< ၁ ဓမ္မရာဇဝင် 29 >
1 ၁ ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့၏စစ် သည်အပေါင်းတို့ကို အာဖက်မြို့တွင်စုဝေး စေကြ၏။ ဣသရေလအမျိုးသားတို့က ယေဇရေလချိုင့်ဝှမ်းရှိစမ်းချောင်းအနီး တွင်စခန်းချကြ၏။-
Y los filisteos juntaron todos sus campamentos en Afec; e Israel puso su campamento junto a la fuente que está en Jezreel ( Dios esparce ).
2 ၂ ဖိလိတ္တိဘုရင်ငါးပါးတို့သည်မိမိတို့၏တစ် ရာတပ်၊ တစ်ထောင်တပ်များနှင့်ချီတက်လာကြ၏။ ဒါဝိဒ်တို့လူစုသည်နောက်တပ်မှအာခိတ်မင်း နှင့်အတူလိုက်ကြ၏။-
Y reconociendo los príncipes de los filisteos sus compañías de a ciento y de a mil hombres, David y los suyos iban en los postreros con Aquis.
3 ၃ ဖိလိတ္တိတပ်မှူးတို့သည်သူတို့ကိုမြင်လျှင်``ဤ ဟေဗြဲအမျိုးသားတို့သည်အဘယ်ကြောင့်ငါ တို့နှင့်အတူလိုက်လာကြသနည်း'' ဟုမေး၏။ အာခိတ်က``သူသည်ဣသရေလဘုရင်ရှောလု ၏အစေခံဒါဝိဒ်ဖြစ်၏။ ငါ့ထံတွင်နေထိုင် လျက်ရှိသည်မှာကာလအတော်ကြာပါပြီ။ ငါ့ဘက်သို့ဝင်ရောက်လာသည့်နေ့မှစ၍သူ ၏အပေါ်တွင်အပြစ်ဆိုစရာတစ်စုံတစ်ခု မျှမတွေ့ရပါ'' ဟုပြော၏။
Y dijeron los príncipes de los filisteos: ¿Qué hacen aquí estos hebreos? Y Aquis respondió a los príncipes de los filisteos: ¿No es éste David, el siervo de Saúl rey de Israel, que ha estado conmigo algunos días o algunos años, y no he hallado cosa en él desde el día que se pasó a mí hasta hoy?
4 ၄ သို့ရာတွင်ဖိလိတ္တိတပ်မှူးတို့သည်အာခိတ် ကိုစိတ်ဆိုး၍``ထိုသူ့အားသင်ပေးအပ်ထား သည့်မြို့သို့ပြန်လွှတ်လိုက်လော့။ ငါတို့နှင့် အတူစစ်တိုက်ရာသို့မလိုက်စေနှင့်။ စစ် တိုက်နေစဉ်သူသည်ငါတို့အားရန်မူကောင်း ရန်မူပါလိမ့်မည်။ သူသည်မိမိအရှင့်ထံတွင် ပြန်၍မျက်နှာရအောင်ပြုလုပ်နိုင်သည့် နည်းမှာငါတို့လူများကိုသတ်သောနည်း ထက်ပို၍ကောင်းသောနည်းရှိပါသလော။-
Entonces los príncipes de los filisteos se enojaron contra él, y le dijeron: Envía a este hombre, que se vuelva al lugar que le señalaste, y no venga con nosotros a la batalla, no sea que en la batalla se nos vuelva enemigo; porque ¿con qué cosa volvería mejor a la gracia de su señor que con las cabezas de estos hombres?
5 ၅ အမျိုးသမီးတို့သည်ကခုန်လျက်`ရှောလု သတ်သူအထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသီဆိုခဲ့ရာတွင်ဤဒါဝိဒ်၏အကြောင်း ကိုသီဆိုခြင်းပင်မဟုတ်ပါလော'' ဟုဆိုကြ ၏။
¿No es éste David de quien cantaban en los corros, diciendo: Saúl hirió sus miles, y David sus diez miles?
6 ၆ အာခိတ်သည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``သင်သည် ငါ့အပေါ်၌သစ္စာစောင့်ကြောင်းကိုဣသရေလ အမျိုးသားတို့ကိုးကွယ်သည့်အသက်ရှင်တော် မူသောဘုရားသခင်ကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။ ငါသည်သင့်အားငါနှင့်အတူစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်စေလိုပါ၏။ ငါ၏ထံသို့ သင်ဝင်ရောက်လာသည့်နေ့မှစ၍သင့်အပေါ် တွင်အပြစ်တစ်စုံတစ်ရာကိုမျှငါမတွေ့ မမြင်ပါ။ သို့ရာတွင်အခြားဘုရင်တို့က သဘောမတူကြပါ။-
Y Aquis llamó a David, y le dijo: Vive el SEÑOR, que tú has sido recto, y que me ha parecido bien tu salida y entrada en el campamento conmigo, y que ninguna cosa mala he hallado en ti desde el día que viniste a mí hasta hoy; mas en los ojos de los príncipes no agradas.
7 ၇ သို့ဖြစ်၍သင်သည်အေးချမ်းစွာအိမ်သို့ပြန်၍ သူတို့မနှစ်သက်မည့်အမှုတစ်စုံတစ်ခုကိုမျှ မပြုပါနှင့်'' ဟုဆို၏။
Vuélvete, pues, y vete en paz; y no hagas lo malo en los ojos de los príncipes de los filisteos.
8 ၈ ဒါဝိဒ်ကလည်း``အကျွန်ုပ်သည်အဘယ်အမှား ကိုပြုမိပါသနည်း။ အရှင်မိန့်ကြားသည့်အတိုင်း အရှင့်အမှုတော်ကိုစတင်ဆောင်ရွက်သည့်နေ့ မှစ၍ အကျွန်ုပ်အပေါ်တွင်အပြစ်တစ်စုံတစ် ရာမျှမတွေ့ရပါမူ အကျွန်ုပ်၏သခင်နှင့်ဘုရင် ဖြစ်သောကိုယ်တော်အတွက်အကျွန်ုပ်အဘယ် ကြောင့်လိုက်၍ ရန်သူတို့ကိုတိုက်ခိုက်ခွင့်မရ ပါသနည်း'' ဟုလျှောက်၏။
Y David respondió a Aquis: ¿Qué he hecho? ¿Qué has hallado en tu siervo desde el día que estoy contigo hasta hoy, para que yo no vaya y pelee contra los enemigos de mi señor el rey?
9 ၉ အာခိတ်ကလည်း``သင်၏စကားမှန်ကန်ပါ ပေသည်။ ငါသည်သင့်အားဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့သစ္စာရှိသူဟုမှတ် ယူပါ၏။ သို့ရာတွင်အခြားဘုရင်တို့က သင့်အားငါတို့နှင့်အတူစစ်ပွဲဝင်ခွင့်မပေး နိုင်သဖြင့်၊-
Y Aquis respondió a David, y dijo: Yo sé que tú eres bueno en mis ojos, como un ángel de Dios; mas los príncipes de los filisteos han dicho: No venga éste con nosotros a la batalla.
10 ၁၀ ဒါဝိဒ်၊ သင်နှင့်တကွရှောလုထံမှငါ့ထံသို့ ပြောင်းရွှေ့လာကြသူအပေါင်းတို့သည် နက်ဖြန် နံနက်စောစောထ၍မိုးလင်းလျှင်လင်းချင်း ထွက်ခွာသွားကြလော့'' ဟုပြန်ပြော၏။
Levántate, pues, de mañana, tú y los siervos de tu señor que han venido contigo; y levantándoos de mañana, luego al amanecer partíos.
11 ၁၁ ထို့ကြောင့်ဒါဝိဒ်တို့လူစုသည်နောက်တစ်နေ့ နံနက်စောစောအချိန်၌ ဖိလိတ္တိပြည်သို့ပြန် သွားကြ၏။ ဖိလိတ္တိအမျိုးသားတို့လည်း ယေဇရေလမြို့သို့ချီတက်ကြ၏။
Y se levantó David de mañana, él y los suyos, para irse y volverse a la tierra de los filisteos; y los filisteos fueron a Jezreel.