< ၁ ဓမ္မရာဇဝင် 30 >
1 ၁ နှစ်ရက်မျှကြာသောအခါဒါဝိဒ်တို့လူစု သည် ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိလာ ကြ၏။ အာမလက်အမျိုးသားတို့သည်ယုဒ ပြည်တောင်ပိုင်းသို့ ချင်းနင်းဝင်ရောက်ကာဇိ ကလတ်မြို့ကိုတိုက်ခိုက်မီးရှို့၍၊-
Davudla adamları üçüncü gün Ziqlaqa çatdılar. Elə bu zaman Amaleqlilər Negevə və Ziqlaqa hücum edərək Ziqlaq şəhərinə od vurub yandırmışdılar.
2 ၂ အမျိုးသမီးအပေါင်းတို့ကိုဖမ်းဆီးပြီး လျှင်ခေါ်ဆောင်သွားကြ၏။ သို့ရာတွင်မည် သူတစ်စုံတစ်ယောက်ကိုမျှမသတ်ခဲ့ကြ။
Orada olan qadınlardan isə heç kimi öldürməmişdilər, böyükdən kiçiyə qədər hamısını əsir edib öz yolları ilə geri qayıtmışdılar.
3 ၃ ဒါဝိဒ်တို့လူစုရောက်ရှိလာသောအခါ မြို့မှာ မီးကျွမ်းလျက် မိမိတို့၏မယားနှင့်သားသမီး များကို ရန်သူတို့ဖမ်းဆီးသွားကြောင်းကို တွေ့ရှိသဖြင့်၊-
Davud adamları ilə şəhərə gəlib gördü ki, şəhər yandırılıb və onların arvadları, oğul və qızları əsir aparılıb.
4 ၄ အားအင်ကုန်ခန်းသည့်တိုင်အောင်ငိုကြွေး ကြ၏။-
Buna görə Davud yanına yığılan camaatla birgə taqətdən düşənə qədər hönkürüb ağladı.
5 ၅ ဒါဝိဒ်၏မယားများဖြစ်ကြသော အဟိနောင် နှင့်အဘိဂဲလတို့ပင်လျှင်ပါသွားကြလေ သည်။
Əsir aparılanlar arasında Davudun iki arvadı, İzreelli Axinoamla Karmelli Navalın dul arvadı Aviqail də var idi.
6 ၆ ဒါဝိဒ်၏လူတို့သည်မိမိတို့သားသမီးများ ဆုံးရှုံးရကြသည့်အတွက် စိတ်ညှိုးငယ်လျက် ဒါဝိဒ်အားခဲနှင့်ပေါက်ရန်ခြိမ်းခြောက်နေသဖြင့် ဒါဝိဒ်သည်အတိဒုက္ခရောက်လျက်ရှိ၏။ သို့ရာ တွင်သူသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်မှခွန်အားကိုရရှိပေသည်။-
Davudun ürəyi çox sıxılırdı, çünki xalq «onu daşlayaq» deyirdi. Ona görə ki camaatın hər birinin oğul və qızından ötrü canı yanırdı. Lakin Davud Allahı Rəbdən qüvvət aldı.
7 ၇ ဒါဝိဒ်သည်အဟိမလက်၏သား၊ ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆိုလျှင်အဗျာသာသည် သင်တိုင်းတော်ကိုယူဆောင်ခဲ့၏။-
O, Aximelekin oğlu kahin Evyatara dedi: «Rica edirəm, efodu mənim üçün buraya gətir». Evyatar da efodu Davudun yanına gətirdi.
8 ၈ ထိုအခါဒါဝိဒ်သည်ထာဝရဘုရား အား``အကျွန်ုပ်သည်ဤမြို့ကိုတိုက်ခိုက် လုယက်သူတို့၏နောက်သို့လိုက်ရပါမည် လော။ သူတို့အားဖမ်းဆီးရမိပါမည် လော'' ဟုမေးလျှောက်၏။ ကိုယ်တော်က``သူတို့၏နောက်သို့လိုက်လော့။ သင် သည်သူတို့ကိုဖမ်းဆီးရမိ၍သုံ့ပန်းများ ကိုကယ်ဆယ်နိုင်လိမ့်မည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
Davud Rəbbə müraciət edərək dedi: «Bu basqınçıların arxasınca düşsəm, onlara çatarammı?» Rəbb ona dedi: «Ardlarınca düş, mütləq onlara çatacaqsan və mütləq əsirləri qurtaracaqsan».
9 ၉ သို့ဖြစ်၍ဒါဝိဒ်နှင့်လူခြောက်ရာတို့သည် ထွက်ခွာသွားကြရာဗေသော်ချောင်းသို့ရောက် ရှိသောအခါ အချို့သောသူတို့သည်ထို အရပ်တွင်နေရစ်ကြ၏။-
Davud yanında olan altı yüz nəfərlə gedib Besor vadisinə çatdı. Yorulub dala qalanlar isə vadidə qaldılar.
10 ၁၀ ဒါဝိဒ်သည်လူလေးရာနှင့်ဆက်၍သွား၏။ အခြားလူနှစ်ရာမှာမောပန်းလွန်းသဖြင့် ချောင်းကိုမကူးနိုင်ဘဲနေရစ်ကြ၏။
Lakin Davud dörd yüz nəfərlə basqınçıların ardınca qaçmaqda davam etdi, çünki iki yüz nəfər adam yorularaq Besor vadisini keçə bilməmişdi.
11 ၁၁ ဒါဝိဒ်နှင့်ပါလာသောလူတို့သည် အီဂျစ် အမျိုးသားလူငယ်တစ်ယောက်ကိုကျေးတော တွင်တွေ့၍ဒါဝိဒ်ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ သူတို့သည်ထိုလူငယ်အားအစားအစာ နှင့်ရေကိုလည်းကောင်း၊-
Çöldə bir Misirli tapdılar və onu Davudun yanına gətirdilər. Ona çörək yedirib, su içirtdilər.
12 ၁၂ သင်္ဘောသဖန်းသီးခြောက်အနည်းငယ်နှင့် စပျစ် သီးခြောက်နှစ်ပြွတ်ကိုလည်းကောင်းပေးကြ၏။ လူငယ်သည်ထိုအစားအစာများကိုစားပြီး နောက်ပြန်၍အားပြည့်လာလေသည်။ သူသည် သုံးရက်တိုင်တိုင်မည်သည့်အစာရေစာမျှ မစားမသောက်ခဲ့ရ။-
Sonra bir dilim basılmış əncir lavaşanası ilə iki salxım quru üzüm verdilər. O da yeyib özünə gəldi, çünki üç gün-üç gecə çörək yeməmiş və su içməmişdi.
13 ၁၃ ဒါဝိဒ်သည်သူ့အား``သင်၏သခင်ကားမည်သူ နည်း။ သင်အဘယ်အရပ်မှလာသနည်း'' ဟု မေး၏။ လူငယ်က``ကျွန်တော်သည်အာမလက်အမျိုး သားတစ်ဦး၏ကျွန်၊ အီဂျစ်လူမျိုးဖြစ်ပါ၏။ ဖျားနာနေသောကြောင့်ကျွန်တော်အားလွန်ခဲ့ သည့်သုံးရက်ကပင်သခင်ကထားခဲ့ပါ၏။-
Davud ona dedi: «Sən kimin qulusan? Haradansan?» O dedi: «Bir Amaleqlinin qulu, Misirli bir gəncəm. Üç gün əvvəl xəstələndim, ona görə ağam məni atdı.
14 ၁၄ ကျွန်တော်တို့သည်ယုဒပြည်တောင်ပိုင်းခေရသိ နယ်မြေနှင့် ကာလက်သားချင်းစု၏နယ်မြေကို တိုက်ခိုက်၍ဇိကလတ်မြို့ကိုမီးရှို့ခဲ့ကြပါ ၏'' ဟုပြန်ပြော၏။
Biz Keretlilərin cənubuna, Yəhuda torpağına və Kalevin cənubuna basqın etdik, Ziqlaqa od vurub yandırdıq».
15 ၁၅ ဒါဝိဒ်က``သင်သည်ထိုလူစုရှိရာသို့ငါ့ကို လမ်းပြပါမည်လော'' ဟုမေးလျှင်၊ လူငယ်က``အရှင်သည်ကျွန်တော်ကိုမသတ်၊ ကျွန်တော်၏သခင်လက်သို့မပေးအပ်ပါဟူ ၍ဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ ကတိပြုပါလျှင်အရှင့်အားလမ်းပြပါ မည်'' ဟုဆိုပြီးလျှင်၊-
Davud ona dedi: «Məni bu basqınçıların yanına apararsanmı?» Həmin adam dedi: «Məni öldürməyəcəyinə və ağama təslim etməyəcəyinə Allah haqqı üçün and iç, mən də səni basqınçıların yanına aparım».
16 ၁၆ ဒါဝိဒ်ကိုထိုသူတို့ထံသို့ခေါ်ဆောင်သွားလေသည်။ ထိုသူတို့သည်ဖိလိတ္တိပြည်နှင့်ယုဒပြည်တို့မှ ပစ္စည်းဥစ္စာအမြောက်အမြားကို သိမ်းယူရရှိခဲ့ သဖြင့် နေရာအနှံ့အပြားတွင်စားသောက်ကာ အောင်ပွဲခံလျက်နေကြ၏။-
O, Davudu basqınçıların yanına endirdi. Bu zaman basqınçılar hər yana yayılmışdılar. Onlar Filişt və Yəhuda diyarından böyük talan malı götürmüş və bundan ötrü yeyib-içərək şənlik edirdilər.
17 ၁၇ ဒါဝိဒ်သည်နောက်တစ်နေ့အရုဏ်တက်ချိန်မှအစ ပြု၍ညဥ့်ဦးတိုင်အောင် သူတို့အားတိုက်ခိုက်ရာ ကုလားအုတ်စီးသူလူငယ်လေးရာမှလွဲ၍ အခြားအဘယ်သူမျှထွက်မပြေးနိုင်ချေ။-
Davud gün batandan ertəsi günün axşamınadək onları qırdı. Dəvələrə minib qaçan dörd yüz nəfər gəncdən başqa heç kim canını qurtara bilmədi.
18 ၁၈ ဒါဝိဒ်သည်မိမိမယားနှစ်ယောက်နှင့်တကွ အာမလက်အမျိုးသားတို့သိမ်းယူသွား သမျှတို့ကိုပြန်လည်ရရှိလိုက်လေသည်။-
O, Amaleqlilərin götürüb apardığı hər bir şeyi və iki arvadını geri qaytardı.
19 ၁၉ အဘယ်အရာမျှပျောက်ဆုံးမှုမရှိ။ ဒါဝိဒ် သည်မိမိလူစု၏သားသမီးအပေါင်းကို လည်းကောင်း၊ အာမလက်အမျိုးသားတို့တိုက် ယူသွားသည့်ပစ္စည်းမှန်သမျှကိုလည်းကောင်း ပြန်၍ရလေသည်။-
Böyükləri, kiçikləri, bütün oğul və qızları, talan edərək ələ keçirdikləri bütün şeyləri Davud geri qaytardı və onlardan heç nə əskik olmadı.
20 ၂၀ သူတို့လူစုသည် သိုးအုပ်နွားအုပ်တို့ကိုလည်းပြန်လည်ရရှိသ ဖြင့် မိမိတို့ရှေ့တွင်မောင်းနှင်ကာ``ဤသိုးနွားများ ကားဒါဝိဒ်ပိုင်ပစ္စည်းများဖြစ်သည်'' ဟုဆိုကြ၏။
Davud qoyunlarla öküzləri də geri qaytardı. Onları o biri heyvanların qarşısından sürüb «bu, Davudun talan malıdır» deyirdilər.
21 ၂၁ ထိုနောက်မောပန်းလွန်းသဖြင့် မိမိနှင့်မလိုက်နိုင် ဘဲဗေသော်ချောင်းအနီးတွင် နေရစ်သူလူနှစ်ရာ ရှိရာသို့ဒါဝိဒ်ပြန်လည်ရောက်ရှိလာ၏။ ထိုသူ တို့သည်ခရီးဦးကြိုပြုရန်ထွက်လာ၍ ဒါဝိဒ် တို့လူစုအားနှုတ်ဆက်ကြ၏။-
Davud yorulub ardınca gələ bilməyən və Besor vadisində qalan iki yüz nəfərin yanına gəldi. Onlar Davudu və yanındakı adamları qarşılamağa çıxdılar. Davud oraya yaxınlaşanda xalqa salam verdi.
22 ၂၂ သို့ရာတွင်ဒါဝိဒ်နှင့်အတူလိုက်ပါသွားသူများ အနက် စိတ်သဘောထားသေးသိမ်ယုတ်မာသောလူ အချို့တို့က``ထိုသူတို့သည်ငါတို့နှင့်အတူမလိုက် ခဲ့ကြသဖြင့် သူတို့အားတိုက်ရာပါပစ္စည်းကိုမျှ မပေးနိုင်ပါ။ သူတို့သည်မိမိတို့ဇနီးသားသမီး များကိုခေါ်၍ထွက်ခွာသွားနိုင်ပါသည်'' ဟုဆို ကြ၏။
Davudla birlikdə gedən adamlar arasında olan bütün pis və yaramaz adamlar belə dedilər: «Onlar bizimlə birlikdə getmədikləri üçün biz də qurtardığımız talan malından onlara heç nə verməyəcəyik. Ancaq hər adama öz arvad-uşaqlarını verəcəyik. Qoy onları götürüb buradan getsinlər».
23 ၂၃ သို့သော်ဒါဝိဒ်က``ညီအစ်ကိုတို့၊ ထာဝရဘုရား ငါတို့အားပေးသနားတော်မူသောပစ္စည်းဥစ္စာများ ကိုသင်တို့ဤသို့မပြုရ။ ကိုယ်တော်သည်ငါတို့ အားဘေးမဲ့လုံခြုံစွာထားတော်မူ၍ ငါတို့မြို့ ကိုချင်းနင်းဝင်ရောက်တိုက်ခိုက်ခဲ့သူတို့အား နှိမ်နင်းနိုင်ခွင့်ပေးတော်မူ၏။-
Amma Davud onlara belə dedi: «Xeyr, qardaşlarım! Rəbbin bizə verdiyi şeylərlə belə etməyəcəksiniz. Bizi qoruyan Rəbdir və üstümüzə gələn basqınçıları O bizə təslim etdi.
24 ၂၄ သင်တို့၏အကြံပေးချက်ကိုအဘယ်သူမျှ လက်ခံနိုင်လိမ့်မည်မဟုတ်။ သင်တို့အားလုံးညီ တူညီမျှခွဲဝေယူရကြမည်။ စခန်းစောင့်နေ ရစ်ခဲ့သူသည်စစ်ပွဲဝင်ရန်သွားရောက်သူရရှိ သည့်အတိုင်းပင်ရရှိစေရမည်'' ဟုဆို၏။-
Sizin bu sözünüzü kim dinləyər? Çünki döyüşə gedənin payı nə qədərdirsə, yüklərin yanında qalanın da payı o qədər olacaq, bərabər bölünəcək».
25 ၂၅ ဒါဝိဒ်သည်ဤသို့ဥပဒေကိုပြုလုပ်ခဲ့သဖြင့် ဣသရေလပြည်တွင်ယင်းဥပဒေသည်ယနေ့ တိုင်အောင်တည်မြဲလျက်ရှိပေသည်။
Davud bütün İsrail üçün o gündən bu günə qədər davam edən bir qanun və hökm yaratdı.
26 ၂၆ ဒါဝိဒ်သည်ဇိကလတ်မြို့သို့ပြန်လည်ရောက်ရှိ လာသောအခါ တိုက်ရာပါပစ္စည်းအချို့တို့ကို မိမိ၏မိတ်ဆွေများဖြစ်သောယုဒခေါင်းဆောင် များထံသို့အမှာစာရေး၍ပေးပို့လိုက်လေ သည်။ အမှာစာတွင်``ထာဝရဘုရား၏ရန်သူ များထံမှအကျွန်ုပ်ရရှိခဲ့သည့်တိုက်ရာပါ ပစ္စည်းအချို့ကိုသင်တို့အတွက်လက်ဆောင် ပေးပို့လိုက်ပါသည်'' ဟုဖော်ပြပါရှိ၏။-
Davud Ziqlaqa gəldi və «budur, sizin üçün Rəbbin düşmənlərindən alınan talandan bir hədiyyə» deyərək dostları olan Yəhuda ağsaqqallarına,
27 ၂၇ သူသည်ပစ္စည်းအချို့ကိုလည်းဗေသလမြို့၊ ယုဒပြည်တောင်ပိုင်းရှိရာမမြို့၊ ယတ္တိယမြို့၊-
Bet-Eldə, Negevdəki Ramotda və Yattirdə,
28 ၂၈ အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊-
Aroerdə, Sifmotda, Eştemoada,
29 ၂၉ ရာခလမြို့၊ ယေရမေလသားချင်းစုတို့နေ ထိုင်ရာမြို့၊ ကေနိသားချင်းစုတို့နေထိုင်ရာမြို့၊-
Rakalda, Yeraxmeellilərin və Qenlilərin şəhərlərində,
30 ၃၀ ဟောမာမြို့၊ ခေါရာရှန်မြို့၊ အာသက်မြို့၊-
Xormada, Bor-Aşanda, Atakda,
31 ၃၁ ဟေဗြုန်မြို့မှစ၍မိမိနှင့်မိမိ၏လူစုတည်း ခိုခဲ့ဖူးသည့်မြို့ရွာရှိသမျှသို့ပေးပို့လိုက် လေသည်။
Xevronda olanlara və adamları ilə gəzdiyi yerlərin hamısında yaşayanlara talan malından göndərdi.