< ၁ သက်သာလောနိတ် 4 >

1 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​စေ​ရန်​အ​ဘယ်​သို့​ပြု​မူ ကျင့်​ကြံ​ရ​မည်​ကို သင်​တို့​အား​ငါ​တို့​သွန် သင်​ပြီး​ဖြစ်​ပေ​သည်။ သင်​တို့​သည်​ငါ​တို့ သွန်​သင်​သည့်​အ​တိုင်း​ပြု​ကျင့်​လျက်​ရှိ​ကြ သည်​မှန်​သော်​လည်း၊ ထို​ထက်​ပို​၍​ကြိုး​စား အား​ထုတ်​ကြ​ရန်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​ငါ​တို့​အ​ထူး​တိုက် တွန်း​လို​၏။-
Finally then, my brothers, I continue to beseech and exhort you in the Lord Jesus, that, as you learned of me how to walk so as to please God - and you are actually doing so - that you abound in it yet more and more.
2 သင်​တို့​အ​ဘယ်​သို့​ပြု​ကျင့်​ရ​မည်​နှင့်​ပတ် သက်​၍ သ​ခင်​ယေ​ရှု​ပေး​အပ်​ထား​သည့် အ​ခွင့်​အာ​ဏာ​အ​ရ၊ သင်​တို့​အား​ငါ​တို့ ညွှန်​ကြား​ထား​သည့်​အ​ချက်​များ​ကို​သင် တို့​သိ​ကြ​၏။-
For you know what charges I laid upon you through the Lord Jesus.
3 ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​သန့်​ရှင်း မြင့်​မြတ်​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​လွန်​ကူး မှု​နှင့်​လုံး​ဝ​ကင်း​ကြ​စေ​ရန်​အ​လို​ရှိ​တော် မူ​၏။-
For this is God’s will, even your sanctification; that you should abstain from sexual vice.
4 အ​မျိုး​သား​တိုင်း​ပင်​သန့်​ရှင်း​ဖြူ​စင်​တင့်​တယ် လျောက်​ပတ်​စွာ​မိ​မိ​၏​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​တတ်​ရ​မည်။-
That each one should learn how to take a wife in purity and honor.
5 ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့ ကိ​လေ​သာ​စိတ်​၏​အ​လို​သို့​မ​လိုက်​ရ။-
Not in the passion of lust, like the Gentiles who know not God.
6 ဤ​အ​မှု​မျိုး​တွင်​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ပြစ်​မှား​ရ။ အ​ခွင့်​ကောင်း ကို​မ​ယူ​ရ။ သ​ခင်​ဘု​ရား​သည်​ဤ​အ​ပြစ် မျိုး​ကူး​လွန်​သော​သူ​တို့​အား အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ​တို့​ကြပ်​တည်း​စွာ​သ​တိ​ပေး​ပြီး​ဖြစ်​သည်။-
That no man overreach or take advantage of his brother in such matters, because "the Lord takes vengeance" in all these things, as also I repeatedly forewarned you and testified to you.
7 ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကာ​မ​ဂုဏ်​လိုက် စား​မှု​၌ မွေ့​လျော်​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ သန့်​ရှင်း​ဖြူ​စင်​စွာ​ပြု​မူ​ကျင့် ကြံ​နေ​ထိုင်​ကြ​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​ပေ​သည်။-
For God has not called us for uncleanness, but in holiness.
8 သို့​ဖြစ်​၍​ဤ​သွန်​သင်​ချက်​ကို​မ​လိုက်​လျှောက်​သူ မည်​သည်​ကား​လူ​ကို​ပစ်​ပယ်​သူ​မ​ဟုတ်။ မိ​မိ​၏ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သင်​တို့​အား​ပေး တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​သူ​ဖြစ် သ​တည်း။
So that he who rejects this is not rejecting man, but the God who gave you his Holy Spirit.
9 ယုံ​ကြည်​သူ​အ​ချင်း​ချင်း​ချစ်​ကြ​စေ​ရန်​သင် တို့​ကို​ဘု​ရား​သ​ခင်​သွန်​သင်​တော်​မူ​ခဲ့​သ​ဖြင့် သင်​တို့​အ​ချင်း​ချင်း​ချစ်​ရ​မည်​အ​ကြောင်း​နှင့် ပတ်​သက်​၍​ရေး​သား​ရန်​မ​လို။-
It is not needed that I should write to you about brotherly love; for you yourselves have been taught by God to love one another.
10 ၁၀ အ​မှန်​စင်​စစ်​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် တစ်​ပြည်​လုံး​ရှိ​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တို့​အား ချစ်​ခဲ့​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ထို​ထက်​မ​က​ပို​မို​ချစ်​ကြ​ရန် ငါ​တို့​တိုက်​တွန်း​၏။-
As indeed you do love all the brothers in Macedonia. But I exhort you, brothers, to abound in this yet more.
11 ၁၁ သင်​တို့​သည်​ယ​ခင်​က​ငါ​တို့​ညွှန်​ကြား​ခဲ့​သည့် အ​တိုင်း​ငြိမ်​ဝပ်​စွာ​နေ​ထိုင်​ရန်​လည်း​ကောင်း၊ ကိုယ့် အ​ရေး​ကိစ္စ​ကို​ဂ​ရု​စိုက်​ရန်​လည်း​ကောင်း၊ ကိုယ့် လက်​ဖြင့်​လုပ်​ကိုင်​ရန်​လည်း​ကောင်း​ကြိုး​စား အား​ထုတ်​ကြ​လော့။-
Also, that you endeavor to live quietly and to mind your own business, and to work with your hands (as I charged you).
12 ၁၂ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​အ​သင်း​တော်​ဝင် မ​ဟုတ် သူ​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​မှီ​ခို​ရန်​လည်း လို​လိမ့်​မည်​မ​ဟုတ်။
So that your conduct may be seemly toward those that are without, and that you may not need help from any man.
13 ၁၃ ညီ​အစ်​ကို​တို့၊ သေ​လွန်​ပြီး​နောက်​မျှော်​လင့်​စ​ရာ မ​ရှိ​သူ​တို့​ကဲ့​သို့ သင်​တို့​ဝမ်း​နည်း​ကြေ​ကွဲ​မှု မ​ဖြစ်​ကြ​စေ​ရန် ငါ​တို့​သည်​သေ​လွန်​သူ​များ နှင့်​ပတ်​သက်​၍​သင်​တို့​အား​အ​မှန်​တ​ရား​ကို သိ​စေ​လို​၏။-
But I would not have you ignorant, brothers, about those who are falling asleep. You must not sorrow like other men, who have no hope.
14 ၁၄ သ​ခင်​ယေ​ရှု​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် ရှင်​ပြန်​ထ​မြောက်​တော်​မူ​သည်​ဟု​ငါ​တို့​ယုံ​ကြည် သော​ကြောင့် ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​ကို​ယုံ ကြည်​လျက်​သေ​လွန်​သွား​ကုန်​သော​သူ​တို့​အား ထို​အ​ရှင်​နှင့်​အ​တူ​မိ​မိ​ထံ​တော်​သို့​ပြန်​၍ ခေါ်​ဆောင်​သွား​တော်​မူ​လိမ့်​မည်​ဟု​ငါ​တို့ ယုံ​ကြည်​ကြ​ပေ​သည်။
For if we really believe that Jesus died and rose again, so even so will God through Jesus bring with him those also who have fallen asleep.
15 ၁၅ သ​ခင်​ဘု​ရား​သွန်​သင်​တော်​မူ​ချက်​ကို​ယ​ခု ငါ​တို့​ဖော်​ပြ​ပေ​အံ့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော် မူ​သော​နေ့​၌​အ​သက်​ရှင်​လျက်​ရှိ​ကြ​သူ​ငါ​တို့ သည်​သေ​လွန်​သူ​တို့​ထက်​အ​လျင်​ရောက်​ကြ​လိမ့် မည်​မ​ဟုတ်။-
For this I tell you by the word of the Lord, that we who are living, who survive unto the coming of the Lord, will in no wise precede those who have fallen asleep.
16 ၁၆ ကြွေး​ကြော်​အ​မိန့်​ပေး​သံ၊ ကောင်း​ကင်​တ​မန်​မင်း ၏​ဟစ်​သံ၊ ဘု​ရား​သ​ခင်​၏​တံ​ပိုး​တော်​မှုတ်​သံ​ကို ကြား​ရ​သော​အ​ခါ သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​၍​သေ​လွန်​သူ​များ သည်​ဦး​စွာ​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်။-
For the Lord himself with a shout, with the voice of an archangel, and with the trumpet of God will descend from heaven. Then the dead in Christ will rise first.
17 ၁၇ ထို​နောက်​အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့ သည်​အာ​ကာ​သ​တွင်​သေ​လွန်​သူ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​နှင့်​တွေ့​ဆုံ​ရန်​မိုး​ကောင်း​ကင်​သို့ ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​ပေ​အံ့။-
And afterwards we who are alive, who remain, shall be caught up together with them in the clouds, to meet the Lord in the air; and so shall we ever be with the Lord.
18 ၁၈ သို့​ဖြစ်​၍​ဤ​စကား​များ​အား​ဖြင့်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​အား​ပေး​ကြ​လော့။
So comfort one another with these words.

< ၁ သက်သာလောနိတ် 4 >