< ၁ ဓမ္မရာဇဝင် 6 >
1 ၁ ဖိလိတ္တိပြည်တွင်ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်သည် ခုနစ်လမျှရောက်ရှိနေပြီး နောက်၊-
耶和華的約櫃在非利士人之地七個月。
2 ၂ ဖိလိတ္တိအမျိုးသားခေါင်းဆောင်များသည် ယဇ်ပုရောဟိတ်များနှင့် မှော်ဆရာများကို ဖိတ်ခေါ်ကာ``ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုငါတို့အဘယ်သို့ပြုရ ကြပါမည်နည်း။ ထိုသေတ္တာတော်ကိုမူရင်း အရပ်သို့ပြန်လည်ပို့ဆောင်မည်ဆိုပါက ယင်းနှင့်အတူအဘယ်ပူဇော်သကာကို ပေးသင့်ပါသနည်း'' ဟုမေးမြန်းကြ၏။
非利士人將祭司和占卜的聚了來,問他們說:「我們向耶和華的約櫃應當怎樣行?請指示我們用何法將約櫃送回原處。」
3 ၃ ထိုသူတို့က``သင်တို့သည်ဣသရေလအမျိုး သားတို့ ကိုးကွယ်သောဘုရားသခင်၏ပဋိ ညာဉ်သေတ္တာတော်ကိုပြန်ပို့မည်ဆိုလျှင်ပူ ဇော်သကာမပါ၍မဖြစ်။ သင်တို့၏အပြစ် ဖြေရာပူဇော်သကာကိုပါပေးလှူရကြ မည်။ ယင်းသို့ပြုလျှင်သင်တို့သည်အနာ ရောဂါပျောက်ကင်းကြလိမ့်မည်။ ကိုယ်တော် သည်သင်တို့အား အဘယ်ကြောင့်ဒဏ်ခတ် လျက်နေတော်မူကြောင်းကိုလည်းသိရှိ ရကြလိမ့်မည်'' ဟုဆိုကြ၏။
他們說:「若要將以色列上帝的約櫃送回去,不可空空地送去,必要給他獻賠罪的禮物,然後你們可得痊癒,並知道他的手為何不離開你們。」
4 ၄ ဖိလိတ္တိခေါင်းဆောင်များက``ငါတို့သည် အဘယ်ပူဇော်သကာကိုပေးလှူရပါမည် နည်း'' ဟုမေးကြလျှင် သူတို့က``သင်တို့သည်ဘုရင်ငါးပါးကိုတစ် ပါးလျှင် ရွှေအနာစိမ်းရုပ်ငါးခုနှင့်ရွှေကြွက် ရုပ်ငါးခုပြုလုပ်၍ပေးလှူရကြမည်။ ဘုရင် ငါးပါးနှင့်သင်တို့အပေါင်းသည် ကပ်ရောဂါ တစ်မျိုးတည်းသင့်ရကြသည်ဖြစ်ရာ၊-
非利士人說:「應當用甚麼獻為賠罪的禮物呢?」他們回答說:「當照非利士首領的數目,用五個金痔瘡,五個金老鼠,因為在你們眾人和你們首領的身上都是一樣的災。
5 ၅ အနာစိမ်း၏ပုံစံ၊ သင်တို့ပြည်ကိုဖျက်ဆီး လျက်နေသည့်ကြွက်၏ပုံစံတို့ကိုပြုလုပ်၍ ဣသရေလအမျိုးသားတို့ဘုရားကိုဂုဏ် ပြုချီးမြှင့်ရမည်။ ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရားများကိုလည်းကောင်း၊ သင်တို့၏ပြည်ကိုလည်းကောင်းဒဏ်မ ခတ်တော့ဘဲနေကောင်းနေတော်မူလိမ့်မည်။-
所以當製造你們痔瘡的像和毀壞你們田地老鼠的像,並要歸榮耀給以色列的上帝,或者他向你們和你們的神,並你們的田地,把手放輕些。
6 ၆ သင်တို့သည်အဘယ်ကြောင့်အီဂျစ်ဘုရင် နှင့် အီဂျစ်အမျိုးသားတို့ကဲ့သို့ခေါင်းမာ နေကြပါမည်နည်း။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုအီဂျစ်ပြည်မှထွက်ခွာ ခွင့်မပြုမချင်းဘုရားသခင်သည် သူတို့ အားအဘယ်သို့ဒဏ်ခတ်တော်မူခဲ့သည်ကို သင်တို့မမေ့ကြနှင့်။-
你們為何硬着心像埃及人和法老一樣呢?上帝在埃及人中間行奇事,埃及人豈不釋放以色列人,他們就去了嗎?
7 ၇ သို့ဖြစ်၍လှည်းသစ်ကိုပြုလုပ်ပြီးနောက် တစ် ခါမျှထမ်းပိုးမတင်ဘူးသေးသောသားငယ် ရှိသည့်နွားမနှစ်ကောင်ကိုလှည်း၌တပ်၍ သားငယ်တို့ကိုမူခြံသို့ပြန်ပို့လော့။-
現在你們應當造一輛新車,將兩隻未曾負軛有乳的母牛套在車上,使牛犢回家去,離開母牛。
8 ၈ ထိုနောက်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုလှည်းပေါ်သို့တင်ပြီးလျှင် သင်တို့၏ အပြစ်ဖြေရာပူဇော်သကာတည်းဟူသောရွှေ ရုပ်တုများကိုအခြားသောသေတ္တာတစ်လုံး တွင်ထည့်၍သေတ္တာတော်အနီး၌ထားလော့။ ထို နောက်လှည်းကိုအလိုရှိရာသို့ထွက်ခွာသွား စေလော့။-
把耶和華的約櫃放在車上,將所獻賠罪的金物裝在匣子裏,放在櫃旁,將櫃送去。
9 ၉ လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''
你們要看看:車若直行以色列的境界到伯‧示麥去,這大災就是耶和華降在我們身上的;若不然,便可以知道不是他的手擊打我們,是我們偶然遇見的。」
10 ၁၀ သူတို့သည်ယဇ်ပုရောဟိတ်တို့စေခိုင်းသည့် အတိုင်း နွားမနှစ်ကောင်ကိုလှည်းတွင်တပ်၍ နွားငယ်ကလေးများကိုခြံတွင်လှောင်ထား ကြ၏။-
非利士人就這樣行:將兩隻有乳的母牛套在車上,將牛犢關在家裏,
11 ၁၁ ပဋိညာဉ်သေတ္တာတော်ကိုရွှေကြွက်ရုပ်နှင့် ရွှေအနာစိမ်းရုပ်တုပုံများ ပါရှိသည့်သေတ္တာ နှင့်အတူလှည်းပေါ်သို့တင်ကြ၏။-
把耶和華的約櫃和裝金老鼠並金痔瘡像的匣子都放在車上。
12 ၁၂ နွားမတို့သည်ဗက်ရှေမက်လမ်းအတိုင်း စတင်ထွက်ခွာပြီး ဝဲယာမကွေ့ဘဲတည့် မတ်စွာတစ်လမ်းလုံးအော်မြည်လျက် ဗက် ရှေမက်မြို့ရှိရာသို့သွားကြလေသည်။ ဖိ လိတ္တိဘုရင်ငါးပါးတို့သည်ဗက်ရှေမက် မြို့နယ်စပ်အနီးအထိလိုက်ပါသွားကြ ၏။
牛直行大道,往伯‧示麥去,一面走一面叫,不偏左右。非利士的首領跟在後面,直到伯‧示麥的境界。
13 ၁၃ ဗက်ရှေမက်မြို့သားတို့သည်ချိုင့်ဝှမ်းထဲတွင် ဂျုံစပါးများကိုရိတ်သိမ်းလျက်နေစဉ်ရုတ် တရက်မျှော်ကြည့်လိုက်သောအခါ ပဋိညာဉ် သေတ္တာတော်ကိုတွေ့မြင်ကြသဖြင့်အတိုင်း ထက်အလွန်ဝမ်းမြောက်ကြ၏။-
伯‧示麥人正在平原收割麥子,舉目看見約櫃,就歡喜了。
14 ၁၄ လှည်းသည်ဗက်ရှေမက်မြို့သားယောရှု၏ လယ်သို့ရောက်သောအခါ ကျောက်တုံးကြီး အနီးတွင်ရပ်တန့်လေသည်။ လူတို့သည်လှည်း ကိုခုတ်ဖြတ်၍နွားမတို့ကိုသတ်ပြီးလျှင် မီးရှို့ရာယဇ်အဖြစ်ဖြင့်ထာဝရဘုရား အားပူဇော်ကြ၏။-
車到了伯‧示麥人約書亞的田間,就站住了。在那裏有一塊大磐石,他們把車劈了,將兩隻母牛獻給耶和華為燔祭。
15 ၁၅ လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်နှင့် ရွှေရုပ်များပါ ရှိသည့်သေတ္တာကိုချီပင့်ပြီးလျှင်ကျောက်တုံး ကြီးပေါ်တွင်တင်ထားကြ၏။ ထိုနောက်ဗက် ရှေမက်မြို့သားတို့သည်ထာဝရဘုရား အားမီးရှို့ရာယဇ်နှင့်အခြားပူဇော် သကာများကိုတင်လှူကြ၏။-
利未人將耶和華的約櫃和裝金物的匣子拿下來,放在大磐石上。當日伯‧示麥人將燔祭和平安祭獻給耶和華。
16 ၁၆ ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဤအခြင်း အရာကိုကြည့်ရှုကြပြီးနောက် ထိုနေ့၌ပင် ဧကြုန်မြို့သို့ပြန်သွားကြ၏။
非利士人的五個首領看見,當日就回以革倫去了。
17 ၁၇ ဖိလိတ္တိအမျိုးသားတို့သည်ရွှေအနာစိမ်း ရုပ်ငါးခုကိုမြို့တစ်မြို့လျှင် တစ်ခုနှုန်းဖြင့် အာဇုတ်မြို့၊ ဂါဇမြို့၊ အာရှကေလုန်မြို့၊ ဂါသ မြို့နှင့်ဧကြုန်မြို့တို့ကိုရည်စူး၍မိမိတို့ အတွက် အပြစ်ဖြေရာပူဇော်သကာအဖြစ် ဖြင့်ထာဝရဘုရားထံပေးပို့ကြ၏။-
非利士人獻給耶和華作賠罪的金痔瘡像,就是這些:一個是為亞實突,一個是為迦薩,一個是為亞實基倫,一個是為迦特,一個是為以革倫。
18 ၁၈ သူတို့သည်ကြွက်ရုပ်များကိုလည်းဖိလိတ္တိ ဘုရင်များ အစိုးရသည့်ခံတပ်မြို့များနှင့် ကျေးရွာများအတွက် တစ်မြို့လျှင်တစ်ခု ကျစီဆက်သပေးပို့ကြ၏။ ဗက်ရှေမက် မြို့သားယောရှု၏လယ်၌ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်တင်ရာကျောက်တုံး ကြီးသည် ထိုစဉ်အခါကဖြစ်ပျက်ခဲ့သည့် အမှု၌အသိသက်သေအဖြစ်ဖြင့်ယနေ့ တိုင်အောင်တည်ရှိနေလေသည်။
金老鼠的數目是照非利士五個首領的城邑,就是堅固的城邑和鄉村,以及大磐石。這磐石是放耶和華約櫃的,到今日還在伯‧示麥人約書亞的田間。
19 ၁၉ ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။
耶和華因伯‧示麥人擅觀他的約櫃,就擊殺了他們七十人;那時有五萬人在那裏。百姓因耶和華大大擊殺他們,就哀哭了。
20 ၂၀ သို့ဖြစ်၍ဗက်ရှေမက်မြို့သားတို့က``သန့်ရှင်း မြင့်မြတ်တော်မူသည့်ဘုရားတည်းဟူသော ထာဝရဘုရား၏ရှေ့တော်၌ အဘယ်သူသည် ရပ်တည်နိုင်ပါမည်နည်း။ ငါတို့နှင့်ဝေးအောင် ကိုယ်တော်အားအဘယ်အရပ်သို့ပင့်ဆောင် သွားရပါမည်နည်း'' ဟုဆို၍၊-
伯‧示麥人說:「誰能在耶和華這聖潔的上帝面前侍立呢?這約櫃可以從我們這裏送到誰那裏去呢?」
21 ၂၁ ကိရယတ်ယာရိမ်မြို့သားတို့ထံသို့တမန် များစေလွှတ်ပြီးလျှင်``ဖိလိတ္တိအမျိုးသား တို့သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပြန်လည်ပို့ဆောင်ကြလေပြီ။ သင် တို့လာ၍သေတ္တာတော်ကိုပင့်ဆောင်ကြပါ လော့'' ဟုမှာကြားလိုက်ကြ၏။
於是打發人去見基列‧耶琳的居民,說:「非利士人將耶和華的約櫃送回來了,你們下來將約櫃接到你們那裏去吧!」