< ၁ ဓမ္မရာဇဝင် 31 >
1 ၁ ဂိလဗောတောင်ပေါ်တွင်ဖိလိတ္တိအမျိုးသား တို့နှင့် ဣသရေလအမျိုးသားတို့တိုက်ပွဲ ဖြစ်ရာ ဣသရေလအမျိုးသားအများ အပြားကျဆုံးကြ၏။ ကျန်သောသူတို့ သည်ထွက်ပြေးကြ၏။-
Philisti loh Israel a vathoh thil tih, Israel hlang hlang rhoek tah Philisti mikhmuh lamloh rhaelrham uh. Te vaengah Gilboa tlang ah a rhok la cungku uh.
2 ၂ ဖိလိတ္တိအမျိုးသားတို့သည်ရှောလု၏သား များဖြစ်ကြသောယောနသန်၊ အဘိနဒပ် နှင့်မေလခိရွှတို့ကို လိုက်၍မီသဖြင့် သတ်ဖြတ်လိုက်ကြ၏။-
Te vaengah Saul neh anih ca rhoek te Philisti loh meh a duep uh tih Saul ca rhoek Jonathan, Abinadab neh Malkhishua te Philisti loh a ngawn pah.
3 ၃ ရှောလု၏ပတ်လည်တွင်တိုက်ပွဲပြင်းထန်သည် ဖြစ်၍ မင်းကြီးကိုယ်တိုင်ပင်မြားမှန်သဖြင့် ပြင်းစွာဒဏ်ရာရလေ၏။-
Saul taengah caemrhal a tlung coeng dongah hlang loh lii a kah neh anih te khoem tong uh. Te dongah lipom hma loh mat a tluek sak.
4 ၄ မင်းကြီးသည်လက်နက်ဆောင်လူငယ်အား``ဤ ဘုရားမဲ့သူဖိလိတ္တိအမျိုးသားတို့သည်နှစ် ထောင်းအားရဖြစ်လျက် ငါ့ကိုညှင်းဆဲသတ် ဖြတ်မှုမပြုနိုင်စေရန် သင်သည်မိမိ၏ဋ္ဌား ကိုထုတ်၍ငါ့အားသတ်ပါလော့'' ဟုဆို၏။ သို့ရာတွင်ထိုလူငယ်သည်ကြောက်အားကြီး သဖြင့် မသတ်ရဲသောကြောင့်ရှောလုသည် မိမိ၏ဋ္ဌားကိုယူ၍ထောင်ပြီးလျှင် ထို ဋ္ဌားပေါ်တွင်လှဲချလျက်သေလေသည်။-
Te vaengah a hno phuei te Saul loh, “Na cunghang te phong lamtah kai n'thun mai laeh. Amih pumdul rhoek te ha pawk uh vaengah kai n'thun uh vetih m'poelyoe uh ve,” a ti nah. Tedae a hno phuei long tah bahoeng a rhih tih huem pah pawh. Te dongah Saul loh cunghang te a loh tih a bakop thil.
5 ၅ ရှောလုသေသွားသည်ကိုမြင်လျှင် လူငယ်သည် မိမိဋ္ဌားပေါ်တွင်လှဲချကာရှောလုနှင့်အတူ သေလေ၏။-
Saul a duek te a hno phuei loh a hmuh vaengah amah khaw a thum dongah cungku tih duek.
6 ၆ ဤကားရှောလုသားတော်သုံးပါးနှင့် လူငယ် တို့သေရကြပုံဖြစ်ပေသည်။ ထိုနေ့၌ရှောလု ၏လူအပေါင်းတို့သည်သေဆုံးကြကုန်၏။-
Hnin at dongah ah Saul neh a ca pathum, a hno phuei neh a hlang rhoek khaw rhenten boeih duek.
7 ၇ ယေဇရေလချိုင့်ဝှမ်းတစ်ဘက်၊ ယော်ဒန်မြစ် အရှေ့ဘက်ရှိဣသရေလအမျိုးသားတို့ သည် ဣသရေလတပ်မတော်ထွက်ပြေးပြီ ဖြစ်ကြောင်းကြားသိကြသောအခါ မိမိ တို့မြို့များကိုစွန့်၍ထွက်ပြေးကြကုန်၏။ ထိုအခါဖိလိတ္တိအမျိုးသားတို့သည်လာ ရောက်၍ထိုမြို့များတွင်နေထိုင်ကြ၏။
Israel hlang rhoek a rhaelrham uh khaw, Saul te a pacaphung ah a duek uh te khaw, khopuei rhoek te a hnoo uh tih a rhaelrham uh dongah Philisti rhoek ha pawk uh tih a khuiah kho a sak uh khaw, tuikol rhalvang neh Jordan rhalvang kah Israel hlang rhoek loh a hmuh uh.
8 ၈ တိုက်ပွဲဖြစ်ပြီးနောက်တစ်နေ့၌ဖိလိတ္တိ အမျိုးသားတို့သည် လူသေအလောင်းတို့ ထံမှပစ္စည်းတန်ဆာများကိုချွတ်ရန်ရောက် ရှိလာကြရာ ဂိလဗောတောင်ထိပ်တွင်လဲ ၍သေနေသောရှောလုနှင့်သားတော်သုံးပါး ကိုတွေ့ရှိကြ၏။-
A vuen ah rhok hloem ham Philisti rhoek ha pawk uh hatah Gilboa tlang ah Saul neh a ca rhoek pathum ana cungku te a hmuh uh.
9 ၉ သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ သူ့ ထံမှချွတ်ယူသောလက်နက်တန်ဆာများနှင့် တကွ ဖိလိတ္တိပြည်ရှိမိမိတို့၏နတ်ဘုရား ရုပ်တုများနှင့် မိမိတို့၏အမျိုးသားများ ထံသတင်းကောင်းကိုပြောကြားရန်လူ လွှတ်ပေးပို့ကြလေသည်။-
A lu te a tloek pa uh tih a hnopai te a pit uh. Te phoeiah amamih kah muei im neh pilnam taengah phong ham Philisti kaepvai kah kho tom la a tueih uh.
10 ၁၀ ထိုနောက်သူတို့သည်အဆိုပါလက်နက် တန်ဆာများကို အရှတရက်နတ်သမီး ၏ဝတ်ကျောင်းတွင်ထားရှိ၍ရှောလု၏ အလောင်းကိုမူဗက်ရှန်မြို့ရိုးတွင်ဆွဲ ထားကြ၏။
A hnopai te Ashtoreth im ah a khueh uh tih a rhok te Bethshan vongtung ah a hen uh.
11 ၁၁ ရှောလုအားဖိလိတ္တိအမျိုးသားတို့အဘယ် သို့ပြုကြသည်ကို ဂိလဒ်ပြည်ယာဗက်မြို့ သားတို့ကြားသိကြသောအခါ၊-
Philisti loh Saul a saii te Jabesh Gilead khosa rhoek a yaak.
12 ၁၂ သူရဲကောင်းအချို့တို့သည် ဗက်ရှန်မြို့ကို တစ်ညလုံးချီတက်သွားကြ၏။ သူတို့သည် ရှောလုနှင့်သားတော်တို့၏အလောင်းများ ကိုမြို့ရိုးမှဖြုတ်ယူပြီးလျှင် ယာဗက်မြို့ သို့သယ်ဆောင်၍မီးသင်္ဂြိုဟ်လိုက်ကြ၏။-
Te dongah tatthai hlang boeih loh thoo uh tih khoyin khing ah cet uh. Bethshan vongtung lamkah Saul rhok neh a ca rhoek kah rhok te a loh uh. Te phoeiah Jabesh la a khuen uh tih pahoi a tih uh.
13 ၁၃ ထိုနောက်အရိုးတို့ကိုကောက်ယူ၍မြို့ရှိ မန်ကျည်းပင်အောက်တွင်မြှုပ်နှံပြီးနောက် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြ၏။ ဋ္ဌမ္မရာဇဝင်ပထမစောင်ပြီး၏။
A rhuh te a khuen uh tih Jabesh kah kolanhlaeng hmuiah a up uh tih hnin rhih a yaeh uh.