< ၁ ဓမ္မရာဇဝင် 9 >
1 ၁ ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်ရှိ၏။ သူ၏ နာမည်မှာကိရှဖြစ်၏။ သူ့အဖသည်အဗျေလ၊ အဖိုးကားဇေရော်ဖြစ်၏။ သူသည်အာဖိသား ချင်းစုဝင်ဖြစ်သောဗေခေါရတ်အိမ်ထောင်စု မှဆင်းသက်လာသူတည်း။ ကိရှသည်ချမ်းသာ ကြွယ်ဝ၍သြဇာတိက္ကမရှိသူတစ်ယောက် ဖြစ်ပေသည်။-
Volt egy ember Benjáminból, neve Kis, Abíél fia, Czerór fia, Bekhórat fia, Afíach fia, egy Benjáminbeli ember fia, derék vitéz.
2 ၂ သူ့မှာရှောလုနာမည်တွင်သောသားတစ် ယောက်ရှိ၏။ ထိုသားသည်ပျိုရွယ်၍အဆင်း လှ၏။ ဣသရေလအမျိုးသားရှိသမျှ တို့ထက်အရပ်တစ်ပေမျှပို၍မြင့်၏။ အဆင်းလည်းပို၍လှ၏။
Annak volt egy fia, neve Sául, ifjú és szép és nem volt senki Izrael fiai közül szebb nálánál: vállától feljebb magasabb volt az egész népnél.
3 ၃ ကိရှသည်မိမိ၏မြည်းအချို့ပျောက်သွား သဖြင့် ရှောလုအား``အစေခံတစ်ယောက်ကို ခေါ်ပြီးလျှင်မြည်းတို့ကိုလိုက်ရှာပါလော့'' ဟုဆို၏။-
Elvesztek Kisnek, Sául atyjának szamarai; ekkor szólt Kis Sáulhoz az ő fiához: Vegyél csak magaddal egyet a legények közül, és kelj föl, menj, keresd a szamarakat.
4 ၄ သူတို့နှစ်ယောက်သည်ဧဖရိမ်တောင်ပိုင်း အရပ်နှင့် ရှလိရှဒေသတစ်လျှောက်တွင် ရှာဖွေကြသော်လည်းမြည်းများကိုမတွေ့ ကြ။ သို့ဖြစ်၍သူတို့သည်ရှာလိမ်ဒေသ တစ်လျှောက်တွင်ရှာကြ၏။ သို့ရာတွင်မြည်း တို့သည်ထိုအရပ်တွင်မရှိ။ ထိုနောက်သူ တို့သည်ဗင်္ယာမိန်နယ်တွင်လိုက်၍ရှာကြ၏။ ဤအရပ်တွင်လည်းမြည်းတို့ကိုမတွေ့ ကြ။-
Bejárta Efraim hegységét, bejárta Sálísa vidékét, de nem találták; bejárták Sáalim vidékét, de nem voltak meg; bejárták Benjámin vidékét, de nem találták.
5 ၅ သူတို့သည်ဇုဖဒေသသို့ရောက်ရှိကြ သောအခါ ရှောလုကသူ၏အစေခံ အား``ငါတို့အိမ်သို့ပြန်ကြစို့။ သို့မဟုတ် ပါမူငါ၏အဖသည်မြည်းတို့အတွက် စိုးရိမ်ပူပန်မည့်အစားငါတို့အတွက် စိုးရိမ်ပူပန်လိမ့်မည်'' ဟုဆို၏။
Czúf vidékére értek, akkor azt mondta Sául a legényének, aki vele volt: Gyere, hadd térünk vissza, nehogy atyám, fölhagyván a szamarakkal, miattunk aggódjék.
6 ၆ အစေခံက``ဆိုင်းငံ့ပါဦး။ ဤမြို့တွင်သူတော် စင်တစ်ဦးရှိပါ၏။ သူပြောသမျှစကားတို့ သည်အမှန်ပင်ဖြစ်ပျက်လာသဖြင့် သူ့အား လူတို့ရိုသေလေးစားကြပါ၏။ အကျွန်ုပ်တို့ သူ့ထံကိုသွားကြပါစို့။ မြည်းများအား အဘယ်အရပ်တွင်ရှာရမည်ကိုသူသည် အကျွန်ုပ်တို့အားဖော်ပြကောင်းဖော်ပြနိုင် ပါလိမ့်မည်'' ဟုဆို၏။
Mondta neki: Íme, kérlek, Istennek egy embere van a városban, és a férfiú tisztelni való, minden, amit beszél, be is következik; most hát, menjünk oda, talán tudtunkra adja azon utunkat, melyre menjünk.
7 ၇ ရှောလုက``ထိုသူထံကိုသွားလျှင်ငါတို့ အဘယ်အရာကိုပေးလှူရပါမည်နည်း။ ငါ တို့တွင်ပါသမျှသောအစားအစာလည်း ကုန်ချေပြီ။ ငါတို့မှာသူ့အားပေးစရာ ဘာမျှမရှိ'' ဟုဆို၏။
Erre mondta Sául a legényének: Ám menjünk, de mit vigyünk a férfiúnak? Bizony a kenyér kifogyott edényeinkből, ajándék pedig nincs, hogy vigyünk az Isten emberének; mi van nálunk?
8 ၈ အစေခံက``အကျွန်ုပ်မှာငွေတစ်မတ်သာရှိ ပါသည်။ ထိုငွေကိုသူ့အားပေးနိုင်ပါသည်။ ထို အခါသူသည်မြည်းများအဘယ်အရပ်တွင် ရှိသည်ကို အကျွန်ုပ်တို့အားပြောပြပါလိမ့် မည်'' ဟုပြန်ပြော၏။
Továbbra is felelt a legény Sáulnak és mondta: Íme, van kezemben egy negyed sékel ezüst; majd adom az Isten emberének, és tudtunkra adja utunkat.
9 ၉ ရှောလုကလည်း``ကောင်းပြီ။ ငါတို့သွားကြစို့'' ဟုဆို၏။ သို့ဖြစ်၍သူတို့သည်သူတော်စင်နေ ထိုင်ရာမြို့သို့သွားကြ၏။ မြို့တည်ရာတောင်ကုန်း ကိုတက်၍သွားကြစဉ် သူတို့သည်လမ်းတွင်ရေ ခပ်ရန်လာသောအမျိုးသမီးကလေးအချို့နှင့် တွေ့သဖြင့်``ထိုမြို့ထဲ၌ရှေ့ဖြစ်ကိုဟောနိုင်သူ ရှိပါ၏လော'' ဟုမေးမြန်းစုံစမ်းကြ၏။ (ထိုခေတ်အခါကပရောဖက်အားရှေးဖြစ်ကို ဟောနိုင်သူဟုခေါ်ဝေါ်ကြ၏။ သို့ဖြစ်၍လူ တစ်ဦးတစ်ယောက်သည်ထာဝရဘုရားထံ လျှောက်ထားမေးမြန်းလိုသောအခါ``ရှေ့ဖြစ် ကိုဟောနိုင်သူထံသို့ငါတို့သွားကြကုန် အံ့'' ဟုဆိုလေ့ရှိသတည်း။)
Azelőtt Izraelben így szólt az ember, mikor ment Istent kérdezni: Gyertek, hadd megyünk a látóhoz! Mert a mai prófétát nevezték azelőtt látónak.
És mondta Sául a legényének: Jó a beszéded, gyere, hadd megyünk. És mentek a városba, ahol volt az Isten embere.
Épen fölmentek a város hágóján, amidőn találtak leányokat, kik kijöttek vizet meríteni; mondták nekik: Itt van-e a látó?
12 ၁၂ အမျိုးသမီးကလေးများကလည်း``ရှိပါ သည်။ အမှန်မှာသူသည်သင်တို့မလာမီ ကလေးကမှရောက်ရှိလာပါသည်။ သင်တို့ မြန်မြန်သွားလျှင်သူ့ကိုမီပါလိမ့်မည်။ သင် တို့မြို့ထဲကိုဝင်လျှင်ဝင်ချင်းသူ့အားတွေ့ ရှိပါလိမ့်မည်။ လူတို့သည်တောင်ကုန်းပေါ် ရှိယဇ်ပလ္လင်တွင်ပူဇော်သကာဆက်သကြ မည်ဖြစ်၍ ထိုသူသည်မြို့သို့ယနေ့ရောက် ရှိလာခြင်းဖြစ်ပါသည်။ သူမရောက်မချင်း ဖိတ်ခေါ်ထားသောသူတို့သည်စားသောက်ကြ လိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူသည်ယဇ်ကောင်ကိုဦးစွာကောင်းချီးပေး ရမည်ဖြစ်သောကြောင့်ဖြစ်ပါ၏။ ထိုကြောင့် သင်တို့သည်မြို့ထဲသို့ဝင်လျှင်ဝင်ချင်း ထိုသူတောင်ထိပ်သို့စားသောက်ရန်မတက် မီသူ့အားတွေ့ရကြပါလိမ့်မည်'' ဟုဆို၏။-
Feleltek nekik és mondták: Itt van, íme előtted; siess most, mert ma jött a városba, mert áldozása van ma a népnek a magaslaton.
Mihelyt bementek a városba, azonnal megtaláljátok őt, mielőtt fölmegy a magaslatra étkezni, mert nem étkezik a nép, míg ő el nem jön, mivel ő áldja meg az áldozatot, azután étkeznek a meghívottak; most hát menjetek fel, mert őt – ez idő szerint megtaláljátok őt.
14 ၁၄ သို့ဖြစ်၍ရှောလုနှင့်အစေခံတို့သည်မြို့ သို့သွားကြ၏။ သူတို့သည်မြို့ထဲသို့ဝင်မည် အပြုတွင် ဝတ်ပြုကိုးကွယ်ရာဌာနသို့ထွက် ခွာ၍လာနေသောရှမွေလကိုတွေ့ကြ၏။
És fölmentek a városba; éppen a város közepére értek, s íme Sámuel jött eléjük, hogy fölmenjen a magaslatra.
15 ၁၅ ရှောလုရောက်မလာမီတစ်နေ့၌ရှမွေလ အား ထာဝရဘုရားက၊-
Az Örökkévaló pedig kinyilatkoztatta volt Sámuel füleibe, egy nappal Sául jötte előtt, mondván:
16 ၁၆ ``နက်ဖြန်ဤအချိန်လောက်၌ဗင်္ယာမိန်အနွယ် ဝင်လူတစ်ယောက်ကို သင့်ထံသို့ငါစေလွှတ် လိုက်မည်။ သူ့အားဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ်ဘိသိက်ပေးလော့။ သူသည် ငါ၏လူမျိုးတော်ကိုဖိလိတ္တိအမျိုးသား တို့၏ဘေးမှကာကွယ်စောင့်ရှောက်လိမ့်မည်။ ငါသည်မိမိလူမျိုးတော်၏ဆင်းရဲဒုက္ခကို မြင်ရပြီ။ သူတို့ဟစ်အော်၍အကူအညီ တောင်းခံသံများကိုလည်းကြားရပြီ'' ဟု မိန့်တော်မူ၏။
Holnap, ilyen időben, küldök hozzád egy férfiút Benjámin országából: azt kenjed föl fejedelemnek Izrael népem fölé, hogy megsegítse népemet a filiszteusok kezéből; mert láttam népemet, mivel eljutott hozzám kiáltása.
17 ၁၇ ရှောလုကိုရှမွေလတွေ့မြင်ချိန်၌ထာဝရ ဘုရားက``သင့်အားငါဖော်ပြခဲ့သောသူ ကားဤသူပင်ဖြစ်၏။ သူသည်ငါ၏လူမျိုး တော်ကိုအုပ်စိုးရလိမ့်မည်'' ဟုမိန့်တော်မူ၏။-
Sámuel pedig meglátta Sáult, s megszólította az Örökkévaló: Íme a férfiú, kiről szóltam hozzád, ez fog; uralkodni népemen.
18 ၁၈ ထိုနောက်ရှောလုသည်မြို့တံခါးအနီးရှိ ရှမွေလထံသို့ချဉ်းကပ်၍``ရှေ့ဖြစ်ကိုဟော နိုင်သူသည်အဘယ်အရပ်မှာနေပါသနည်း။ အကျွန်ုပ်အားပြောပြပါလော့'' ဟုတောင်း ပန်၏။
S odalépett Sául Sámuelhez a kapuban és mondta: Mondd meg nekem, kérlek, merre van a látó háza?
19 ၁၉ ရှမွေလက``ရှေ့ဖြစ်ကိုဟောနိုင်သူသည် ငါ ပင်ဖြစ်၏။ ဝတ်ပြုကိုးကွယ်ရာဌာနတော် သို့ငါ၏ရှေ့မှသွားလော့။ သင်တို့နှစ်ယောက် စလုံး ယနေ့ငါနှင့်အတူစားသောက်ရကြ မည်။ နက်ဖြန်နံနက်၌ငါသည်သင်တို့၏မေး ခွန်းရှိသမျှကိုဖြေကြားပြီးနောက် သင် တို့အားအိမ်သို့ပြန်စေမည်။-
Felelt Sámuel Sáulnak és mondta: Én vagyok a látó; menj föl előttem a magaslatra és étkezzetek ma velem; majd elbocsátlak reggel és mindent, ami szívedben van, megmondok neked.
20 ၂၀ လွန်ခဲ့သောသုံးရက်ကပျောက်ဆုံးခဲ့သည့် မြည်းများအတွက် ကိုမူမစိုးရိမ်နှင့်။ ယင်း တို့ကိုပြန်၍တွေ့ရှိပြီးဖြစ်၏။ သို့ရာတွင် ဣသရေလအမျိုးသားတို့ လွန်စွာလိုလား တောင့်တနေသူကားအဘယ်သူနည်း။ သင် နှင့်သင့်အဖ၏အိမ်ထောင်စုပင်မဟုတ် လော'' ဟုပြန်ပြော၏။
A szamarakra pedig, melyek elvesztek ma harmadnapja ne fordítsd rájuk szívedet, mert megtaláltattak; kié is Izrael minden gyönyörűsége, nemde tiéd és atyád egész házáé?
21 ၂၁ ရှောလုက``အကျွန်ုပ်သည် ဗင်္ယာမိန်အနွယ်ဝင် ဖြစ်ပါ၏။ ထိုသားချင်းစုသည်ဣသရေလ အမျိုးတွင်အသေးငယ်ဆုံးဖြစ်ပါ၏။ အ ကျွန်ုပ်၏အိမ်ထောင်စုသည်လည်း ထိုသားချင်း စုတွင်အသိမ်ငယ်ဆုံးဖြစ်ပါ၏။ သို့ဖြစ်၍ အရှင်သည်အဘယ်ကြောင့်အကျွန်ုပ်အား ဤသို့မိန့်တော်မူပါသနည်း'' ဟုလျှောက်၏။
Felelt Sául és mondta: Nem vagyok-e Benjáminbeli, legkisebbjeiből Izrael törzseinek, családom pedig a legcsekélyebb Benjámin törzsének minden családjai közül; miért beszéltél hát hozzám ilyen dolgot!
22 ၂၂ ထိုနောက်ရှမွေလသည် ရှောလုနှင့်သူ၏ အစေခံကိုဧည့်ခန်းသို့ခေါ်သွားပြီးလျှင် ဧည့်သည်စုစုပေါင်းသုံးဆယ်ထိုင်လျက်နေ သောစားပွဲထိပ်တွင်နေရာချထားပေး၏။-
Ekkor vette Sámuel Sáult és legényét és bevezette őket a terembe; s adott nekik helyet a meghívottak élén, voltak pedig mintegy harminc ember.
23 ၂၃ ရှမွေလကစားတော်ကဲအား``သင့်အားသီး သန့်ထားရှိရန် ငါမှာကြားထားသည့်အမဲ သားတုံးကိုယူခဲ့လော့'' ဟုဆို၏။-
És mondta Sámuel a szakácsnak: Add ide azt a részt, melyet adtam neked, melyről szóltam hozzád: tedd azt el magadnál.
24 ၂၄ သို့ဖြစ်၍စားတော်ကဲသည်လက်ရွေးစင်ပေါင် တစ်ပေါင်ကိုယူလာပြီးလျှင် ရှောလု၏ရှေ့တွင် ချထားလေ၏။ ရှမွေလက``ဤအရာကား သင်၏အတွက်သီးသန့်ဖယ်ထားသောအသား ဖြစ်၏။ ယူ၍စားလော့။ ငါဖိတ်ခေါ်ထားသူတို့ နှင့်အတူယခုအချိန်၌သင်စားရန်ဤ အသားကိုငါဖယ်ထားခဲ့၏'' ဟုဆို၏။ ထို့ကြောင့်ရှောလုသည် ထိုနေ့၌ရှမွေလနှင့် အတူစားသောက်လေ၏။-
És levette a szakács a combot és ami rajta volt és odatette Sául elé és mondta: Íme ami megmaradt, tedd magad elé, egyél, mert azon meghatározott időre tartatott számodra, melyről mondtam: meghívom a népet. És evett Sául Sámuellel ama napon.
25 ၂၅ သူတို့သည်ဝတ်ပြုကိုးကွယ်ရာဌာနမှမြို့ သို့ပြန်၍ဆင်းသွားကြသောအခါ ရှောလု အတွက်အိမ်ခေါင်မိုးပေါ်တွင် အိပ်ရာတစ်ခုကိုခင်းပေးကြ၏။-
Erre lementek a magaslatról a városba; és beszélt Sáullal a háztetőn.
26 ၂၆ ရှောလုသည်လည်းအိပ်ရာတွင်အိပ်လေ၏။ အရုဏ်တက်ချိန်၌ရှမွေလသည်အိမ်ခေါင်မိုးထက် တွင်ရှိသောရှောလုအား``ထလော့။ သင်အိမ်ပြန်ရန် ခရီးလမ်းသို့ငါပို့ဆောင်ပေးအံ့'' ဟုအော်၍ပြော သောအခါရှောလုသည်အိပ်ရာမှထလေ၏။ ထို နောက်သူနှင့်ရှမွေလတို့သည်အတူတကွထွက် သွားကြ၏။-
Korán fölkeltek, és volt a hajnal feljöttekor, fölszólt Sámuel Sáulhoz a háztetőre, mondván: Kelj fel, hogy elbocsássalak! Fölkelt Sául és kimentek ketten, ő meg Sámuel, az utcára.
27 ၂၇ သူတို့သည်မြို့စွန်မြို့ဖျားသို့ရောက်သောအခါ ရှမွေလသည်ရှောလုအား``သင်၏အစေခံကိုငါ တို့ရှေ့ကသွားနှင့်ရန်ပြောကြားလော့'' ဟုဆို၏။ အစေခံသည်လည်းသွားနှင့်၏။ ထိုအခါရှမွေလ က``ဤတွင်ခေတ္တရပ်နားလော့။ ထာဝရဘုရား၏ အမိန့်တော်ကိုသင့်အားငါဖော်ပြပေအံ့'' ဟု ဆို၏။
Ők leértek a város végére és Sámuel szólt Sáulhoz: Mondd a legénynek, hogy menjen előre – és előre ment – te pedig állj meg ezennel, s majd hallatom veled az Isten igéjét.