< ၁ သက်သာလောနိတ် 2 >

1 ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​သို့​ငါ​လာ​ခဲ့​ခြင်း သည်​အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း သင်​တို့​ကိုယ် တိုင်​သိ​ကြ​၏။-
Porque vós mesmos, irmãos, bem sabeis que a nossa entrada para convosco não foi vã
2 ငါ​တို့​သည်​သင်​တို့​ရှိ​ရာ​သက်​သာ​လော​နိတ် မြို့​သို့​မ​လာ​မီ ဖိ​လိပ္ပိ​မြို့​တွင်​ညှဉ်း​ပန်း​စော် ကား​မှု​တို့​ကို​ခံ​ခဲ့​ရ​ကြောင်း​သင်​တို့​သိ​ကြ​၏။ ယင်း​သို့​အ​တိုက်​အ​ခံ​ပြု​ခြင်း​ခံ​ရ​သော်​လည်း သင်​တို့​အား​ဘု​ရား​သ​ခင်​၏​သ​တင်း​ကောင်း ကို​ကြေ​ညာ​ဟော​ပြော​နိုင်​ရန်​စွမ်း​ရည်​သတ္တိ ကို ငါ​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​၏။-
Antes, havendo primeiro padecido, e sido agravados em Filipos, como sabeis, tivemos ousadia em nosso Deus, para vos falar o evangelho de Deus com grande combate.
3 သင်​တို့​အား​ငါ​တို့​၏​ဟော​ပြော​တိုက်​တွန်း ချက်​သည်​အ​မှား​အ​ယွင်း​အ​ပေါ်​၌​သော် လည်း​ကောင်း၊ မ​သ​မာ​သော​ရည်​ရွယ်​ချက် အ​ပေါ်​၌​သော်​လည်း​ကောင်း၊ မူ​တည်​သည် မ​ဟုတ်။ ငါ​တို့​သည်​မည်​သူ့​ကို​မျှ​လည်း လိမ်​လည်​လှည့်​စား​ရန်​မ​ကြိုး​စား။-
Porque a nossa exortação não foi com engano, nem com imundícia, nem com fraudulência;
4 ယင်း​သို့​ပြု​မည့်​အ​စား​သ​ခင်​ဘု​ရား​သည် ငါ​တို့​အား​ထိုက်​တန်​သူ​များ​အ​ဖြစ်​လက်​ခံ တော်​မူ​သ​ဖြင့် သ​တင်း​ကောင်း​ကြေ​ညာ​ရန် လွှဲ​အပ်​တော်​မူ​သည်​နှင့်​အ​ညီ​ငါ​တို့​သည် ကိုယ်​တော်​ဟော​ပြော​စေ​သည့်​အ​တိုင်း​အ​စဉ် ပင်​ဟော​ပြော​ကြ​၏။ ငါ​တို့​သည်​လူ​တို့​နှစ် သက်​မှု​ကို​ရ​ရန်​မ​ကြိုး​စား။ ငါ​တို့​စိတ် နှ​လုံး​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​တတ် သော၊ ဘု​ရား​သ​ခင်​နှစ်​သက်​မှု​ကို​သာ လျှင်​ရ​ရန်​ကြိုး​စား​ကြ​၏။-
Mas, como fomos aprovados de Deus para que o evangelho nos fosse confiado, assim falamos, não como para comprazer aos homens, mas a Deus, que prova os nossos corações.
5 သင်​တို့​သိ​သည်​အ​တိုင်း​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​မြှောက်​ပင့်​၍​မ​ပြော။ ငါ​တို့ လော​ဘ​ရှိ​၍​ဟန်​ဆောင်​သော​စိတ်​နှင့်​မ​ကြေ ညာ​မ​ဟော​ပြော​ကြောင်း​ကို ဘု​ရား​သ​ခင် သည်​ငါ​တို့​သက်​သေ​ဖြစ်​တော်​မူ​၏။-
Porque, como bem sabeis, nunca usamos de palavras lisongeiras, nem de pretexto de avareza; Deus é testemunha;
6 ငါ​တို့​သည်​ခ​ရစ်​တော်​၏​တ​မန်​တော်​များ အ​နေ​ဖြင့်​သင်​တို့​ထံ​တွင်​အ​ခွင့်​အ​ရေး​များ ကို​တောင်း​ဆို​နိုင်​၏။ သို့​သော်​သင်​တို့​၏​အ​ချီး အ​မွမ်း​ကို​သော်​လည်း​ကောင်း၊ အ​ခြား​သူ​တို့ ၏​အ​ချီး​အ​မွမ်း​ကို​သော်​လည်း​ကောင်း​ခံ ရ​စေ​ရန်​ငါ​တို့​မ​ကြိုး​စား။ ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သား သ​မီး​များ​အား​ယု​ယ​စွာ​ပြု​စု​သည့် မိ​ခင်​ကဲ့​သို့​သင်​တို့​အား​ပြု​စု​ခဲ့​ကြ​၏။-
Não buscando glória dos homens, nem de vós, nem de outros, ainda que podíamos, como apóstolos de Cristo, ser-vos pesados;
7
Antes fomos brandos entre vós, como a ama que cria seus filhos.
8 ငါ​တို့​သည်​သင်​တို့​အား​လွန်​စွာ​ချစ်​မြတ်​နိုး ကြ​သည်​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​သ​တင်း​ကောင်း​ကို​သာ​မ​က ငါ​တို့​၏ အ​သက်​ကို​ပင်​သင်​တို့​အား​ပေး​လို​သော ဆန္ဒ​ရှိ​ကြ​၏။-
Assim nós, estando-vos tão afeiçoados, de boa vontade quizeramos comunicar-vos, não somente o evangelho de Deus, mas ainda as nossas próprias almas; porquanto nos éreis muito queridos.
9 ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​ပန်း စွာ​လုပ်​ဆောင်​ခဲ့​ကြ​သည်​ကို​သင်​တို့​သ​တိ ရ​လိမ့်​မည်။ သင်​တို့​ဝန်​မ​လေး​စေ​ရန်​ငါ​တို့ သည်​မိ​မိ​တို့​အ​သက်​မွေး​ဝမ်း​ကျောင်း​အ​လုပ် ကို နေ့​ရော​ည​ပါ​အား​ထုတ်​လုပ်​ကိုင်​လျက် ဘု​ရား​သ​ခင်​ထံ​တော်​မှ​သ​တင်း​ကောင်း​ကို ကြေ​ညာ​ဟော​ပြော​ခဲ့​ကြ​၏။
Porque bem vos lembrais, irmãos, do nosso trabalho e fadiga; pois, trabalhando noite e dia, vos pregamos o evangelho de Deus, para não sermos pesados a nenhum de vós.
10 ၁၀ ငါ​တို့​သည်​ယုံ​ကြည်​သူ​သင်​တို့​နှင့်​ဆက်​ဆံ ရာ​တွင်​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ဖြူ​စင် ဖြောင့်​မှန်​စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို သင် တို့​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည် လည်း​သက်​သေ​ဖြစ်​တော်​မူ​၏။-
Vós e Deus sois testemunhas de quão santa, e justa, e irrepreensivelmente nos houvemos para convosco, os que crestes.
11 ၁၁ ဖ​ခင်​သည်​မိ​မိ​၏​သား​သ​မီး​တို့​နှင့်​ဆက်​ဆံ သ​ကဲ့​သို့ ငါ​တို့​သည်​သင်​တို့​ရှိ​သ​မျှ​နှင့်​ဆက် ဆံ​ကြောင်း​သင်​တို့​သိ​ကြ​၏။-
Assim como bem sabeis que exortavamos e consolavamos, a cada um de vós, como o pai a seus filhos;
12 ၁၂ ငါ​တို့​သည်​သင်​တို့​ကို​အား​ပေး​စ​ကား​ပြော ကြား​ခဲ့​ကြ​၏။ စိတ်​သက်​သာ​မှု​ကို​ရ​ရှိ​စေ​ခဲ့ ကြ​၏။ ကိုယ်​တော်​၏​နိုင်​ငံ​တော်​သို့​ဝင်​ခွင့်​နှင့် ဘုန်း​အ​သ​ရေ​ကို​ခံ​ယူ​ခွင့်​ရ​နိုင်​စိမ့်​သော​ငှာ သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့်​အ​ကျင့် မျိုး​ကို​ကျင့်​ကြ​စေ​ရန်​တိုက်​တွန်း​နှိုး​ဆော်​ခဲ့ ကြ​၏။
E protestavamos conduzir-vos dignamente para com Deus, que vos chama para o seu reino e glória.
13 ၁၃ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​ခါ​မ​လပ် ငါ​တို့​ချီး​မွမ်း​ကြ​သည့်​အ​ခြား​အ​ကြောင်း တစ်​ရပ်​မှာ ငါ​တို့​သည်​သင်​တို့​အား​ဟော​ပြော သော​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​လူ့ တ​ရား​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား တော်​အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ​သင်​တို့ ကြား​နာ​ခံ​ယူ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သူ​သင် တို့​၏​စိတ်​နှ​လုံး​ကို​ပြု​ပြင်​လျက်​ရှိ​တော် မူ​သော​ကြောင့်​တည်း။-
Pelo que também damos sem cessar graças a Deus, de que, havendo recebido de nós a palavra da pregação de Deus, a recebestes, não como palavra de homens, mas (segundo é, na verdade) como palavra de Deus, a qual também opera em vós, os que crestes
14 ၁၄ ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အ​တွေ့​အ​ကြုံ​မှာ ယု​ဒ​ပြည်​ခ​ရစ်​ယာန်​များ​ဖြစ်​သည့်​ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​အ​တွေ့​အ​ကြုံ နှင့်​တူ​ပေ​သည်။ သင်​တို့​သည်​မိ​မိ​တို့​အ​မျိုး သား​များ​၏​လက်​တွင်​ဆင်း​ရဲ​ဒုက္ခ​ရောက် ကြ​သ​ကဲ့​သို့ ထို​သူ​တို့​သည်​လည်း​ယု​ဒ အ​မျိုး​သား​များ​၏​လက်​တွင်​ဆင်း​ရဲ ဒုက္ခ​ရောက်​ရ​ကြ​၏။-
Porque vós, irmãos, haveis sido feitos imitadores das igrejas de Deus que estilo na Judeia, em Jesus Cristo; porquanto também padecestes de vossos próprios concidadãos as mesmas coisas, como eles também dos judeus:
15 ၁၅ ယု​ဒ​အ​မျိုး​သား​တို့​သည်​သ​ခင်​ယေ​ရှု​နှင့် ပ​ရော​ဖက်​တို့​ကို​သတ်​ဖြတ်​၍​ငါ​တို့​ကို​ညှဉ်း ဆဲ​သူ​များ၊ ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မ​မူ သော​သူ​များ၊ လူ​အ​ပေါင်း​တို့​၏​ရန်​သူ​များ ဖြစ်​ကြ​၏။-
Os quais também mataram ao Senhor Jesus e a seus próprios profetas, e nos tem perseguido; e não agradam a Deus, e são contrários a todos os homens:
16 ၁၆ သူ​တို့​သည်​ကယ်​တင်​ခြင်း​တ​ရား​ကို​လူ​မျိုး ခြား​တို့​အား ငါ​တို့​ဟော​ပြော​မှု​ကို​ပင်​လျှင် တား​ဆီး​ရန်​ကြိုး​စား​ကြ​သည်။ ဤ​အ​ပြစ် သည်​သူ​တို့​ကူး​လွန်​နေ​ကျ​ဖြစ်​သော အ​ပြစ်​များ​ကို ပြည့်​စုံ​အောင်​နောက်​ဆုံး ကူး​လွန်​သော​အ​ပြစ်​ဖြစ်​၏။ သို့​ဖြစ်​၍ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် လေ​ပြီ။
E nos impedem de falar aos gentios para que posam salvar-se a fim de encherem sempre a medida de seus pecados; porque a ira de Deus caiu sobre eles até ao fim.
17 ၁၇ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​သင်​တို့​ထံ​မှ​ခေတ္တ ခ​ဏ​မျှ​သာ​ခွဲ​ခွာ​၍​နေ​ခဲ့​ရ​ကြ​၏။ ယင်း​သို့ ငါ​တို့​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​သင်​တို့​နှင့်​ခွဲ​ခွာ ၍​နေ​ရ​သော်​လည်း သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌ မျှ​မ​မေ့။ ငါ​တို့​သည်​သင်​တို့​ကို​အ​လွန်​အောက် မေ့​သ​တိ​ရ​ကြ​သ​ဖြင့် သင်​တို့​ကို​တစ်​ဖန် ပြန်​၍​တွေ့​နိုင်​ရန်​အ​ထူး​ကြိုး​စား​ခဲ့​ကြ​၏။-
Nós, porém, irmãos, sendo privados de vós por um momento de tempo, de vista, mas não do coração, tanto mais procuramos com grande desejo ver o vosso rosto.
18 ၁၈ ငါ​တို့​သည်​သင်​တို့​ထံ​သို့​တစ်​ဖန်​လာ​ရောက် လို​ကြ​၏။ ငါ​ကိုယ်​တိုင်​သင်​တို့​ထံ​သို့​လာ​ရန် တစ်​ကြိမ်​နှစ်​ကြိမ်​ကြိုး​စား​ခဲ့​၏။ သို့​ရာ​တွင် စာ​တန်​က​ငါ​တို့​အား​ဆီး​တား​လေ​သည်။-
Pelo que bem quizeramos uma e outra vez ir ter convosco, pelo menos eu, Paulo, mas Satanás no-lo impediu.
19 ၁၉ ငါ​တို့​သ​ခင်​ယေ​ရှု​နောက်​တစ်​ကြိမ်​ကြွ​လာ တော်​မူ​သော​အ​ခါ ကိုယ်​တော်​၏​ရှေ့​တော်​၌ ငါ​တို့​သည်​သင်​တို့​ကို​သာ​လျှင်​အ​ကြောင်း ပြု​၍ မိ​မိ​တို့​၏​အောင်​မြင်​မှု​အ​တွက်​ဂုဏ်​ယူ ဝါ​ကြွား​နိုင်​လိမ့်​မည်။ သင်​တို့​သာ​လျှင်​ငါ တို့​၏​မျှော်​လင့်​စ​ရာ၊ ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ဖြစ်​လိမ့်​မည်။ ငါ​တို့​အား​ဂုဏ်​ယူ ဝါ​ကြွား၊ မျှော်​လင့်​ဝမ်း​မြောက်​စေ​သော​သူ အ​ပေါင်း​တို့​တွင်​သင်​တို့​ပါ​ဝင်​ကြ​သည်။-
Porque, qual é a nossa esperança, ou gozo, ou coroa de glória? Porventura não o sois vós também diante de nosso Senhor Jesus Cristo em sua vinda?
20 ၂၀ အ​ကယ်​စင်​စစ်​သင်​တို့​သည်​ငါ​တို့​ဂုဏ်​ယူ ဝါ​ကြွား​စ​ရာ၊ ငါ​တို့​ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ဖြစ်​ပေ​သည်။
Porque vós sois a nossa glória e gozo.

< ၁ သက်သာလောနိတ် 2 >