< ၁ ဓမ္မရာဇဝင် 26 >
1 ၁ ဇိဖမြို့မှလူအချို့တို့သည်ရှောလုရှိရာဂိဗာ မြို့သို့လာရောက်၍ ဒါဝိဒ်သည်ယုဒတောကန္တာရ အစွန်နားရှိဟခိလတောင်ပေါ်တွင်ပုန်းအောင်း နေပါသည်ဟုလျှောက်ထားကြ၏။-
et venerunt Ziphei ad Saul in Gabaa dicentes ecce David absconditus est in colle Achilae quae est ex adverso solitudinis
2 ၂ ရှောလုသည်ချက်ချင်းပင်မိမိ၏လက်ရွေး စင်စစ်သည်တော်သုံးထောင်နှင့်အတူ ဒါဝိဒ် ကိုရှာရန်ဇိဖတောကန္တာရသို့ချီတက်ပြီး လျှင်၊-
et surrexit Saul et descendit in desertum Ziph et cum eo tria milia virorum de electis Israhel ut quaereret David in deserto Ziph
3 ၃ ဟခိလတောင်ပေါ်လမ်းအနီးတွင်တပ်စခန်း ချ၏။ ထိုအချိန်၌ဒါဝိဒ်သည်တောကန္တာရ တွင်ပင်ရှိ၍ မိမိအားရှာဖွေရန်ရှောလုတော ကန္တာရထဲသို့ရောက်ရှိလာသည့်သတင်း ကိုကြားသောအခါ၊-
et castrametatus est Saul in Gabaa Achilae quae erat ex adverso solitudinis in via David autem habitabat in deserto videns autem quod venisset Saul post se in desertum
4 ၄ သူလျှိုများကိုစေလွှတ်စုံစမ်းစေရာအကယ် ပင်ရှောလုရောက်ရှိနေကြောင်းသိရှိရလေ သည်။-
misit exploratores et didicit quod venisset certissime
5 ၅ သူသည်ရှောလုတပ်ချရာသို့ချက်ချင်းသွား ၍ရှောလုနှင့်နေရ၏သား၊ ရှောလု၏ဗိုလ်ချုပ် အာဗနာတို့အိပ်စက်သည့်နေရာကိုကြည့်ရှု ၏။ ရှောလုသည်တပ်စခန်းအလယ်တွင်အိပ်၍ သူ၏လူတို့မူကားသူ့ကိုဝိုင်းရံလျက်အိပ် ကြ၏။
et surrexit David et venit ad locum ubi erat Saul cumque vidisset locum in quo dormiebat Saul et Abner filius Ner princeps militiae eius Saulem dormientem in tentorio et reliquum vulgus per circuitum eius
6 ၆ ထိုနောက်ဒါဝိဒ်သည်ဟိတ္တိအမျိုးသားအဟိ မလက်နှင့်ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား``သင်တို့နှစ်ဦးအနက် အဘယ်သူသည်ရှောလု၏တပ်စခန်းသို့ ငါနှင့်အတူ လိုက်ပါမည်နည်း'' ဟုမေး၏။ အဘိရှဲက``အကျွန်ုပ်လိုက်ပါမည်'' ဟုဆို၏။
ait David ad Ahimelech Cettheum et Abisai filium Sarviae fratrem Ioab dicens quis descendet mecum ad Saul in castra dixitque Abisai ego descendam tecum
7 ၇ သို့ဖြစ်၍ထိုညဥ့်၌ဒါဝိဒ်နှင့်အဘိရှဲတို့ သည်ရှောလု၏တပ်စခန်းသို့ဝင်ရောက်ကြ ရာတပ်စခန်းအလယ်တွင် ရှောလုသည်မိမိ ၏လှံကိုခေါင်းရင်းတွင်စိုက်၍အိပ်ပျော်နေ သည်ကိုတွေ့ရှိကြ၏။ အာဗနာနှင့်စစ်သည် တပ်သားတို့ကမူရှောလုပတ်လည်တွင် အိပ်လျက်နေကြလေသည်။-
venerunt ergo David et Abisai ad populum nocte et invenerunt Saul iacentem et dormientem in tentorio et hastam fixam in terra ad caput eius Abner autem et populum dormientes in circuitu eius
8 ၈ အဘိရှဲကဒါဝိဒ်အား``ဘုရားသခင်သည် အရှင်၏ရန်သူကိုယနေ့အရှင့်လက်သို့အပ် တော်မူပြီ။ သို့ဖြစ်၍သူ့အားသူ့လှံဖြင့်ပင် တစ်ချက်တည်းမြေတွင်စိုက်နေအောင်ထိုး သတ်ခွင့်ပေးတော်မူပါ။ နှစ်ချက်ထိုးရန် လိုမည်မဟုတ်ပါ'' ဟုလျှောက်၏။
dixitque Abisai ad David conclusit Deus hodie inimicum tuum in manus tuas nunc ergo perfodiam eum lancea in terra semel et secundo opus non erit
9 ၉ သို့ရာတွင်ဒါဝိဒ်က``သင်သည်မင်းကြီးအား ဘေးအန္တရာယ်မပြုရ။ ထာဝရဘုရားသည် မိမိဘိသိက်ပေးတော်မူသောဘုရင်အား ဘေး အန္တရာယ်ပြုသူမည်သူကိုမဆိုဧကန်မုချ အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။-
et dixit David ad Abisai ne interficias eum quis enim extendit manum suam in christum Domini et innocens erit
10 ၁၀ ထာဝရဘုရားကိုယ်တော်တိုင်ပင်လျှင်ရှောလု အား ဋ္ဌမ္မတာအလျောက်သေချိန်ရောက်သည့်အခါ ၌ဖြစ်စေ၊ စစ်ပွဲတွင်ကျဆုံးသောအခါ၌ဖြစ် စေဒဏ်စီရင်တော်မူမည်ဖြစ်ကြောင်း အသက် ရှင်တော်မူသောထာဝရဘုရားအားဖြင့် ငါသိ၏။-
et dixit David vivit Dominus quia nisi Dominus percusserit eum aut dies eius venerit ut moriatur aut in proelium descendens perierit
11 ၁၁ ဘုရားသခင်ခန့်ထားတော်မူသည့်ဘုရင်ကို ဘေးအန္တရာယ်မပြုမိစေရန် ငါ့အားကိုယ်တော် ဆီးတားတော်မူပါစေသော။ ငါတို့သည်မင်း ကြီး၏လှံတော်နှင့်ရေဘူးတော်တို့ကိုယူ၍ သွားကြကုန်အံ့'' ဟုဆို၏။-
propitius mihi sit Dominus ne extendam manum meam in christum Domini nunc igitur tolle hastam quae est ad caput eius et scyphum aquae et abeamus
12 ၁၂ ထိုနောက်ဒါဝိဒ်သည်ရှောလု၏ခေါင်းရင်းတွင် ရှိသောလှံနှင့်ရေဘူးကိုယူ၍ အဘိရှဲနှင့် အတူထွက်သွား၏။ ထာဝရဘုရားသည်တစ် တပ်လုံးကိုအိပ်မောကျစေတော်မူသဖြင့် အဘယ်သူမျှမသိမမြင်မနိုးမကြား ကြ။
tulit ergo David hastam et scyphum aquae qui erat ad caput Saul et abierunt et non erat quisquam qui videret et intellegeret et vigilaret sed omnes dormiebant quia sopor Domini inruerat super eos
13 ၁၃ ထိုနောက်ဒါဝိဒ်သည်ချိုင့်ဝှမ်းတစ်ဘက်သို့ကူး ပြီးနောက် ဘေးကင်းလောက်အောင်ဝေးရာသို့ ရောက်သောအခါတောင်ကုန်းထိပ်တွင်ရပ် လျက်၊-
cumque transisset David ex adverso et stetisset in vertice montis de longe et esset grande intervallum inter eos
14 ၁၄ ရှောလု၏တပ်သားများနှင့်အာဗနာအား``အို အာဗနာသင်သည်ငါပြောသည်ကိုကြား ရပါ၏လော'' ဟုဟစ်အော်လေ၏။ အာဗနာက``မင်းကြီးအိပ်ရာမှနိုးအောင်အော် ဟစ်နေသူကားအဘယ်သူနည်း'' ဟုမေး၏။
clamavit David ad populum et ad Abner filium Ner dicens nonne respondebis Abner et respondens Abner ait quis es tu qui clamas et inquietas regem
15 ၁၅ ဒါဝိဒ်က``အို အာဗနာ၊ သင်သည်ဣသရေလ ပြည်တွင်ခွန်အားအကြီးဆုံးသောသူမဟုတ် ပါလော။ သို့ဖြစ်၍သင်၏အရှင်သခင်ဘုရင် မင်းမြတ်အား အဘယ်ကြောင့်မကာကွယ်မစောင့် ရှောက်ဘဲနေပါသနည်း။ ခုတင်ကပင်လျှင်လူ တစ်ယောက်သည်သင်၏အရှင်သခင်ကိုသတ် ရန်တပ်စခန်းထဲသို့ဝင်ခဲ့၏။-
et ait David ad Abner numquid non vir tu es et quis alius similis tui in Israhel quare ergo non custodisti dominum tuum regem ingressus est enim unus de turba ut interficeret regem dominum tuum
16 ၁၆ အချင်းအာဗနာ၊ သင်သည်ဝတ္တရားပျက်ကွက် ခဲ့ပါသည်တကား။ ဘုရင်အဖြစ်ဘုရားသခင် ခန့်ထားတော်မူသောသင်၏အရှင်ကို သင်သည် မစောင့်ရှောက်ခဲ့သဖြင့်သင်တို့အားလုံးပင် သေဒဏ်ခံသင့်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏။ ဘုရင်၏လှံတော်သည် အဘယ်မှာရှိသည်ကိုကြည့်လော့။ ခေါင်း ရင်းတော်အနီးတွင်ထားသည့်ရေဘူးတော် ကားအဘယ်မှာရှိသနည်း'' ဟုမေး၏။
non est bonum hoc quod fecisti vivit Dominus quoniam filii mortis estis vos qui non custodistis dominum vestrum christum Domini nunc ergo vide ubi sit hasta regis et ubi scyphus aquae qui erat ad caput eius
17 ၁၇ ရှောလုသည်ဒါဝိဒ်၏အသံကိုမှတ်မိသဖြင့်``သင် သည်ငါ့သားဒါဝိဒ်ပေလော'' ဟုမေးတော်မူ၏။ ဒါဝိဒ်က``မှန်လှပါအရှင်မင်းကြီး၊-
cognovit autem Saul vocem David et dixit num vox tua est haec fili mi David et David vox mea domine mi rex
18 ၁၈ အရှင်သည်အဘယ်ကြောင့်မိမိ၏အစေခံဖြစ် သူအကျွန်ုပ်အား လိုက်လံဖမ်းဆီးလျက်ပင်ရှိ နေပါသေးသနည်း။ အကျွန်ုပ်သည်အဘယ် ရာဇဝတ်မှုကိုကူးလွန်မိပါသနည်း။-
et ait quam ob causam dominus meus persequitur servum suum quid feci aut quod est in manu mea malum
19 ၁၉ အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-
nunc ergo audi oro domine mi rex verba servi tui si Dominus incitat te adversum me odoretur sacrificium si autem filii hominum maledicti sunt in conspectu Domini qui eiecerunt me hodie ut non habitem in hereditate Domini dicentes vade servi diis alienis
20 ၂၀ အကျွန်ုပ်သည်ထာဝရဘုရားနှင့်ဝေးရာ တိုင်းတစ်ပါးတွင်မသေပါရစေနှင့်။ ဣသ ရေလဘုရင်သည်အဘယ်ကြောင့်ခွေးလှေး မျှသာဖြစ်သောအကျွန်ုပ်ကို သတ်ဖြတ်ရန် ကြွလာတော်မူရပါသနည်း။ မင်းကြီးသည် အဘယ်ကြောင့်အကျွန်ုပ်အားတောငှက်သဖွယ် လိုက်လံဖမ်းဆီးတော်မူရပါသနည်း။''
et nunc non effundatur sanguis meus in terra coram Domino quia egressus est rex Israhel ut quaerat pulicem unum sicut persequitur perdix in montibus
21 ၂၁ ရှောလုကလည်း``ငါမှားလေပြီ။ ငါ့သားဒါဝိဒ်၊ ငါ့ထံသို့ပြန်ခဲ့လော့။ သင်သည်ယနေ့ညငါ၏ အသက်ကိုချမ်းသာပေးခဲ့သဖြင့် ငါသည်သင့် အားနောင်အဘယ်အခါ၌မျှဘေးအန္တရာယ် ပြုတော့မည်မဟုတ်။ ငါသည်မိုက်မဲသူဖြစ် ချေပြီ။ အလွန်ဆိုးရွားသည့်အမှုကိုပြုမိ လေပြီတကား'' ဟုမိန့်တော်မူ၏။
et ait Saul peccavi revertere fili mi David nequaquam enim ultra male tibi faciam eo quod pretiosa fuerit anima mea in oculis tuis hodie apparet quod stulte egerim et ignoraverim multa nimis
22 ၂၂ ဒါဝိဒ်ကပြန်၍လျှောက်ထားသည်မှာ ``အရှင် မင်းကြီး၊ အရှင့်လှံတော်သည်ဤမှာရှိပါ၏။ လူတစ်ယောက်ကိုစေလွှတ်၍ယူစေတော်မူပါ။-
et respondens David ait ecce hasta regis transeat unus de pueris et tollat eam
23 ၂၃ ထာဝရဘုရားသည်သစ္စာစောင့်သူ၊ ဖြောင့်မှန် သူတို့ကိုဆုတော်လာဘ်တော်များပေးသနား တော်မူပါ၏။ ယနေ့ကိုယ်တော်သည်အရှင့်အား အကျွန်ုပ်လက်သို့ပေးအပ်တော်မူခဲ့သော်လည်း အကျွန်ုပ်သည်ထာဝရဘုရားဘိသိက်ပေး တော်မူသောဘုရင်အားဘေးအန္တရာယ်မပြု ခဲ့ပါ။-
Dominus autem retribuet unicuique secundum iustitiam suam et fidem tradidit enim te Dominus hodie in manu mea et nolui levare manum meam in christum Domini
24 ၂၄ ယနေ့အရှင်၏အသက်ကိုအကျွန်ုပ်ချမ်းသာ ပေးခဲ့သည့်နည်းတူ ထာဝရဘုရားသည် အကျွန်ုပ်၏အသက်ကိုချမ်းသာပေး၍ ဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါစေ သော'' ဟူ၍ဖြစ်၏။
et sicuti magnificata est anima tua hodie in oculis meis sic magnificetur anima mea in oculis Domini et liberet me de omni angustia
25 ၂၅ ရှောလုကလည်း``ငါ့သား၊ သင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ သင်သည်ပြု လေသမျှသောအမှုကိစ္စတို့တွင်အောင်မြင် ပါလိမ့်မည်'' ဟုဒါဝိဒ်အားမိန့်တော်မူ၏။ ထိုနောက်ဒါဝိဒ်သည်ထွက်ခွာ၍ရှောလုသည် နန်းတော်သို့ပြန်သွားတော်မူ၏။
ait ergo Saul ad David benedictus tu fili mi David et quidem faciens facies et potens poteris abiit autem David in viam suam et Saul reversus est in locum suum