခါ​သူ​ခိုး​လာ​သ​ကဲ့​သို့​မ​မျှော်​မ​လင့် ဘဲ​ရောက်​ရှိ​လာ​လိမ့်​မည်​ဖြစ်​ကြောင်း​သင်​တို့ ကောင်း​စွာ​သိ​ကြ​၏။-
yatō rātrau yādr̥k taskarastādr̥k prabhō rdinam upasthāsyatīti yūyaṁ svayamēva samyag jānītha|
3 ``အန္တ​ရာယ်​ကင်း​လျက်​သာ​ယာ​သည်'' ဟု​လူ​တို့ ပြော​ဆို​ကြ​သော​အ​ခါ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​အ​ပေါ်​သို့​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရုတ် တ​ရက်​ကျ​ရောက်​လာ​သ​ကဲ့​သို့ လူ​တို့​အ​ပေါ် သို့​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လာ​လိမ့်​မည်။-
śānti rnirvvinghatvañca vidyata iti yadā mānavā vadiṣyanti tadā prasavavēdanā yadvad garbbhinīm upatiṣṭhati tadvad akasmād vināśastān upasthāsyati tairuddhārō na lapsyatē|
4 သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​မူ​ကား​မှောင်​မိုက် တွင်​နေ​သူ​များ​မ​ဟုတ်​သ​ဖြင့် သ​ခင်​ဘု​ရား ကြွ​လာ​တော်​မူ​ရာ​နေ့​ရက်​သည် သူ​ခိုး​ကဲ့​သို့ သင်​တို့​ထံ​သို့​တိတ်​တ​ဆိတ်​ရောက်​ရှိ​၍​မ​လာ နိုင်။-
kintu hē bhrātaraḥ, yūyam andhakārēṇāvr̥tā na bhavatha tasmāt taddinaṁ taskara iva yuṣmān na prāpsyati|
5 သင်​တို့​အား​လုံး​ပင်​အ​လင်း​တွင်​လည်း​ကောင်း၊ နေ့ တွင်​လည်း​ကောင်း​ကျင်​လည်​သူ​များ​ဖြစ်​ကြ​၏။ ငါ တို့​သည်​ညဥ့်​တွင်​လည်း​ကောင်း​မှောင်​မိုက်​တွင်​လည်း ကောင်း​ကျင်​လည်​သူ​များ​မ​ဟုတ်။-
sarvvē yūyaṁ dīptēḥ santānā divāyāśca santānā bhavatha vayaṁ niśāvaṁśāstimiravaṁśā vā na bhavāmaḥ|
6 သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့ အိပ်​ပျော်​၍​မ​နေ​ရ​ကြ။ နိုး​နိုး​ကြား​ကြား​ရှိ ရ​ကြ​မည်။ သမ္မာ​သ​တိ​ရှိ​ရ​ကြ​မည်။-
atō 'parē yathā nidrāgatāḥ santi tadvad asmābhi rna bhavitavyaṁ kintu jāgaritavyaṁ sacētanaiśca bhavitavyaṁ|
7 လူ​တို့​သည်​ညဥ့်​အ​ခါ​၌​အိပ်​တတ်​ကြ​၏။ ညဥ့် အ​ခါ​၌​သေ​ရည်​သေ​ရက်​မူး​ယစ်​တတ်​ကြ​၏။-
yē nidrānti tē niśāyāmēva nidrānti tē ca mattā bhavanti tē rajanyāmēva mattā bhavanti|
8 သို့​ရာ​တွင်​ငါ​တို့​သည်​နေ့​အ​ချိန်​၌​ကျင်​လည် သူ​များ​ဖြစ်​ကြ​သ​ဖြင့် သမ္မာ​သ​တိ​ရှိ​ကြ​ကုန် အံ့။ ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တည်း​ဟူ သော​ရင်​အုပ်​တန်​ဆာ​ကို​တပ်​ဆင်​လျက် ကယ်​တင် ခြင်း​ခံ​ရ​ရန်​မျှော်​လင့်​ခြင်း​တည်း​ဟူ​သော​သံ ခ​မောက်​ကို​ဆောင်း​ကြ​ကုန်​အံ့။-
kintu vayaṁ divasasya vaṁśā bhavāmaḥ; atō 'smābhi rvakṣasi pratyayaprēmarūpaṁ kavacaṁ śirasi ca paritrāṇāśārūpaṁ śirastraṁ paridhāya sacētanai rbhavitavyaṁ|
9 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​အ​မျက်​တော် သင့်​စေ​ရန်​ရွေး​ကောက်​တော်​မူ​သည်​မ​ဟုတ်။ အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင်​ခြင်း ခံ​ရ​ကြ​စေ​ရန်​ရွေး​ကောက်​တော်​မူ​၏။-
yata īśvarō'smān krōdhē na niyujyāsmākaṁ prabhunā yīśukhrīṣṭēna paritrāṇasyādhikārē niyuktavān,
10 ၁၀ ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​တို့​သည် သေ​လွန်​ပြီး​သည်​ဖြစ်​စေ၊ ရှင်​လျက်​နေ​သည် ဖြစ်​စေ ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​စေ​ရန် ကိုယ်​တော်​သည်​ငါ​တို့​အ​တွက် အ​သက်​တော်​ကို​စွန့်​တော်​မူ​ပေ​သည်။-
jāgratō nidrāgatā vā vayaṁ yat tēna prabhunā saha jīvāmastadarthaṁ sō'smākaṁ kr̥tē prāṇān tyaktavān|
11 ၁၁ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက် ကို​တစ်​ယောက်​အား​ပေး​ကူ​ညီ​မှု​ကို ယ​ခု​ကျင့် သုံး​နေ​သ​ကဲ့​သို့​ဆက်​လက်​၍​ကျင့်​သုံး​ကြ​လော့။
ataēva yūyaṁ yadvat kurutha tadvat parasparaṁ sāntvayata susthirīkurudhvañca|
12 ၁၂ ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​တွင်​အ​မှု​တော်​ကို ဆောင်​ရွက်​နေ​သော၊ သင်​တို့​အား​လမ်း​ပြ​သွန် သင်​ရန် သ​ခင်​ဘု​ရား​ခန့်​ထား​တော်​မူ​သော သူ​များ​ကို​ကြည်​ညို​လေး​စား​ကြ​ရန်​ငါ​တို့ တိုက်​တွန်း​၏။-
hē bhrātaraḥ, yuṣmākaṁ madhyē yē janāḥ pariśramaṁ kurvvanti prabhō rnāmnā yuṣmān adhitiṣṭhantyupadiśanti ca tān yūyaṁ sammanyadhvaṁ|
13 ၁၃ သူ​တို့​ဆောင်​ရွက်​ကြ​သည့်​အ​မှု​တော်​ကို​ထောက် ၍ သူ​တို့​အား​အ​ထူး​ရို​သေ​ချစ်​ခင်​ကြ​လော့။ သင်​တို့​အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့။
svakarmmahētunā ca prēmnā tān atīvādr̥yadhvamiti mama prārthanā, yūyaṁ parasparaṁ nirvvirōdhā bhavata|
14 ၁၄ ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​တို့​ကို​သ​တိ​ပေး ကြ​လော့။ ကြောက်​တတ်​သူ​တို့​ကို​အား​ပေး​ကြ လော့။ အား​နည်း​သူ​တို့​ကို​ကူ​ညီ​ကြ​လော့။ လူ ခပ်​သိမ်း​တို့​အ​ပေါ်​တွင်​စိတ်​ရှည်​ကြ​လော့။-
hē bhrātaraḥ, yuṣmān vinayāmahē yūyam avihitācāriṇō lōkān bhartsayadhvaṁ, kṣudramanasaḥ sāntvayata, durbbalān upakuruta, sarvvān prati sahiṣṇavō bhavata ca|
15 ၁၅ အ​ဘယ်​သူ​မျှ​ရန်​တုံ့​မ​မူ​စေ​နှင့်။ အ​ချင်း​ချင်း တို့​၏​ကောင်း​ကျိုး​နှင့်​လူ​ခပ်​သိမ်း​တို့​၏​ကောင်း ကျိုး​ကို အ​စဉ်​အ​မြဲ​ရှာ​ရန်​ကြိုး​စား​အား ထုတ်​လော့။
aparaṁ kamapi pratyaniṣṭasya phalam aniṣṭaṁ kēnāpi yanna kriyēta tadarthaṁ sāvadhānā bhavata, kintu parasparaṁ sarvvān mānavāṁśca prati nityaṁ hitācāriṇō bhavata|
16 ၁၆ အ​စဉ်​မ​ပြတ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။-
sarvvadānandata|
17 ၁၇ အ​ခါ​မ​လပ်​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။-
nirantaraṁ prārthanāṁ kurudhvaṁ|
18 ၁၈ အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။
sarvvaviṣayē kr̥tajñatāṁ svīkurudhvaṁ yata ētadēva khrīṣṭayīśunā yuṣmān prati prakāśitam īśvarābhimataṁ|
19 ၁၉ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​မ​ဆီး​တား​ကြ​နှင့်။-
pavitram ātmānaṁ na nirvvāpayata|
20 ၂၀ ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​အား​ဖြင့်​ဟော​ပြော သည့်​တ​ရား​ဒေ​သ​နာ​များ​ကို အ​ဘယ်​အ​ခါ ၌​မျှ​မ​ထီ​မဲ့​မြင်​မ​ပြု​ကြ​နှင့်။-
īśvarīyādēśaṁ nāvajānīta|
21 ၂၁ အ​ရာ​ခပ်​သိမ်း​တို့​ကို​စစ်​ဆေး​ပြီး​လျှင် ကောင်း သည့်​အ​ရာ​တို့​ကို​ခံ​ယူ​၍၊-
sarvvāṇi parīkṣya yad bhadraṁ tadēva dhārayata|
22 ၂၂ မ​ကောင်း​သည့်​အ​ရာ​မှန်​သ​မျှ​ကို​ရှောင်​ကြ​လော့။
yat kimapi pāparūpaṁ bhavati tasmād dūraṁ tiṣṭhata|
23 ၂၃ ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား​အ​ကုန်​အ​စင်​သန့်​ရှင်း​ဖြူ​စင်​စေ တော်​မူ​ပါ​စေ​သော။ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု ခ​ရစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင်​တို့ သည်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ကြ​စေ​ရန်​ဘု​ရား သ​ခင်​သည် သင်​တို့​၏​ကိုယ်​စိတ်​ဝိ​ညာဉ်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​ပါ​စေ​သော။-
śāntidāyaka īśvaraḥ svayaṁ yuṣmān sampūrṇatvēna pavitrān karōtu, aparam asmatprabhō ryīśukhrīṣṭasyāgamanaṁ yāvad yuṣmākam ātmānaḥ prāṇāḥ śarīrāṇi ca nikhilāni nirddōṣatvēna rakṣyantāṁ|
24 ၂၄ သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​ရှိ​တော်​မူ​သည်​ဖြစ်​၍​ဤ​သို့ ပြု​တော်​မူ​လိမ့်​မည်။
yō yuṣmān āhvayati sa viśvasanīyō'taḥ sa tat sādhayiṣyati|
25 ၂၅ ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဖို့​လည်း​ဆု​တောင်း​ကြ လော့။
hē bhrātaraḥ, asmākaṁ kr̥tē prārthanāṁ kurudhvaṁ|
26 ၂၆ ယုံ​ကြည်​သူ​အ​ပေါင်း​တို့​အား​သန့်​ရှင်း​သော နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။
pavitracumbanēna sarvvān bhrātr̥n prati satkurudhvaṁ|
27 ၂၇ ငါ​သည်​သ​ခင်​ဘု​ရား​အပ်​နှင်း​တော်​မူ​သော အ​ခွင့်​အာ​ဏာ​အ​ရ ဤ​စာ​ကို​ယုံ​ကြည်​သူ အ​ပေါင်း​တို့​အား​ဖတ်​ပြ​ကြ​ရန်​သင်​တို့​ကို တိုက်​တွန်း​၏။
patramidaṁ sarvvēṣāṁ pavitrāṇāṁ bhrātr̥ṇāṁ śrutigōcarē yuṣmābhiḥ paṭhyatāmiti prabhō rnāmnā yuṣmān śapayāmi|
28 ၂၈ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး တော်​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သော။ သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ပ​ထ​မ စောင်​ပြီး​၏။
asmākaṁ prabhō ryīśukhrīṣṭasyānugratē yuṣmāsu bhūyāt| āmēn|

< ၁ သက်သာလောနိတ် 5 >