< ၁ ဓမ္မရာဇဝင် 29 >

1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​စစ် သည်​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​တွင်​စု​ဝေး စေ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​ရှိ​စမ်း​ချောင်း​အ​နီး တွင်​စ​ခန်း​ချ​ကြ​၏။-
And the Philistines gather all their camps to Aphek, and Israel is encamping at a fountain which [is] in Jezreel,
2 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​မိ​မိ​တို့​၏​တစ် ရာ​တပ်၊ တစ်​ထောင်​တပ်​များ​နှင့်​ချီ​တက်​လာ​ကြ​၏။ ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တပ်​မှ​အာ​ခိတ်​မင်း နှင့်​အ​တူ​လိုက်​ကြ​၏။-
and the princes of the Philistines are passing on by hundreds, and by thousands, and David and his men are passing on in the rear with Achish.
3 ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​သူ​တို့​ကို​မြင်​လျှင်``ဤ ဟေ​ဗြဲ​အ​မျိုး​သား​တို့​သည်​အ​ဘယ်​ကြောင့်​ငါ တို့​နှင့်​အ​တူ​လိုက်​လာ​ကြ​သ​နည်း'' ဟု​မေး​၏။ အာ​ခိတ်​က``သူ​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ရှော​လု ၏​အ​စေ​ခံ​ဒါ​ဝိဒ်​ဖြစ်​၏။ ငါ့​ထံ​တွင်​နေ​ထိုင် လျက်​ရှိ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပါ​ပြီ။ ငါ့​ဘက်​သို့​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သူ ၏​အ​ပေါ်​တွင်​အ​ပြစ်​ဆို​စ​ရာ​တစ်​စုံ​တစ်​ခု မျှ​မ​တွေ့​ရ​ပါ'' ဟု​ပြော​၏။
And the heads of the Philistines say, “What [are] these Hebrews?” And Achish says to the heads of the Philistines, “Is this not David, servant of Saul king of Israel, who has been with me these days or these years, and I have not found anything in him [wrong] from the day of his falling away until this day?”
4 သို့​ရာ​တွင်​ဖိ​လိတ္တိ​တပ်​မှူး​တို့​သည်​အာ​ခိတ် ကို​စိတ်​ဆိုး​၍``ထို​သူ့​အား​သင်​ပေး​အပ်​ထား သည့်​မြို့​သို့​ပြန်​လွှတ်​လိုက်​လော့။ ငါ​တို့​နှင့် အ​တူ​စစ်​တိုက်​ရာ​သို့​မ​လိုက်​စေ​နှင့်။ စစ် တိုက်​နေ​စဉ်​သူ​သည်​ငါ​တို့​အား​ရန်​မူ​ကောင်း ရန်​မူ​ပါ​လိမ့်​မည်။ သူ​သည်​မိ​မိ​အရှင့်​ထံ​တွင် ပြန်​၍​မျက်​နှာ​ရ​အောင်​ပြု​လုပ်​နိုင်​သည့် နည်း​မှာ​ငါ​တို့​လူ​များ​ကို​သတ်​သော​နည်း ထက်​ပို​၍​ကောင်း​သော​နည်း​ရှိ​ပါ​သ​လော။-
And the heads of the Philistines are angry against him, and the heads of the Philistines say to him, “Send back the man, and he turns back to his place to where you have appointed him, and does not go down with us into battle, and is not for an adversary to us in battle; and with what does this one reconcile himself to his lord—is it not with the heads of those men?
5 အ​မျိုး​သ​မီး​တို့​သည်​က​ခုန်​လျက်`ရှော​လု သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ်​သတ်​သူ​အ​သောင်း သောင်း' ဟု​သီ​ဆို​ခဲ့​ရာ​တွင်​ဤ​ဒါ​ဝိဒ်​၏​အ​ကြောင်း ကို​သီ​ဆို​ခြင်း​ပင်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ ၏။
Is this not David, of whom they answer in choruses, saying, Saul has struck among his thousands, and David among his myriads?”
6 အာ​ခိတ်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``သင်​သည် ငါ့​အ​ပေါ်​၌​သစ္စာ​စောင့်​ကြောင်း​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​သက်​ရှင်​တော် မူ​သော​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။ ငါ​သည်​သင့်​အား​ငါ​နှင့်​အ​တူ​စစ်​ပွဲ​တွင် ဝင်​ရောက်​တိုက်​ခိုက်​စေ​လို​ပါ​၏။ ငါ​၏​ထံ​သို့ သင်​ဝင်​ရောက်​လာ​သည့်​နေ့​မှ​စ​၍​သင့်​အ​ပေါ် တွင်​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့ မ​မြင်​ပါ။ သို့​ရာ​တွင်​အ​ခြား​ဘုရင်​တို့​က သ​ဘော​မ​တူ​ကြ​ပါ။-
And Achish calls to David and says to him, “YHWH lives, surely you [are] upright, and good in my eyes is your going out, and your coming in with me in the camp, for I have not found evil in you from the day of your coming to me until this day; but you are not good in the eyes of the princes;
7 သို့​ဖြစ်​၍​သင်​သည်​အေး​ချမ်း​စွာ​အိမ်​သို့​ပြန်​၍ သူ​တို့​မ​နှစ်​သက်​မည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ပါ​နှင့်'' ဟု​ဆို​၏။
and now, return, and go in peace, and you do no evil in the eyes of the princes of the Philistines.”
8 ဒါ​ဝိဒ်​က​လည်း``အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​မှား ကို​ပြု​မိ​ပါ​သ​နည်း။ အ​ရှင်​မိန့်​ကြား​သည့်​အ​တိုင်း အ​ရှင့်​အ​မှု​တော်​ကို​စ​တင်​ဆောင်​ရွက်​သည့်​နေ့ မှ​စ​၍ အ​ကျွန်ုပ်​အ​ပေါ်​တွင်​အ​ပြစ်​တစ်​စုံ​တစ် ရာ​မျှ​မ​တွေ့​ရ​ပါ​မူ အ​ကျွန်ုပ်​၏​သ​ခင်​နှင့်​ဘု​ရင် ဖြစ်​သော​ကိုယ်​တော်​အ​တွက်​အ​ကျွန်ုပ်​အ​ဘယ် ကြောင့်​လိုက်​၍ ရန်​သူ​တို့​ကို​တိုက်​ခိုက်​ခွင့်​မ​ရ ပါ​သ​နည်း'' ဟု​လျှောက်​၏။
And David says to Achish, “But what have I done? And what have you found in your servant from the day that I have been before you until this day—that I do not go in and have fought against the enemies of my lord the king?”
9 အာ​ခိတ်​က​လည်း``သင်​၏​စ​ကား​မှန်​ကန်​ပါ ပေ​သည်။ ငါ​သည်​သင့်​အား​ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​ကဲ့​သို့​သစ္စာ​ရှိ​သူ​ဟု​မှတ် ယူ​ပါ​၏။ သို့​ရာ​တွင်​အ​ခြား​ဘု​ရင်​တို့​က သင့်​အား​ငါ​တို့​နှင့်​အ​တူ​စစ်​ပွဲ​ဝင်​ခွင့်​မ​ပေး နိုင်​သ​ဖြင့်၊-
And Achish answers and says to David, “I have known that you [are] good in my eyes as a messenger of God; only, the princes of the Philistines have said, He does not go up with us into battle;
10 ၁၀ ဒါ​ဝိဒ်၊ သင်​နှင့်​တ​ကွ​ရှော​လု​ထံ​မှ​ငါ့​ထံ​သို့ ပြောင်း​ရွှေ့​လာ​ကြ​သူ​အ​ပေါင်း​တို့​သည် နက်​ဖြန် နံ​နက်​စော​စော​ထ​၍​မိုး​လင်း​လျှင်​လင်း​ချင်း ထွက်​ခွာ​သွား​ကြ​လော့'' ဟု​ပြန်​ပြော​၏။
and now, rise early in the morning—and the servants of your lord who have come with you. When you have risen early in the morning, and have light, then go.”
11 ၁၁ ထို့​ကြောင့်​ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တစ်​နေ့ နံ​နက်​စော​စော​အ​ချိန်​၌ ဖိ​လိတ္တိ​ပြည်​သို့​ပြန် သွား​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လည်း ယေ​ဇ​ရေ​လ​မြို့​သို့​ချီ​တက်​ကြ​၏။
And David rises early, he and his men, to go in the morning, to return to the land of the Philistines, and the Philistines have gone up to Jezreel.

< ၁ ဓမ္မရာဇဝင် 29 >