< ၁ ဓမ္မရာဇဝင် 3 >
1 ၁ သူငယ်ရှမွေလသည်ဧလိညွှန်ကြားမှုကို ခံယူကာ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုကာလ၌ထာဝရ ဘုရားထံမှဗျာဒိတ်တော်များကိုများစွာ မကြားရကြ။ ဗျာဒိတ်ရူပါရုံများကို လည်းမြင်တွေ့ရမှုနည်းပါးလေသည်။-
Otrok Samuel pa je pred Élijem služil Gospodu. V tistih dneh je bila Gospodova beseda dragocena; ni bilo odprtega videnja.
2 ၂ တစ်ညသ၌မျက်စိအလင်းကွယ်လုနီးပါး ရှိသောဧလိသည် မိမိ၏အခန်းတွင်အိပ်စက် လျက်နေ၏။-
Pripetilo se je ob tistem času, ko se je Éli ulegel na svojem mestu in so njegove oči začenjale temneti, da ni mogel videti.
3 ၃ ရှမွေလမူကားပဋိညာဉ်သေတ္တာတော်ရှိရာ တဲတော်တွင်အိပ်လျက်နေသတည်း။ အရုဏ် မတက်သေးသဖြင့် မီးခွက်ကိုမငြိမ်းမသတ် ရသေးမီအချိန်၌၊-
Preden se je ugasnila Božja svetilka v Gospodovem templju, kjer je bila Božja skrinja in se je Samuel ulegel k spanju,
4 ၄ ထာဝရဘုရားသည်ရှမွေလအားခေါ် တော်မူ၏။ ရှမွေလကလည်း``ရှိပါသည် အရှင်'' ဟုထူးပြီးလျှင်၊-
je Gospod poklical Samuela in ta je odgovoril: »Tukaj sem.«
5 ၅ ဧလိထံသို့ပြေး၍သွားကာ``အရှင်ခေါ် သဖြင့် ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``သင့်ကိုငါမခေါ်။ ပြန်၍ အိပ်လော့'' ဟုဆို၏။ သို့ဖြစ်၍ရှမွေလသည် ပြန်၍အိပ်လေ၏။
Stekel je k Éliju in rekel: »Tukaj sem, kajti klical si me.« Ta pa je rekel: »Nisem klical, ponovno se ulezi.« In odšel je in se ulegel.
6 ၆ ဘုရားသခင်သည်ရှမွေလကိုတစ်ဖန်ခေါ်တော် မူပြန်၏။ သူငယ်သည်ထာဝရဘုရားခေါ်တော် မူမှန်းကိုမသိ။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည် သူ့အားအဘယ်အခါကမျှဗျာ ဒိတ်ပေးတော်မမူခဲ့ဘူးသောကြောင့်ဖြစ်၏။ ထို့ ကြောင့်သူသည်ဧလိထံသို့သွားပြီးလျှင်``အရှင် ခေါ်သောကြောင့် လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``ငါ့သားသင့်ကိုငါ မခေါ်။ သင်ပြန်၍အိပ်လော့'' ဟုဆို၏။
Gospod je ponovno poklical: »Samuel.« Samuel je vstal in odšel k Éliju ter rekel: »Tukaj sem, kajti klical si me.« Ta je odgovoril: »Nisem klical, moj sin, ponovno se ulezi.«
Torej Samuel še ni poznal Gospoda niti mu Gospodova beseda še ni bila razodeta.
8 ၈ ထာဝရဘုရားသည်ရှမွေလကိုတတိယ အကြိမ်ခေါ်တော်မူပြန်၏။ သူသည်ထ၍ ဧလိထံသို့သွားပြီးလျှင်``အရှင်ခေါ်သော ကြောင့်ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ ထိုအခါဧလိသည်သူငယ်ကိုခေါ်သောသူ ကား ထာဝရဘုရားပင်ဖြစ်တော်မူကြောင်း ရိပ်မိသဖြင့်၊-
Gospod je ponovno, tretjič, poklical Samuela. Ta je vstal, šel k Éliju in rekel: »Tukaj sem, kajti klical si me.« In Éli je zaznal, da je otroka klical Gospod.
9 ၉ ``သင်သည်ပြန်၍အိပ်လော့။ အကယ်၍သင့်အား နောက်တစ်ကြိမ်ခေါ်လျှင်`ထာဝရဘုရား၊ အမိန့် ရှိတော်မူပါ။ ကိုယ်တော်၏ကျွန်နာခံလျက်ရှိ ပါ၏' ဟုလျှောက်ထားလော့'' ဟုမှာကြားလိုက်၏။ သို့ဖြစ်၍ရှမွေလသည်ပြန်၍အိပ်လေ၏။
Zato je Éli rekel Samuelu: »Pojdi, ulezi se in zgodilo se bo, če te pokliče, da boš rekel: ›Govori, Gospod, kajti tvoj služabnik posluša.‹« Tako je Samuel odšel in se ulegel na svojem mestu.
10 ၁၀ ထာဝရဘုရားသည်ကြွလာတော်မူ၍ ရှမွေလအနီးတွင်ရပ်တော်မူလျက်``ရှမွေလ၊ ရှမွေလ'' ဟုရှေးနည်းတူခေါ်တော်မူ၏။ ရှမွေလက``အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏ ကျွန်နာခံလျက်ရှိပါ၏'' ဟုလျှောက်၏။
Gospod je prišel in obstal ter poklical kakor ob drugih časih: »Samuel, Samuel.« Potem je Samuel odgovoril: »Govori; kajti tvoj služabnik posluša.«
11 ၁၁ ထာဝရဘုရားက``တစ်နေ့သောအခါ ဣသရေလအမျိုးသားတို့အားငါပြုမည့် အမှုသည်လွန်စွာကြောက်မက်ဖွယ်ကောင်းသဖြင့် ယင်းအကြောင်းကိုကြားသိရသူလူအပေါင်း တို့သည်ထိတ်လန့်၍သွားကြလိမ့်မည်။-
Gospod je rekel Samuelu: »Glej, storil bom stvar v Izraelu, ob kateri bo v obeh ušesih vsakega, ki to sliši, zvenelo.
12 ၁၂ ထိုနေ့ကျရောက်သောအခါ ငါသည်ဧလိ၏ အိမ်ထောင်စုသားတို့အားဒဏ်စီရင်မည်ဟု မိန့်တော်မူခဲ့သည်အတိုင်း အစမှအဆုံး တိုင်အောင်ငါစီရင်မည်။-
Na tisti dan bom zoper Élija izpolnil vse stvari, ki sem jih govoril glede njegove hiše. Ko pričnem, bom naredil tudi konec.
13 ၁၃ သူ၏သားတို့သည်ငါ့အားပြစ်မှားပြောဆိုခဲ့ ကြသဖြင့် ငါသည်သူ၏အိမ်ထောင်စုကိုအပြစ် ဒဏ်စီရင်မည်ဖြစ်ကြောင်းဧလိအားပြောကြား ခဲ့ပြီးဖြစ်၏။ သူတို့သည်ဤသို့သောဒုစရိုက် များကိုပြုကျင့်လျက်နေကြောင်းကိုဧလိသိ သော်လည်းသူတို့အားမတားမြစ်။-
Kajti povedal sem mu, da bom na veke sodil njegovo hišo zaradi krivičnosti, ki jo on vé, ker sta se njegova sinova naredila nizkotna, on pa jima ni preprečil.
14 ၁၄ သို့ဖြစ်၍အဘယ်ယဇ်အဘယ်ပူဇော်သကာမျှ ဤဆိုးရွားသောအပြစ်ကိုဖြေလွတ်အောင်စွမ်း ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ငါသည်ဧလိ အိမ်ထောင်စုအားအလေးအနက်မြွက်ဆို၏'' ဟုမိန့်တော်မူ၏။
Zato sem prisegel Élijevi hiši, da krivičnost Élijeve hiše na veke ne bo očiščena niti s klavno daritvijo niti z darovanjem.«
15 ၁၅ ရှမွေလသည်မိုးလင်းသည်တိုင်အောင်အိပ် ရာတွင်နေပြီးမှ ဘုရားသခင်၏အိမ်တော် တံခါးများကိုဖွင့်၏။ သူသည်မိမိမြင်ရ သည့်ဗျာဒိတ်ရူပါရုံအကြောင်းကိုဧလိ အားမပြောဝံ့။-
Samuel je ležal do jutra in odprl vrata Gospodove hiše. Samuel pa se je Éliju bal razodeti videnje.
16 ၁၆ ဧလိက``ငါ့သားရှမွေလ'' ဟုခေါ်လျှင်၊ ``ရှိပါသည်အရှင်'' ဟုလျှောက်၏။
Potem je Éli poklical Samuela in rekel: »Samuel, moj sin.« Ta je odgovoril: »Tukaj sem.«
17 ၁၇ ဧလိက``သင့်အားထာဝရဘုရားအဘယ်သို့ မိန့်တော်မူသနည်း။ ငါ့ထံမှအဘယ်အရာကို မျှထိမ်ဝှက်၍မထားနှင့်။ ဘုရားသခင်မိန့် တော်မူသမျှသောအရာတို့ကိုငါ့အား မဖော်ပြပါမူ ကိုယ်တော်သည်သင့်အားပြင်း ထန်စွာဒဏ်ခတ်တော်မူလိမ့်မည်'' ဟုဆို၏။-
Rekel je: »Kaj je stvar, ki ti jo je Gospod povedal? Prosim te, da mi je ne prikriješ. Bog naj ti tako stori in tudi več, če pred menoj skriješ katerokoli stvar od vseh stvari, ki ti jih je povedal.«
18 ၁၈ ထို့ကြောင့်ရှမွေလသည်အဘယ်အရာကိုမျှ ချန်လှပ်၍မထားဘဲ မိန့်တော်မူသမျှကိုပြန် ကြားလျှောက်ထားလေ၏။ ဧလိက``ကိုယ်တော် သည်ထာဝရဘုရားဖြစ်တော်မူ၏။ အလို တော်ရှိသည်အတိုင်းပြုတော်မူပါစေသော'' ဟုဆို၏။
Samuel mu je povedal vsak delček in ničesar ni skril pred njim. On pa je rekel: »To je Gospod. Naj stori, kar se mu zdi dobro.«
19 ၁၉ ရှမွေလသည်ကြီးပြင်း၍လာ၏။ ထာဝရ ဘုရားသည်သူနှင့်အတူရှိတော်မူ၍ ရှမွေလ ဖော်ပြသမျှသောအမှုအရာတို့ကိုဖြစ် ပျက်စေတော်မူ၏။-
Samuel je rasel in Gospod je bil z njim in nobene izmed njegovih besed ni pustil pasti na tla.
20 ၂၀ သို့ဖြစ်၍ရှမွေလသည်ထာဝရဘုရား၏ ပရောဖက်အမှန်ပင်ဖြစ်ကြောင်းကို တိုင်းပြည် တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသရေလ အမျိုးသားအပေါင်းတို့သိကြ၏။-
Ves Izrael, od Dana, celo do Beeršébe, je vedel, da je bil Samuel utrjen, da bi bil Gospodov prerok.
21 ၂၁ ရှိလောမြို့သည်ရှမွေလအားထာဝရဘုရား ဗျာဒိတ်ပေးတော်မူရာအရပ်ဖြစ်၏။ ကိုယ်တော် သည်ထိုမြို့တွင်အကြိမ်ကြိမ်ထင်ရှားတော် မူ၏။ ရှမွေလမိန့်ကြားသည့်အခါများ၌ ဣသရေလအမျိုးသားအပေါင်းတို့နာခံ ကြလေသည်။
Gospod se je ponovno prikazoval v Šilu, kajti Gospod se je v Šilu razodeval Samuelu po Gospodovi besedi.