< ၁ ဓမ္မရာဇဝင် 8 >
1 ၁ ရှမွေလသည်အိုမင်း၍လာသောအခါမိမိ ၏သားများအား ဣသရေလပြည်တွင်တရား သူကြီးများအဖြစ်ခန့်ထား၏။-
A ELEMAKULE o Samuela, hoolilo aku la ia i kana mau keiki i mau lunakanawai no ka Iseraela.
2 ၂ သားကြီးကားယောလ၊ သားငယ်ကားအဘိ ရဟုနာမည်တွင်၏။ သူတို့သည်ဗေရရှေဗ မြို့တွင်တရားသူကြီးများအဖြစ်ဆောင် ရွက်ကြ၏။-
A o Ioela ka inoa o kana keiki mua, a o Abia ka inoa o ka lua o kana keiki: he mau lunakanawai laua ma Beereseba.
3 ၃ သို့ရာတွင်အဖ၏လမ်းစဉ်ကိုမလိုက်ကြ။ ငွေကြေးရရှိမှုကိုသာလျှင်စိတ်ဝင်စား သဖြင့် တံစိုးလက်ဆောင်ယူကာအမှုများ ကိုမတရားစီရင်ဆုံးဖြတ်ကြ၏။
Aka, aole i hele kana mau keiki ma kona aoao; huli ae la laua mamuli o ka waiwai alunu, a lawe laua i ke kipe, a hookahuli i ka pono.
4 ၄ ထိုအခါဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် စုဝေး၍ရာမမြို့ ရှိရှမွေလထံသို့သွားပြီးလျှင်၊-
Alaila hoakoakoaia'e la na lunakahiko a pau o ka Iseraela, a hele mai io Samuela la ma Rama,
5 ၅ ``အရှင်သည်အသက်အရွယ်အို၍လာပါပြီ။ အရှင့်သားတို့သည်လည်းအရှင်၏လမ်းစဉ် ကိုမလိုက်ကြပါ။ သို့ဖြစ်၍အကျွန်ုပ်တို့ အားအုပ်စိုးရန်ဘုရင်ကိုခန့်ပေးပါ။ သို့မှ သာလျှင်အကျွန်ုပ်တို့တွင်အခြားတိုင်းပြည် များမှာကဲ့သို့ဘုရင်ရှိပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။-
I mai la ia ia, Aia hoi, ua elemakule oe, aole i hele kau mau keiki ma kou aoao: ano e hoonoho oe i alii no makou, nana makou e hooponopono e like me na lahuikanaka a pau.
6 ၆ ယင်းသို့ဘုရင်ခန့်ထားပေးရန်လူတို့တောင်း ဆိုကြသည်ကို ရှမွေလမနှစ်သက်သဖြင့် ထာဝရဘုရားထံတော်သို့ဆုတောင်းပတ္ထ နာပြုလေ၏။-
Ua hewa ia mea i ka manao o Samuela, i ka lakou i olelo mai ai, E haawi oe i alii no makou, nana makou e hooponopono. A pule aku la o Samuela ia Iehova.
7 ၇ ထာဝရဘုရားက``လူတို့သင့်အားပြော သမျှစကားကိုနားထောင်လော့။ သူတို့သင့် ကိုပစ်ပယ်ကြသည်မဟုတ်၊ ငါ့ကိုပစ်ပယ် ကြ၏။ သူတို့သည်ငါ့အားမိမိတို့၏ ဘုရင်အဖြစ်မှပစ်ပယ်ကြလေပြီ။-
I mai la o Iehova ia Samuela, E hoolohe oe i ka leo o na kanaka i na mea a pau a lakou e olelo mai ai ia oe: no ka mea, aole lakou i hoowahawaha ia oe, aka, ua hoowahawaha mai lakou ia'u, i alii ole ai au maluna o lakou.
8 ၈ သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ ချိန်မှ ယနေ့တိုင်သူတို့သည်ငါ့ကိုကျော ခိုင်းကာအခြားဘုရားများကိုဝတ်ပြု ကိုးကွယ်ကြ၏။ သူတို့သည်ငါ့အား အစဉ် ပြုခဲ့သည့်အတိုင်းယခုအခါသင့်ကို ပြုကြခြင်းသာဖြစ်၏။-
E like me na hana a pau a lakou i hana'i, mai ka manawa a'u i lawe mai ai ia lakou mai Aigupita mai, a hiki i keia manawa, ia lakou i haalele ai ia'u, a malama aku i na akua e; pela lakou e hana nei ia oe.
9 ၉ သို့ဖြစ်၍သူတို့ပြောသောစကားကိုနား ထောင်လော့။ သို့သော်ဘုရင်အုပ်စိုးသောအခါ ဘုရင်တို့၏ကျင့်ထုံးကျင့်နည်းတို့ကိုပြော ပြ၍ကြပ်တည်းစွာသတိပေးလော့'' ဟု မိန့်တော်မူ၏။
Ano hoi, e hoolohe oe i ko lakou leo; aka, e ao ikaika aku oe ia lakou, a e hoike aku hoi i ke ano o ke alii e alii ai maluna o lakou.
10 ၁၀ ရှမွေလသည်ဘုရင်ခန့်ပေးရန် မိမိထံ တောင်းဆိုသူတို့အား ထာဝရဘုရားမိန့် တော်မူသမျှတို့ကိုပြန်ကြားလေ၏။-
Hai aku la o Samuela i ka olelo a pau a Iehova i na kanaka i noi ai ia ia i alii.
11 ၁၁ သူက``သင်တို့ကိုအုပ်စိုးသောဘုရင်သည် သင်တို့သားများကိုစစ်မှုထမ်းစေလိမ့်မည်။ အချို့သောသူတို့ကိုရထားတပ်၌လည်း ကောင်း၊ အချို့ကိုမြင်းတပ်၌လည်းကောင်း၊ အချို့ကိုအထူးထိုးစစ်ဆင်ရာတပ်များ ၌လည်းကောင်းအမှုထမ်းစေလိမ့်မည်။-
Olelo aku la ia, Eia ke ano o ke alii e alii ai maluna o oukou; E lawe no ia i na keikikane a oukou, a e hoonoho ia lakou nona ma na halekaa ona, a ma kona poe hoohololio, a e holo no kekahi mamua o na halekaa ona.
12 ၁၂ သူသည်အချို့ကိုလူတစ်ထောင်တပ်မှူးများ၊ အချို့ကိုလူငါးဆယ်တပ်မှူးများအဖြစ် ခန့်ထားလိမ့်မည်။ သင်တို့၏သားများသည် ဘုရင်၏လယ်များကိုထွန်၍ သူ၏စပါးများ ကိုရိတ်သိမ်းရလိမ့်မည်။ သူ၏လက်နက်များ၊ စစ်ရထားတန်ဆာများကိုပြုလုပ်ရကြ လိမ့်မည်။-
A e hoonoho no ia nona i na lunatausani a me na lunakanalima, a no ka mahi i kana mahi ana, a no ke oki ana i kana ai, a no ka hana ana i kana mea kaua, a me na mea o kona mau halekaa.
13 ၁၃ သင်တို့၏သမီးများသည်လည်းဘုရင်အတွက် နံ့သာအမွှေးအကြိုင်အမျိုးမျိုးဖော်စပ်သူ များ၊ စားတော်ကဲများ၊ မုန့်ဖုတ်လုပ်သူများ ဖြစ်ရကြလိမ့်မည်။-
A e lawe no ia i na kaikamahine a oukou i mea hana i na mea ono, a i mea kuke, a i mea kahu ai.
14 ၁၄ သူသည်သင်တို့၏အကောင်းဆုံးလယ်ယာ များ၊ စပျစ်ဥယျာဉ်များနှင့်သံလွင်ခြံများ ကိုသိမ်းယူကာ မိမိ၏အမှုထမ်းတို့အား ပေးအပ်လိမ့်မည်။-
A e lawe no ia i na mahinaai o oukou, a me ka oukou pawaina, a me ka oukou paoliva, i na mea maikai, a e haawi aku na kana poe kauwa.
15 ၁၅ သူသည်ဂျုံဆန်နှင့်စပျစ်သီးဆယ်ပုံတစ်ပုံ ကို မိမိ၏နန်းတွင်းအရာရှိများနှင့်အခြား အမှုထမ်းအရာထမ်းတို့အတွက်သိမ်းယူ လိမ့်မည်။-
A e lawe no ia i ka hapaumi o na hua a oukou, a o na pawaina, a e haawi aku na kona mau luna, me kana mau kauwa.
16 ၁၆ သင်တို့၏အစေခံများ၊ အကောင်းဆုံးသော နွားများ နှင့်မြည်းများကိုသိမ်းယူကာမိမိအဖို့ ခိုင်းစေအသုံးပြုလိမ့်မည်။-
A e lawe no hoi ia i na kauwakane a oukou, a me na kauwawahine a oukou, a me ko oukou poe kanaka ui maikai, a me na hoki a oukou, a e hoonoho ia lakou no kana hana.
17 ၁၇ သူသည်သင်တို့သိုးအုပ်များ၏ဆယ်ပုံတစ် ပုံကိုသိမ်းယူလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင် လျှင်သူ၏ထံ၌ကျွန်ခံရကြလိမ့်မည်။-
E lawe hoi ia i ka hapaumi o ka oukou poe hipa: a e lilo oukou i poe kauwa nana.
18 ၁၈ ထိုအချိန်ကျရောက်လာသောအခါသင်တို့ သည် မိမိတို့ကိုယ်တိုင်ရွေးချယ်တင်မြှောက် သည့်ဘုရင်ကြောင့်ညည်းညူကြလိမ့်မည်။ သို့ သော်လည်းထာဝရဘုရားသည်သင်တို့၏ ညည်းညူသံကိုနားညောင်းတော်မူလိမ့်မည် မဟုတ်'' ဟုသတိပေးလေ၏။
A e uwe nui oukou ia la, no ko oukou alii a oukou i koho ai no oukou; aole o Iehova e hoolohe mai ia oukou ia la.
19 ၁၉ လူတို့သည်ရှမွေလပြောကြားသည်ကိုပမာ ဏမပြုဘဲ``ထိုသို့မဟုတ်ပါ။ အကျွန်ုပ်တို့ သည်အခြားတိုင်းပြည်များမှာကဲ့သို့မိမိ တို့အားအုပ်စိုး၍ မိမိတို့၏စစ်ပွဲများတွင် ရှေ့ဆောင်တိုက်ခိုက်ရန်ဘုရင်ကိုလိုချင်ပါ သည်'' ဟုလျှောက်ကြ၏။-
Aka, aole loa i hoolohe mai na kanaka i ka leo o Samuela: i mai la lakou, Aole, ua makemake no makou i alii maluna o makou,
I like ai makou me na lahuikanaka e a pau; a i hooponopono ko makou alii ia makou, a e hele ia mamua o makou, a e kaua aku i ko makou kaua.
21 ၂၁ ရှမွေလသည်သူတို့ပြောသမျှကိုနားထောင် ပြီးနောက် ထာဝရဘုရားထံတော်သို့ဝင်၍ လျှောက်ထား၏။-
Hoolohe ae la o Samuela i ka olelo a pau a na kanaka, a hai aku la ia mea i na pepeiao o Iehova.
22 ၂၂ ထာဝရဘုရားက``သူတို့အလိုရှိသည် အတိုင်းဘုရင်ကိုခန့်ပေးလော့'' ဟုမိန့်တော် မူလျှင်ရှမွေလသည်ဣသရေလအမျိုး သားအပေါင်းတို့အား မိမိတို့နေရပ် အသီးသီးသို့ပြန်သွားစေ၏။
Olelo mai la o Iehova ia Samuela, E hoolohe oe i ko lakou leo, a e hoonoho oe i alii no lakou. Olelo aku la o Samuela i na kanaka o ka Iseraela, E hoi oukou, o kela kanaka keia kanaka i kona kulanakauhale.