< ၁ ဓမ္မရာဇဝင် 24 >
1 ၁ ရှောလုသည်ဖိလိတ္တိအမျိုးသားတို့နှင့်စစ် တိုက်ရာမှပြန်လည်ရောက်ရှိလာသောအခါ အင်္ဂေဒိမြို့အနီးရှိတောကန္တာရတွင်ဒါဝိဒ် ရှိနေကြောင်းကြားလျှင်၊-
၁ရှောလု သည်လည်း ဖိလိတ္တိ လူတို့ကို လိုက် ရာမှ ပြန် လာသောအခါ ၊ ဒါဝိဒ် သည် အင်္ဂေဒိ တော ၌ ရှိ ပါ၏ဟု ကြား လျှောက်ကြလျှင်၊
2 ၂ ဣသရေလလက်ရွေးစင်စစ်သည်တော်သုံး ထောင်ကိုခေါ်၍ ဆိတ်ရိုင်းများနေရာကျောက် ဆောင်များတွင် ဒါဝိဒ်နှင့်အပေါင်းပါတို့ အားရှာဖွေရန်ထွက်ခွာသွားတော်မူသည်။-
၂ဣသရေလ အမျိုးသားအပေါင်း တို့တွင် ရွေးကောက် သော လူ သုံး ထောင် တို့ကို ခေါ် ၍ ၊ တောဆိတ် နေရာ ကျောက် တောင်တို့အပေါ် မှာ ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ရှာ အံ့သောငှါ သွား လေ၏။
3 ၃ မင်းကြီးသည်လမ်းအနီးရှိသိုးခြံများ အနားမှာဂူတစ်ခုကိုတွေ့သဖြင့် ကိုယ်လက် သုတ်သင်ရန်ဝင်တော်မူ၏။ ထိုဂူကားအခြား မဟုတ်၊ အတွင်းပိုင်းတွင်ဒါဝိဒ်တို့လူစု ပုန်းအောင်းနေသည့်ဂူပင်ဖြစ်သည်။
၃လမ်း နား မှာ သိုး ခြံ ရှိရာသို့ ရောက် ၍ ဥမင် ကို တွေ့သဖြင့် ၊ ရှောလု သည် အိပ်မည်ဟု ဝင် လေ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ထိုဥမင် နံဖေးတစ်ဘက်တချက် ၌ နေ ကြ၏။
4 ၄ ဒါဝိဒ်၏လူတို့က``ထာဝရဘုရားသည်ရန် သူအား အရှင်၏လက်သို့ပေးအပ်တော်မူမည် ဟူ၍လည်းကောင်း၊ သူ့အားအရှင်အလိုရှိ သလိုပြုနိုင်လိမ့်မည်ဟူ၍လည်းကောင်း မိန့် တော်မူခဲ့သည့်အတိုင်းယခုအရှင်အခွင့် ကောင်းကြုံပါပြီ'' ဟုဆိုကြ၏။ ဒါဝိဒ်သည် ရှောလုရှိရာသို့သွားကာ ရှောလု၏ဝတ်လုံ ကိုတိတ်တဆိတ်လှီးဖြတ်လိုက်၏။-
၄ဒါဝိဒ် ၏လူ တို့ကလည်း ၊ ထာဝရဘုရား က၊ သင် ၏ရန်သူ ကို သင့် လက် ၌ ငါ အပ် မည်။ သူ ၌ သင်ပြု ချင်တိုင်း ပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော် အား မိန့် တော်မူသော နေ့ရက် ရောက်ပါပြီဟု ဆို ကြလျှင် ၊ ဒါဝိဒ် သည် ထ ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီ အောက် ပိုင်းကို တိတ်ဆိတ် စွာ လှီးဖြတ် လေ၏။
5 ၅ သို့ရာတွင်ယင်းသို့ပြုမိသည့်အတွက် ဒါဝိဒ် လိပ်ပြာမသန့်ဖြစ်လာ၏။-
၅ထိုသို့ ရှောလု ၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့် ၊ ဒါဝိဒ် သည် နောက်တဖန် နောင်တရ၍၊
6 ၆ ထို့ကြောင့်မိမိ၏လူတို့အား``ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်၊ ငါ၏သခင် အားဘေးအန္တရာယ်မပြုမိစေရန်ထာဝရ ဘုရားသည်ငါ့ကိုဆီးတားတော်မူပါစေ သော။ မင်းကြီးသည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ဖြစ်သဖြင့် ငါသည်သူ့ အားစိုးစဉ်းမျှဘေးအန္တရာယ်မပြုအပ်'' ဟု ဆို၏။-
၆ထာဝရဘုရား ပေးတော်မူသောဘိသိက် ကိုခံသောငါ အရှင် သည်၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသူဖြစ်သောကြောင့် ၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါငါ လက် ဆန့် သော အမှု ကို ထာဝရဘုရား ဆီးတား တော်မူပါစေသောဟု မိမိ လူ တို့အား ဆို သဖြင့်၊
7 ၇ သို့ဖြစ်၍ရှောလုအားတိုက်ခိုက်ရန်မသင့် ကြောင်း မိမိ၏လူတို့ကိုဒါဝိဒ်ကကောင်း စွာနားလည်သဘောပေါက်စေလေသည်။ ရှောလုသည်ထ၍ဂူမှထွက်သွားလေ၏။-
၇ရှောလု ကို ထိခိုက် စေခြင်းငှါ အခွင့် မ ပေးမြစ်တားလေ၏။ ရှောလု သည်လည်း ထ ၍ ဥမင် ထဲက ထွက်သွား လေ၏။
8 ၈ ထိုအခါဒါဝိဒ်သည်လိုက်၍ထွက်ပြီးလျှင်``အ ရှင်မင်းကြီး'' ဟုဟစ်ခေါ်လိုက်၏။ ရှောလုလှည့် ၍ကြည့်သောအခါဒါဝိဒ်သည်ရိုသေစွာ မြေပေါ်တွင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
၈ထိုနောက် ဒါဝိဒ် သည် ထ ၍ ဥမင် ထဲက ထွက် လျက် ၊ ကျွန်တော် ၏ သခင် အရှင်မင်းကြီး ဟု ရှောလု နောက် ၌ ဟစ် သဖြင့် ၊ ရှောလု သည် နောက် သို့ကြည့် သောအခါ ၊ ဒါဝိဒ် သည် မြေ ပေါ်၌ ဦးချ ၍ ပြပ်ဝပ် လျက်၊
9 ၉ ဤသို့လျှောက်တင်၏။ ``အကျွန်ုပ်သည်အရှင့် အားဘေးအန္တရာယ်ပြုရန်ကြိုးစားနေသည် ဟု လူတို့ပြောဆိုကြသောစကားကိုအရှင် အဘယ်ကြောင့်ယုံတော်မူပါသနည်း။-
၉ဒါဝိဒ် သည် ကိုယ်တော် ၏အကျိုးကို ဖျက် ခြင်းငှါရှာကြံ သည်ဟု လူ အချို့ပြောသောစကား ကို အဘယ်ကြောင့် နားထောင် တော်မူသနည်း။
10 ၁၀ ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။-
၁၀ယနေ့ ထာဝရဘုရား သည် ဥမင် ထဲမှာ ကိုယ်တော် ကို ကျွန်တော် လက် ၌ အပ် တော်မူကြောင်း ကို ကြည့်ရှု တော်မူပါ။ အသက်တော်ကိုသတ် စေခြင်းငှါ အချို့တို့သည် တိုက်တွန်း သော်လည်း ၊ ကျွန်တော်သည် နှမြော သောစိတ် ရှိ၍ ၊ ငါ့ အရှင် သည် ထာဝရဘုရား ၏ ဘိသိက် ခံသူ ဖြစ်တော်မူသောကြောင့် ၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါငါသည် လက် ကို မ ဆန့် ဟု အကြံရှိပါ၏။
11 ၁၁ အကျွန်ုပ်၏ခမည်းတော်၊ ဤမှာကြည့်တော် မူပါ။ အကျွန်ုပ်ကိုင်ထားသည့်အရှင့်ဝတ်လုံစ ကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည်အရှင့် အားသတ်ဖြတ်နိုင်ခွင့်ရရှိခဲ့သော်လည်း ဤ ဝတ်လုံစကိုသာလျှင်လှီးဖြတ်ခဲ့ပါ၏။ အရှင့် အားပုန်ကန်ရန်သော်လည်းကောင်း၊ ဘေးအန္တရာယ် ပြုရန်သော်လည်းကောင်း အကျွန်ုပ်မကြံရွယ် ကြောင်းကိုဤအချက်အားဖြင့် အရှင်မင်း ကြီးကောင်းစွာနားလည်သဘောပေါက်သင့် ပါ၏။ အကျွန်ုပ်သည်အရှင့်အားအဘယ်သို့ မျှမပြစ်မှားခဲ့သော်လည်း အရှင်သည် အကျွန်ုပ်ကိုသတ်ရန်လိုက်လံဖမ်းဆီး လျက်နေပါ၏။-
၁၁ထိုမှတပါး ကျွန်တော် အဘ ကြည့်ရှု တော်မူပါ။ ကျွန်တော် လက် ၌ အင်္ကျီ တော်အောက် ပိုင်းကို ကြည့်ရှု တော်မူပါ။ အသက်တော်ကို မ သတ် ၊ အင်္ကျီ တော်အောက် ပိုင်းကို လှီးဖြတ် ရုံမျှသာပြုသောကြောင့် ၊ ကျွန်တော်၌ ဒုစရိုက် အပြစ်မရှိ။ လွန်ကျူး ခြင်းအပြစ်မ ရှိကြောင်း ကို သိမြင် တော်မူပါ။ ကိုယ်တော် ကို မ ပြစ်မှား ပါ။ သို့သော်လည်း ကျွန်တော် အသက် ကိုသတ် အံ့သောငှါ လိုက်၍ ရှာ တော်မူပါသည်တကား။
12 ၁၂ အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား ကြောင်းကို ထာဝရဘုရားဆုံးဖြတ်တော်မူ ပါစေသော။ အရှင်အကျွန်ုပ်အားပြုခဲ့သည့် အမှုအရာအတွက် ကိုယ်တော်သည်အရှင့် အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ အကျွန်ုပ်သည်အရှင်အားစိုးစဉ်းမျှ ဘေးအန္တရာယ်ပြုလိမ့်မည်မဟုတ်ပါ။-
၁၂ထာဝရဘုရား သည် ကျွန်တော် နှင့် ကိုယ်တော် စပ်ကြား မှာ စီရင် တော်မူပါစေသော။ ကျွန်တော် အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေး တော်မူပါစေသော။ သို့ရာတွင် ကျွန်တော် လက် သည် ကိုယ်တော် အပေါ် သို့ မ ရောက် ပါစေနှင့်။
13 ၁၃ `ယုတ်မာမှုကိုယုတ်မာသူတို့သာလျှင်ပြု ကျင့်တတ်၏' ဟူသောရှေးစကားပုံကိုအရှင် သိတော်မူပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည် အရှင့်အားဘေးအန္တရာယ်ပြုလိမ့်မည် မဟုတ်ပါ။-
၁၃ရှေး ပုံ စကားလာ သည်အတိုင်း ၊ ဆိုး သောသူလက်မှ ဆိုး သောအမှုထွက် တတ်၏။ သို့ရာတွင် ကျွန်တော် လက် သည် ကိုယ်တော် အပေါ် သို့ မ ရောက် ပါစေနှင့်။
14 ၁၄ ဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။-
၁၄ဣသရေလ ရှင် ဘုရင်သည် အဘယ်သူ ၏အတွက်ကြောင့် ကြွလာ တော်မူသနည်း။ ကိုယ်တော် သည် အဘယ်သူ ကို လိုက် ၍ ရှာတော်မူသနည်း။ ခွေး သေ ကောင်ကို လိုက် ၍ ရှာတော်မူသလော။ ခွေးလှေး ကို လိုက် ၍ရှာတော်မူသလော။
15 ၁၅ အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား သည်ကို ထာဝရဘုရားစီရင်ဆုံးဖြတ်တော် မူပါလိမ့်မည်။ ကိုယ်တော်သည်ဤအမှုကို ကြည့်ရှုစစ်ဆေးတော်မူပါစေသော။ အကျွန်ုပ် ၏ဘက်မှချေပတော်မူ၍အကျွန်ုပ်အား အရှင်၏လက်မှကယ်တော်မူပါစေသော'' ဟုလျှောက်လေ၏။
၁၅သို့ဖြစ်၍ ထာဝရဘုရား သည် တရားသူကြီး လုပ် တော်မူပါစေသော။ ကျွန်တော် နှင့် ကိုယ်တော် စပ်ကြား မှာ စီရင် တော်မူပါစေသော။ ကြည့်ရှု ၍ ကျွန်တော် အမှု ကို စောင့် သဖြင့် ၊ ကျွန်တော် ကို ကိုယ်တော် လက် မှ ကယ်လွှတ် တော်မူပါစေသောဟု ရှောလု အား လျှောက်ဆို ၏။
16 ၁၆ ဤသို့ဒါဝိဒ်လျှောက်ထားပြီးသောအခါ ရှောလုက``သင်သည်အကယ်ပင်ငါ၏သား ဒါဝိဒ်ပေလော'' ဟုဆို၍ငိုကြွေးတော်မူ၏။-
၁၆ထိုသို့ ဒါဝိဒ် သည် ရှောလု အား အကုန်အစင် လျှောက်ဆို ပြီးမှ ၊ ရှောလု က ငါ့ သား ဒါဝိဒ် ၊ ငါကြားသော စကားသံသည် သင့် စကား သံလောဟုမေး လျက် အသံ ကို လွှင့် ၍ ငိုကြွေး လေ၏။
17 ၁၇ ထိုနောက်ဒါဝိဒ်အား``သင်သည်မှန်ကန်၍ ငါသည်မှားပါ၏။ ငါသည်သင့်အားဆိုး ယုတ်စွာပြုခဲ့သော်လည်း သင်သည်ငါ့ ကိုကျေးဇူးပြုပါသည်တကား။-
၁၇တဖန် လည်း၊ သင် သည် ငါ့ ထက် သာ၍တရား စောင့်၏။ သင့် အကျိုးကို ငါ ဖျက် သော်လည်း ၊ သင် သည် ငါ ၌ အကျိုး ကျေးဇူးပြု ပြီ။
18 ၁၈ ယနေ့ငါ့အားသင်ပြုသောကျေးဇူးသည် ကြီးလှပါပေသည်။ ထာဝရဘုရားက ငါ့အားသင့်လက်သို့ပေးအပ်တော်မူသော် လည်းသင်သည်ငါ့ကိုမသတ်ခဲ့ပါ။-
၁၈ငါ ၌ အဘယ်သို့ကျေးဇူး ပြု သည်ကို သင်သည် ယနေ့ ပြ ပြီ။ အကြောင်းမူကား၊ ထာဝရဘုရား သည် ငါ့ ကို သင့် လက် ၌ အပ် တော်မူသော်လည်း ၊ သင်သည် မ သတ် ဘဲနေပါသည်တကား။
19 ၁၉ လူသည်မိမိရန်သူကိုဖမ်းဆီးရမိပြီး နောက် ဘယ်အခါ၌ချမ်းသာပေးဖူးပါ သနည်း။ ယနေ့ငါ့အားသင်ပြုသောအမှု အတွက် ဘုရားသခင်သင့်ကိုကောင်းချီး ပေးတော်မူပါစေသော။-
၁၉လူ သည် ရန်သူ ကို တွေ့ လျှင် ချမ်းသာ စွာ လွှတ် လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ ၌ ယနေ့ ပြု သောကျေးဇူး ကို ထာဝရဘုရား ဆပ် တော်မူပါစေသော။
20 ၂၀ သင်သည်ဣသရေလဘုရင်ဖြစ်လာမည်ကို လည်းကောင်း၊ ဣသရေလပြည်သည်သင်၏ လက်ဝယ်ဆက်လက်တည်မြဲနေမည်ကိုလည်း ကောင်းယခုငါအသေအချာသိပါ၏။-
၂၀ယခု မှာ သင်သည် စင်စစ်ရှင် ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံ သည် သင့် လက် ၌ တည် လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ ၏။
21 ၂၁ သို့ရာတွင်ငါ၏နာမည်နှင့်ငါ့အိမ်ထောင်စုနာ မည်သည်လုံးဝပျောက်ကွယ်၍မသွားစေရန် သင်သည်ငါ့သားမြေးတို့အားအသက်ချမ်း သာပေးပါမည်ဟု ထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ငါ့အားကတိပြုပါ လော့'' ဟုဆိုလျှင်၊-
၂၁သို့ဖြစ်၍ သင်သည် ငါ ၏သားစဉ် မြေးဆက်တို့ကို မ သုတ်သင် ၊ ငါ့ အဆွေအမျိုး ထဲက ငါ ၏နာမ ကို မ ပယ်ရှင်း မည်အကြောင်းထာဝရဘုရား ကို တိုင်တည် ၍ ငါ့ အား ကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ် အား ဆို ပြီးမှ၊
22 ၂၂ ဒါဝိဒ်သည်ကတိပြုလေ၏။ ထိုနောက်ရှောလုသည်မိမိ၏နန်းတော်သို့ ပြန်၍ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်မိမိ တို့ပုန်းအောင်းရာအရပ်သို့ထွက်သွားကြ၏။
၂၂ဒါဝိဒ် သည် ရှောလု အား ကျိန်ဆို ခြင်းကိုပြု၍ ရှောလု သည် မိမိ နေရာ သို့ သွား ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည်လည်း ခိုင်ခံ့ သောအရပ်သို့ သွား ကြ၏။