< ၁ ဓမ္မရာဇဝင် 24 >
1 ၁ ရှောလုသည်ဖိလိတ္တိအမျိုးသားတို့နှင့်စစ် တိုက်ရာမှပြန်လည်ရောက်ရှိလာသောအခါ အင်္ဂေဒိမြို့အနီးရှိတောကန္တာရတွင်ဒါဝိဒ် ရှိနေကြောင်းကြားလျှင်၊-
A, no te hokinga o Haora i te whai i nga Pirihitini, na ka korerotia te korero ki a ia, Nana, kei te koraha o Enekeri a Rawiri.
2 ၂ ဣသရေလလက်ရွေးစင်စစ်သည်တော်သုံး ထောင်ကိုခေါ်၍ ဆိတ်ရိုင်းများနေရာကျောက် ဆောင်များတွင် ဒါဝိဒ်နှင့်အပေါင်းပါတို့ အားရှာဖွေရန်ထွက်ခွာသွားတော်မူသည်။-
Katahi ka takiritia e Haora etahi tangata, e toru mano, he hunga whiriwhiri roto i a Iharaira katoa, a haere ana ki te rapu i a Rawiri ratou ko ana tangata ki nga kamaka o nga koati mohoao.
3 ၃ မင်းကြီးသည်လမ်းအနီးရှိသိုးခြံများ အနားမှာဂူတစ်ခုကိုတွေ့သဖြင့် ကိုယ်လက် သုတ်သင်ရန်ဝင်တော်မူ၏။ ထိုဂူကားအခြား မဟုတ်၊ အတွင်းပိုင်းတွင်ဒါဝိဒ်တို့လူစု ပုန်းအောင်းနေသည့်ဂူပင်ဖြစ်သည်။
A ka tae ki nga taiepa hipi i te ara, he ana hoki kei reira, a ka haere atu a Haora ki te uhi i ona waewae, heoi i nga wahi i roto rawa o te ana a Rawiri ratou ko ana tangata e noho ana.
4 ၄ ဒါဝိဒ်၏လူတို့က``ထာဝရဘုရားသည်ရန် သူအား အရှင်၏လက်သို့ပေးအပ်တော်မူမည် ဟူ၍လည်းကောင်း၊ သူ့အားအရှင်အလိုရှိ သလိုပြုနိုင်လိမ့်မည်ဟူ၍လည်းကောင်း မိန့် တော်မူခဲ့သည့်အတိုင်းယခုအရှင်အခွင့် ကောင်းကြုံပါပြီ'' ဟုဆိုကြ၏။ ဒါဝိဒ်သည် ရှောလုရှိရာသို့သွားကာ ရှောလု၏ဝတ်လုံ ကိုတိတ်တဆိတ်လှီးဖြတ်လိုက်၏။-
Na ka mea nga tangata a Rawiri ki a ia, Na, ko te ra tenei i mea ai a Ihowa ki a koe, Nana, ka hoatu e ahau tou hoariri ki tou ringa, a ka meatia e koe ki a ia ta tou hinengaro e pai ai. Katahi ka whakatika a Rawiri, a tapahia pukutia ana e ia te pito o te koroka o Haora.
5 ၅ သို့ရာတွင်ယင်းသို့ပြုမိသည့်အတွက် ဒါဝိဒ် လိပ်ပြာမသန့်ဖြစ်လာ၏။-
A muri iho ka whakawiri te ngakau o Rawiri i roto i a ia, mona i tapahi i te pito o te koroka o Haora.
6 ၆ ထို့ကြောင့်မိမိ၏လူတို့အား``ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်၊ ငါ၏သခင် အားဘေးအန္တရာယ်မပြုမိစေရန်ထာဝရ ဘုရားသည်ငါ့ကိုဆီးတားတော်မူပါစေ သော။ မင်းကြီးသည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ဖြစ်သဖြင့် ငါသည်သူ့ အားစိုးစဉ်းမျှဘေးအန္တရာယ်မပြုအပ်'' ဟု ဆို၏။-
Na ka mea ia ki ana tangata, Ma Ihowa ahau e arai kei meatia tenei mea ki toku ariki, ki ta Ihowa i whakawahi ai, kia totoro atu toku ringa ki a ia, ko ta Ihowa hoki ia i whakawahi ai.
7 ၇ သို့ဖြစ်၍ရှောလုအားတိုက်ခိုက်ရန်မသင့် ကြောင်း မိမိ၏လူတို့ကိုဒါဝိဒ်ကကောင်း စွာနားလည်သဘောပေါက်စေလေသည်။ ရှောလုသည်ထ၍ဂူမှထွက်သွားလေ၏။-
Ko nga kupu enei a Rawiri i haukotia ai e ia ana tangata, a kihai i tukua kia whakatika ki a Haora. Na whakatika ana a Haora i roto i te ana, a haere ana i tona ara.
8 ၈ ထိုအခါဒါဝိဒ်သည်လိုက်၍ထွက်ပြီးလျှင်``အ ရှင်မင်းကြီး'' ဟုဟစ်ခေါ်လိုက်၏။ ရှောလုလှည့် ၍ကြည့်သောအခါဒါဝိဒ်သည်ရိုသေစွာ မြေပေါ်တွင်ဦးညွှတ်ပျပ်ဝပ်လျက်၊-
Ka whakatika a Rawiri i muri, a puta ana ano i te ana, ka karanga i muri i a Haora, ka mea, E toku ariki, e te kingi. A, i te tirohanga o Haora ki muri i a ia, ka tuohu te mata o Rawiri, a piko ana ki te whenua.
9 ၉ ဤသို့လျှောက်တင်၏။ ``အကျွန်ုပ်သည်အရှင့် အားဘေးအန္တရာယ်ပြုရန်ကြိုးစားနေသည် ဟု လူတို့ပြောဆိုကြသောစကားကိုအရှင် အဘယ်ကြောင့်ယုံတော်မူပါသနည်း။-
Na ka mea a Rawiri ki a Haora, He aha koe i whakarongo ai ki nga kupu a te tangata ina mea, Kei te rapu a Rawiri i te he mou?
10 ၁၀ ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။-
Na kua kite nei ou kanohi i tenei ra i ta Ihowa homaitanga i a koe inaianei ki toku ringa i roto i te ana; a i ki mai etahi kia patua koe; otiia i tohu toku kanohi i a koe; i mea hoki ahau, E kore toku ringa e totoro ki toku ariki; ko ta Ihowa i a i whakawahi ai.
11 ၁၁ အကျွန်ုပ်၏ခမည်းတော်၊ ဤမှာကြည့်တော် မူပါ။ အကျွန်ုပ်ကိုင်ထားသည့်အရှင့်ဝတ်လုံစ ကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည်အရှင့် အားသတ်ဖြတ်နိုင်ခွင့်ရရှိခဲ့သော်လည်း ဤ ဝတ်လုံစကိုသာလျှင်လှီးဖြတ်ခဲ့ပါ၏။ အရှင့် အားပုန်ကန်ရန်သော်လည်းကောင်း၊ ဘေးအန္တရာယ် ပြုရန်သော်လည်းကောင်း အကျွန်ုပ်မကြံရွယ် ကြောင်းကိုဤအချက်အားဖြင့် အရှင်မင်း ကြီးကောင်းစွာနားလည်သဘောပေါက်သင့် ပါ၏။ အကျွန်ုပ်သည်အရှင့်အားအဘယ်သို့ မျှမပြစ်မှားခဲ့သော်လည်း အရှင်သည် အကျွန်ုပ်ကိုသတ်ရန်လိုက်လံဖမ်းဆီး လျက်နေပါ၏။-
Titiro mai ano hoki, e toku papa, ae ra, tirohia mai te pito o tou koroka i toku ringa nei; ta te mea i ahau nei i tapahi ai i te pito o tou koroka, a kihai i patu i a koe, na ka mohio koe, ka kite, kahore he kino, he tutu ranei i toku ringa; ka hore ano oku hara ki a koe; heoi e whaia nei ahau e koe kia whakamatea.
12 ၁၂ အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား ကြောင်းကို ထာဝရဘုရားဆုံးဖြတ်တော်မူ ပါစေသော။ အရှင်အကျွန်ုပ်အားပြုခဲ့သည့် အမှုအရာအတွက် ကိုယ်တော်သည်အရှင့် အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ အကျွန်ုပ်သည်အရှင်အားစိုးစဉ်းမျှ ဘေးအန္တရာယ်ပြုလိမ့်မည်မဟုတ်ပါ။-
Ma Ihowa e whakarite ta taua whakawa, me Ihowa ano e rapu he utu moku i a koe; ko toku ringa ia e kore e pa ki a koe.
13 ၁၃ `ယုတ်မာမှုကိုယုတ်မာသူတို့သာလျှင်ပြု ကျင့်တတ်၏' ဟူသောရှေးစကားပုံကိုအရှင် သိတော်မူပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည် အရှင့်အားဘေးအန္တရာယ်ပြုလိမ့်မည် မဟုတ်ပါ။-
E ki nei hoki te whakatauki onamata, no te hunga kino mai te kino; na e kore toku ringa e pa ki a koe.
14 ၁၄ ဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။-
He whai i a wai i puta mai ai te kingi o Iharaira? ko wai tenei te arumia nei e koe? he kuri mate, he puruhi.
15 ၁၅ အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား သည်ကို ထာဝရဘုရားစီရင်ဆုံးဖြတ်တော် မူပါလိမ့်မည်။ ကိုယ်တော်သည်ဤအမှုကို ကြည့်ရှုစစ်ဆေးတော်မူပါစေသော။ အကျွန်ုပ် ၏ဘက်မှချေပတော်မူ၍အကျွန်ုပ်အား အရှင်၏လက်မှကယ်တော်မူပါစေသော'' ဟုလျှောက်လေ၏။
Ma Ihowa e whakarongo, e whakarite ta taua whakawa, mana e titiro mai, e tohe taku tohe, e whakaora hoki ahau i roto i tou ringa.
16 ၁၆ ဤသို့ဒါဝိဒ်လျှောက်ထားပြီးသောအခါ ရှောလုက``သင်သည်အကယ်ပင်ငါ၏သား ဒါဝိဒ်ပေလော'' ဟုဆို၍ငိုကြွေးတော်မူ၏။-
A, i te mutunga o ta Rawiri korero i enei kupu ki a Haora, ka mea a Haora, Ko tou reo tena, e taku tama, e Rawiri? Na ka puaki nui te reo o Haora ka tangi.
17 ၁၇ ထိုနောက်ဒါဝိဒ်အား``သင်သည်မှန်ကန်၍ ငါသည်မှားပါ၏။ ငါသည်သင့်အားဆိုး ယုတ်စွာပြုခဲ့သော်လည်း သင်သည်ငါ့ ကိုကျေးဇူးပြုပါသည်တကား။-
Na ka mea ia ki a Rawiri, Tika rawa koe i ahau; he pai hoki tau utu ki ahau, ko taku utu ia ki a koe he kino.
18 ၁၈ ယနေ့ငါ့အားသင်ပြုသောကျေးဇူးသည် ကြီးလှပါပေသည်။ ထာဝရဘုရားက ငါ့အားသင့်လက်သို့ပေးအပ်တော်မူသော် လည်းသင်သည်ငါ့ကိုမသတ်ခဲ့ပါ။-
Kua whakakitea mai nei hoki e koe inaianei te pai o tau mahi ki ahau: i ta Ihowa tukunga putanga hoki i ahau ki tou ringa, na kihai koe i patu i ahau.
19 ၁၉ လူသည်မိမိရန်သူကိုဖမ်းဆီးရမိပြီး နောက် ဘယ်အခါ၌ချမ်းသာပေးဖူးပါ သနည်း။ ယနေ့ငါ့အားသင်ပြုသောအမှု အတွက် ဘုရားသခင်သင့်ကိုကောင်းချီး ပေးတော်မူပါစေသော။-
Ki te tupono hoki te tangata ki tona hoariri, tera ranei ia e tukua paitia atu e ia kia haere? Na ma Ihowa e homai te pai ki a koe hei utu mo tau mahi ki ahau i tenei ra.
20 ၂၀ သင်သည်ဣသရေလဘုရင်ဖြစ်လာမည်ကို လည်းကောင်း၊ ဣသရေလပြည်သည်သင်၏ လက်ဝယ်ဆက်လက်တည်မြဲနေမည်ကိုလည်း ကောင်းယခုငါအသေအချာသိပါ၏။-
Na e mohio ana tenei ahau ko koe pu ano hei kingi, a ka pumau ki tou ringa te kingitanga o Iharaira.
21 ၂၁ သို့ရာတွင်ငါ၏နာမည်နှင့်ငါ့အိမ်ထောင်စုနာ မည်သည်လုံးဝပျောက်ကွယ်၍မသွားစေရန် သင်သည်ငါ့သားမြေးတို့အားအသက်ချမ်း သာပေးပါမည်ဟု ထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ငါ့အားကတိပြုပါ လော့'' ဟုဆိုလျှင်၊-
Na oatitia mai a Ihowa ki ahau e kore e hautopea atu e koe oku uri i muri i ahau, e kore ano hoki e huna e koe toku ingoa i roto i te whare o toku papa.
22 ၂၂ ဒါဝိဒ်သည်ကတိပြုလေ၏။ ထိုနောက်ရှောလုသည်မိမိ၏နန်းတော်သို့ ပြန်၍ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်မိမိ တို့ပုန်းအောင်းရာအရပ်သို့ထွက်သွားကြ၏။
Na oati ana a Rawiri ki a Haora, a haere ana a Haora ki tona whare; ko Rawiri ia ratou ko ana tangata i haere ki te pourewa.