< ၁ သက်သာလောနိတ် 4 >
1 ၁ ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-
ⲁ̅ⲖⲞⲒⲠⲞⲚ ⲚⲈⲚⲤⲚⲎⲞⲨ ⲦⲈⲚϮϨⲞ ⲈⲢⲰⲦⲈⲚ ⲞⲨⲞϨ ⲦⲈⲚⲦⲰⲂϨ ⲘⲘⲰⲦⲈⲚ ϦⲈⲚⲠϬⲞⲒⲤ ⲒⲎⲤⲞⲨⲤ ϨⲒⲚⲀ ⲔⲀⲦⲀ ⲪⲢⲎϮ ⲈⲦⲀⲢⲈⲦⲈⲚϬⲒ ⲚⲦⲞⲦⲈⲚ ⲈⲘⲞϢⲒ ⲔⲀⲦⲀ ⲪⲢⲎϮ ⲈⲦⲤⲈⲘⲠϢⲀ ⲞⲨⲞϨ ⲈⲐⲢⲀⲚⲀϤ ⲘⲪⲚⲞⲨϮ ⲔⲀⲦⲀ ⲪⲢⲎϮ ⲞⲚ ⲈⲦⲈⲦⲈⲚⲘⲞϢⲒ ϨⲒⲚⲀ ⲚⲦⲈⲦⲈⲚⲈⲢϨⲞⲨⲞ ⲘⲀⲖⲖⲞⲚ.
2 ၂ သင်တို့အဘယ်သို့ပြုကျင့်ရမည်နှင့်ပတ် သက်၍ သခင်ယေရှုပေးအပ်ထားသည့် အခွင့်အာဏာအရ၊ သင်တို့အားငါတို့ ညွှန်ကြားထားသည့်အချက်များကိုသင် တို့သိကြ၏။-
ⲃ̅ⲦⲈⲦⲈⲚⲤⲰⲞⲨⲚ ⲄⲀⲢ ⲚⲚⲒϨⲞⲚϨⲈⲚ ⲈⲦⲀⲚⲦⲎ ⲒⲦⲞⲨ ⲈⲦⲈⲚ ⲐⲎⲚⲞⲨ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲠⲈⲚϬⲞⲒⲤ ⲒⲎⲤⲞⲨⲤ.
3 ၃ ဘုရားသခင်သည်သင်တို့အားသန့်ရှင်း မြင့်မြတ်ကြစေရန်နှင့် ကာမဂုဏ်လွန်ကူး မှုနှင့်လုံးဝကင်းကြစေရန်အလိုရှိတော် မူ၏။-
ⲅ̅ⲪⲀⲒ ⲄⲀⲢ ⲠⲈ ⲪⲞⲨⲰϢ ⲘⲪⲚⲞⲨϮ ⲠⲈⲦⲈⲚⲦⲞⲨⲂⲞ ⲈⲐⲢⲈⲦⲈⲚⲀⲢⲈϨ ⲈⲢⲰⲦⲈⲚ ⲈⲂⲞⲖ ϨⲀ ϮⲠⲞⲢⲚⲒⲀ.
4 ၄ အမျိုးသားတိုင်းပင်သန့်ရှင်းဖြူစင်တင့်တယ် လျောက်ပတ်စွာမိမိ၏ဇနီးနှင့်ပေါင်းသင်း နေထိုင်တတ်ရမည်။-
ⲇ̅ⲈⲢⲈ ⲠⲒⲞⲨⲀⲒ ⲠⲒⲞⲨⲀⲒ ⲘⲘⲰⲦⲈⲚ ⲈⲘⲒ ⲈⲠⲈϤⲤⲔⲈⲨⲞⲤ ⲈϪⲪⲞϤ ⲚⲀϤ ϦⲈⲚⲞⲨⲦⲞⲨⲂⲞ ⲚⲈⲘ ⲞⲨⲦⲀⲒⲞ.
5 ၅ ဘုရားသခင်ကိုမကိုးကွယ်သူတို့ကဲ့သို့ ကိလေသာစိတ်၏အလိုသို့မလိုက်ရ။-
ⲉ̅ϦⲈⲚ ⲞⲨⲠⲀⲐⲞⲤ ⲀⲚ ⲚⲦⲈⲞⲨⲈⲠⲒⲐⲨⲘⲒⲀ ⲔⲀⲦⲀ ⲪⲢⲎϮ ⲚⲚⲒⲔⲈⲈⲐⲚⲞⲤ ⲈⲦⲈⲚⲤⲈⲤⲰⲞⲨⲚ ⲘⲪⲚⲞⲨϮ ⲀⲚ.
6 ၆ ဤအမှုမျိုးတွင်သင်တို့သည်ညီအစ်ကို အချင်းချင်းမပြစ်မှားရ။ အခွင့်ကောင်း ကိုမယူရ။ သခင်ဘုရားသည်ဤအပြစ် မျိုးကူးလွန်သောသူတို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်းသင်တို့အား ငါတို့ကြပ်တည်းစွာသတိပေးပြီးဖြစ်သည်။-
ⲋ̅ⲈϢⲦⲈⲘⲈⲢⲤⲀⲂⲞⲖ ⲈϢⲦⲈⲘϬⲒ ⲘⲠⲈϤⲤⲞⲚ ⲚϪⲞⲚⲤ ϦⲈⲚⲠϨⲰⲂ ⲈⲐⲂⲈ ϪⲈ ⲠϬⲞⲒⲤ ⲞⲨⲢⲈϤϬⲒ ⲘⲠϢⲒϢ ⲠⲈ ⲚⲦⲈⲚⲀⲒ ⲦⲎⲢⲞⲨ ⲔⲀⲦⲀ ⲪⲢⲎϮ ⲈⲦⲀⲚⲈⲢϢⲞⲢⲠ ⲚϪⲞⲤ ⲚⲰⲦⲈⲚ ⲞⲨⲞϨ ⲀⲚⲈⲢⲘⲈⲐⲢⲈ.
7 ၇ ဘုရားသခင်သည်ငါတို့အားကာမဂုဏ်လိုက် စားမှု၌ မွေ့လျော်စေရန်ခေါ်ယူရွေးကောက်တော် မူသည်မဟုတ်။ သန့်ရှင်းဖြူစင်စွာပြုမူကျင့် ကြံနေထိုင်ကြစေရန်ခေါ်ယူရွေးကောက်တော် မူပေသည်။-
ⲍ̅ⲚⲈⲦⲀ ⲪⲚⲞⲨϮ ⲐⲀϨⲘⲈⲚ ⲄⲀⲢ ⲈϨⲢⲎⲒ ⲈⲞⲨϬⲰϦⲈⲘ ⲀⲖⲖⲀ ϦⲈⲚⲞⲨⲦⲞⲨⲂⲞ.
8 ၈ သို့ဖြစ်၍ဤသွန်သင်ချက်ကိုမလိုက်လျှောက်သူ မည်သည်ကားလူကိုပစ်ပယ်သူမဟုတ်။ မိမိ၏ သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အားပေး တော်မူသောဘုရားသခင်ကိုပစ်ပယ်သူဖြစ် သတည်း။
ⲏ̅ⲈⲐⲂⲈⲪⲀⲒ ⲪⲎ ⲈⲦⲞⲒ ⲚⲀⲦⲤⲰⲦⲈⲘ ⲚⲀϤⲞⲒ ⲚⲤⲀⲢⲰⲘⲒ ⲀⲚ ⲀⲖⲖⲀ ⲪⲚⲞⲨϮ ⲪⲎ ⲈⲦⲀϤϮ ⲘⲠⲈϤⲠⲚⲈⲨⲘⲀⲈⲐⲞⲨⲀⲂ ⲈϦⲢⲎⲒ ⲈⲢⲰⲦⲈⲚ.
9 ၉ ယုံကြည်သူအချင်းချင်းချစ်ကြစေရန်သင် တို့ကိုဘုရားသခင်သွန်သင်တော်မူခဲ့သဖြင့် သင်တို့အချင်းချင်းချစ်ရမည်အကြောင်းနှင့် ပတ်သက်၍ရေးသားရန်မလို။-
ⲑ̅ⲈⲐⲂⲈ ϮⲘⲈⲦⲘⲀⲒⲤⲞⲚ ⲆⲈ ⲦⲈⲦⲈⲚⲈⲢⲬⲢⲒⲀ ⲀⲚ ⲈⲤϦⲀⲒ ⲚⲰⲦⲈⲚ ⲚⲐⲰⲦⲈⲚ ⲄⲀⲢ ⲚⲐⲰⲦⲈⲚ ϨⲀⲚⲢⲈϤϬⲒⲤⲂⲰ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲪⲚⲞⲨϮ ⲈⲘⲈⲚⲢⲈ ⲚⲈⲦⲈⲚⲈⲢⲎⲞⲨ.
10 ၁၀ အမှန်စင်စစ်သင်တို့သည်မာကေဒေါနိပြည် တစ်ပြည်လုံးရှိခရစ်ယာန်ညီအစ်ကိုတို့အား ချစ်ခဲ့ကြလေပြီ။ သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်ထိုထက်မကပိုမိုချစ်ကြရန် ငါတို့တိုက်တွန်း၏။-
ⲓ̅ⲔⲈ ⲄⲀⲢ ⲦⲈⲦⲈⲚⲒⲢⲒ ⲘⲘⲞⲤ ⲚⲈⲘ ⲚⲒⲤⲚⲎⲞⲨ ⲦⲎⲢⲞⲨ ⲈⲦϦⲈⲚ ⲐⲘⲀⲔⲈⲆⲞⲚⲒⲀ ⲦⲎⲢⲤ ⲦⲈⲚϮϨⲞ ⲆⲈ ⲈⲢⲰⲦⲈⲚ ⲚⲈⲚⲤⲚⲎⲞⲨ ⲈⲈⲢϨⲞⲨⲞ ⲘⲀⲖⲖⲞⲚ.
11 ၁၁ သင်တို့သည်ယခင်ကငါတို့ညွှန်ကြားခဲ့သည့် အတိုင်းငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့် အရေးကိစ္စကိုဂရုစိုက်ရန်လည်းကောင်း၊ ကိုယ့် လက်ဖြင့်လုပ်ကိုင်ရန်လည်းကောင်းကြိုးစား အားထုတ်ကြလော့။-
ⲓ̅ⲁ̅ⲈⲔⲈⲘⲈⲚⲢⲈ ⲠⲒⲦⲀⲒⲞ ⲈⲈⲢⲢⲈⲘⲢⲀⲨϢ ⲞⲨⲞϨ ⲈⲈⲢϨⲰⲂ ⲈⲚⲈⲦⲈⲚⲞⲨⲦⲈⲚ ⲞⲨⲞϨ ⲈⲈⲢϨⲰⲂ ⲚⲚⲈⲦⲈⲚϪⲒϪ ⲔⲀⲦⲀ ⲪⲢⲎϮ ⲈⲦⲀⲚϨⲞⲚϨⲈⲚ ⲚⲦⲈⲚ ⲐⲎⲚⲞⲨ.
12 ၁၂ ဤနည်းအားဖြင့်သင်တို့သည်အသင်းတော်ဝင် မဟုတ် သူတို့၏ကြည်ညိုလေးစားခြင်းကိုခံရ ကြလိမ့်မည်။ အဘယ်သူကိုမျှမှီခိုရန်လည်း လိုလိမ့်မည်မဟုတ်။
ⲓ̅ⲃ̅ϨⲒⲚⲀ ⲚⲦⲈⲦⲈⲚⲘⲞϢⲒ ⲈⲢⲈⲦⲈⲚⲤⲞⲨⲂⲎⲦ ⲘⲠⲈⲘⲐⲞ ⲚⲚⲎ ⲈⲦⲤⲀⲂⲞⲖ ⲞⲨⲞϨ ⲚⲦⲈⲦⲈⲚϢⲦⲈⲘⲈⲢⲬ ⲢⲒⲀ ⲚϨⲖⲒ.
13 ၁၃ ညီအစ်ကိုတို့၊ သေလွန်ပြီးနောက်မျှော်လင့်စရာ မရှိသူတို့ကဲ့သို့ သင်တို့ဝမ်းနည်းကြေကွဲမှု မဖြစ်ကြစေရန် ငါတို့သည်သေလွန်သူများ နှင့်ပတ်သက်၍သင်တို့အားအမှန်တရားကို သိစေလို၏။-
ⲓ̅ⲅ̅ⲚⲦⲈⲚⲞⲨⲈϢ ⲐⲎⲚⲞⲨ ⲆⲈ ⲀⲚ ⲈⲢⲈⲦⲈⲚⲞⲒ ⲚⲀⲦⲈⲘⲒ ⲚⲈⲚⲤⲚⲎⲞⲨ ⲈⲐⲂⲈ ⲚⲎ ⲈⲦⲈⲚⲔⲞⲦ ϨⲒⲚⲀ ⲚⲦⲈⲦⲈⲚϢⲦⲈⲘⲈⲢⲘⲔⲀϨ ⲚϨⲎⲦ ⲘⲪⲢⲎϮ ⲘⲠⲔⲈⲤⲈⲠⲒ ⲈⲦⲈ ⲘⲘⲞⲚⲦⲞⲨ ϨⲈⲖⲠⲒⲤ ⲘⲘⲀⲨ.
14 ၁၄ သခင်ယေရှုသည်အသေခံတော်မူပြီးနောက် ရှင်ပြန်ထမြောက်တော်မူသည်ဟုငါတို့ယုံကြည် သောကြောင့် ဘုရားသခင်သည်ကိုယ်တော်ကိုယုံ ကြည်လျက်သေလွန်သွားကုန်သောသူတို့အား ထိုအရှင်နှင့်အတူမိမိထံတော်သို့ပြန်၍ ခေါ်ဆောင်သွားတော်မူလိမ့်မည်ဟုငါတို့ ယုံကြည်ကြပေသည်။
ⲓ̅ⲇ̅ⲒⲤϪⲈ ⲄⲀⲢ ⲦⲈⲚⲚⲀϨϮ ϪⲈ ⲒⲎⲤⲞⲨⲤ ⲀϤⲘⲞⲨ ⲞⲨⲞϨ ⲀϤⲦⲰⲚϤ ⲠⲀⲒⲢⲎϮ ⲚⲎ ⲈⲦⲀⲨⲈⲚⲔⲞⲦ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲒⲎⲤⲞⲨⲤ ⲪⲚⲞⲨϮ ⲚⲀⲈⲚⲞⲨ ⲚⲈⲘⲀϤ.
15 ၁၅ သခင်ဘုရားသွန်သင်တော်မူချက်ကိုယခု ငါတို့ဖော်ပြပေအံ့။ သခင်ဘုရားကြွလာတော် မူသောနေ့၌အသက်ရှင်လျက်ရှိကြသူငါတို့ သည်သေလွန်သူတို့ထက်အလျင်ရောက်ကြလိမ့် မည်မဟုတ်။-
ⲓ̅ⲉ̅ⲪⲀⲒ ⲄⲀⲢ ⲀⲚϪⲰ ⲘⲘⲞϤ ⲚⲰⲦⲈⲚ ϦⲈⲚⲠⲤⲀϪⲒ ⲘⲠϬⲞⲒⲤ ϪⲈ ⲀⲚⲞⲚ ϦⲀ ⲚⲎ ⲈⲦⲞⲚϦ ⲚⲎ ⲈⲐⲚⲀⲤⲈⲠⲒ ⲈⲦⲠⲀⲢⲞⲨⲤⲒⲀ ⲘⲠϬⲞⲒⲤ ⲚⲚⲈⲚⲪⲞϨ ⲈⲚⲎ ⲈⲦⲀⲨⲈⲚⲔⲞⲦ.
16 ၁၆ ကြွေးကြော်အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း ၏ဟစ်သံ၊ ဘုရားသခင်၏တံပိုးတော်မှုတ်သံကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှဆင်းသက်ကြွလာတော်မူလိမ့် မည်။ ခရစ်တော်ကိုယုံကြည်၍သေလွန်သူများ သည်ဦးစွာရှင်ပြန်ထမြောက်ကြလိမ့်မည်။-
ⲓ̅ⲋ̅ϪⲈ ⲚⲐⲞϤ ⲠϬⲞⲒⲤ ϦⲈⲚⲞⲨⲀϨⲤⲀϨⲚⲒ ϦⲈⲚⲞⲨⲤⲘⲎ ⲚⲀⲢⲬⲎⲀⲄⲄⲈⲖⲞⲤ ⲚⲈⲘ ⲞⲨⲤⲀⲖⲠⲒⲄⲄⲞⲤ ⲚⲦⲈⲪⲚⲞⲨϮ ⲈϤⲈⲒ ⲈⲠⲈⲤⲎⲦ ⲈⲂⲞⲖ ϦⲈⲚⲦⲪⲈ ⲞⲨⲞϨ ⲚⲒⲢⲈϤⲘⲰⲞⲨⲦ ⲈⲦϦⲈⲚ ⲠⲬⲢⲒⲤⲦⲞⲤ ⲈⲨⲈⲦⲰⲞⲨⲚⲞⲨ ⲚϢⲞⲢⲠ.
17 ၁၇ ထိုနောက်အသက်ရှင်လျက်ကျန်ရစ်သောငါတို့ သည်အာကာသတွင်သေလွန်သူတို့နှင့်အတူ သခင်ဘုရားနှင့်တွေ့ဆုံရန်မိုးကောင်းကင်သို့ ယူဆောင်ခြင်းကိုခံရကြလိမ့်မည်။ ဤနည်း အားဖြင့်ငါတို့သည်သခင်ဘုရားနှင့်အတူ အစဉ်အမြဲနေရကြပေအံ့။-
ⲓ̅ⲍ̅ⲘⲈⲚⲈⲚⲤⲰⲤ ⲀⲚⲞⲚ ϦⲀ ⲚⲎ ⲈⲦⲞⲚϦ ⲚⲎ ⲈⲐⲚⲀⲤⲰϪⲠ ⲈⲨⲈϨⲞⲖⲘⲈⲚ ⲚⲈⲘⲰⲞⲨ ⲈⲨⲤⲞⲠ ϦⲈⲚϨⲀⲚϬⲎⲠⲒ ϪⲈ ⲚⲦⲈⲚⲈⲢⲀⲠⲀⲚⲦⲀⲚ ⲘⲠϬⲞⲒⲤ ϦⲈⲚⲠⲒⲀⲎⲢ ⲞⲨⲞϨ ⲠⲀⲒⲢⲎϮ ⲈⲚⲈϢⲰⲠⲒ ⲚⲈⲘ ⲠϬⲞⲒⲤ ⲚⲤⲎⲞⲨ ⲚⲒⲂⲈⲚ.
18 ၁၈ သို့ဖြစ်၍ဤစကားများအားဖြင့်အချင်းချင်း တစ်ယောက်ကိုတစ်ယောက်အားပေးကြလော့။
ⲓ̅ⲏ̅ϨⲰⲤⲦⲈ ⲘⲀⲚⲞⲘϮ ⲚⲚⲈⲦⲈⲚⲈⲢⲎⲞⲨ ϦⲈⲚⲚⲀⲒⲤⲀϪⲒ.