< ၁ ဓမ္မရာဇဝင် 6 >

1 ဖိ​လိတ္တိ​ပြည်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​သည် ခု​နစ်​လ​မျှ​ရောက်​ရှိ​နေ​ပြီး နောက်၊-
L’arca dell’Eterno rimase nel paese dei Filistei sette mesi.
2 ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မှော်​ဆ​ရာ​များ​ကို ဖိတ်​ခေါ်​ကာ``ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း။ ထို​သေတ္တာ​တော်​ကို​မူ​ရင်း အ​ရပ်​သို့​ပြန်​လည်​ပို့​ဆောင်​မည်​ဆို​ပါ​က ယင်း​နှင့်​အ​တူ​အ​ဘယ်​ပူ​ဇော်​သကာ​ကို ပေး​သင့်​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။
Poi i Filistei chiamarono i sacerdoti e gl’indovini, e dissero: “Che faremo dell’arca dell’Eterno? Insegnateci il modo di rimandarla al suo luogo”.
3 ထို​သူ​တို့​က``သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ ညာဉ်​သေတ္တာ​တော်​ကို​ပြန်​ပို့​မည်​ဆို​လျှင်​ပူ ဇော်​သ​ကာ​မ​ပါ​၍​မ​ဖြစ်။ သင်​တို့​၏​အ​ပြစ် ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ကို​ပါ​ပေး​လှူ​ရ​ကြ မည်။ ယင်း​သို့​ပြု​လျှင်​သင်​တို့​သည်​အ​နာ ရော​ဂါ​ပျောက်​ကင်း​ကြ​လိမ့်​မည်။ ကိုယ်​တော် သည်​သင်​တို့​အား အ​ဘယ်​ကြောင့်​ဒဏ်​ခတ် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​သိ​ရှိ ရ​ကြ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။
E quelli risposero: “Se rimandate l’arca dell’Iddio d’Israele, non la rimandate senza nulla, ma fategli ad ogni modo un’offerta di riparazione; allora guarirete, e così saprete perché la sua mano non abbia cessato d’aggravarsi su voi”.
4 ဖိ​လိတ္တိ​ခေါင်း​ဆောင်​များ​က``ငါ​တို့​သည် အ​ဘယ်​ပူ​ဇော်​သကာ​ကို​ပေး​လှူ​ရ​ပါ​မည် နည်း'' ဟု​မေး​ကြ​လျှင် သူ​တို့​က``သင်​တို့​သည်​ဘု​ရင်​ငါး​ပါး​ကို​တစ် ပါး​လျှင် ရွှေ​အ​နာ​စိမ်း​ရုပ်​ငါး​ခု​နှင့်​ရွှေ​ကြွက် ရုပ်​ငါး​ခု​ပြု​လုပ်​၍​ပေး​လှူ​ရ​ကြ​မည်။ ဘု​ရင် ငါး​ပါး​နှင့်​သင်​တို့​အ​ပေါင်း​သည် ကပ်​ရော​ဂါ တစ်​မျိုး​တည်း​သင့်​ရ​ကြ​သည်​ဖြစ်​ရာ၊-
Essi chiesero: “Quale offerta di riparazione gli offriremo noi?” Quelli risposero: “Cinque emorroidi d’oro e cinque topi d’oro, secondo il numero dei principi dei Filistei; giacché una stessa piaga ha colpito voi e i vostri principi.
5 အ​နာ​စိမ်း​၏​ပုံ​စံ၊ သင်​တို့​ပြည်​ကို​ဖျက်​ဆီး လျက်​နေ​သည့်​ကြွက်​၏​ပုံ​စံ​တို့​ကို​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​ကို​ဂုဏ် ပြု​ချီး​မြှင့်​ရ​မည်။ ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​ပြည်​ကို​လည်း​ကောင်း​ဒဏ်​မ ခတ်​တော့​ဘဲ​နေ​ကောင်း​နေ​တော်​မူ​လိမ့်​မည်။-
Fate dunque delle figure delle vostre emorroidi e delle figure dei topi che vi devastano il paese, e date gloria all’Iddio d’Israele; forse egli cesserà d’aggravare la sua mano su voi, sui vostri dèi e sul vostro paese.
6 သင်​တို့​သည်​အ​ဘယ်​ကြောင့်​အီ​ဂျစ်​ဘု​ရင် နှင့် အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့​ခေါင်း​မာ နေ​ကြ​ပါ​မည်​နည်း။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ ခွင့်​မ​ပြု​မ​ချင်း​ဘု​ရား​သ​ခင်​သည် သူ​တို့ အား​အ​ဘယ်​သို့​ဒဏ်​ခတ်​တော်​မူ​ခဲ့​သည်​ကို သင်​တို့​မ​မေ့​ကြ​နှင့်။-
E perché indurereste il cuor vostro come gli Egiziani e Faraone indurarono il cuor loro? Dopo ch’Egli ebbe spiegato contro ad essi la sua potenza, gli Egiziani non lasciarono essi partire gl’Israeliti, sì che questi poterono andarsene?
7 သို့​ဖြစ်​၍​လှည်း​သစ်​ကို​ပြု​လုပ်​ပြီး​နောက် တစ် ခါ​မျှ​ထမ်း​ပိုး​မ​တင်​ဘူး​သေး​သော​သား​ငယ် ရှိ​သည့်​နွား​မ​နှစ်​ကောင်​ကို​လှည်း​၌​တပ်​၍ သား​ငယ်​တို့​ကို​မူ​ခြံ​သို့​ပြန်​ပို့​လော့။-
Or dunque fatevi un carro nuovo, e prendete due vacche che allattino e che non abbian mai portato giogo; attaccate al carro le vacche, e riconducete nella stalla i loro vitelli.
8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လှည်း​ပေါ်​သို့​တင်​ပြီး​လျှင် သင်​တို့​၏ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော​ရွှေ ရုပ်​တု​များ​ကို​အ​ခြား​သော​သေတ္တာ​တစ်​လုံး တွင်​ထည့်​၍​သေတ္တာ​တော်​အ​နီး​၌​ထား​လော့။ ထို နောက်​လှည်း​ကို​အ​လို​ရှိ​ရာ​သို့​ထွက်​ခွာ​သွား စေ​လော့။-
Poi prendete l’arca dell’Eterno e mettetela sul carro; e accanto ad essa ponete, in una cassetta, i lavori d’oro che presentate all’Eterno come offerta di riparazione; e lasciatela, sì che se ne vada.
9 လှည်း​အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို​စောင့်​၍ ကြည့်​လော့။ အ​ကယ်​၍​ဗက်​ရှေ​မက်​မြို့​ရှိ​ရာ​သို့ သွား​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သည် ငါ​တို့​အ​ပေါ်​သို့​ကြောက်​မက်​ဖွယ်​ရာ​ကပ် ရော​ဂါ​ကို​ကျ​ရောက်​စေ​ကြောင်း​သိ​မှတ်​ရ​မည်။ သို့​ရာ​တွင်​လှည်း​သည်​ထို​မြို့​ရှိ​ရာ​သို့​မ​သွား ခဲ့​သော် ကိုယ်​တော်​သည်​ငါ​တို့​ထံ​ကပ်​ရော​ဂါ ကို​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ ကပ်​ရော​ဂါ သည်​အ​လို​အ​လျောက်​ဆိုက်​ရောက်​လာ​ခြင်း သာ​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​မည်။''
E state a vedere: se sale per la via che mena al suo paese, verso Beth-Scemesh, vuol dire che l’Eterno è quegli che ci ha fatto questo gran male; se no, sapremo che non la sua mano ci ha percossi, ma che questo ci è avvenuto per caso”.
10 ၁၀ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​စေ​ခိုင်း​သည့် အ​တိုင်း နွား​မ​နှစ်​ကောင်​ကို​လှည်း​တွင်​တပ်​၍ နွား​ငယ်​က​လေး​များ​ကို​ခြံ​တွင်​လှောင်​ထား ကြ​၏။-
Quelli dunque fecero così; presero due vacche che allattavano, le attaccarono al carro, e chiusero nella stalla i vitelli.
11 ၁၁ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ရွှေ​ကြွက်​ရုပ်​နှင့် ရွှေ​အ​နာ​စိမ်း​ရုပ်​တု​ပုံ​များ ပါ​ရှိ​သည့်​သေတ္တာ နှင့်​အ​တူ​လှည်း​ပေါ်​သို့​တင်​ကြ​၏။-
Poi misero sul carro l’arca dell’Eterno e la cassetta coi topi d’oro e le figure delle emorroidi.
12 ၁၂ နွား​မ​တို့​သည်​ဗက်​ရှေ​မက်​လမ်း​အ​တိုင်း စ​တင်​ထွက်​ခွာ​ပြီး ဝဲ​ယာ​မ​ကွေ့​ဘဲ​တည့် မတ်​စွာ​တစ်​လမ်း​လုံး​အော်​မြည်​လျက် ဗက် ရှေ​မက်​မြို့​ရှိ​ရာ​သို့​သွား​ကြ​လေ​သည်။ ဖိ လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဗက်​ရှေ​မက် မြို့​နယ်​စပ်​အ​နီး​အ​ထိ​လိုက်​ပါ​သွား​ကြ ၏။
Le vacche presero direttamente la via che mena a Beth-Scemesh; seguiron sempre la medesima strada, muggendo mentre andavano, e non piegarono né a destra né a sinistra. I principi dei Filistei tennero loro dietro, sino ai confini di Beth-Scemesh.
13 ၁၃ ဗက်​ရှေ​မက်​မြို့​သား​တို့​သည်​ချိုင့်​ဝှမ်း​ထဲ​တွင် ဂျုံ​စ​ပါး​များ​ကို​ရိတ်​သိမ်း​လျက်​နေ​စဉ်​ရုတ် တ​ရက်​မျှော်​ကြည့်​လိုက်​သော​အ​ခါ ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​တွေ့​မြင်​ကြ​သ​ဖြင့်​အ​တိုင်း ထက်​အ​လွန်​ဝမ်း​မြောက်​ကြ​၏။-
Ora quei di Beth-Scemesh mietevano il grano nella valle; e alzando gli occhi videro l’arca, e si rallegrarono vedendola.
14 ၁၄ လှည်း​သည်​ဗက်​ရှေ​မက်​မြို့​သား​ယော​ရှု​၏ လယ်​သို့​ရောက်​သော​အ​ခါ ကျောက်​တုံး​ကြီး အ​နီး​တွင်​ရပ်​တန့်​လေ​သည်။ လူ​တို့​သည်​လှည်း ကို​ခုတ်​ဖြတ်​၍​နွား​မ​တို့​ကို​သတ်​ပြီး​လျှင် မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ကြ​၏။-
Il carro, giunto al campo di Giosuè di Beth-Scemesh, vi si fermò. C’era quivi una gran pietra; essi spaccarono il legname del carro, e offrirono le vacche in olocausto all’Eterno.
15 ၁၅ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့် ရွှေ​ရုပ်​များ​ပါ ရှိ​သည့်​သေတ္တာ​ကို​ချီ​ပင့်​ပြီး​လျှင်​ကျောက်​တုံး ကြီး​ပေါ်​တွင်​တင်​ထား​ကြ​၏။ ထို​နောက်​ဗက် ရှေ​မက်​မြို့​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား အား​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ပူ​ဇော် သကာ​များ​ကို​တင်​လှူ​ကြ​၏။-
I Leviti deposero l’arca dell’Eterno e la cassetta che le stava accanto e conteneva gli oggetti d’oro, e misero ogni cosa sulla gran pietra; e, in quello stesso giorno, quei di Beth-Scemesh offrirono olocausti e presentarono sacrifizi all’Eterno.
16 ၁၆ ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဤ​အ​ခြင်း အ​ရာ​ကို​ကြည့်​ရှု​ကြ​ပြီး​နောက် ထို​နေ့​၌​ပင် ဧ​ကြုန်​မြို့​သို့​ပြန်​သွား​ကြ​၏။
I cinque principi dei Filistei, veduto ciò, tornarono il medesimo giorno a Ekron.
17 ၁၇ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ရွှေ​အ​နာ​စိမ်း ရုပ်​ငါး​ခု​ကို​မြို့​တစ်​မြို့​လျှင် တစ်​ခု​နှုန်း​ဖြင့် အာ​ဇုတ်​မြို့၊ ဂါ​ဇ​မြို့၊ အာ​ရှ​ကေ​လုန်​မြို့၊ ဂါ​သ မြို့​နှင့်​ဧ​ကြုန်​မြို့​တို့​ကို​ရည်​စူး​၍​မိ​မိ​တို့ အ​တွက် အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဖြင့်​ထာ​ဝ​ရ​ဘု​ရား​ထံ​ပေး​ပို့​ကြ​၏။-
Questo è il numero delle emorroidi d’oro che i Filistei presentarono all’Eterno come offerta di riparazione; una per Asdod, una per Gaza, una per Askalon, una per Gath, una per Ekron.
18 ၁၈ သူ​တို့​သည်​ကြွက်​ရုပ်​များ​ကို​လည်း​ဖိ​လိတ္တိ ဘု​ရင်​များ အ​စိုး​ရ​သည့်​ခံ​တပ်​မြို့​များ​နှင့် ကျေး​ရွာ​များ​အ​တွက် တစ်​မြို့​လျှင်​တစ်​ခု ကျ​စီ​ဆက်​သ​ပေး​ပို့​ကြ​၏။ ဗက်​ရှေ​မက် မြို့​သား​ယော​ရှု​၏​လယ်​၌​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​တင်​ရာ​ကျောက်​တုံး ကြီး​သည် ထို​စဉ်​အ​ခါ​က​ဖြစ်​ပျက်​ခဲ့​သည့် အ​မှု​၌​အ​သိ​သက်​သေ​အ​ဖြစ်​ဖြင့်​ယ​နေ့ တိုင်​အောင်​တည်​ရှိ​နေ​လေ​သည်။
E de’ topi d’oro ne offriron tanti quante erano le città dei Filistei appartenenti ai cinque principi, dalle città murate ai villaggi di campagna che si estendono fino alla gran pietra sulla quale fu posata l’arca dell’Eterno, e che sussiste anche al dì d’oggi nel campo di Giosuè, il Beth-scemita.
19 ၁၉ ဗက်​ရှေ​မက်​မြို့​သား​ခု​နစ်​ဆယ်​တို့​သည် ပ​ဋိ ညာဉ်​သေတ္တာ​တော်​ထဲ​သို့​ကြည့်​မိ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သေ​ဒဏ် ခတ်​တော်​မူ​၏။ မြို့​သား​တို့​သည်​မိ​မိ​တို့ အ​ထဲ​မှ​လူ​မြောက်​မြား​စွာ​ကို ထာ​ဝ​ရ ဘု​ရား​သေ​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​၏။
L’Eterno colpì que’ di Beth-Scemesh, perché aveano portato gli sguardi sull’arca dell’Eterno; colpì settanta uomini del popolo. Il popolo fece cordoglio, perché l’Eterno l’avea colpito d’una gran piaga.
20 ၂၀ သို့​ဖြစ်​၍​ဗက်​ရှေ​မက်​မြို့​သား​တို့​က``သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ အ​ဘယ်​သူ​သည် ရပ်​တည်​နိုင်​ပါ​မည်​နည်း။ ငါ​တို့​နှင့်​ဝေး​အောင် ကိုယ်​တော်​အား​အ​ဘယ်​အ​ရပ်​သို့​ပင့်​ဆောင် သွား​ရ​ပါ​မည်​နည်း'' ဟု​ဆို​၍၊-
E quelli di Beth-Scemesh dissero: “Chi può sussistere in presenza dell’Eterno, di questo Dio santo? E da chi salirà l’arca, partendo da noi?”.
21 ၂၁ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​ထံ​သို့​တ​မန် များ​စေ​လွှတ်​ပြီး​လျှင်``ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပြန်​လည်​ပို့​ဆောင်​ကြ​လေ​ပြီ။ သင် တို့​လာ​၍​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​ပါ လော့'' ဟု​မှာ​ကြား​လိုက်​ကြ​၏။
E spedirono de’ messi agli abitanti di Kiriath-Jearim per dir loro: “I Filistei hanno ricondotto l’arca dell’Eterno; scendete e menatela su fra voi”.

< ၁ ဓမ္မရာဇဝင် 6 >