< ၁ သက်သာလောနိတ် 3 >

1 နောက်​ဆုံး​၌​ငါ​တို့​သည်​ဆက်​လက်​စောင့်​ဆိုင်း​၍ မ​နေ​နိုင်​ကြ​တော့​သ​ဖြင့် အာ​သင်​မြို့​တွင် ငါ​တို့​နေ​ရစ်​ရန်​ဆုံး​ဖြတ်​ကြ​ပြီး​နောက်၊-
Therefore, when we could not stand it any longer, we thought it good to be left behind at Athens alone,
2 ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရာ​တွင် ငါ​တို့​နှင့်​အ​တူ​ဘု​ရား သ​ခင်​၏​အ​မှု​ကို​ဆောင်​ရွက်​သူ၊ ငါ​တို့​ညီ တိ​မော​သေ​အား​သင်​တို့​ထံ​သို့​စေ​လွှတ် လိုက်​ကြ​၏။ သင်​တို့​တွင်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​ခံ​ရ​သည့်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကြောင့် ယုံ​ကြည်​ခြင်း​မ​ယိမ်း​မ​ယိုင်​ဘဲ​ခိုင်​မြဲ​စေ အံ့​သော​ငှာ သင်​တို့​ကို​အား​ပေး​တိုက်​တွန်း နိုင်​ရန်​သူ့​အား​ငါ​တို့​ကို​စေ​လွှတ်​လိုက်​၏။ ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ငါ​တို့​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ဖြစ် ကြောင်း​သင်​တို့​ကိုယ်​တိုင်​သိ​ကြ​၏။-
and sent Timothy, our brother and God's fellow worker in the Good News of Christ, to establish you, and to comfort you concerning your faith;
3
that no one be moved by these afflictions. For you know that we are appointed to this task.
4 သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ညှဉ်း​ပန်း ခြင်း​ခံ​ရ​မည်​ကို ငါ​တို့​သ​တိ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ ငါ​တို့​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း ပင်​ယ​ခု​ဖြစ်​ပျက်​လာ​သည်​ကို​သင်​တို့​သိ ကြ​၏။-
For truly, when we were with you, we told you beforehand that we are to suffer affliction, even as it happened, and you know.
5 ထို့​ကြောင့်​ငါ​သည်​တိ​မော​သေ​ကို​စေ​လွှတ်​လိုက် ၏။ ငါ​သည်​မ​စောင့်​ဆိုင်း​နိုင်​တော့​သ​ဖြင့် သင်​တို့ ၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​သည်​မ​ခိုင်​မြဲ​သည်​ကို သိ​လို​၍ သူ့​ကို​စေ​လွှတ်​လိုက်​၏။ သင်​တို့​သည် မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင်​ရာ​သို့​လိုက်​ပါ သ​ဖြင့် ငါ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​သည် အ​ချည်း​နှီး​ဖြစ်​မည်​ကို​ငါ​စိုး​ရိမ်​မိ​၏။
For this cause I also, when I could not stand it any longer, sent that I might know your faith, for fear that by any means the tempter had tempted you, and our labor would have been in vain.
6 ယ​ခု​အ​ခါ​တိ​မော​သေ​သည်​ငါ​တို့​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​ပေ​ပြီ။ သူ​သည်​သင်​တို့ ၏​မေတ္တာ​နှင့်​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း ကောင်း​ကို​ယူ​ဆောင်​လာ​ခဲ့​၏။ သင်​တို့​သည် ငါ​တို့​အား​အ​စဉ်​သ​တိ​ရ​လျက်​နေ​ကြ ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​အား​ငါ​တို့ တွေ့​မြင်​လို​သ​ကဲ့​သို့​သင်​တို့​သည် ငါ​တို့​အား တွေ့​မြင်​လို​ကြ​ကြောင်း​ကို​လည်း​ကောင်း တိ​မော​သေ​က​ပြော​ပြ​၏။-
But when Timothy came just now to us from you, and brought us glad news of your faith and love, and that you have good memories of us always, longing to see us, even as we also long to see you;
7 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​ဆင်း​ရဲ ဒုက္ခ​ခံ​လျက်​ပင်​သင်​တို့​ယုံ​ကြည်​ခြင်း​ကြောင့် အား​တက်​ကြ​၏။-
for this cause, brothers, we were comforted over you in all our distress and affliction through your faith.
8 သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​၌​ကြံ့​ခိုင်​စွာ​ရပ်​တည်​ကြ သ​ဖြင့် ငါ​တို့​အ​သက်​ရှင်​ရ​ကျိုး​နပ်​ပေ​ပြီ။-
For now we live, since you stand firm in the Lord.
9 သင်​တို့​အ​တွက်​ကြောင့်​လည်း​ကောင်း၊ သင်​တို့ ကို​အ​ကြောင်း​ပြု​၍​ရှေ့​တော်​တွင်​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ရ​ရှိ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ငါ​တို့​ချီး​မွမ်း​ကြ​၏။-
For what thanksgiving can we render again to God for you, for all the joy with which we rejoice for your sakes before our God;
10 ၁၀ သင်​တို့​ထံ​သို့​ရောက်​ရှိ​ပြီး​လျှင်​သင်​တို့ ယုံ​ကြည်​ခြင်း​ပါ​ရ​မီ​ကို​ဖြည့်​တင်း​ပေး​ခွင့် ကို​ရ​နိုင်​ရန် ငါ​တို့​သည်​နေ့​ရော​ည​ပါ​စိတ် အား​ထက်​သန်​စွာ​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​၏။
night and day praying exceedingly that we may see your face, and may perfect that which is lacking in your faith?
11 ၁၁ ငါ​တို့​၏​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏ အ​ရှင်​သ​ခင်​ယေ​ရှု​သည် သင်​တို့​ထံ​သို့​ငါ တို့​လာ​ရောက်​နိုင်​ကြ​စေ​ရန်​လမ်း​ဖွင့်​ပေး တော်​မူ​ပါ​စေ​သော။-
Now may our God and Father himself, and our Lord Jesus, direct our way to you;
12 ၁၂ မိ​မိ​တို့​အ​ချင်း​ချင်း​နှင့်​လူ​ခပ်​သိမ်း​တို့ အ​ပေါ် သင်​တို့​ထား​ရှိ​သော​မေတ္တာ​သည် သင် တို့​အ​ပေါ် ငါ​တို့​ထား​ရှိ​သည့်​မေတ္တာ​တ​မျှ ကြီး​မား​လာ​စေ​ရန် သင်​တို့​အား​သ​ခင် ဘု​ရား​ကူ​မ​တော်​မူ​ပါ​စေ​သော။-
and the Lord make you to increase and abound in love for one another and for all, even as we also do toward you,
13 ၁၃ ဤ​နည်း​အား​ဖြင့်​ကိုယ်​တော်​သည်​သင်​တို့​ကို ကြံ့​ခိုင်​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​အ​ရှင်​သ​ခင် ယေ​ရှု​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​အ​ပေါင်း တို့​နှင့်​အ​တူ​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ သင် တို့​သည်​ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​သော​သန့်​ရှင်း မြင့်​မြတ်​သူ​များ​ဖြစ်​ကြ​ပေ​အံ့။
to the end he may establish your hearts blameless in holiness before our God and Father, at the coming of our Lord Jesus with all his saints.

< ၁ သက်သာလောနိတ် 3 >