< ၁ ဓမ္မရာဇဝင် 7 >

1 သို့​ဖြစ်​၍​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ​၍​သေတ္တာ​တော်​ကို​တောင်​ကုန်း​ပေါ်​တွင်​တည် ရှိ​သော အ​ဗိ​န​ဒပ်​၏​အိမ်​သို့​ပင့်​ဆောင်​သွား ကြ​၏။ သူ​တို့​သည်​သေတ္တာ​တော်​ကို​စောင့်​ထိန်း ရန်​အ​တွက် အ​ဗိ​န​ဒပ်​၏​သား​ဧ​လာ​ဇာ​ကို ရွေး​ချယ်​ဆက်​ကပ်​ကြ​၏။
基列·耶琳人就下来,将耶和华的约柜接上去,放在山上亚比拿达的家中,分派他儿子以利亚撒看守耶和华的约柜。
2 ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တွင်​နှစ်​ပေါင်း​နှစ်​ဆယ် တိုင်​အောင်​ကြာ​မြင့်​စွာ​ရှိ​နေ​လေ​သည်။ ထို အ​ချိန်​ကာ​လ​အ​တွင်း​၌​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​ကို​ကူ​မ​တော်​မူ​ရန် ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ထံ​ဟစ်​အော်​လျှောက် ထား​ကြ​၏။
约柜在基列·耶琳许久。过了二十年,以色列全家都倾向耶和华。
3 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ရှ​မွေ​လ က``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ပြန်​လည်​လာ​ရောက် လို​ပါ​က လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​ကို လည်း​ကောင်း၊ အာ​ရှ​တ​ရက်​ဘု​ရား​မ​၏​ရုပ်​တု များ​ကို​လည်း​ကောင်း​စွန့်​ပစ်​ရ​ကြ​မည်။ သင်​တို့ ၏​ကိုယ်​ကို​လုံး​ဝ​ဆက်​ကပ်​၍​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ရှိ​ခိုး​ဝတ်​ပြု​ကြ​လျှင် ကိုယ်​တော်​သည် သင်​တို့​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လက်​မှ ကယ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။-
撒母耳对以色列全家说:“你们若一心归顺耶和华,就要把外邦的神和亚斯她录从你们中间除掉,专心归向耶和华,单单地事奉他。他必救你们脱离非利士人的手。”
4 ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား​နှင့် အာ​ရှ​တ​ရက်​ဘု​ရား​မ တို့​၏​ရုပ်​တု​များ​ကို​စွန့်​ပစ်​ကာ ထာ​ဝ​ရ ဘု​ရား​ကို​သာ​ရှိ​ခိုး​ဝတ်​ပြု​ကြ​ကုန်​၏။
以色列人就除掉诸巴力和亚斯她录,单单地事奉耶和华。
5 ထို​နောက်​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား``ငါ​သည်​မိ​ဇ​ပါ​မြို့ တွင်​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်​ဖြစ်​၍​သင်​တို့ သည်​ထို​မြို့​၌​စု​ကြ​လော့'' ဟု​ဆင့်​ဆို​မှာ ကြား​၏။-
撒母耳说:“要使以色列众人聚集在米斯巴,我好为你们祷告耶和华。”
6 သို့​ဖြစ်​၍​သူ​တို့​သည်​မိ​ဇ​ပါ​မြို့​တွင်​စု​ဝေး ကြ​ပြီး​နောက် ရေ​အ​နည်း​ငယ်​ခပ်​၍​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း​လောင်း ကာ​ထို​နေ့​တစ်​နေ့​လုံး​အ​စာ​ရှောင်​ကြ​၏။ သူ တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ'' ဟု​ဆို​ကြ​၏။ မိ​ဇ​ပါ​မြို့​မှ နေ​၍​ရှ​မွေ​လ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စီ​ရင်​အုပ်​ချုပ်​သ​တည်း။
他们就聚集在米斯巴,打水浇在耶和华面前,当日禁食,说:“我们得罪了耶和华。”于是撒母耳在米斯巴审判以色列人。
7 မိ​ဇ​ပါ​မြို့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ စု​ရုံး​လျက်​ရှိ​ကြောင်း​ကို ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကြား​သိ​ကြ​သော​အ​ခါ ဖိ​လိတ္တိ​ဘု​ရင်​ငါး ပါး​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ ရာ​သို့​စစ်​ချီ​လာ​ကြ​၏။ ဤ​အ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြား​သိ​ကြ သော​အ​ခါ​ကြောက်​လန့်​ကြ​သ​ဖြင့်၊-
非利士人听见以色列人聚集在米斯巴,非利士的首领就上来要攻击以色列人。以色列人听见,就惧怕非利士人。
8 ရှ​မွေ​လ​အား``အ​ကျွန်ုပ်​တို့​ကို​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​မှ​ကယ်​တော်​မူ​ရန် အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပေး​လျက်​နေ​ပါ'' ဟု​တောင်း​ပန် ကြ​၏။-
以色列人对撒母耳说:“愿你不住地为我们呼求耶和华—我们的 神,救我们脱离非利士人的手。”
9 ရှ​မွေ​လ​သည်​သိုး​ငယ်​တစ်​ကောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကာ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကယ်​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​ကိုယ်​တော်​သည်​နား​ညောင်း​တော်​မူ​၏။-
撒母耳就把一只吃奶的羊羔献与耶和华作全牲的燔祭,为以色列人呼求耶和华;耶和华就应允他。
10 ၁၀ ရှ​မွေ​လ​သည်​ယဇ်​ပူ​ဇော်​လျက်​နေ​စဉ်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ထို​အ​ချိန်​၌​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား သည် သူ​တို့​အ​ပေါ်​မှာ​ပြင်း​စွာ​မိုး​ချုန်း​စေ တော်​မူ​သ​ဖြင့် သူ​တို့​သည်​က​စဥ့်​က​ရဲ​ဖြစ် လျက်​ထွက်​ပြေး​ကြ​ကုန်​၏။-
撒母耳正献燔祭的时候,非利士人前来要与以色列人争战。当日,耶和华大发雷声,惊乱非利士人,他们就败在以色列人面前。
11 ၁၁ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​ဇ​ပါ​မြို့ မှ​ထွက်​၍ သူ​တို့​အား​ဗက်​ကာ​မြို့​အ​နီး​သို့ တိုင်​အောင်​လိုက်​လံ​သတ်​ဖြတ်​ကြ​၏။
以色列人从米斯巴出来,追赶非利士人,击杀他们,直到伯·甲的下边。
12 ၁၂ ထို​နောက်​ရှ​မွေ​လ​သည်​ကျောက်​တုံး​တစ်​ခု​ကို ယူ​၍ မိ​ဇ​ပါ​မြို့​နှင့်​ရှင်​မြို့​စပ်​ကြား​တွင်​စိုက်​ထူ ကာ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​အား​ယ​နေ့ တိုင်​အောင်​ကူ​မ​တော်​မူ​လေ​ပြီ'' ဟု​ဆို​ပြီး​လျှင် ထို​ကျောက်​တုံး​ကို``ကူ​မ​တော်​မူ​ရာ​ကျောက်'' (ဧ​ဗ​နေ​ဇာ) ဟု​နာ​မည်​မှည့်​လေ​သည်။-
撒母耳将一块石头立在米斯巴和善的中间,给石头起名叫以便以谢,说:“到如今耶和华都帮助我们。”
13 ၁၃ ဤ​သို့​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​အ​ရေး ရှုံး​နိမ့်​ရ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ အား​ရှ​မွေ​လ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ခွင့် ပေး​တော်​မ​မူ။-
从此,非利士人就被制伏,不敢再入以色列人的境内。撒母耳作士师的时候,耶和华的手攻击非利士人。
14 ၁၄ ဧ​ကြုန်​မြို့​နှင့်​ဂါ​သ​မြို့​စပ်​ကြား​တွင်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​သိမ်း​ပိုက်​ထား ကြ​သည့်​မြို့​မှန်​သ​မျှ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​သို့​ပြန်​လည်​ပေး​အပ်​ရ​ကြ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ တို့​၏​နယ်​မြေ​အား​လုံး​ကို​ပြန်​လည်​ရ​ရှိ​ကြ​၏။ ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည်​သင့်​မြတ်​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ကြ​လေ​သည်။
非利士人所取以色列人的城邑,从以革伦直到迦特,都归以色列人了。属这些城的四境,以色列人也从非利士人手下收回。那时以色列人与亚摩利人和好。
15 ၁၅ ရှ​မွေ​လ​သည်​အ​သက်​ထက်​ဆုံး​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အုပ်​ချုပ်​၏။-
撒母耳平生作以色列的士师。
16 ၁၆ သူ​သည်​နှစ်​စဉ်​နှစ်​တိုင်း​ဗေ​သ​လ​မြို့၊ ဂိ​လ ဂါ​လ​မြို့၊ မိ​ဇ​ပါ​မြို့​တို့​သို့​လှည့်​လည်​သွား ရောက်​ကာ​ထို​မြို့​တို့​တွင်​အ​မှု​အ​ခင်း​များ ကို​စစ်​ဆေး​စီ​ရင်​လေ့​ရှိ​၏။-
他每年巡行到伯特利、吉甲、米斯巴,在这几处审判以色列人。
17 ၁၇ ထို​နောက်​သူ​သည်​ရာ​မ​မြို့​နေ​အိမ်​သို့​ပြန်​၍ တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​၏။ သူ သည်​ရာ​မ​မြို့​တွင်​ထာ​ဝ​ရ​ဘုရား​အ​ဖို့ ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လေ​၏။
随后回到拉玛,因为他的家在那里;也在那里审判以色列人,且为耶和华筑了一座坛。

< ၁ ဓမ္မရာဇဝင် 7 >