< ၁ ဓမ္မရာဇဝင် 27 >

1 ``ရှော​လု​သည်​တစ်​နေ့​နေ့​၌​ငါ့​ကို​သတ်​လိမ့်​မည်။ ငါ​ပြု​ရန်​အ​ကောင်း​ဆုံး​အ​မှု​မှာ​ဖိ​လိတ္တိ​ပြည် သို့​ထွက်​ပြေး​ရန်​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​သည် ငါ့​အား​ဣ​သ​ရေ​လ​ပြည်​တွင် လိုက်​လံ​ရှာ​ဖွေ တော့​မည်​မ​ဟုတ်​သ​ဖြင့် ငါ​သည်​လည်း​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​လတ္တံ့'' ဟု​ဒါ​ဝိဒ်​သည်​တွေး တော​မိ​၏။-
Und David sprach in seinem Herzen: Nun werde ich eines Tages durch die Hand Sauls umkommen; mir ist nichts besser, als daß ich eilends in das Land der Philister entrinne, und Saul wird von mir ablassen, mich ferner in allen Grenzen Israels zu suchen; und ich werde aus seiner Hand entrinnen.
2 ထို့​ကြောင့်​မိ​မိ​၏​တပ်​သား​ခြောက်​ရာ​နှင့် အ​တူ​မော​ခ​၏​သား၊ ဂါ​သ​ဘု​ရင်​အာ​ခိတ် ထံ​သို့​ချက်​ချင်း​ထွက်​ခွာ​သွား​လေ​သည်။-
Und David machte sich auf und ging hinüber, er und sechshundert Mann, die bei ihm waren, zu Achis, dem Sohne Maoks, dem König von Gath.
3 ဒါ​ဝိဒ်​တို့​လူ​စု​သည်​မိ​မိ​တို့​သား​မ​ယား​များ နှင့်​တ​ကွ ဂါ​သ​မြို့​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ကြ​၏။ ဒါ​ဝိဒ်​နှင့်​အ​တူ​သူ​၏​ဇ​နီး​များ​ဖြစ် သော​ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​နှင့် က​ရ မေ​လ​မြို့​မှ​နာ​ဗ​လ​၏​မု​ဆိုး​မ​အ​ဘိ​ဂဲလ တို့​ပါ​လာ​ကြ​၏။-
Und David blieb bei Achis, zu Gath, er und seine Männer, ein jeder mit seinem Hause: David und seine beiden Weiber, Achinoam, die Jisreelitin, und Abigail, das Weib Nabals, die Karmelitin.
4 ရှော​လု​သည်​ဂါ​သ​မြို့​သို့​ဒါ​ဝိဒ်​ထွက်​ပြေး ကြောင်း​ကြား​သိ​ရ​သော​အ​ခါ ဒါ​ဝိဒ်​အား ရှာ​ဖွေ​မှု​ကို​လက်​လျော့​လိုက်​လေ​သည်။
Und es wurde Saul berichtet, daß David nach Gath geflohen wäre; und er suchte ihn fortan nicht mehr.
5 ဒါ​ဝိဒ်​သည်​အာ​ခိတ်​အား``အ​ရှင်​သည်​အ​ကျွန်ုပ် အ​ပေါ်​မိတ်​ဆွေ​ကဲ့​သို့​သ​ဘော​ထား​ပါ​လျှင် အ​ကျွန်ုပ်​အား​မြို့​က​လေး​တစ်​မြို့​တွင်​နေ​ထိုင် ခွင့်​ပြု​တော်​မူ​ပါ။ ဤ​မြို့​တော်​ကြီး​တွင်​အ​ရှင် နှင့်​အ​တူ​အ​ကျွန်ုပ်​နေ​ထိုင်​ရန်​မ​လို​ပါ'' ဟု လျှောက်​၏။-
Und David sprach zu Achis: Wenn ich anders Gnade in deinen Augen gefunden habe, so gebe man mir einen Platz in einer der Städte des Gefildes, daß ich daselbst wohne; denn warum soll dein Knecht bei dir in der Königsstadt wohnen?
6 သို့​ဖြစ်​၍​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား​ဇိ​က​လတ် မြို့​ကို​ပေး​တော်​မူ​၏။ ဤ​အ​ကြောင်း​ကြောင့် ဇိ​က​လတ်​မြို့​သည် ယ​နေ့​တိုင်​အောင်​ယု​ဒ ရှင်​ဘု​ရင်​တို့​၏​ပိုင်​နက်​ဖြစ်​လေ​သည်။-
Und Achis gab ihm an selbigem Tage Ziklag; darum hat Ziklag den Königen von Juda gehört bis auf diesen Tag.
7 ဖိ​လိတ္တိ​ပြည်​တွင်​ဒါ​ဝိဒ်​နေ​ထိုင်​ခဲ့​သည်​မှာ တစ်​ဆယ့်​ခြောက်​လ​တိုင်​တိုင်​ဖြစ်​သ​တည်း။
Und die Zahl der Tage, welche David im Gefilde der Philister wohnte, war ein Jahr und vier Monate.
8 ထို​ကာ​လ​အ​တော​အ​တွင်း​၌​ဒါ​ဝိဒ်​တို့​လူ​စု သည်​ဂေ​ရှု​ရိ​အ​မျိုး​သား၊ ဂေ​ရ​ဇိ​အ​မျိုး​သား နှင့်​အာ​မ​လက်​အ​မျိုး​သား​တို့​၏​နယ်​မြေ​များ ကို အီ​ဂျစ်​ပြည်​အ​နီး​ရှု​ရ​မြို့​တိုင်​အောင်​သွား ရောက်​တိုက်​ခိုက်​လေ့​ရှိ​၏။ ထို​အ​မျိုး​သား​တို့ သည်​ယင်း​၏​နယ်​မြေ​များ​တွင်​နှစ်​ပေါင်း​များ စွာ​နေ​ထိုင်​ခဲ့​ကြ​သူ​များ​ဖြစ်​၏။-
Und David zog mit seinen Männern hinauf, und sie fielen ein bei den Gesuritern und den Girsitern und den Amalekitern; denn diese waren die Bewohner des Landes von alters her, bis nach Sur hin und bis zum Lande Ägypten.
9 ဒါ​ဝိဒ်​သည်​သူ​တို့​အား​ယောကျာ်း​မိန်း​မ​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​လျက် သိုး၊ နွား၊ မြည်း၊ ကု​လား​အုတ်​နှင့်​အင်္ကျီ​အ​ဝတ်​အ​စား​များ ကို​သိမ်း​ယူ​၍​အာ​ခိတ်​ထံ​သို့​ပြန်​လာ​လေ့ ရှိ​၏။-
Und David schlug das Land und ließ weder Mann noch Weib am Leben; und er nahm Kleinvieh und Rinder und Esel und Kamele und Kleider, und kehrte zurück und kam zu Achis.
10 ၁၀ အာ​ခိတ်​က​လည်း​သူ့​အား``ယ​ခု​အ​ကြိမ်​သင် သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရောက်​တိုက်​ခိုက်​ခဲ့ ပါ​သ​နည်း'' ဟု​မေး​မြန်း​လေ့​ရှိ​၏။ ထို​အ​ခါ ဒါ​ဝိဒ်​က​ယု​ဒ​ပြည်​တောင်​ပိုင်း​ယေ​ရ​မေ​လ အ​နွယ်​ဝင်​တို့​နယ်​မြေ၊ ကေ​နိ​အ​မျိုး​သား​တို့ ၏​နယ်​မြေ​စ​သည်​တို့​ကို​သွား​ရောက်​ခဲ့​ကြောင်း လျှောက်​ထား​လေ့​ရှိ​၏။-
Und sprach Achis: Habt ihr heute keinen Einfall gemacht? [Viell. ist zu lesen: Bei wem [oder Wohin] habt ihr heute einen Einfall gemacht?] so sprach David: In den Süden von Juda, oder: In den Süden der Jerachmeeliter, oder: In den Süden der Keniter.
11 ၁၁ ဒါ​ဝိဒ်​သည်​မိ​မိ​ပြု​ခဲ့​သ​မျှ​တို့​ကို​အ​ဘယ် သူ​မျှ​ဂါ​သ​မြို့​သို့​သတင်း​မ​ပို့​နိုင်​စေ​ရန် ယောကျာ်း၊ မိန်း​မ​ရှိ​သ​မျှ​တို့​ကို​သတ်​ဖြတ် လေ​သည်။ သူ​သည်​ဖိ​လိတ္တိ​ပြည်​တွင်​နေ​ထိုင် ခဲ့​သည့်​ကာ​လ​ပတ်​လုံး​ဤ​နည်း​အ​တိုင်း ပြု​ခဲ့​သ​တည်း။-
Und David ließ weder Mann noch Weib am Leben, um sie nach Gath zu bringen, indem er sagte: Daß sie nicht über uns berichten und sprechen: So hat David getan. Und so war seine Weise alle die Tage, die er im Gefilde der Philister wohnte.
12 ၁၂ သို့​ရာ​တွင်​အာ​ခိတ်​သည်​ဒါ​ဝိဒ်​၏​စကား​ကို ယုံ​ကြည်​သ​ဖြင့်``ဤ​လူ​သည်​မိ​မိ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မုန်း​တီး​မှု​ကို​လွန်​စွာ​ခံ​ရ ပြီ​ဖြစ်​၍​တစ်​သက်​လုံး​ငါ​၏​အ​စေ​ကို​ခံ​ရ ပေ​အံ့'' ဟု​တွေး​တော​လျက်​နေ​၏။
Und Achis glaubte David und sprach: Er hat sich bei seinem Volke, bei Israel, ganz stinkend gemacht, und er wird mir zum Knechte sein ewiglich.

< ၁ ဓမ္မရာဇဝင် 27 >