< ၁ ဓမ္မရာဇဝင် 27 >
1 ၁ ``ရှောလုသည်တစ်နေ့နေ့၌ငါ့ကိုသတ်လိမ့်မည်။ ငါပြုရန်အကောင်းဆုံးအမှုမှာဖိလိတ္တိပြည် သို့ထွက်ပြေးရန်ပင်ဖြစ်၏။ ထိုအခါသူသည် ငါ့အားဣသရေလပြည်တွင် လိုက်လံရှာဖွေ တော့မည်မဟုတ်သဖြင့် ငါသည်လည်းဘေးမဲ့ လုံခြုံစွာနေရလတ္တံ့'' ဟုဒါဝိဒ်သည်တွေး တောမိ၏။-
達味心裏想:「終有一天我會落在撒烏耳手中,倒不如逃到培肋舍特 中去,使撒烏耳絕望,再不在全以色列境內找我,我方能擺脫他的毒手」。
2 ၂ ထို့ကြောင့်မိမိ၏တပ်သားခြောက်ရာနှင့် အတူမောခ၏သား၊ ဂါသဘုရင်အာခိတ် ထံသို့ချက်ချင်းထွက်ခွာသွားလေသည်။-
達味遂帶了他那六百人,動身往加特王瑪敖客的兒子阿基士那裏去。
3 ၃ ဒါဝိဒ်တို့လူစုသည်မိမိတို့သားမယားများ နှင့်တကွ ဂါသမြို့တွင်အတည်တကျနေထိုင် ကြ၏။ ဒါဝိဒ်နှင့်အတူသူ၏ဇနီးများဖြစ် သောယေဇရေလမြို့သူအဟိနောင်နှင့် ကရ မေလမြို့မှနာဗလ၏မုဆိုးမအဘိဂဲလ တို့ပါလာကြ၏။-
達味和他的兩個妻子:依次勒耳人阿希諾罕與曾作加爾默耳人納巴耳妻子的阿彼蓋耳,他的部隊,以及他們的眷屬,同阿基士一起住在加特。
4 ၄ ရှောလုသည်ဂါသမြို့သို့ဒါဝိဒ်ထွက်ပြေး ကြောင်းကြားသိရသောအခါ ဒါဝိဒ်အား ရှာဖွေမှုကိုလက်လျော့လိုက်လေသည်။
有人告訴撒烏耳,達味逃到加特去了,撒烏耳就再不去搜他。
5 ၅ ဒါဝိဒ်သည်အာခိတ်အား``အရှင်သည်အကျွန်ုပ် အပေါ်မိတ်ဆွေကဲ့သို့သဘောထားပါလျှင် အကျွန်ုပ်အားမြို့ကလေးတစ်မြို့တွင်နေထိုင် ခွင့်ပြုတော်မူပါ။ ဤမြို့တော်ကြီးတွင်အရှင် နှင့်အတူအကျွန်ုပ်နေထိုင်ရန်မလိုပါ'' ဟု လျှောက်၏။-
達味向阿基士說:「假使我在你眼中獲得寵幸,請在鄉間城鎮裏給 戈一塊地方,叫我住在;為什麼你的僕人要同你一起住在京城內呢﹖」
6 ၆ သို့ဖြစ်၍အာခိတ်သည်ဒါဝိဒ်အားဇိကလတ် မြို့ကိုပေးတော်မူ၏။ ဤအကြောင်းကြောင့် ဇိကလတ်မြို့သည် ယနေ့တိုင်အောင်ယုဒ ရှင်ဘုရင်တို့၏ပိုင်နက်ဖြစ်လေသည်။-
那一天,阿基士就將漆刻拉格賜他;因此漆刻拉格直到今天還屬猶大王。
7 ၇ ဖိလိတ္တိပြည်တွင်ဒါဝိဒ်နေထိုင်ခဲ့သည်မှာ တစ်ဆယ့်ခြောက်လတိုင်တိုင်ဖြစ်သတည်း။
達味住在培肋舍特人地方,共計一年零四個月。
8 ၈ ထိုကာလအတောအတွင်း၌ဒါဝိဒ်တို့လူစု သည်ဂေရှုရိအမျိုးသား၊ ဂေရဇိအမျိုးသား နှင့်အာမလက်အမျိုးသားတို့၏နယ်မြေများ ကို အီဂျစ်ပြည်အနီးရှုရမြို့တိုင်အောင်သွား ရောက်တိုက်ခိုက်လေ့ရှိ၏။ ထိုအမျိုးသားတို့ သည်ယင်း၏နယ်မြေများတွင်နှစ်ပေါင်းများ စွာနေထိုင်ခဲ့ကြသူများဖြစ်၏။-
達味帶著他的人上去,襲擊了革叔爾人、基爾齊人和阿瑪肋克人。這些民族所住的地方,是從特郎經叔爾直到埃及地。
9 ၉ ဒါဝိဒ်သည်သူတို့အားယောကျာ်းမိန်းမတစ် ယောက်မကျန်သတ်ဖြတ်လျက် သိုး၊ နွား၊ မြည်း၊ ကုလားအုတ်နှင့်အင်္ကျီအဝတ်အစားများ ကိုသိမ်းယူ၍အာခိတ်ထံသို့ပြန်လာလေ့ ရှိ၏။-
當達味攻擊那地方時,沒有讓那裏的男女生存,只把牛、羊、驢、駱馲和衣服搶來,帶回交給阿基士王。
10 ၁၀ အာခိတ်ကလည်းသူ့အား``ယခုအကြိမ်သင် သည်အဘယ်အရပ်သို့သွားရောက်တိုက်ခိုက်ခဲ့ ပါသနည်း'' ဟုမေးမြန်းလေ့ရှိ၏။ ထိုအခါ ဒါဝိဒ်ကယုဒပြည်တောင်ပိုင်းယေရမေလ အနွယ်ဝင်တို့နယ်မြေ၊ ကေနိအမျိုးသားတို့ ၏နယ်မြေစသည်တို့ကိုသွားရောက်ခဲ့ကြောင်း လျှောက်ထားလေ့ရှိ၏။-
每當阿基士間說:「今天你們襲擊了什麼地方﹖」時,達味總是答說:「襲擊了猶大的南方,刻尼人的南方」。
11 ၁၁ ဒါဝိဒ်သည်မိမိပြုခဲ့သမျှတို့ကိုအဘယ် သူမျှဂါသမြို့သို့သတင်းမပို့နိုင်စေရန် ယောကျာ်း၊ မိန်းမရှိသမျှတို့ကိုသတ်ဖြတ် လေသည်။ သူသည်ဖိလိတ္တိပြည်တွင်နေထိုင် ခဲ့သည့်ကာလပတ်လုံးဤနည်းအတိုင်း ပြုခဲ့သတည်း။-
達味沒有讓那裏的男女活著帶回加特來,因為達味想:「怕他們對我們不利的宣傳說:達味這樣對待了我們」。這是他住在培肋舍特地方整個時期內的作風。
12 ၁၂ သို့ရာတွင်အာခိတ်သည်ဒါဝိဒ်၏စကားကို ယုံကြည်သဖြင့်``ဤလူသည်မိမိဣသရေလ အမျိုးသားတို့၏မုန်းတီးမှုကိုလွန်စွာခံရ ပြီဖြစ်၍တစ်သက်လုံးငါ၏အစေကိုခံရ ပေအံ့'' ဟုတွေးတောလျက်နေ၏။
阿基士相信了達味,心中想:「他在自己民族以色列人中,已留下臭名,他要永久作我的奴隸了」。