< ၁ ဓမ္မရာဇဝင် 7 >
1 ၁ သို့ဖြစ်၍ကိရယတ်ယာရိမ်မြို့သားတို့သည် လာ၍သေတ္တာတော်ကိုတောင်ကုန်းပေါ်တွင်တည် ရှိသော အဗိနဒပ်၏အိမ်သို့ပင့်ဆောင်သွား ကြ၏။ သူတို့သည်သေတ္တာတော်ကိုစောင့်ထိန်း ရန်အတွက် အဗိနဒပ်၏သားဧလာဇာကို ရွေးချယ်ဆက်ကပ်ကြ၏။
Epi mesye nan Kirjath-Jearim yo te vin pran lach SENYÈ a e te pote li antre lakay Abinadab sou ti mòn nan, epi yo te konsakre Éléazar, fis li a, pou okipe lach SENYÈ a.
2 ၂ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် ကိရယတ်ယာရိမ်မြို့တွင်နှစ်ပေါင်းနှစ်ဆယ် တိုင်အောင်ကြာမြင့်စွာရှိနေလေသည်။ ထို အချိန်ကာလအတွင်း၌ဣသရေလအမျိုး သားတို့သည် မိမိတို့ကိုကူမတော်မူရန် ထာဝရဘုရားသခင်ထံဟစ်အော်လျှောက် ထားကြ၏။
Soti nan jou ke lach la te rete Kirjath-Jearim nan, tan ekoule a te byen long—paske li te pran ventan avan tout lakay Israël te fè lamantasyon devan SENYÈ a.
3 ၃ ဣသရေလအမျိုးသားတို့အားရှမွေလ က``သင်တို့သည်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လည်လာရောက် လိုပါက လူမျိုးခြားတို့၏ဘုရားများကို လည်းကောင်း၊ အာရှတရက်ဘုရားမ၏ရုပ်တု များကိုလည်းကောင်းစွန့်ပစ်ရကြမည်။ သင်တို့ ၏ကိုယ်ကိုလုံးဝဆက်ကပ်၍ထာဝရဘုရား ကိုသာရှိခိုးဝတ်ပြုကြလျှင် ကိုယ်တော်သည် သင်တို့အားဖိလိတ္တိအမျိုးသားတို့လက်မှ ကယ်တော်မူလိမ့်မည်'' ဟုဆို၏။-
Konsa Samuel te pale a tout lakay Israël la, e te di: “Si nou retounen vè SENYÈ a avèk tout kè nou, si nou retire dye etranje yo avèk Asheroth soti nan mitan nou, si nou dirije kè nou vè SENYÈ a, e sèvi Li sèl, Li va delivre nou soti nan men a Filisten yo.”
4 ၄ ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ဗာလဘုရားနှင့် အာရှတရက်ဘုရားမ တို့၏ရုပ်တုများကိုစွန့်ပစ်ကာ ထာဝရ ဘုရားကိုသာရှိခိုးဝတ်ပြုကြကုန်၏။
Konsa, fis Israël yo te retire Baal yo ak Astarté yo pou te sèvi sèl SENYÈ a.
5 ၅ ထိုနောက်ရှမွေလသည်ဣသရေလအမျိုး သားအပေါင်းတို့အား``ငါသည်မိဇပါမြို့ တွင်သင်တို့အတွက် ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြုမည်ဖြစ်၍သင်တို့ သည်ထိုမြို့၌စုကြလော့'' ဟုဆင့်ဆိုမှာ ကြား၏။-
Alò, Samuel te di: “Rasanble tout Israël nan Mitspa e mwen va priye a SENYÈ a pou nou.”
6 ၆ သို့ဖြစ်၍သူတို့သည်မိဇပါမြို့တွင်စုဝေး ကြပြီးနောက် ရေအနည်းငယ်ခပ်၍ထာဝရ ဘုရားအား ပူဇော်သည့်အနေဖြင့်သွန်းလောင်း ကာထိုနေ့တစ်နေ့လုံးအစာရှောင်ကြ၏။ သူ တို့က``အကျွန်ုပ်တို့သည်ထာဝရဘုရားကို ပြစ်မှားပါပြီ'' ဟုဆိုကြ၏။ မိဇပါမြို့မှ နေ၍ရှမွေလသည်ဣသရေလအမျိုး သားတို့ကိုစီရင်အုပ်ချုပ်သတည်း။
Yo te rasanble nan Mitspa; yo te rale dlo pou te vide devan SENYÈ a, e yo te fè jèn nan jou sila a. Yo te di nan plas sa a: “Nou te peche kont SENYÈ a.” Konsa, Samuel te jije fis Israël yo nan Mitspa.
7 ၇ မိဇပါမြို့တွင်ဣသရေလအမျိုးသားတို့ စုရုံးလျက်ရှိကြောင်းကို ဖိလိတ္တိအမျိုးသား တို့ကြားသိကြသောအခါ ဖိလိတ္တိဘုရင်ငါး ပါးတို့သည်ဣသရေလအမျိုးသားတို့ရှိ ရာသို့စစ်ချီလာကြ၏။ ဤအကြောင်းကို ဣသရေလအမျိုးသားတို့ကြားသိကြ သောအခါကြောက်လန့်ကြသဖြင့်၊-
Alò, lè Filisten yo te tande ke fis Israël yo te rasanble nan Mitspa, e prens a Filisten yo te vin monte kont Israël. Lè fis Israël yo te tande sa, yo te krent Filisten yo.
8 ၈ ရှမွေလအား``အကျွန်ုပ်တို့ကိုဖိလိတ္တိအမျိုး သားတို့၏လက်မှကယ်တော်မူရန် အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရားထံတော် သို့ဆုတောင်းပေးလျက်နေပါ'' ဟုတောင်းပန် ကြ၏။-
Pou sa a, fis Israël yo te di a Samuel: “Pa sispann kriye a SENYÈ Bondye nou an pou nou, pou Li kapab sove nou soti nan men a Filisten yo.”
9 ၉ ရှမွေလသည်သိုးငယ်တစ်ကောင်ကိုသတ်၍ တစ်ကောင်လုံးကိုမီးရှို့ရာယဇ်အဖြစ်ထာဝရ ဘုရားအားပူဇော်ကာ ဣသရေလအမျိုးသား တို့အား ကယ်မတော်မူရန်ဆုတောင်းပတ္ထနာ ပြုရာကိုယ်တော်သည်နားညောင်းတော်မူ၏။-
Samuel te pran yon ti mouton ki potko sevre e li te ofri tout li kòm yon ofrann brile bay SENYÈ a. Samuel te kriye a SENYÈ a pou Israël e SENYÈ a te reponn li.
10 ၁၀ ရှမွေလသည်ယဇ်ပူဇော်လျက်နေစဉ်ဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလအမျိုးသား တို့အားတိုက်ခိုက်ရန်ချီတက်လာကြ၏။ သို့ ရာတွင်ထိုအချိန်၌ပင်လျှင်ထာဝရဘုရား သည် သူတို့အပေါ်မှာပြင်းစွာမိုးချုန်းစေ တော်မူသဖြင့် သူတို့သည်ကစဥ့်ကရဲဖြစ် လျက်ထွက်ပြေးကြကုန်၏။-
Pandan Samuel t ap ofri ofrann brile a, Filisten yo te rapwoche pou fè batay kont Israël. Men SENYÈ a te gwonde nan jou sa a kont Filisten yo. Li te fè yon malkonprann antre yo, e Li te boulvèse yo devan Israël.
11 ၁၁ ဣသရေလအမျိုးသားတို့သည်မိဇပါမြို့ မှထွက်၍ သူတို့အားဗက်ကာမြို့အနီးသို့ တိုင်အောင်လိုက်လံသတ်ဖြတ်ကြ၏။
Mesye Israël yo te sòti nan Mitspa pou te kouri dèyè Filisten yo e yo te frape yo ba jis rive piba Beth-Car.
12 ၁၂ ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။-
Alò, Samuel te pran yon gwo wòch, e li te poze li antre Mitspa ak Schen e li te ba li non a Ében-Ézer. Li te di: “Jis rive la, SENYÈ a te ede nou.”
13 ၁၃ ဤသို့လျှင်ဖိလိတ္တိအမျိုးသားတို့သည်အရေး ရှုံးနိမ့်ရကြ၏။ ထာဝရဘုရားသည်သူတို့ အားရှမွေလအသက်ရှင်သမျှကာလပတ်လုံး ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်ခွင့် ပေးတော်မမူ။-
Konsa, Filisten yo te vin soumèt, e yo pa t vin ankò anndan fwontyè Israël la. Konsa, men SENYÈ a te kont Filisten yo pandan tout jou a Samuel yo.
14 ၁၄ ဧကြုန်မြို့နှင့်ဂါသမြို့စပ်ကြားတွင်ဖိလိတ္တိ အမျိုးသားတို့သည် မိမိတို့သိမ်းပိုက်ထား ကြသည့်မြို့မှန်သမျှကိုဣသရေလအမျိုး သားတို့၏လက်သို့ပြန်လည်ပေးအပ်ရကြ သဖြင့် ဣသရေလအမျိုးသားတို့သည်မိမိ တို့၏နယ်မြေအားလုံးကိုပြန်လည်ရရှိကြ၏။ ထို့အပြင်ဣသရေလအမျိုးသားတို့နှင့် ခါနာန်အမျိုးသားတို့သည်သင့်မြတ်ငြိမ်း ချမ်းစွာနေထိုင်ကြလေသည်။
Vil ke Filisten yo te sezi soti an Israël yo te restore a Israël, soti Ékron jis rive Gath. Epi Israël te rachte teritwa yo nan men a Filisten yo. Konsa, te gen lapè antre Israël ak Amoreyen yo.
15 ၁၅ ရှမွေလသည်အသက်ထက်ဆုံးဣသရေလ အမျိုးသားတို့အားအုပ်ချုပ်၏။-
Alò, Samuel te jije Israël pandan tout jou lavi li yo.
16 ၁၆ သူသည်နှစ်စဉ်နှစ်တိုင်းဗေသလမြို့၊ ဂိလ ဂါလမြို့၊ မိဇပါမြို့တို့သို့လှည့်လည်သွား ရောက်ကာထိုမြို့တို့တွင်အမှုအခင်းများ ကိုစစ်ဆေးစီရင်လေ့ရှိ၏။-
Li te konn ale chak ane fè yon tou Béthel avèk Guilgal, ak Mitspa, e li te jije Israël tout kote sa yo.
17 ၁၇ ထိုနောက်သူသည်ရာမမြို့နေအိမ်သို့ပြန်၍ တရားသူကြီးအဖြစ်ဖြင့်ဆောင်ရွက်၏။ သူ သည်ရာမမြို့တွင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ဆောက်လေ၏။
Alò vwayaj retou li sete nan Rama; paske se la lakay li te ye. Se la li te jije Israël; epi li te bati la yon lotèl bay SENYÈ a.