< ၁ ဓမ္မရာဇဝင် 30 >

1 နှစ်​ရက်​မျှ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​တို့​လူ​စု သည် ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ​လာ ကြ​၏။ အာ​မ​လက်​အ​မျိုး​သား​တို့​သည်​ယု​ဒ ပြည်​တောင်​ပိုင်း​သို့ ချင်း​နင်း​ဝင်​ရောက်​ကာ​ဇိ က​လတ်​မြို့​ကို​တိုက်​ခိုက်​မီး​ရှို့​၍၊-
သုံး ရက် လွန်၍ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် ဇိကလတ် မြို့သို့ရောက် သောအခါ ၊ အာမလတ် လူတို့သည် တောင် ပြည်နှင့် ဇိကလတ် မြို့ကို တိုက် သဖြင့် ၊ ဇိကလတ် မြို့ကို လုပ်ကြံ ၍ မီး ရှို့ နှင့်ကြပြီ။
2 အ​မျိုး​သ​မီး​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ခေါ်​ဆောင်​သွား​ကြ​၏။ သို့​ရာ​တွင်​မည် သူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​သတ်​ခဲ့​ကြ။
မြို့၌ ရှိသောမိန်းမ အကြီး အငယ် တယောက် ကိုမျှမ သတ် ၊ ရှိသမျှတို့ကို သိမ်း သွားနှင့်ကြပြီ။
3 ဒါ​ဝိဒ်​တို့​လူ​စု​ရောက်​ရှိ​လာ​သော​အ​ခါ မြို့​မှာ မီး​ကျွမ်း​လျက် မိ​မိ​တို့​၏​မ​ယား​နှင့်​သား​သ​မီး များ​ကို ရန်​သူ​တို့​ဖမ်း​ဆီး​သွား​ကြောင်း​ကို တွေ့​ရှိ​သ​ဖြင့်၊-
သို့ဖြစ်၍ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် မြို့ သို့ ရောက် သောအခါ ၊ မြို့ကို မီး ရှို့ ၍ မယား သား သမီး များကို သိမ်း သွားကြောင်းကို တွေ့ သဖြင့်၊
4 အား​အင်​ကုန်​ခန်း​သည့်​တိုင်​အောင်​ငို​ကြွေး ကြ​၏။-
ငိုသံ ကို လွှင့် ၍ အား ကုန် သည်တိုင်အောင် ငိုကြွေး ကြ၏။
5 ဒါ​ဝိဒ်​၏​မ​ယား​များ​ဖြစ်​ကြ​သော အ​ဟိ​နောင် နှင့်​အ​ဘိ​ဂဲ​လ​တို့​ပင်​လျှင်​ပါ​သွား​ကြ​လေ သည်။
ဒါဝိဒ် မယား နှစ် ယောက် ယေဇရေလ မြို့သူအဟိနောင် နှင့် နာဗလ မယား ကရေမေလ မြို့သူအဘိဂဲလ တို့သည်လည်း ပါ သွားကြပြီ။
6 ဒါ​ဝိဒ်​၏​လူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ ဆုံး​ရှုံး​ရ​ကြ​သည့်​အ​တွက် စိတ်​ညှိုး​ငယ်​လျက် ဒါ​ဝိဒ်​အား​ခဲ​နှင့်​ပေါက်​ရန်​ခြိမ်း​ခြောက်​နေ​သ​ဖြင့် ဒါ​ဝိဒ်​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ သို့​ရာ တွင်​သူ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ခွန်​အား​ကို​ရ​ရှိ​ပေ​သည်။-
ဒါဝိဒ် သည် အလွန် စိတ်ငြိုငြင် ဆင်းရဲ၏။ လူ များတို့သည် မိမိ တို့ သား သမီး များကြောင့် စိတ် ညှိုးငယ် သဖြင့် ၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ် ကြမည်ဟု ဆို ကြ၏။ ဒါဝိဒ် မူကား မိမိ ဘုရား သခင်ထာဝရဘုရား ကို ကိုးစား လျက်နေ၍၊
7 ဒါ​ဝိဒ်​သည်​အ​ဟိ​မ​လက်​၏​သား၊ ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​လျှင်​အ​ဗျာ​သာ​သည် သင်​တိုင်း​တော်​ကို​ယူ​ဆောင်​ခဲ့​၏။-
သင်တိုင်း တော်ကို ငါ့ ထံသို့ ဆောင် ခဲ့ပါလော့ဟု အဟိမလက် ၏သား အဗျာသာ ကို ဆို လျှင် ၊ အဗျာသာ သည် သင်တိုင်း တော်ကို ဒါဝိဒ် ထံသို့ ဆောင် ခဲ့လေ၏။
8 ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား အား``အ​ကျွန်ုပ်​သည်​ဤ​မြို့​ကို​တိုက်​ခိုက် လု​ယက်​သူ​တို့​၏​နောက်​သို့​လိုက်​ရ​ပါ​မည် လော။ သူ​တို့​အား​ဖမ်း​ဆီး​ရ​မိ​ပါ​မည် လော'' ဟု​မေး​လျှောက်​၏။ ကိုယ်​တော်​က``သူ​တို့​၏​နောက်​သို့​လိုက်​လော့။ သင် သည်​သူ​တို့​ကို​ဖမ်း​ဆီး​ရ​မိ​၍​သုံ့​ပန်း​များ ကို​ကယ်​ဆယ်​နိုင်​လိမ့်​မည်'' ဟု​ပြန်​လည်​မိန့် ကြား​တော်​မူ​၏။
ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ထို အလုံးအရင်း ကို လိုက် ရပါမည်လော။ လိုက်လျှင် မှီ နိုင်ပါမည်လောဟု ထာဝရဘုရား ကို မေးလျှောက် သော် ၊ လိုက် လော့။ ဆက်ဆက်မှီ ၍ အလုံးစုံတို့ကို ရ ပြန်မည်ဟု မိန့် တော်မူသည်အတိုင်း၊
9 သို့​ဖြစ်​၍​ဒါ​ဝိဒ်​နှင့်​လူ​ခြောက်​ရာ​တို့​သည် ထွက်​ခွာ​သွား​ကြ​ရာ​ဗေ​သော်​ချောင်း​သို့​ရောက် ရှိ​သော​အ​ခါ အ​ချို့​သော​သူ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ရစ်​ကြ​၏။-
ဒါဝိဒ် နှင့် သူ ၌ ပါသော လူ ခြောက် ရာ တို့သည် သွား ၍ ဗေသော် ချောင်း သို့ ရောက် သောအခါ ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ် ကြ၏။
10 ၁၀ ဒါ​ဝိဒ်​သည်​လူ​လေး​ရာ​နှင့်​ဆက်​၍​သွား​၏။ အ​ခြား​လူ​နှစ်​ရာ​မှာ​မော​ပန်း​လွန်း​သ​ဖြင့် ချောင်း​ကို​မ​ကူး​နိုင်​ဘဲ​နေ​ရစ်​ကြ​၏။
၁၀ဒါဝိဒ် နှင့် လူ လေး ရာ တို့သည် လိုက် ကြ၏။ နှစ်ရာ တို့သည်မော ၍ ဗေသော် ချောင်း ကိုမကူး နိုင်သောကြောင့် နေရစ် ကြ၏။
11 ၁၁ ဒါ​ဝိဒ်​နှင့်​ပါ​လာ​သော​လူ​တို့​သည် အီ​ဂျစ် အ​မျိုး​သား​လူ​ငယ်​တစ်​ယောက်​ကို​ကျေး​တော တွင်​တွေ့​၍​ဒါ​ဝိဒ်​ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ သူ​တို့​သည်​ထို​လူ​ငယ်​အား​အ​စား​အ​စာ နှင့်​ရေ​ကို​လည်း​ကောင်း၊-
၁၁လွင်ပြင် ၌ အဲဂုတ္တု လူ တယောက်ကို တွေ့ ၍ ဒါဝိဒ် ထံသို့ ဆောင် ခဲ့သဖြင့် ၊ မုန့် ကိုပေး ၍ ထိုသူသည် စား ၏။ ရေ ကိုလည်း သောက် စေကြ၏။
12 ၁၂ သင်္ဘော​သ​ဖန်း​သီး​ခြောက်​အ​နည်း​ငယ်​နှင့် စ​ပျစ် သီး​ခြောက်​နှစ်​ပြွတ်​ကို​လည်း​ကောင်း​ပေး​ကြ​၏။ လူ​ငယ်​သည်​ထို​အ​စား​အ​စာ​များ​ကို​စား​ပြီး နောက်​ပြန်​၍​အား​ပြည့်​လာ​လေ​သည်။ သူ​သည် သုံး​ရက်​တိုင်​တိုင်​မည်​သည့်​အ​စာ​ရေ​စာ​မျှ မ​စား​မ​သောက်​ခဲ့​ရ။-
၁၂သင်္ဘောသဖန်းသီး ပျဉ်တဖဲ့ ၊ စပျစ်သီး နှစ် ပြွတ်ကိုလည်း ပေး ၍ သူသည် စား သဖြင့် အားပြည့်ပြန်၏။ သုံး ရက်ပတ်လုံးမ စား မ သောက် ဘဲ ငတ်မွတ်ခဲ့ပြီ။
13 ၁၃ ဒါ​ဝိဒ်​သည်​သူ့​အား``သင်​၏​သ​ခင်​ကား​မည်​သူ နည်း။ သင်​အ​ဘယ်​အ​ရပ်​မှ​လာ​သ​နည်း'' ဟု မေး​၏။ လူ​ငယ်​က``ကျွန်​တော်​သည်​အာ​မ​လက်​အ​မျိုး သား​တစ်​ဦး​၏​ကျွန်၊ အီ​ဂျစ်​လူ​မျိုး​ဖြစ်​ပါ​၏။ ဖျား​နာ​နေ​သော​ကြောင့်​ကျွန်​တော်​အား​လွန်​ခဲ့ သည့်​သုံး​ရက်​က​ပင်​သ​ခင်​က​ထား​ခဲ့​ပါ​၏။-
၁၃ဒါဝိဒ် ကလည်း၊ သင် သည် အဘယ်သူ နှင့် ဆိုင်သနည်း။ အဘယ် အရပ်က လာသနည်းဟုမေး လျှင် ၊ ကျွန်တော် သည် အာမလက် လူ ထံ၌ ကျွန် ခံရသောအဲဂုတ္တု လူ ကလေးဖြစ်ပါ၏။ သုံး ရက် အထက်က အနာ ရောက်သောကြောင့် သခင် သည် ပစ်ထား ပါ၏။
14 ၁၄ ကျွန်​တော်​တို့​သည်​ယု​ဒ​ပြည်​တောင်​ပိုင်း​ခေ​ရ​သိ နယ်​မြေ​နှင့် ကာ​လက်​သား​ချင်း​စု​၏​နယ်​မြေ​ကို တိုက်​ခိုက်​၍​ဇိ​က​လတ်​မြို့​ကို​မီး​ရှို့​ခဲ့​ကြ​ပါ ၏'' ဟု​ပြန်​ပြော​၏။
၁၄ခေရသိ ပြည်တောင် ပိုင်း၊ ယုဒ ပြည်နှင့် ကာလက် ပြည်တောင် ပိုင်းကို တိုက် ၍ ဇိကလတ် မြို့ကို မီး ရှို့ ပါပြီဟုပြောဆို ၏။
15 ၁၅ ဒါ​ဝိဒ်​က``သင်​သည်​ထို​လူ​စု​ရှိ​ရာ​သို့​ငါ့​ကို လမ်း​ပြ​ပါ​မည်​လော'' ဟု​မေး​လျှင်၊ လူ​ငယ်​က``အ​ရှင်​သည်​ကျွန်​တော်​ကို​မ​သတ်၊ ကျွန်​တော်​၏​သ​ခင်​လက်​သို့​မ​ပေး​အပ်​ပါ​ဟူ ၍​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​တိုင်​တည်​၍ က​တိ​ပြု​ပါ​လျှင်​အ​ရှင့်​အား​လမ်း​ပြ​ပါ မည်'' ဟု​ဆို​ပြီး​လျှင်၊-
၁၅ဒါဝိဒ် ကလည်း၊ ထို အလုံးအရင်း ရှိရာသို့ လမ်းပြ နိုင်သလောဟုမေး လျှင် သူက၊ ကိုယ်တော်သည် ကျွန်တော့် ကို မ သတ် ၊ သခင့် လက် သို့ မ အပ် မည်အကြောင်းဘုရား သခင်ကို တိုင်တည် ၍ ကျိန်ဆိုပါတော့။ သို့ဖြစ်လျှင် ထို အလုံးအရင်း ရှိရာသို့ လမ်းပြ ပါမည်ဟု ဆို သည်အတိုင်း ၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
16 ၁၆ ဒါဝိဒ်​ကို​ထို​သူ​တို့​ထံ​သို့​ခေါ်​ဆောင်​သွား​လေ​သည်။ ထို​သူ​တို့​သည်​ဖိ​လိတ္တိ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​မှ ပစ္စည်း​ဥစ္စာ​အ​မြောက်​အ​မြား​ကို သိမ်း​ယူ​ရ​ရှိ​ခဲ့ သ​ဖြင့် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​စား​သောက်​ကာ အောင်​ပွဲ​ခံ​လျက်​နေ​ကြ​၏။-
၁၆လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိ ပြည် နှင့် ယုဒ ပြည် ထဲက သိမ်းယူ သော ဥစ္စာ ပစ္စည်းများ အပေါင်း တို့ကြောင့် စား သောက် လျက် ၊ ကခုန် လျက် မြေ တပြင်လုံး ၌ အနှံ့အပြား ရှိကြ၏။
17 ၁၇ ဒါ​ဝိဒ်​သည်​နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​မှ​အ​စ ပြု​၍​ညဥ့်​ဦး​တိုင်​အောင် သူ​တို့​အား​တိုက်​ခိုက်​ရာ ကု​လား​အုတ်​စီး​သူ​လူ​ငယ်​လေး​ရာ​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​သူ​မျှ​ထွက်​မ​ပြေး​နိုင်​ချေ။-
၁၇ဒါဝိဒ် သည်လည်း ညဦး မှစ၍ နက်ဖြန် ညဦး တိုင်အောင် သူ တို့ကို လုပ်ကြံ သဖြင့် ၊ ကုလားအုပ် ကို စီး ၍ ပြေး သော လုလင် လေး ရာ မှတပါး လူတယောက် မှ မ လွတ်။
18 ၁၈ ဒါ​ဝိဒ်​သည်​မိ​မိ​မ​ယား​နှစ်​ယောက်​နှင့်​တ​ကွ အာ​မ​လက်​အ​မျိုး​သား​တို့​သိမ်း​ယူ​သွား သ​မျှ​တို့​ကို​ပြန်​လည်​ရ​ရှိ​လိုက်​လေ​သည်။-
၁၈အာမလက် လူတို့သည် သိမ်းသွင်း သမျှ တို့ကို ဒါဝိဒ် သည် ရ ပြန်၍၊ မိမိ မယား နှစ် ယောက်ကိုလည်း ကယ်နှုတ် လေ၏။
19 ၁၉ အ​ဘယ်​အ​ရာ​မျှ​ပျောက်​ဆုံး​မှု​မ​ရှိ။ ဒါ​ဝိဒ် သည်​မိ​မိ​လူ​စု​၏​သား​သ​မီး​အ​ပေါင်း​ကို လည်း​ကောင်း၊ အာ​မ​လက်​အ​မျိုး​သား​တို့​တိုက် ယူ​သွား​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း​ကောင်း ပြန်​၍​ရ​လေ​သည်။-
၁၉လူအကြီး အငယ် ၊ သား သမီး ၊ ဥစ္စာ ပစ္စည်း၊ လုယူသိမ်းသွား သမျှ တို့တွင် တစုံတခုမျှမ ကျန် ၊ အလုံးစုံ တို့ကို ဒါဝိဒ် သည် ရ ပြန်လေ၏။
20 ၂၀ သူ​တို့​လူ​စု​သည် သိုး​အုပ်​နွား​အုပ်​တို့​ကို​လည်း​ပြန်​လည်​ရ​ရှိ​သ ဖြင့် မိ​မိ​တို့​ရှေ့​တွင်​မောင်း​နှင်​ကာ``ဤ​သိုး​နွား​များ ကား​ဒါ​ဝိဒ်​ပိုင်​ပစ္စည်း​များ​ဖြစ်​သည်'' ဟု​ဆို​ကြ​၏။
၂၀ဒါဝိဒ် သည်လည်း ထို သိုး နွားများရှေ့ မှာ အရင်နှင် သော သိုး နွား အပေါင်း တို့ကိုလည်း ယူ ၍ ၊ ဤ ဥစ္စာသည် ဒါဝိဒ် ပိုင်သော လက်ရ ဥစ္စာ ဖြစ်သည်ဟုဆို ၏။
21 ၂၁ ထို​နောက်​မော​ပန်း​လွန်း​သ​ဖြင့် မိ​မိ​နှင့်​မ​လိုက်​နိုင် ဘဲ​ဗေ​သော်​ချောင်း​အ​နီး​တွင် နေ​ရစ်​သူ​လူ​နှစ်​ရာ ရှိ​ရာ​သို့​ဒါ​ဝိဒ်​ပြန်​လည်​ရောက်​ရှိ​လာ​၏။ ထို​သူ တို့​သည်​ခ​ရီး​ဦး​ကြို​ပြု​ရန်​ထွက်​လာ​၍ ဒါ​ဝိဒ် တို့​လူ​စု​အား​နှုတ်​ဆက်​ကြ​၏။-
၂၁မော ၍ ဒါဝိဒ် နောက် သို့ မလိုက် နိုင်၊ ဗေသော် ချောင်း နား မှာ နေရစ် သော လူ နှစ် ရာရှိရာသို့ ဒါဝိဒ် ရောက် ၍ ၊ သူတို့သည် ဒါဝိဒ် နှင့် သူ့ ၌ ပါသော လူ တို့ကို ခရီးဦးကြို ပြုလိုသောငှါ ထွက် လာသဖြင့် ၊ ဒါဝိဒ် သည် အနီး သို့ရောက်သောအခါ သူ တို့ကို နှုတ်ဆက် လေ၏။
22 ၂၂ သို့​ရာ​တွင်​ဒါ​ဝိဒ်​နှင့်​အ​တူ​လိုက်​ပါ​သွား​သူ​များ အ​နက် စိတ်​သ​ဘော​ထား​သေး​သိမ်​ယုတ်​မာ​သော​လူ အ​ချို့​တို့​က``ထို​သူ​တို့​သည်​ငါ​တို့​နှင့်​အ​တူ​မ​လိုက် ခဲ့​ကြ​သ​ဖြင့် သူ​တို့​အား​တိုက်​ရာ​ပါ​ပစ္စည်း​ကို​မျှ မ​ပေး​နိုင်​ပါ။ သူ​တို့​သည်​မိ​မိ​တို့​ဇ​နီး​သား​သ​မီး များ​ကို​ခေါ်​၍​ထွက်​ခွာ​သွား​နိုင်​ပါ​သည်'' ဟု​ဆို ကြ​၏။
၂၂ဒါဝိဒ် နှင့် လိုက် သွားသော သူ တို့တွင် အဓမ္မ လူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မ လိုက် သောကြောင့် ၊ ငါတို့ရ သော ဥစ္စာ တို့တွင် သူ တို့သား မယား မှတပါး အခြားသော ဥစ္စာကို သူ တို့အားမ ပေး ရ။ ကိုယ်သားမယားကို ယူ ၍ ထွက်သွား ကြစေဟု ဆို ကြ၏။
23 ၂၃ သို့​သော်​ဒါ​ဝိဒ်​က``ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော​ပစ္စည်း​ဥစ္စာ​များ ကို​သင်​တို့​ဤ​သို့​မ​ပြု​ရ။ ကိုယ်​တော်​သည်​ငါ​တို့ အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၍ ငါ​တို့​မြို့ ကို​ချင်း​နင်း​ဝင်​ရောက်​တိုက်​ခိုက်​ခဲ့​သူ​တို့​အား နှိမ်​နင်း​နိုင်​ခွင့်​ပေး​တော်​မူ​၏။-
၂၃ဒါဝိဒ် ကလည်း ၊ ငါ့ ညီအစ်ကို တို့ ငါ တို့ကို စောင့်မ ၍ ငါ တို့ကို တိုက်လာ သောအလုံးအရင်း ကို ငါ တို့လက် သို့ အပ် တော်မူသောထာဝရဘုရား ပေး သနားတော်မူသော ဥစ္စာကို ထိုသို့ မ ပြု ရ။
24 ၂၄ သင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​အ​ဘယ်​သူ​မျှ လက်​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​လုံး​ညီ တူ​ညီ​မျှ​ခွဲ​ဝေ​ယူ​ရ​ကြ​မည်။ စ​ခန်း​စောင့်​နေ ရစ်​ခဲ့​သူ​သည်​စစ်​ပွဲ​ဝင်​ရန်​သွား​ရောက်​သူ​ရ​ရှိ သည့်​အ​တိုင်း​ပင်​ရ​ရှိ​စေ​ရ​မည်'' ဟု​ဆို​၏။-
၂၄ဤ အမှု၌ သင် တို့စကား ကို အဘယ်သူ နားထောင် လိမ့်မည်နည်း။ စစ်တိုက် သွား သော သူရ သည်အတိုင်း ၊ ဥစ္စာ ကို စောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။
25 ၂၅ ဒါ​ဝိဒ်​သည်​ဤ​သို့​ဥ​ပ​ဒေ​ကို​ပြု​လုပ်​ခဲ့​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​တွင်​ယင်း​ဥ​ပ​ဒေ​သည်​ယ​နေ့ တိုင်​အောင်​တည်​မြဲ​လျက်​ရှိ​ပေ​သည်။
၂၅ထို နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလ အမျိုး၌ ထိုသို့သော ထုံးစံ ဖြစ်စေခြင်းငှါစီရင် ထုံးဖွဲ့သတည်း။
26 ၂၆ ဒါ​ဝိဒ်​သည်​ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​သော​အ​ခါ တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့​တို့​ကို မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​သော​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​အ​မှာ​စာ​ရေး​၍​ပေး​ပို့​လိုက်​လေ သည်။ အ​မှာ​စာ​တွင်``ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ များ​ထံ​မှ​အ​ကျွန်ုပ်​ရ​ရှိ​ခဲ့​သည့်​တိုက်​ရာ​ပါ ပစ္စည်း​အ​ချို့​ကို​သင်​တို့​အ​တွက်​လက်​ဆောင် ပေး​ပို့​လိုက်​ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။-
၂၆ဒါဝိဒ် သည် ဇိကလတ် မြို့သို့ ရောက် သောအခါ ၊ လက်ရ ဥစ္စာ အချို့ကို မိမိ အဆွေ ခင်ပွန်း၊ ယုဒ အမျိုး အသက်ကြီး သူတို့ထံသို့ ပေး လိုက်၍၊ ထာဝရဘုရား ၏ ရန်သူ လက် မှရခဲ့သော ဥစ္စာထဲက သင် တို့အဘို့ လက်ဆောင် ကို ကြည့် လော့ဟုမှာ လိုက်၏။
27 ၂၇ သူ​သည်​ပစ္စည်း​အချို့​ကို​လည်း​ဗေ​သ​လ​မြို့၊ ယု​ဒ​ပြည်​တောင်​ပိုင်း​ရှိ​ရာ​မ​မြို့၊ ယတ္တိ​ယ​မြို့၊-
၂၇ဗေသလ မြို့၊ တောင် ရာမုတ်မြို့၊ယတ္တိယ မြို့၊
28 ၂၈ အာ​ရော်​မြို့၊ ရှိ​ဖ​မုတ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊-
၂၈အာရော် မြို့၊ ရှိဖမုတ် မြို့၊ ဧရှတမော မြို့၊
29 ၂၉ ရာ​ခ​လ​မြို့၊ ယေ​ရ​မေ​လ​သား​ချင်း​စု​တို့​နေ ထိုင်​ရာ​မြို့၊ ကေ​နိ​သား​ချင်း​စု​တို့​နေ​ထိုင်​ရာ​မြို့၊-
၂၉ရာခလ မြို့၊ ယေရမေလ လူနေရာမြို့ များ၊ ကေနိ လူ နေရာမြို့ များ၊
30 ၃၀ ဟော​မာ​မြို့၊ ခေါ​ရာ​ရှန်​မြို့၊ အာ​သက်​မြို့၊-
၃၀ဟောမာ မြို့၊ ခေါရာရှန် မြို့၊ အာသက် မြို့၊
31 ၃၁ ဟေ​ဗြုန်​မြို့​မှ​စ​၍​မိ​မိ​နှင့်​မိ​မိ​၏​လူ​စု​တည်း ခို​ခဲ့​ဖူး​သည့်​မြို့​ရွာ​ရှိ​သ​မျှ​သို့​ပေး​ပို့​လိုက် လေ​သည်။
၃၁ဟေဗြုန် မြို့မှစ၍ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ် သို့ ပေးလိုက်သတည်း။

< ၁ ဓမ္မရာဇဝင် 30 >