< ၁ ဓမ္မရာဇဝင် 8 >

1 ရှ​မွေ​လ​သည်​အို​မင်း​၍​လာ​သော​အ​ခါ​မိ​မိ ၏​သား​များ​အား ဣ​သ​ရေ​လ​ပြည်​တွင်​တ​ရား သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​၏။-
And it came to pass when Samuel was old, that he made his sons judges over Israel.
2 သား​ကြီး​ကား​ယော​လ၊ သား​ငယ်​ကား​အ​ဘိ ရ​ဟု​နာ​မည်​တွင်​၏။ သူ​တို့​သည်​ဗေ​ရ​ရှေ​ဗ မြို့​တွင်​တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ဆောင် ရွက်​ကြ​၏။-
And these [are] the names of his sons; Joel the first-born, and the name of the second Abia, judges in Bersabee.
3 သို့​ရာ​တွင်​အ​ဖ​၏​လမ်း​စဉ်​ကို​မ​လိုက်​ကြ။ ငွေ​ကြေး​ရ​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား သ​ဖြင့် တံ​စိုး​လက်​ဆောင်​ယူ​ကာ​အ​မှု​များ ကို​မ​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ကြ​၏။
And his sons did not walk in his way; and they turned aside after gain, and took gifts, and perverted judgments.
4 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စု​ဝေး​၍​ရာ​မ​မြို့ ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​ပြီး​လျှင်၊-
And the men of Israel gather themselves together, and come to Armathaim to Samuel,
5 ``အ​ရှင်​သည်​အ​သက်​အ​ရွယ်​အို​၍​လာ​ပါ​ပြီ။ အ​ရှင့်​သား​တို့​သည်​လည်း​အ​ရှင်​၏​လမ်း​စဉ် ကို​မ​လိုက်​ကြ​ပါ။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ အား​အုပ်​စိုး​ရန်​ဘု​ရင်​ကို​ခန့်​ပေး​ပါ။ သို့​မှ သာ​လျှင်​အ​ကျွန်ုပ်​တို့​တွင်​အ​ခြား​တိုင်း​ပြည် များ​မှာ​ကဲ့​သို့​ဘု​ရင်​ရှိ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။-
and they said to him, Behold, thou art grown old, and thy sons walk not in thy way; and now set over us a king to judge us, as also the other nations [have].
6 ယင်း​သို့​ဘု​ရင်​ခန့်​ထား​ပေး​ရန်​လူ​တို့​တောင်း ဆို​ကြ​သည်​ကို ရှ​မွေ​လ​မ​နှစ်​သက်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ နာ​ပြု​လေ​၏။-
And the thing [was] evil in the eyes of Samuel, when they said, Give us a king to judge us: and Samuel prayed to the Lord.
7 ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သင့်​အား​ပြော သ​မျှ​စ​ကား​ကို​နား​ထောင်​လော့။ သူ​တို့​သင့် ကို​ပစ်​ပယ်​ကြ​သည်​မ​ဟုတ်၊ ငါ့​ကို​ပစ်​ပယ် ကြ​၏။ သူ​တို့​သည်​ငါ့​အား​မိ​မိ​တို့​၏ ဘု​ရင်​အ​ဖြစ်​မှ​ပစ်​ပယ်​ကြ​လေ​ပြီ။-
And the Lord said to Samuel, Hear the voice of the people, in whatever they shall say to thee; for they have not rejected thee, but they have rejected me from reigning over them.
8 သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ ချိန်​မှ ယ​နေ့​တိုင်​သူ​တို့​သည်​ငါ့​ကို​ကျော ခိုင်း​ကာ​အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​၏။ သူ​တို့​သည်​ငါ့​အား အ​စဉ် ပြု​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ​သင့်​ကို ပြု​ကြ​ခြင်း​သာ​ဖြစ်​၏။-
According to all their doings which they have done to me, from the day that I brought them out of Egypt until this day, even [as] they have deserted me, and served other gods, so they do also to thee.
9 သို့​ဖြစ်​၍​သူ​တို့​ပြော​သော​စ​ကား​ကို​နား ထောင်​လော့။ သို့​သော်​ဘု​ရင်​အုပ်​စိုး​သော​အ​ခါ ဘု​ရင်​တို့​၏​ကျင့်​ထုံး​ကျင့်​နည်း​တို့​ကို​ပြော ပြ​၍​ကြပ်​တည်း​စွာ​သ​တိ​ပေး​လော့'' ဟု မိန့်​တော်​မူ​၏။
And now hearken to their voice; only thou shalt solemnly testify to them, and thou shalt describe to them the manner of the king who shall reign over them.
10 ၁၀ ရှ​မွေ​လ​သည်​ဘု​ရင်​ခန့်​ပေး​ရန် မိ​မိ​ထံ တောင်း​ဆို​သူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သ​မျှ​တို့​ကို​ပြန်​ကြား​လေ​၏။-
And Samuel spoke every word of the Lord to the people who asked of him a king.
11 ၁၁ သူ​က``သင်​တို့​ကို​အုပ်​စိုး​သော​ဘု​ရင်​သည် သင်​တို့​သား​များ​ကို​စစ်​မှု​ထမ်း​စေ​လိမ့်​မည်။ အ​ချို့​သော​သူ​တို့​ကို​ရ​ထား​တပ်​၌​လည်း ကောင်း၊ အ​ချို့​ကို​မြင်း​တပ်​၌​လည်း​ကောင်း၊ အ​ချို့​ကို​အ​ထူး​ထိုး​စစ်​ဆင်​ရာ​တပ်​များ ၌​လည်း​ကောင်း​အ​မှု​ထမ်း​စေ​လိမ့်​မည်။-
And he said, This shall be the manner of the king that shall rule over you: he shall take your sons, and put them in his chariots, and among his horsemen, and running before his chariots,
12 ၁၂ သူ​သည်​အ​ချို့​ကို​လူ​တစ်​ထောင်​တပ်​မှူး​များ၊ အ​ချို့​ကို​လူ​ငါး​ဆယ်​တပ်​မှူး​များ​အ​ဖြစ် ခန့်​ထား​လိမ့်​မည်။ သင်​တို့​၏​သား​များ​သည် ဘု​ရင်​၏​လယ်​များ​ကို​ထွန်​၍ သူ​၏​စပါး​များ ကို​ရိတ်​သိမ်း​ရ​လိမ့်​မည်။ သူ​၏​လက်​နက်​များ၊ စစ်​ရ​ထား​တန်​ဆာ​များ​ကို​ပြု​လုပ်​ရ​ကြ လိမ့်​မည်။-
and [his manner shall be] to make them to himself captains of hundreds and captains of thousands; and to reap his harvest, and gather his vintage, and prepare his instruments of war, and the implements of his chariots.
13 ၁၃ သင်​တို့​၏​သ​မီး​များ​သည်​လည်း​ဘု​ရင်​အ​တွက် နံ့​သာ​အ​မွှေး​အ​ကြိုင်​အ​မျိုး​မျိုး​ဖော်​စပ်​သူ များ၊ စား​တော်​ကဲ​များ၊ မုန့်​ဖုတ်​လုပ်​သူ​များ ဖြစ်​ရ​ကြ​လိမ့်​မည်။-
And he will take your daughters to be perfumers, and cooks, and bakers.
14 ၁၄ သူ​သည်​သင်​တို့​၏​အ​ကောင်း​ဆုံး​လယ်​ယာ များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​သံ​လွင်​ခြံ​များ ကို​သိမ်း​ယူ​ကာ မိ​မိ​၏​အ​မှု​ထမ်း​တို့​အား ပေး​အပ်​လိမ့်​မည်။-
And he will take your fields, and your vineyards, and your good oliveyards, and give them to his servants.
15 ၁၅ သူ​သည်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​သီး​ဆယ်​ပုံ​တစ်​ပုံ ကို မိ​မိ​၏​နန်း​တွင်း​အ​ရာ​ရှိ​များ​နှင့်​အ​ခြား အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အ​တွက်​သိမ်း​ယူ လိမ့်​မည်။-
And he will take the tithe of your seeds and your vineyards, and give [it] to his eunuchs, and to his servants.
16 ၁၆ သင်​တို့​၏​အ​စေ​ခံ​များ၊ အ​ကောင်း​ဆုံး​သော နွား​များ နှင့်​မြည်း​များ​ကို​သိမ်း​ယူ​ကာ​မိ​မိ​အ​ဖို့ ခိုင်း​စေ​အ​သုံး​ပြု​လိမ့်​မည်။-
And he will take your servants, and your handmaids, and your good herds and your asses, and will take the tenth of them for his works.
17 ၁၇ သူ​သည်​သင်​တို့​သိုး​အုပ်​များ​၏​ဆယ်​ပုံ​တစ် ပုံ​ကို​သိမ်း​ယူ​လိမ့်​မည်။ သင်​တို့​ကိုယ်​တိုင်​ပင် လျှင်​သူ​၏​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။-
And he will tithe your flocks; and ye shall be his servants.
18 ၁၈ ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​သင်​တို့ သည် မိ​မိ​တို့​ကိုယ်​တိုင်​ရွေး​ချယ်​တင်​မြှောက် သည့်​ဘု​ရင်​ကြောင့်​ညည်း​ညူ​ကြ​လိမ့်​မည်။ သို့ သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏ ညည်း​ညူ​သံ​ကို​နား​ညောင်း​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​သ​တိ​ပေး​လေ​၏။
And ye shall cry out in that day because of your king whom ye have chosen to yourselves, and the Lord shall not hear you in those days, because ye have chosen to yourselves a king.
19 ၁၉ လူ​တို့​သည်​ရှ​မွေ​လ​ပြော​ကြား​သည်​ကို​ပ​မာ ဏ​မ​ပြု​ဘဲ``ထို​သို့​မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့ သည်​အ​ခြား​တိုင်း​ပြည်​များ​မှာ​ကဲ့​သို့​မိ​မိ တို့​အား​အုပ်​စိုး​၍ မိ​မိ​တို့​၏​စစ်​ပွဲ​များ​တွင် ရှေ့​ဆောင်​တိုက်​ခိုက်​ရန်​ဘု​ရင်​ကို​လို​ချင်​ပါ သည်'' ဟု​လျှောက်​ကြ​၏။-
But the people would not hearken to Samuel; and they said to him, Nay, but there shall be a king over us.
20 ၂၀
An we also will be like all the nations; and our king shall judge us, and shall go out before us, and fight our battles.
21 ၂၁ ရှ​မွေ​လ​သည်​သူ​တို့​ပြော​သ​မျှ​ကို​နား​ထောင် ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဝင်​၍ လျှောက်​ထား​၏။-
And Samuel heard all the words of the people, and spoke them in the ears of the Lord.
22 ၂၂ ထာ​ဝ​ရ​ဘုရား​က``သူ​တို့​အ​လို​ရှိ​သည် အ​တိုင်း​ဘု​ရင်​ကို​ခန့်​ပေး​လော့'' ဟု​မိန့်​တော် မူ​လျှင်​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား မိ​မိ​တို့​နေ​ရပ် အ​သီး​သီး​သို့​ပြန်​သွား​စေ​၏။
And the Lord said to Samuel, Hearken to their voice, and appoint them a king. And Samuel said to the men of Israel, Let each man depart to his city.

< ၁ ဓမ္မရာဇဝင် 8 >